Skip to main content

ဘုန်းဘုန်းဦးဥတ္တရ ရွှေရတု မွေးနေ့မင်္ဂလာ

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ကောလင်းဒေးမြို့နယ် သာသနာ့ရံသီ ၀ိဟာရကျောင်း ဆရာတော် ဦးဥတ္တရ၏ သက်တော် (၅၀) ပြည့်မွေးနေ့ မင်္ဂလာနှင့် ၀ါဆိုသင်္ကန်း ကပ်လှူပွဲကို ဒီနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ လန်ဒန်မြို့ပေါ်ရှိ မြန်မာဘုန်းကြီးကျောင်းများမှ ဘုန်းတော်ကြီးများလည်း ကြွရောက်ချီးမြင့်ခဲ့ကြပါတယ်။ မြန်မာပရိတ်သတ်များအတွက် မြန်မာတို့အကြိုက် ရှမ်းခေါက်ဆွဲနှင့် အကြော်စုံများဖြင့် တစ်နေကုန် ကျွေးမွေးခဲ့ပါတယ်။ မွေးနေ့ပွဲမတိုင်ခင်ကတည်းက ရောက်နှင့်နေတဲ့ ကျွန်တော့်အတွက်တော့ ၂၈ ရက်နေ့ ညနေကတည်းက လုပ်အားပေးခဲ့တယ်။ ၂၈ရက်နေ့ ဘလော့သတင်းများအရ မန္တလေးမှာ ၀ါဆိုခြင်းခတ်ပွဲတွေကို တွေ့လိုက်ရတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း လူစုပြီး ခြင်းခတ်ခဲ့ကြသေးတယ် :) ဓာတ်ပုံတွေကိုတော့ ဆရာတေးက တောက်လျှောက်ကိုတင်ထားတယ်။ သူ့ဘလော့မှာလည်း သွားရောက်ကြည့်ရှူ့နိုင်ပါတယ်။ ကျွန်တော်ကတော့ မွေးနေ့ပွဲမှာ ၀ါဆိုသင်္ကန်းတစ်စုံကပ်လှူခဲ့တယ်။ နောက်ပြီး ဧည့်သည်ပရိတ်သတ်များစားဖို့ အကြော် ကြော်ပြီးလုပ်အားပေး ကုသိုလ်ယူခဲ့တယ်။ အကြော်ကတော့ ကောင်းတယ်လို့ပြောကြတယ်။ ကျွန်တော်က ကြော်ပဲ ကြော်တာ။ အကြော်မှုန့်စပ်တာ ဖျော်တာက တစ်ယောက် :D ဘာပဲ ဖြစ်ဖြစ် ကြော်တာပဲပေါ့။ ကြော်တာမှ မနက်လင်းကတည်းက ညနေထိဗျာ။ မြန်မာနိုင်ငံက အကြော်သည်တွေရဲ့ဘ၀တွေကို ကိုယ်ချင်းတောင်စာမိတယ်။ ဆီအိုး ပူပူဘေးမှာ အသက်မွေးဝမ်းကျောင်းအတွက် ရုန်းကန်ရတာလည်း မလွယ်ပါလား။ အကြော်တွေကတော့ စုံနေတာပဲ။ ဘူးသီးကြော်၊ ကြက်သွန်ကြော်၊ ကုလားဗယာကြော် နှင့် တိုဟူးကြော်တို့ ပါတယ်။ နောက်ပြီး တစ်ချို့က ဘုရားစင်က ငှက်ပျောသီးကို စွန့်လာပြီး ငှက်ပျောသီး ကြော်စားတဲ့သူတွေလည်း ရှိတယ် :D ကဲ ... သရေကျရအောင် အကြော်ပုံတွေ ကြည့်လိုက်ကြပါဦး :D

တိုဟူးကြော် ... ကောင်းမှကောင်း ... ကျွတ်ရွနေတာပဲ

ကုလားဗယာကြော် ... ကုလားကြော်တာတော့ မဟုတ်ဘူးနော်

ဘူးသီးကြော် .. အစစ်နော် ... ဂေါ်ရခါးသီး နဲ့ အင်ထုတားတာမဟုတ်ဘူးနော်

ဓာတ်ပုံတွေ ကျန်သေးတယ် ... နောက်နေ့မှ ဆက်ပါဦးမည်။ ကျန်းမာပျော်ရွှင်ပါစေ smile

Comments

  1. Anonymous11:40 am

    onnn.... i didn't get to have " ku lar ba yar kyaw".
    I know.. u ate it all, did you. hee :))

    ReplyDelete
  2. ငါလည်း အကြော်သည် လုပ်နေတာနဲ့ တစ်ခု နှစ်ခုပဲ စားလိုက်ရတာ။ နင် စားချင်ရင် လွယ်ပါတယ်။ ကုလားတစ်ယောက်လောက် ကောက်ယူလိုက် :P

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...