Skip to main content

ချစ်ခြင်းရင်ခုန် ယုံကြည်စွာဖြင့်

မန္တလေးမှာ ရိုက်ထားတဲ့ ဇာတ်လမ်းလေး၊ အရမ်းကြိုက်တယ်။ ရန်ကင်တောင်နားက နည်းပညာတက္ကသိုလ်ထဲမှာ နောက်ခံထားပြီးရိုက်ထားတယ်။ နောက်ခံသီချင်းလေးလည်း အရမ်းမိုက်တယ်။ ဒွေး ဆိုထားတာ။ ဒီဇာတ်ကားလေးကြည့်ပြီး နည်းပညာတက္ကသိုလ်မှာ Evening Class တက်တုန်းက သွားခဲ့တဲ့အချိန်တွေကို သတိရမိတယ်။ တကယ်တော့နည်းပညာတက္ကသိုလ်ဟာ ကျွန်တော်အရင်တုန်းက နေခဲ့တဲ့အိမ်နဲ့ နီးနီးလေး။ အရင်တုန်းက ရန်ကင်းတောင်ခြေက မန္တလေး သမ၀ါယမကောလိပ်မှာ နေခဲ့တယ်။ ငယ်ငယ်လေးကတည်းကပေါ့။ ရန်ကင်းတောင်တ၀ိုက်ဟာ အရမ်းသာယာတဲ့နေရာလေးပါပဲ။ ရေတံခွန်တောင်နဲ့လည်း နီးနီးလေး။ မေမြို့ကိုလည်း ဆက်သွားလို့ရသေးတယ်။ ပြီးတော့ ရန်ကင်းတောင်ခြေနားလေးမှာ မြကျောက်စေတီဆိုတာရှိတယ်။ အဲဒီမှာ သဘာဝအတိုင်း ရေသန့်တွေထွက်နေတယ်။ မြကျောက်ဆရာတော် ဆိုတာလည်းရှိတယ်။ နာမည်ကြီးပေါ့။ လူကြီးပိုင်းတွေ တော်တော်ကိုးကွယ်ကြတယ်။ အထူးသဖြင့် နန်းတွင်းထဲက လုလင်တွေပေါ့။

ဒီဇာတ်ကားလေးတင်ပေးတဲ့ ခရမ်းပြာအိမ်မက် မှ ကိုကို မမ များကို ကျေးဇူးတင်ပါ၏။

[ အပိုင်း ၁ ] [ အပိုင်း ၂ ]

Comments

  1. brother လဲ evening ကျောင်းသားပဲလား?
    တွေ့ ရတာဝမ်းသာပါတယ် ။
    ကျွန်တော်လဲ YTU evening ကပဲ.........
    အခုမှ blog စလုပ်တာမို့ ကြုံရင်ဝင်သင်ပေးအုံးနော်.....
    :)

    ReplyDelete
  2. အကိုရေ ....
    ကျနော် အဲဒီဇာတ်ကားရဲ့ ၀တ္ထုလေးလိုချင်တယ်ဗျာ ... နီကိုရဲ ရေးတယ်လို့ သိရတယ် ... ၀တ္ထုနာမည်ကိုတော့ မသိဘူး .... ဖြစ်နိုင်ရင် ပြန်ပြောပေးပါလား ... စောင့်နေမယ်နော် ....

    ReplyDelete
  3. thantzin4:30 pm

    brother ရေ.. ညီလေးက ချစ်ခြင်းရင်ခုန်ယုံကြည်စွာဖြင့် ဇာတ်ကားလေးကို download လုပ်ချင်လို့ပါ။ ကြာနေပြီ ဖြစ်ပေမဲ့ ဖြစ်နိုင်ရင် လိုချင်ပါတယ်။ ကူညီပေးပါဗျာ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. အဲဒီဇာတ်ကားခွေ ကျွန်တော်ရှာမတွေ့ဘူးဖြစ်နေတယ်။ ကျွန်တော်လည်း ပြန်ကြည့်ချင်နေတာ :(

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

စမူ = ဇယ် = ရည်းစား = စော် = ချစ်သူ

မြန်မာစကားရဲ့ အရှုပ်တော်ပုံလေးတွေကို နည်းနည်းစဉ်းစားမိပြီး ရေးမိတာပါ။ ပြီးတော့ ၈တန်းတုန်းက အင်္ဂလိပ်စာသင်ခဲ့တဲ့ဆရာကြီး ပြောခဲ့တဲ့ဟာလေးကိုလည်း သွားပြီးသတိရမိလို့ပါ။ အဲဒီဆရာကြီးက မန်းလေးရေစစ်ကန်နားလေးမှာနေတယ်။ သူပြောတာက ဘာလဲဆိုတော့ ယောက်ျားလေးတွေက သူ့ချစ်သူမိန်းကလေးတွေကို ခေါ်ဝေါ်သုံးစွဲပုံလေးပါ။ ဒီခေတ်မှာတော့ ကိုယ့်ရည်းစားကို ချစ်စနိုးနဲ့ ခေါ်တဲ့ အသုံးအနှုန်းလေးကတော့ "စော်" တဲ့ ... အင်း ... ခေါ်ရတာတော့ တော်တော် ကသီးကအောက်နိုင်ပါတယ်။ [ ဟေ့ကောင် .. ငါ့စော်ကို တွေ့မိလား ... ကျွန်တော်တို့ ယောက်ျားလေးတွေ အချင်းချင်း မေးလေ့မေးထရှိကြတဲ့ စကားတွေပါ] အင်း ... သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကြားရတဲ့သူအတွက်လည်း ကသီးကအောက်နိုင်လွန်းလှပါတယ်။ ကျွန်တော့်ဆရာကြီးပြောတာကတော့ ဆန်းတယ်ဗျ ကျွန်တော်လည်းမကြားဘူးဖူး ... ဟီးဟီး။ သူတို့လူပျိုတုန်းက "စော်" အစား "စမူ" လို့ခေါ်တာတဲ့ အဲဒီကမှတဆင့် "ဇယ်" ဆိုတာဖြစ်လာတယ်တဲ့ ပြီးတော့ မင်းတို့ ခေတ်ရောက်မှ ရည်းစား ... အဲဒီကမှ "စော်" ဆိုတာကြီး ဖြစ်သွားတာတဲ့။ တော်တော်တော့ စဉ်းစားကြည့်သေးတယ်ဗျ ဘာလို့ "စမူ" လို့ခေါ်သလဲပေါ့ ဟီးဟ...

မင်္ဂလာဆုတောင်း

သူငယ်ချင်း တစ်ယောက်တော့ ဒီနေ့ မင်္ဂလာဆောင်(ထောင်ကျ) သွားပြီ။ တစ်သက်လုံး ပြန်မလွတ်တော့ဘူး။ အိမ်ထောင်သည်ဘ၀ကို တစ်သက်တစ်ကျွန်း ကျသွားတဲ့ အကျဉ်းသားဖြစ်သွားပြီ။ အဲ ... တစ်ခုတော့ရှိတယ်၊ ထောင်ဖောက်ပြီး ပြေးရင်တော့မသိဘူး။ မင်္ဂလာလက်ဖွဲ့ အနေနဲ့ကတော့ "တစ်သက်လုံး အရိုးဆွေးတဲ့အထိ ပေါင်းသင်းနိုင်ပါစေ" ဆိုတဲ့ ဆုတောင်းလေးကိုပဲ ပေးလိုက်တယ်။ အဲဒီထက် ကောင်းတဲ့ လက်ဆောင်ကတော့ ရှာလို့ရမှာကို မဟုတ်ဘူး ... ဟားဟား။ ငါ မန်းလေးမှာရှိနေလို့ကတော့ နှိုးစက်နာရီလေးကို ၀ယ်၊ ည ၂နာရီခွဲ ၃နာရီလောက်ကို Alarm ပေးထားပြီး လက်ဖွဲ့မလို့ပဲ။ ဒါပေမဲ့ လက်မဖွဲ့လိုက်ရဘူး။ စိတ်မကောင်းပါဘူးကွာ။ မင်းတို့ရဲ့ သားသား မီးမီးလေးတွေ ကင်မွန်းတပ်တဲ့ အချိန်ကြမှပဲ ပြန်လာခဲ့တော့မယ်။ ငါကတော့ နာမည်ပေးဖို့အတွက် ကြိုပြီး စဉ်းစားထားတယ်။ ယောင်္ကျားလေးမွေးရင် - ဗိုလ်သင်္ကြန်၊ ဒါမှမဟုတ် သင်္ကြန်ဗိုလ်။ မိန်းကလေးမွေးရင်တော့ သင်္ကြန်မိုး၊ ဧပရယ်ဗိုလ် ဒါမှမဟုတ် ယွန်းသင်္ကြန်ဗိုလ် ပေါ့ကွာ ... ဟဲဟဲ မိုက်တယ်မလား၊ နာမည်တွေက လန်းနေတာပဲ ကြားလိုက်တာနဲ့တင် ရှိန်သွားမယ်။ မင်း ... ငါပြောတဲ့အတိုင်း မမှည့်လို့ကတော့ နာမယ်။