- မနေ့က ပို့စ် မတင်ဖြစ်လိုက်ပါ။ မြို့ထဲကို သွားစရာရှိတာနဲ့။ ပြန်လာတော့လည်း ပျိုင်းနေပြီ ဘယ်မှ မသွားချင်တော့တာနဲ့ စက်တော်ခေါ်လိုက်တယ်။ ဒီနေ့လည်း ကျောင်းမှာ login error ဖြစ်နေတာနဲ့ ၀င်လို့မရဘူးဖြစ်နေတယ်။ ဒါနဲ့ အင်တာနက် ကဖေးမှာပဲ လာသုံးလိုက်တယ်။ ရှင်းရော။ ဒီလောက် Login Error ပြတဲ့ Computer တွေ။
- ကိုသက်နိုင် >> ဦးပိန်တံတား ပန်းချီလေးက ပန်းချီ ကိုတင်ထွန်းလှိုင်ရဲ့လက်ရာပါ။ သူ့လက်ရာတွေအပြင် တခြားပန်းချီဆရာများရဲ့ လက်ရာများကိုလေ့လာနိုင်တဲ့ ဆိုဒ်လေးတစ်ခုရှိပါတယ်။ ပန်းချီကို ခံစားတတ်သူများ အကြိုက်တွေ့မည့် ဆိုဒ်လေးလို့ ထင်ပါတယ်။ အဲဒါကတော့ >> ဒီမှာပါ <<
- မမိုးမိုး >> ကျွန်တော့ ဘလော့မှာ ပါတဲ့ နောက်ခံ သီချင်းလေးက "ဘ၀ရဲ့သခင်" စီးရီးထဲက "ထပ်တူညီမျှခြင်း" ဆိုတဲ့ သီချင်လေးပါ။ ဒွေး ဆိုထားတာပါ။ မြန်မာအမ်ပီသရီး ဆိုဒ်ကနေ လှမ်းပြီး လင့်ခ်လုပ်ထားတာပါ။ [ http://myanmarmp3.net/album.aspx?AlbumID=467 ] လာလည်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ပါ မင်ပါ နောင်လည်းလာပါ။ ဘယ်တုန်းကတည်းက ခေါင်းထဲကို ၀င်နေတဲ့ စကားမှန်းတော့ မသိပါဘူး :)
- ကိုမျိုးဟန်ထွန်း (ခ) ကိုတိုး >> အစ်ကိုက ကဗျာဆရာလို့ မပြောရဘူး။ စာသားတွေကတော့ မိတယ်ဗျာ။ ဘာတဲ့ ‘‘အကြွားမသန် စကားမှန်တဲ့ မန္တလေးသားကို အသည်းခလုတ်တိုက်အောင် ရန်ကုန်သူ ဟန်အကုန်မူတာလည်း’’ ဖြစ်ရင်ဖြစ်နိုင်ပါတယ်တဲ့။ ဟားဟား ... အရမ်းသဘောကျတယ်ဗျာ။ ညီအစ်ကို နှစ်ယောက်လုံးကတော့ တကယ့် ဂရိတ်တွေကြီးပဲ။
- "ကျွန်တော့်ရဲ့အမြင်" ဆိုတဲ့ပိုစ့်မှာ ရေးထားတဲ့ ကျွန်တော့်ရဲ့ အမြင်များအတွက် အမှန်အတိုင်းပြောရရင်တော့ ... ကိုယ့်မြို့ ဒါမှမဟုတ် ကိုယ့်မြို့သားတွေကို ထိခိုက်ပြောလာရင် ဘယ်သူမှ ပြန်မပြောပဲ မနေနိုင်ပါဘူး။ ပြန်မပြောရင်တောင် စိတ်ထဲမှာတော့ ကျိန်ဆဲတတ်ကြပါတယ်။ ကျွန်တော်ကတော့ စိတ်ထဲမှာ မထားချင်တာနဲ့ ရေးလိုက်မိတာပါ။ လွန်တာရှိရင် ၀န်နာမိပါ :)
- ဘလော့ကို လာလည်တဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ အရိကသော့(ဂျပန်)။ "ကျေးဇူးတင်ပါတယ် ... အားပေတဲ့ မိတ်ဆွေ ... စိတ် ... အပန်းပြေရဲ့လားလေ" [ ဒီအသံကို ကြားရင် မန္တလေးမှာ ... ရင်ရှုပ်စရာကောင်းတဲ့ ရုပ်ရှင်တွေကြည့်တာကို သတိရမိတယ် ] ဘလော့ထဲကနေပြီး ပြောချင်တဲ့ စကားတွေကို ရေးချလိုက်ရတာလည်း ဖီလင်တစ်မျိုးပဲဗျာ။
ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...
Comments
Post a Comment
Thanks for your comment.