Skip to main content

အင်တာနက်ရပြီ

ဒီနေ့အင်တာနက် စရပြီ။ လိုင်းကတော့ Tiscali ဆိုတဲ့လိုင်း။ Speed ကတော့ 3.3MB ပဲရတယ်။ ရှိစေတော့။ စသုံးပြီးဘာမှလည်း မကြာသေးဘူး Connection မရတော့ဘူး။ Trace ပြန်လိုက်ကြည့်တော့ ဘေးအခန်းက လူကဖုန်းကြိုးကို သောက်ကမြင်းကြောထပြီး ဖြုတ်ထားတယ်။ ကျွန်တော်တို့နေတဲ့ တိုက်ခန်းက အခန်း ၄ခန်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်အခန်းက အလယ်ခေါင်လောက်မှာ ရှိတယ်။ အဲဒီတော့ အရင်တုန်းက ဖုန်းကြိုးကို ကျွန်တော့အခန်းထဲ ယူလိုက်တယ်။ လိုင်းရအောင်လျှောက်ရတော့ ကိုယ်ကပဲလျှောက်ရတယ်။ ပိုက်ဆံပေးရတော့လည်း ကိုယ်Accountထဲကပဲပေးရဦးမယ်။ ဒီဖုန်းကြိုးလေးကိုတော့ အခန်းထဲယူပြီး ထားခွင့်တော့ ရှိအုံးမှပေါ့။ ဒါကိုပဲ ဘာတွေလာပြီး မကြေမနပ် ဖြစ်နေလဲမသိဘူး။ မြန်မာအချင်းချင်းမို့ပဲ တော်တော့တယ်။ သောက်ရေးကိုမပါဘူး။ ယောက်ျားလေးသာ ဆိုလို့ကတော့ စကားနဲ့မပြောချင်ဘူး၊ လက်နဲ့ပဲ ပြောလိုက်ချင်တယ်။ အင်တာနက်ပြန်ရအောင် အဲဒီကျေးဇူးရှင်လာတာကို စောင့်နေရသေးတယ်။ အချိန်ကြည့်လိုက်တော့ ည ၁၂နာရီခွဲနေပြီ။ အဲဒီအချိန်ကြမှ ပြန်သုံးလို့ရတယ်။ ဒါတောင် မနက်ဖြန်ကြရင် ပြန်ပြီး Sharing လုပ်ရအုံးမယ်။ အဆင်ကိုမပြေပါဘူး။ စိတ်ထဲမှာတော့ တနေကုန်လုပ်တာ မရလို့ တင်းနေတယ်။ ဖုန်းက ဘာပြဿနာ ဖြစ်တာလဲပေါ့။ အဲဒီလို တမင်လုပ်ထားမယ်လို့လည်း မထင်မိဘူး။ ပြောလေတင်းလေပဲ။ သူများကိုစိတ်ဆင်းရဲအောင် တမင်ဖန်တီးလုပ်တဲ့သူကတော့ သူ့အကုသိုလ်နဲ့သူ လစ်ပါစေဗျာ။ ဆုတောင်းပေးလိုက်တယ်။ တကယ်ကို မထင်ရဘူး။ တချို့လူတွေက စိတ်ထဲက ဘယ်လိုပဲ ဟန်ဆောင် ဟန်ဆောင် တချိန်ကျရင် စိတ်ရင်း အမှန်က ပေါ်လာတာပဲ။ တော်တော် ရွံဖို့ကောင်းတဲ့ ဟာတွေ။ တော်ပြီ ... သူ့အကြောင်းဆက်ရေးနေရင် စာရိုက်ရတဲ့ ကိုယ့်လက်ကိုယ်ကို သနတယ်။ မတန်ဘူး။ အင်တာနက်ရတော့ ပျော်ရမလိုလိုနဲ့ စိတ်ညစ်တာက ပိုများသွားတယ်။

Comments

  1. Speed=3.3Mb ?????
    OMG amazing!
    I m running with 256Kbs
    So you can download most mp3 in a second, is it? wowww! how much you have to pay for that?

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...