ပေါ့ပေါ့ပါးပါးရှိပြီး ခရီးသွားရတာကို နှစ်သက်တဲ့သူတွေအတွက် အသုံးတဲ့မည့် ကင်မရာတစ်လက်ပါပဲ။ 16mp ပုံထွက်အားရှိပြီး Wi-fi နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ရိုက်ပြီးသားပုံတွေကို Smartphone သို့ Tablet သို့အလွယ်တကူ ပေးပို့နိုင်ပါတယ်။ Touch Screen function ပါဝင်ပြီး 1 sec ကို 8 ပုံနှုန်း ရိုက်ကူးနိုင်ပါတယ်။ ဒါပေမဲ့ အားနည်းချက်တစ်ခုအနေနဲ့ သူ့မှာ View Finder တော့မပါဝင်ပါဘူး။ သို့ပေမဲ့ သီးသန့်ဝယ်ပြီး အသုံးပြုနိုင်ပါတယ်။ 3-axis image stabilizatin စနစ်ကို အသုံးပြုထားတာဖြစ်တဲ့အတွက် လမ်းလျောက်နေရင်းနဲ့တောင် ဓာတ်ပုံကောင်းကောင်းရိုက်ကူးနိုင်ပါတယ်။ Screen ပေါ်မှာကြည့်ပြီး ဓာတ်ပုံရိုက်ရတာကို နှစ်သက်သူတွေ၊ မိမိကိုယ်ကို ပြန်ပြီးဓာတ်ပုံရိုက်နိုင်တဲ့ Selfie အမျိုးအစားတွေကို နှစ်သက်သူတွေအတွက်လည်း အသုံးတည့်မှာအမှန်ပါပဲ။ ဒါပေမဲ့ အဲဒီ selfie ရိုက်ချင်တဲ့သူတွေအတွက် Tripod နဲ့တွဲသုံးလို့တော့ အဆင်မပြေပါဘူး။ Olympus ရဲ့ နာမည်ကြီး Art Filters တွေကို ဒီကင်မရာမှာ RAW format အနေနဲ့လည်း ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ ကင်မရာချည်းသက်သက် $599, Power Zoom 14-42mm lens နဲ့ဆိုရင်တော့ $699 ဝန်းကျင်ခန့်ရောင်းချသွားမယ်လို့သိရပါတယ်။ [more info]
ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

Comments
Post a Comment
Thanks for your comment.