Skip to main content

Posts

Mac မှ Adware များကိုဖယ်ရှားခြင်း

Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင် တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း target ထားလာကြပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ ကြော်ငြာတွေ၊ popup window အသေးလေးတွေ ပုံမှန်မဟုတ်တာတွေဖြစ်လာဖြစ်ဆိုရင်တော့ Mac ကို Adware ဝင်မဝင်စစ်ဆေးဖို့လိုပါပြီ။ အဲဒီအတွက် အသင့်တော်ဆုံးနဲ့ အလကားပေးထားတဲ့  Software ကတော့ AdwareMedic ပဲဖြစ်ပါတယ်။ Window အတွက်ကတော့ Malwarebytes  ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အခြားပြဿနာတွေ ကွန်ပျူတာမှဖြစ်နေရင်လည်း comment ပေးခဲ့နိုင်ပါတယ်။ လက်လမ်းမှီသလောက် ရှာဖွေဖြေရှင်းပေးပါမယ်။ Download : AdwareMedic

Smart Mirror သို့မဟုတ် A Mirror That Remembers You

သင့်ရဲ့အဝတ်အစား အသွင်အပြင်ကို မှတ်မိစေပြီး ဓာတ်ပုံ၊ ဗွီဒီယိုဖြင့် မှတ်တမ်းတင်ပေးနိုင်သော Smart Mirror ကို memomi မှ ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ရှေ့မှာ ဝတ်ဆင်ခဲ့တဲ့အဝတ်အစားတွေကိုလည်း ပြန်လည်ပြီး ယှဉ်ပြပေးနိုင်သလို အဝတ်အစားအရောင်တွေကိုအလည်း အဝတ်ပြောင်းစရာမလိုဘဲ screen ထဲမှာတင် ဒါမှမဟုတ် မိမိရဲ့ဖုန်းမှတဆင့် ကာလာအပြောင်းအလဲလုပ်နိုင်ပါတယ်။ ရိုက်ကူးထားတဲ့ ဓာတ်ပုံနှင့် ဗွီဒီယိုတွေကိုလည်း social networking site တွေမှာ အလွယ်တကူပြန်လည် sharing လည်းလုပ်နိုင်ပါတယ်။

512GB ပမာဏထည့်သွင်းအသုံးပြုနိုင်သည့် SD Card ကို SanDisk မှ ထုတ်လုပ်

Memry card တွေထုတ်လုပ်တဲ့ Company တစ်ခုဖြစ်တဲ့ Sandisk ဟာ SD Card တွေထဲမှာ ပမာဏအကြီးဆုံးဖြစ်တဲ့  512 GB ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ တံဆိပ်ခေါင်းအရွယ်ဆိုဒ်ရှိတဲ့ အဲဒီ SD Card ရဲ့ဈေးကတော့ $800 (£490) ဝန်းကျင်ခန့်ရှိတာကြောင့် DSLR ကင်မရာကောင်းကောင်းဝယ်လို့ရတဲ့ ဈေးလည်းဖြစ်ပါတယ် :) နည်းပညာ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ အနာဂတ်မှာ 2TB (2,000GB) ရှိတဲ့ ကဒ်တွေအထိ ထွက်လာနိုင်တယ်လို့ သိရပါတယ်။ အခုထုတ်လုပ်လိုက်တဲ့ ဒီကဒ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ High Quality 4K format အသုံးပြုတဲ့ Film-maker တွေအတွက်အဓိကရည်ရွယ်တယ်လို့သိရပါတယ်။ 4K Format ဟာ ပုံမှန် HD အရည်အသွေးထက် လေးဆ ပိုမိုကောင်းမွန်ပြီး သိမ်းဆည်းတဲ့နေရာပမာဏများစွာယူတာကိုတွေ့ရပါတယ်။ File ကို compress လုပ်တဲ့ပေါ်မူတည်ပြီး 1 မိနစ်စာရှိတဲ့ 4K video တစ်ခုဟာ 5GB ပမာဏ storage အထိနေရာယူနိုင်ပါတယ်။ SD Card တွေဟာ မိုဘိုင်းလ်၊ ဒီဂျစ်တယ်ကင်မရာနဲ့ ကမ်ကော်ဒါတွေမှာ ကျယ်ပြန့်စွာအသုံးပြုနေတဲ့ ကဒ်အမျိုးအစားလည်းဖြစ်ပါတယ်။

Sony မှ တစ်ခါဘက်ထရီသွင်းရုံဖြင့် ၄၈ နာရီကြာခံသည့် Xperia Z3 ဖုန်းအသစ်ကို IFA တွင် စတင်မိတ်ဆက်

ဂျာမနီနိုင်ငံမြို့တော် ဘာလင်မှာ ကျင်းပပြုလုပ်နေတဲ့ IFA , I nternationale Funkausstellung (and translates to the international radio exhibition)  မှာ Sony မှ New Xperia Z3 ဖုန်းသစ်ကို ယနေ့မှာ စတင်မိတ်ဆက်ပြသခဲ့ပါတယ်။ ယခုဖုန်းဟာ iPhone အသစ်ထွက်မလာခင် တစ်ပတ်အလိုမှာ အချိန်မှီပြသလိုက်တာလည်းဖြစ်ပါတယ်။ နောက်ပြီး Samsung ရဲ့Note 4 မထွက်ခင်လည်းဖြစ်ပါတယ်။ Android စနစ်ကို အသုံးပြုထားတဲ့ Sony ရဲ့ဖုန်းအစ်မှာ စိတ်ဝင်စားပြီး ဝယ်သူအသုံးပြုချင်စဖွယ် လုပ်ငန်းများစွာထည့်သွင်းထားတာတွေ့ရပါတယ်။  Design ကိုတော့ ပိုမိုပါးလွှာအောင် ပြုလုပ်ထားပါတယ်။ Aluminium Frame နဲ့ ဖုန်းရဲ့ဘေးဘောင်တွေမှာထည့်သွင်းပြုလုပ်ထားပြီး ဖုန်းရဲ့ မျက်နှာပြင်ကိုတော့ Tempered Glass  Display ကို အသုံးပြုထားတာတွေ့ရပါတယ်။ အထူအားဖြင့် 7.4mm နှင့် အလေးချိန်အားဖြင့် 153g သာရှိပါတယ်။ ကမ်းခြေသွားရေကူးရင်း ဓာတ်ပုံရိုက်ဖို့ ရေစိုခံကင်မရာတစ်လုံးသီးသန့်ဝယ်ဖို့မလိုတော့ပါဘူး။ Sony ရဲ့ Xperia Z3 ဖုန်းဟာ ရေထဲမှာ မိနစ် ၃၀ ကျော်ရိုက်ကူးနိုင်ပြီး ရေအောက် ၁.၅ မီတာအထိသ...

Smartphone ကင်မရာသုံးပြီး လျှို့ဝှက်ဓာတ်ပုံရိုက်ခြင်း

ယခုခေတ်မှာ Smartphone ကင်မရာတွေဟာ DSLR နီးပါးအလုပ်တွေလုပ်ဆောင်လာနိုင်ပါပြီ။ DSLR ထက်ပိုပြီး အားသာတဲ့အချက်ကတော့ ပေါ့ပေါ့ပါးပါးသယ်ဆောင်နိုင်တာရယ် ဓာတ်ပုံကို ရိုက်ခံရတဲ့သူမသိအောင် လျှို့ဝှက်ရိုက်နိုင်ခြင်းပါပဲ။ ဒါကလည်း ဘာမှ အထွေအထူးတော့ မဟုတ်ပေမဲ့ တချို့နေရာတွေမှာတော့ အင်မတန်အသုံးဝင်ပါလိမ့်မယ်။ ဥပမာ street photo ရိုက်တာဝါသနာပါသူတွေ၊ ဖြစ်ရပ်တစ်ခုကို လျှို့ဝှက်မှတ်တမ်းတင်ချင်သူတွေ စသည်ဖြင့်ပေါ့။ ကျွန်တော်အခုပြောမည့် smartphone ကတော့ iPhone နဲ့ Samsung ကိုဦးတည်ပြီးပြောသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ဖုန်းတွေမှာလည်း အလားတူ setting တွေကို ရှာဖွေစမ်းသပ်ကြည့်နိုင်ပါတယ်။ မရိုက်ခင်မှာ ပထမဆုံးအနေနဲု့ဖုန်းကို setting အရင်လုပ်ပေးဖို့လိုပါတယ်။ Samsung smartphone ကိုင်တဲ့လူတွေအတွက်တော့ Camera App ကိုဖွင့်ပါ။ ပြီးရင် setting ကိုနှိပ်ပြီးရွေးလိုက်တဲ့အခါ ဒုတိယ menu နေရာမှာ Use the volume keys as ဆိုပြီးတွေ့ရပါလိမ့်မယ်။ အဲဒီနေရာမှာ Default အနေနဲ့ The Zoom Key ဆိုပြီးရွေးထားတာတွေ့ရလိမ့်မယ်။ အဲဒါကို ဒုတိယ option ဖြစ်တဲ့ The Camera Key ဆိုပြီးတော့ ရွေးပါ။ အဲဒါဆိုရင် ကင်မရာရဲ့ Volume button နှစ်ခုလ...

Olympus ရဲ့ Pen series Camera အသစ် E-PL7

  ပေါ့ပေါ့ပါးပါးရှိပြီး ခရီးသွားရတာကို နှစ်သက်တဲ့သူတွေအတွက် အသုံးတဲ့မည့် ကင်မရာတစ်လက်ပါပဲ။  16mp ပုံထွက်အားရှိပြီး Wi-fi နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ရိုက်ပြီးသားပုံတွေကို Smartphone သို့ Tablet သို့အလွယ်တကူ ပေးပို့နိုင်ပါတယ်။ Touch Screen function ပါဝင်ပြီး 1 sec ကို 8 ပုံနှုန်း ရိုက်ကူးနိုင်ပါတယ်။ ဒါပေမဲ့ အားနည်းချက်တစ်ခုအနေနဲ့  သူ့မှာ View Finder တော့မပါဝင်ပါဘူး။ သို့ပေမဲ့ သီးသန့်ဝယ်ပြီး အသုံးပြုနိုင်ပါတယ်။ 3-axis image stabilizatin စနစ်ကို အသုံးပြုထားတာဖြစ်တဲ့အတွက် လမ်းလျောက်နေရင်းနဲ့တောင် ဓာတ်ပုံကောင်းကောင်းရိုက်ကူးနိုင်ပါတယ်။ Screen ပေါ်မှာကြည့်ပြီး ဓာတ်ပုံရိုက်ရတာကို နှစ်သက်သူတွေ၊ မိမိကိုယ်ကို ပြန်ပြီးဓာတ်ပုံရိုက်နိုင်တဲ့ Selfie အမျိုးအစားတွေကို နှစ်သက်သူတွေအတွက်လည်း အသုံးတည့်မှာအမှန်ပါပဲ။ ဒါပေမဲ့ အဲဒီ selfie ရိုက်ချင်တဲ့သူတွေအတွက် Tripod နဲ့တွဲသုံးလို့တော့ အဆင်မပြေပါဘူး။ Olympus ရဲ့ နာမည်ကြီး Art Filters တွေကို ဒီကင်မရာမှာ RAW format အနေနဲ့လည်း ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ ကင်မရာချည်းသက်သက် $599, Power Zoom 14-42mm lens နဲ့ဆိုရင်တော့ $699 ဝန်းကျင်ခန့်ရေ...

Law Abiding Citizen (2009)

ဇာတ်ကားအဟောင်းလေးပါ။ ဒါပေမဲ့ တော်တော်လေးကြည့်လို့ကောင်းပါတယ်။ မကြည့်ရသေးခင်အထိ အသစ်ပဲမဟုတ်လား :) A frustrated man decides to take justice into his own hands after a plea bargain sets one of his family's killers free. He targets not only the killer but also the district attorney and others involved in the deal. Director: F. Gary Gray Writer: Kurt Wimmer Stars: Gerard Butler, Jamie Foxx, Leslie Bibb