ယခုခေတ်မှာ Smartphone ကင်မရာတွေဟာ DSLR နီးပါးအလုပ်တွေလုပ်ဆောင်လာနိုင်ပါပြီ။ DSLR ထက်ပိုပြီး အားသာတဲ့အချက်ကတော့ ပေါ့ပေါ့ပါးပါးသယ်ဆောင်နိုင်တာရယ် ဓာတ်ပုံကို ရိုက်ခံရတဲ့သူမသိအောင် လျှို့ဝှက်ရိုက်နိုင်ခြင်းပါပဲ။ ဒါကလည်း ဘာမှ အထွေအထူးတော့ မဟုတ်ပေမဲ့ တချို့နေရာတွေမှာတော့ အင်မတန်အသုံးဝင်ပါလိမ့်မယ်။ ဥပမာ street photo ရိုက်တာဝါသနာပါသူတွေ၊ ဖြစ်ရပ်တစ်ခုကို လျှို့ဝှက်မှတ်တမ်းတင်ချင်သူတွေ စသည်ဖြင့်ပေါ့။ ကျွန်တော်အခုပြောမည့် smartphone ကတော့ iPhone
နဲ့ Samsung
ကိုဦးတည်ပြီးပြောသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ဖုန်းတွေမှာလည်း အလားတူ setting တွေကို ရှာဖွေစမ်းသပ်ကြည့်နိုင်ပါတယ်။ မရိုက်ခင်မှာ ပထမဆုံးအနေနဲု့ဖုန်းကို setting အရင်လုပ်ပေးဖို့လိုပါတယ်။ Samsung smartphone ကိုင်တဲ့လူတွေအတွက်တော့ Camera App ကိုဖွင့်ပါ။ ပြီးရင် setting ကိုနှိပ်ပြီးရွေးလိုက်တဲ့အခါ ဒုတိယ menu နေရာမှာ Use the volume keys as ဆိုပြီးတွေ့ရပါလိမ့်မယ်။ အဲဒီနေရာမှာ Default အနေနဲ့ The Zoom Key ဆိုပြီးရွေးထားတာတွေ့ရလိမ့်မယ်။ အဲဒါကို ဒုတိယ option ဖြစ်တဲ့ The Camera Key ဆိုပြီးတော့ ရွေးပါ။ အဲဒါဆိုရင် ကင်မရာရဲ့ Volume button နှစ်ခုလုံးကို အသုံးပြုပြီး ဓာတ်ပုံရိုက်လို့ရသွားပါပြီ။ iPhone ကတော့ ဘာ setting မှပြောင်းစရာမလိုပါဘူး။ သူ့ရဲ့ Default အနေဖြင့် setting လုပ်ပြီးသားဖြစ်တဲ့အတွက် တိုက်ရိုက် စမ်းရိုက်ရုံပါပဲ။ ကင်မရာရဲ့ Volume Button တင်မဟုတ်ဘဲ Headphone တပ်ထားတဲ့အချိန်မှာလည်း ကင်မရာဖွင့်ပြီး Headphone မှာပါတဲ့ Volume Button တွေနဲ့လည်း ရိုက်လို့ရပါတယ်။ အဲဒီနည်းကတော့ ရထားတွေ ကားတွေပေါ်မှာ ကျွန်တော်ရိုက်လေ့ရှိတဲ့နည်းပါပဲ :P Have fun shooting ;)
ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

Goood.... thanks chit bro :)
ReplyDelete