Skip to main content

ရတနာပုံကျောင်းသား နှင့် ကွန်ပျူတာကျောင်းသူ

Multiply.com မှာ Account ဖွင့်ထားတာတော့ကြာပါပြီ။ သိပ်ပြီး မ၀င်ဖြစ်ဘူး။ ဒီနေ့ဝင်ကြည့်တော့မှ invite တစ်ခုကိုတွေ့တယ်။ ကြည့်လိုက်တော့ Myanmar Muzic Group တဲ့။ Accept လုပ်ပြီး ကြည့်လိုက်တာ .. အားပါး .. နည်းတဲ့ Album တွေမဟုတ်ဘူး။ Page ပေါင်း 35 ခု (သီချင်းပေါင်း 3000) လောက်ရှိတယ်။ မြန်မာသီချင်းတွေ သီးသန့်ပါပဲ။ တစ်ချို့ Music Site တွေမှာ မရှိတဲ့ သီချင်းတွေလည်း အဲဒီ site မှာ ရှိပါတယ်။

site ရဲ့ လိပ်စာက http://mmuzicgroup.multiply.com/ ပါ။

ကျွန်တော်လည်း အားရင် သီချင်းတွေပဲနားထောင်တတ်တော့ သီချင်းတွေကို Page တစ်ခုပြီးတစ်ခု လိုက်ရှာတယ်။ အဲဒီမှာ Mandalay Hip Hop Album ဆိုတဲ့ Album ကိုသွားတွေ့တယ်။ ဘယ်သူတွေ ဆိုထားသလဲဆိုတာရယ် သီချင်းနာမည်တွေရယ် မပါဘူး။ Album တွေထဲက တစ်ပုဒ်ပြီး တစ်ပုဒ်နားထောင်လိုက်တာ Track No.13 ကို တော်တော်လေးကြိုက်သွားတယ်။ အထူးသဖြင့် မန္တလေး ရတနာပုံ တက္ကသိုလ်က ကျောင်းသားတွေ ပိုကြိုက်ကြမယ်ထင်ပါတယ်။ ကွန်ပျူတာ တက္ကသိုလ်မှာ ချစ်သူ ရည်းစားရှိနေသူ ဆိုရင်တော့ ပိုပြီး ကြိုက်သွားပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတာ သိချင်ရင်တော့ သီချင်းလေးကို နားဆင်ကြည့်လိုက်ပါ smile





Comments

  1. သီချင်းလေး နားထောင်ကြည့် ဖြစ်တယ်။ မဆိုးဘူးဗျ။ ဂီတာတီးထားတာလေး မိုက်တယ်။ လင့်ခ်ပေးထားတဲ့ Group ကိုတော့ မင်ဘာမဟုတ်လို့ ၀င်လို့မရပါ။ ဒါထက် ကိုချမ်း ဂျီမေးလ်လိပ်စာလေး သိထားချင်တယ်။ မေးချင်တာလေး၊ သိချင်တာလေး တွေ မေးလ်နဲ့ မေးချင်လို့ပါ။
    www.thetoodk@gmail.com

    ReplyDelete
  2. Sorry! Email လိပ်စာပေးလိုက်တာ မဆိုင်တဲ့ www သုံးလုံး ပါသွားတယ်ဗျို့။

    ReplyDelete
  3. Thanks Ko Chan, so many albums!!!

    ReplyDelete
  4. သီချင်းလေးနားထောင်သွားပါတယ်.. လာလည်တာ ကျေးဇူးပါ

    ReplyDelete
  5. အားပါးပါး.. သီချင်းလေးက ဂွတ်တယ်ဗျာ. Download Link လေး ထုတ်ပေးပါဦးဗျ

    ReplyDelete
  6. Anonymous10:50 am

    သီချင်းလေးတွေကိုယ်တိုင် download လုပ်ချင်တယ်ဗျာ..
    ဘယ်လိုမန်ဘာလုပ်ရမလဲဗျ..
    ပြောပြေးပါအုံးဗျ...နောက်နောင် ဒီလိုကောင်းတာလေးတွေရှိရင်ပြောပြေးပါဦး

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...