Skip to main content

တစ်ခါက ... ရေကြီးတုန်းကပေါ့

ပြီးခဲ့တဲ့ မိုးတွင်းတုန်းက အထက်အညာဘက်မှာ မိုးတွေအရမ်းရွာပြီး စိတ်ညစ်စရာကောင်းလောက်အောင် ရေတွေလှိုင်လှိုင်ကြီးခဲ့ပါတယ်။ တစ်ချို့ဓာတ်ပုံတွေလည်း အင်တာနက်ဝက်ဆိုဒ်တစ်ချို့မှာ ကြည့်လိုက်ရတယ်။ ဒီဓာတ်ပုံတွေကတော့ ဟိုသွားဒီသွားလုပ်ရင်းတွေ့ခဲ့တာပါ။ ရေကြီးခဲ့တုန်းက မန်းလေးအနီးတ၀ိုက်နဲ့ ကျောက်ဆည်ဘက်မှာတော့ အဆိုးဆုံးပေါ့ဗျာ။ အစကတော့ ရေကြီးတယ်ဆိုတာ ဘာလဲပေါ့။ ဒီလောက်မရှိလောက်ဘူး မှတ်နေတာ။ ဓာတ်ပုံတွေကြည့်လိုက်ရမှ တော်တော်သိသွားတယ်။ လန့်စရာပါလား။ နောင်မှာ ဒီလိုမဖြစ်အောင် ဆုတောင်းပါတယ်။


နောက်ဆုံးတစ်ပုံကိုကြည့်ပြီးတော့ စိတ်မကောင်းဖြစ်မိတယ်ဗျာ။ ဘာလို့လဲ ဆိုတာကတော့ ကြည့်တဲ့သူတိုင်း တွေးမိမယ်ထင်ပါတယ် ?

[ ဓာတ်ပုံတွေကို ဘယ်ဆိုဒ်က ယူခဲ့မှန်း မမှတ်မိတော့တဲ့အတွက် ဓာတ်ပုံပိုင်ရှင် နားလည်ခွင့်လွှတ်နိုင်မယ်လို့ ထင်ပါတယ်။ သုံးပြီး နားမလည် ဖြစ်နေမှာ စိုးလို့ပါ ]

Comments

  1. ဟ ... ဟိုတုန်းက ပုံတွေတော့ တွေ့ခဲ့ရတယ် .. ဒီပုံ သုံးပုံက တော်တော့ ကို အခြေအနေပိုဆိုးတယ် ကွာ ...
    ဟုတ်တယ် ငါ့ညီရေ ... အောက်ဆုံးပုံမှာ ... မိန်းမသားတွေ ဖြစ်ပါလျှက်နဲ့ ၀မ်းရေးအတွက် အသက်ကိုစွန့်ပြီး လုပ်ကိုင်စားသောက်ရတဲ့ မြင်ကွင်းကိုတော့ အသနားဆုံးပဲ ကွာ။
    နောင်ဒီလိုမျိုးမဖြစ်ပါစေနဲ့လို့ဆုတောင်းမိပါတယ်။

    ReplyDelete
  2. ဟုတ်တယ်ကိုတိုးရေ ... ဒီထက်ဆိုးတဲ့ ပုံတွေ ရှိရင်လည်းရှိနေဦးမှာ။ မြန်မာနိုင်ငံမှာ ၀မ်းရေးအတွက်လုပ်ရတဲ့ အလုပ်တွေမှာ အသက်နဲ့ရင်းပြီး လုပ်ရတာတွေ အများကြီးပဲနော် ... အထူးသဖြင့် ခရီးလမ်းတစ်လျောက်က ဈေးသည်တွေပေါ့ဗျာ

    ReplyDelete
  3. Anonymous7:28 am

    အစ်ကိုရေ။ နောက်ဆုံးပုံက ရေကြီးတာ မဟုတ်ပါဘူးဗျို့။ ပုဂံနဲ့ မန္တလေးတစ်ဝိုက်၊ ဧရာဝတီမြစ်ဆိပ်တွေမှာ အမြဲလိုလို တွေ့ရတဲ့ ဈေးသည်တွေပါ။ ကမ်းနဲ့ မလှမ်းမကမ်းမှာ ကပ်ထားတဲ့ သင်္ဘောတွေဆီ မုန့်တွေ အသီးအနှံတွေ သွားရောင်းရင် အဲဒီလိုပဲ ရောင်းလေ့ရှိပါတယ်။

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS