Skip to main content

နှင်းတွေကျနေပြီ ... ပျော်စရာကြီး

ဒီနေ့နှင်းတွေကျမယ်လို့ သတင်းမှာလည်းပါထားတယ်။ ထိုင်စောင့်နေတာ မနက် ၄ နာရီလောက်မှာကျတယ်။ လမ်းမပေါ်မှာ ဖွေးနေတာပဲ .. အရမ်းမိုက်တယ်။ ဓာတ်ပုံထွက်ရိုက်လိုက်သေးတယ်။ အခုပဲ ပြန်လာတယ်။ နေရာတိုင်းမှာ ဖွေးနေတာပဲ။ အိမ်ခေါင်မိုးလေးတွေဆို ဆေးအဖြူရောင်တွေ လွှမ်းထားသလားအောင်းမေ့ရတယ်။ အခုမှ စကြုံတော့လည်း အထူးအဆန်းပေါ့။ မော်စကိုက ကိုဝေဟင်တို့အတွက်ကတော့ ဒါမျိုးက ရိုးနေပြီ :P ဒီနိုင်ငံကလူတွေကတော့ နှင်းကို မကြိုက်ကြပါ။ ရာသီဥတု ဆိုးတာရယ်၊ Travel လုပ်ရတာ အဆင်မပြေတာရယ်ကြောင့် လူမုန်းခံနေရပါတယ်။ ကျွန်တော်ကတော့ ဘာပဲပြောပြော ပျော်တယ်။ တစ်ညလုံး ထိုင်ပြီးစောင့်နေတာပဲ ကြည့်တော့။ တစ်ညလုံးတော့ ထိုင်ပြီးစောင့်ရကျိုးနပ်ပါရဲ့ ... မနက်ကျတော့ တော်တော်နဲ့ မနိုးတော့ဘူး ဟီးဟီး :P ဒါလည်း မဆန်းတော့ပါဘူးလေ။ နေ့စဉ်လုပ်နေကျ အလေ့ကျင့်တစ်ခုလို ဖြစ်နေပါပြီ။ ဒီရောက်တဲ့သူတိုင်းနီးပါးလည်း ဖြစ်ကြတာပဲ။ နှင်းကလည်း လန်ဒန်မှာ တစ်နှစ်မှ တစ်ရက်နှစ်ရက်ပဲ ကျတယ်လို့ပြောတယ်။ ပထမဆုံးအကြိမ်တော့ ကြုံဖူးလိုက်ပြီပေါ့ :)

နောက်နှစ် ဘယ်လိုအချိန် ဘယ်လိုအခြေအနေမျိုးမှာ ထပ်ပြီးကျအုံးမလဲတော့ မသိဘူးပေါ့။ အဲဒီအချိန်ကျရင်တော့ ကျွန်တော်လည်း တစ်ခုခုပြောင်းလဲနေမှာ သေချာပါတယ်။ ကောင်းသောပြောင်းလဲခြင်း တိုးတက်ခြင်း ဖြစ်ဖို့အတွက်တော့ ကြိုးစားရအုံးမည်။ ကဲ ... နှင်းပွင့်တွေရေ ... ငါတို့ ပြန်ဆုံကြဦးမှာပါ :) အခုတော့ မျက်စိကို အနားပေး မှေးလျက် အိပ်ရာဝင်တော့မယ် ... ကောင်းသောညပါ။

Comments

  1. Anonymous10:16 pm

    ပထမနှစ်မို့လို့နှင်းကျတာအဲလောက်ပျော်နေတာ..အဟိ..နောက်နှစ်ဆိုရင်တော့...မြင်ချင်မှာဟုတ်တော့ဘူး..:D

    ReplyDelete
  2. ဒီမှာက တစ်နှစ်တစ်ခါလောက်ပဲမြင်ရတာဆိုတော့ ဟိဟိ ပျော်တယ်ပေါ့ဗျာ .. အခုမှ ပထမနှစ်ကျောင်းသားကိုး :P

    ReplyDelete
  3. နှင်းကျတာတော့ မိုက်တယ်။ ဒါပေမယ့် သွားရလာရခက်တယ်။ ဒီမှာတော့ တော်တော် အေးနေပြီ။ ဒီနေ့ အပူချိန်က -10 C ရှိတယ်။

    ReplyDelete
  4. Anonymous5:50 pm

    that was so annoying. I had to wait more than one hour for a train at the station that morning.

    ReplyDelete
  5. haha ... it's London. ya . isn't it. :P

    ReplyDelete
  6. နှင်းတွေနဲ့ ဓာတ်ပုံ ထွက်ရိုက်ထားပါလား ... :D

    ReplyDelete
  7. နှင်းတွေနဲ့တော့ရိုက်ချင်ပါတယ် အဲဒီအချိန်ကြီးက မနက်လေးနာရီဖြစ်နေလို့ လူကိုမရှိဘူး :P

    ReplyDelete
  8. Anonymous7:06 pm

    ၄ နာရီထိစောင့်တယ်လား...စနေက မသိဘူး..
    ကျမယ်ဆိုတာတော့ သိတယ်...မနက်ထလာတော့
    ဖွေးဖွေးဖြူလို့ ညီမလေးခေါ်ပြီး ဓာတ်ပုံလိုက်ရိုက်ကြသေးတယ်။
    ဒီနှစ်ကျတာ မနှစ်ကထက်များတယ်...စကောတလန်မှာတော့ ဒီဇင်ဘာ
    ဆိုရင်ကျပြီး ခါတိုင်းနှစ်က ..ဒီနှစ်က နှင်းလာတာနောက်ကျတယ်..
    ကလိုဘာ ၀မ်းမင်း ကြောင့်ထင်တယ်။ ဘာပဲဖြစ်ဖြစ် နှင်းကျရင် ပျော်စရာ
    ကောင်းပါတယ်...ဒူးလောက် မကျဖို့ဘဲလို့တယ်..ဟား

    ReplyDelete
  9. ၂လက်မကျော်ကျော်လောက်ထိ ကျတယ်လို့တော့ သတင်းမှာ ဖတ်လိုက်ရတယ်။ ဓာတ်ပုံကတော့ ရိုက်ကို မရိုက်နိုင်တော့ဘူး မနက်ထမလို့ဘဲ ဒါပေမဲ့ ၅ နာရီလောက်မှ အိပ်တော့ .ဟိဟိ ဘယ်နှယ့်မှ မဘယ့်နှယ့်နိုင်တော့ဘူး ဖြစ်သွားတယ် :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS