Skip to main content

512GB ပမာဏထည့်သွင်းအသုံးပြုနိုင်သည့် SD Card ကို SanDisk မှ ထုတ်လုပ်

Memry card တွေထုတ်လုပ်တဲ့ Company တစ်ခုဖြစ်တဲ့ Sandisk ဟာ SD Card တွေထဲမှာ ပမာဏအကြီးဆုံးဖြစ်တဲ့  512 GB ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။

တံဆိပ်ခေါင်းအရွယ်ဆိုဒ်ရှိတဲ့ အဲဒီ SD Card ရဲ့ဈေးကတော့ $800 (£490) ဝန်းကျင်ခန့်ရှိတာကြောင့် DSLR ကင်မရာကောင်းကောင်းဝယ်လို့ရတဲ့ ဈေးလည်းဖြစ်ပါတယ် :)

နည်းပညာ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ အနာဂတ်မှာ 2TB (2,000GB) ရှိတဲ့ ကဒ်တွေအထိ ထွက်လာနိုင်တယ်လို့ သိရပါတယ်။

အခုထုတ်လုပ်လိုက်တဲ့ ဒီကဒ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ High Quality 4K format အသုံးပြုတဲ့ Film-maker တွေအတွက်အဓိကရည်ရွယ်တယ်လို့သိရပါတယ်။

4K Format ဟာ ပုံမှန် HD အရည်အသွေးထက် လေးဆ ပိုမိုကောင်းမွန်ပြီး သိမ်းဆည်းတဲ့နေရာပမာဏများစွာယူတာကိုတွေ့ရပါတယ်။ File ကို compress လုပ်တဲ့ပေါ်မူတည်ပြီး 1 မိနစ်စာရှိတဲ့ 4K video တစ်ခုဟာ 5GB ပမာဏ storage အထိနေရာယူနိုင်ပါတယ်။

SD Card တွေဟာ မိုဘိုင်းလ်၊ ဒီဂျစ်တယ်ကင်မရာနဲ့ ကမ်ကော်ဒါတွေမှာ ကျယ်ပြန့်စွာအသုံးပြုနေတဲ့ ကဒ်အမျိုးအစားလည်းဖြစ်ပါတယ်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။