Skip to main content

အာရုဏ်ဦး Assignment နှင့် CMS

Assignment တစ်ခု ... DeadLine က မနေ့ကည ၁၂နာ၇ီမတိုင်ခင်။ ဒါပေမဲ့ တင်တော့ အခုမနက် သုံးနာရီလောက်မှ တင်ပြီးသွားတယ်။ တောစောင့်နတ် တောင်စောင့်နတ် ကျောင်းစောင့်နတ်တွေ မစလို့ တော်သေးတယ် Supervisor ဆီက OK ဆိုတဲ့ Mail လေးရောက်လာတယ်။ ရင်ထဲမှာ ဘာတွေစုနေမှန်းမသိတဲ့ အလုံးကြီး ကျသွားတယ်။ ကိုယ့်ကိုယ်ကို ညံ့လှပြီမှတ်နေတာ ကိုယ့်ထက်ပိုဆိုးတဲ့သူနဲ့တွေ့နေတယ်။ သူတို့ကိုလုပ်ပေးနေရတာနဲ့ နောက်မကျသင့်ပဲ နောက်ကျသွားတယ်။ တော်သေးတယ် OK ဆိုတဲ့ မေးလ်ကို မြင်လိုက်ရတာ တော်တော် စိတ်ချမ်းသာသွားတယ်။ အခု ဆက်လဲ မအိပ်ချင်တော့တာနဲ့ လျောက်သွားနေတယ် (အင်တာနက်ထဲမှာ)။ နေ့လည်ကျရင်လည်း ကျောင်းသွားပြီး Assignment တစ်ခု ထပ်ပြီး တင်ရဦးမယ် ... ဟူ ဟူး ကျောင်းသားနဲ့ Assig: က သူကအပေါ်ရောက်လိုက် ကိုယ်က အပေါ်ရောက်လိုက်ပဲ :P ပြီးသွားလို့ စိတ်ထဲမှာ ဖြစ်လာတဲ့ ခံစားမှုကတော့ မိုက်တယ် တစ်မျိုးလေးပဲ ဟာဟ။ ဒီနေ့ထူးဆန်းတာ သူငယ်ချင်းတွေအိမ်မှာ assign လုပ်ဖို့ မနေ့ညကတည်းက လိုက်လာခဲ့တာပဲ။ ခုထိတော့ မအိပ်ရသေးဘူး။ ဒါ လန်ဒန်မှာ ပထမဆုံး သူများအိမ်မှာ ညည့်နက်အောင်နေတာပေါ့ :P မန်းလေးမှာ တုန်းကတော့ မဆန်းပါ။ ညပိုင်းနဲ့ မနက်စောစော ဖိုးချမ်းကို ရှာချင်လား MCC ကိုသွားကြည့် မလွဲမသွေတွေ့တယ် :P နောက်တစ်ခု ရှိသေးတယ်။ မန်းလေးမှာတုန်းက နေ့ပိုင်း အိပ်တာဝါသနာကို မပါတာ။ အိပ်တယ်ဆိုတာ ညပိုင်းပဲ။ ဒီရောက်မှာ ... အိုး .. အိပ်တဲ့ အအိပ် ထမင်းကို ထမစားဘူး ဟာဟ။ ရာသီဥတုကြောင့်လည်း ပါမယ်ထင်တယ် ... ဒီလိုပဲ လွှဲချရမှာပဲ :P မိုးအုံ့နေတဲ့ ရက်တွေအိပ်ရာက နိုးလာရင်ပိုဆိုးသေး ညပဲရှိသေးတာလား နေ့ရောက်နေပြီးလားဆိုတာ နာရီကြည့်မှပဲ သိတော့တယ်။ ဒါ့ကြောင့် နာရီတွေ ဒီမှာ ရောင်းကောင်းတာနေမှာ။

အိပ်လို့လည်း မရသေးတော့ ဆက်ပြီး လေကြောရှည်လိုက်ဦးမယ်။ သရေကျစရာလေး ပြောမယ် :P အခုတစ်လော သူငယ်ချင်းတစ်ယောက် Assignment ကို ကူပေးရင်းသူ့အိပ်မှာပဲ ညစာစားဖြစ်တယ်။ သူက ဟာရေ(ကုလား) ဆိုတော့ ... အိုး ... စားလိုက်ရတဲ့ ဂျပါတီ ... လူတောင်ကြာတော့ မုန်းလာတယ်။ တွဲပြီးစားတာက ကြက်သားနှက်၊ ဆိတ်သားနှက်တို့နဲ့ပေါ့။ ဒါပေမဲ့ ဟိုနေ့က ထူးထူးဆန်းဆန်း ဆိတ်ဦးနှောက်တဲ့။ ဂွတ်ကွာလို့ ပြောလိုက်တယ်။ ဒီမှာ အဲဒီဟာစားတာ ပထမဆုံးပဲ။ ကြိုက်လည်း ကြိုက်တာကိုး။ တစ်ချို့တွေကတော့ စားဖို့မပြောနဲ့ မြင်ရင်ကိုပဲ မစားချင်ဘူး။ ကျွန်တော်ကတော့ ကြိုက်မှကြိုက်။ ပြီးတော့ ကုလားချက် ချက်တော့ ဘာပြောမကောင်းမလဲပေါ့။ တော်တော်လေးကို ခံတွင်းတွေ့တယ်။ ကိုယ့်လျှာကိုယ်တောာင် အားနာနေရတယ် ဟေ့ကောင် ... ဖြေးဖြေးစားပေါ့ :P မန်းလေးမှာ ဆိတ်ဦးနှောက် ကောင်းကောင်းစားချင်လား ... လမ်းညွှန်ပေးမယ် :P ၂၈လမ်း ၇၂လမ်းဒေါင့်မှာ ထမင်းဆိုင်လေးရှိတယ်။ အများအခေါ် ဇလုံကြီးလို့ခေါ်တယ်။ နောက်ပိုင်းမှ ဘာလို့ အဲဒီနာမည်ပေးလဲ သိတယ် ... ဇလုံနဲ့ရောင်းတာကိုး .. ဟာဟ ... ရှင်းနေတာပဲ။ စားချင်တယ်ဆိုရင်တော့ ၁၂ မတိုင်ခင်သွားမှ ရမယ် ... မဟုတ်ရင် အနှစ်ပဲ ရလိမ့်မယ် :P ကြုံဘူးလို့ပြောတာနော် :P တကယ်တမ်းပြောရင် မန်းလေးက ထမင်းဆိုင်လေးတွေကို အရမ်းလွမ်းတယ်။ စားလို့လည်းကောင်းပြီး ဈေးလည်းမဆိုးဘူး (အခုတော့ မသိဘူးနော်)။ ရန်ကုန်က ထမင်းဆိုင်တွေ ... တော် ... ဟင်းထဲမှာ Fly တွေ ပါပါလာတာ ကိုယ်တွေ့ ကိုယ်တွေ့။ ဆိုင်သေးသေးလေးတွေတင် မဟုတ်ဘူးနော် ... ဆိုင်ကြီးတွေလည်း တူတူပဲ။

အိပ်ရေးပျက်တော့ ခေါင်းနဲနဲ ကိုက်လာပီ။ နောက်နေ့မှ တွေ့တော့မယ်။

Comments

  1. ကျွန်တော်မောင်ဝေဟင် မန္တလေးသားများ ဂူဂယ် ဂရုမှာ ၀င်ရေး၏။ ရေးသောစာများ ဘယ်ရောက်သွားမှန်းမသိ။ အနည်းငယ် ကူညီစေလို....

    ReplyDelete
  2. စည်ပင်က လမ်းဘေးမှာ ဆိုင်မဖွင့်ခိုင်းတော့လို့ ဇလုံကြီးက ဆေးကျောင်း အနောက်ပေါက် ရောက်သွားပြီ...

    ReplyDelete
  3. # ဝေဟင်
    အခုတလော့ အစ်ကိုလည်း တင်ရင် နည်းနည်း အယ်ရာတက်တယ်။ ထပ်ပြီး Try ကြည့်ပါဦး :)

    # ကိုတုံ
    ဟိုက် .. ဟုတ်လား
    ကျွန်တော် အရင်နေရာမှာပဲ မှတ်နေတာ။ ဆေးကျောင်းနား ဆိုတော့ ပိုရောင်းကောင်းတော့မယ်ထင်တယ်။ ရွှေတောင်တန်း ကြေးအိုးနဲ့ အပြိုင်ပေါ့ :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS