Skip to main content

ဘယ်အမျိုးအစားထဲမှာ

လောကမှာ တစ်ချို့လူတွေက မသိလို့ မိုက်မဲနေကြတယ်

တစ်ချို့ကျတော့လည်း သိသိကြီးနဲ့ကိုပဲ မိုက်မဲနေကြတယ်

. . . . .

ဘယ်အမျိုးအစားထဲမှာ ပါနေပါလိမ့် ?

Comments

  1. ၂ မျိုးစလုံးတွင် ပါရှိပါသည်။

    ReplyDelete
  2. Anonymous10:28 am

    မသိလို့မိုက်တဲ့ သူကတော့ Bush .. အခုထက်ထိတော့ ကြိုးကွင်းအစွပ် မခံရသေးဘူး (သူမှ သေနတ်ကိုင်ပြီး Iraq စစ်မြေပြင်မှာ သွားမတိုက်တာ။)

    သိသိနဲ့မိုက်တဲ့သူကတော့ Saddam Hussein .. အခုတော့ ကြိုးကွင်းအစွပ်ခံရပြီး
    အသေဆိုးနဲ့သေသွားပြီ

    သိသိနဲ့မမိုက်ချင်လို့ Anonymous အနေနဲ့ပဲ Comment ရေးပေးလိုက်ပါတယ် ကိုဖိုးချမ်းရေ။

    ReplyDelete
  3. ကျွန်တော်လည်း မမေလိုပဲ နှစ်မျိုးစလုံးထဲမှာ ပါနေပါတယ်

    ပြောသာပြောတာ Anynymous ရေ ...
    တကယ်တမ်း ကျွန်တော်တို့က သိရဲ့သားနဲ့ မိုက်နေတာတွေလည်း အများကြီးပါပဲ

    anonymous အနေနဲ့သာရေးတာ ဘယ်သူလဲဆိုတာ သိနေသလိုပဲ :P

    ReplyDelete
  4. ၂ မျိုးစလုံးမှာ ပါပါ မပါပါ အရေးမကြီးပါဘူး။ ဒါနဲ့ . . . “မိုက်မဲ” တယ်ဆိုတာ ဘယ်နေရာကို ပြောတာလဲ။ “မိုက်မဲ” တယ်ဆိုတာ သူ့နေရာနဲ့ သူရှိတယ်။ ဥပမာဗျာ ... လူတစ်ယောက်ကို အချောင်သက်သက် ဝင်ရိုက်တာမျိုး . . . ရှေ့မှာ ချောက်ကြီးရှိနေတာကို ရှေ့ဆက်သွားသလိုမျိုး။ လောင်ကစားလုပ်တဲ့သူ ရှိသမျှ ပုံအောထိုးသလိုမျိုး၊ (အဲ့ဒီ့ ထိုးတဲ့ ဟာ ပေါက်ခဲ့ရင်ကော ) အဲ့လိုမျိုးတွေ အများကြီးရှိတယ်။ နောက်တစ်ခုက “မိုက်မဲ” တယ်လို့ ထင်နေတာ “ကိုယ့်အမြင်လား အများအမြင်လား ၊ ?” “သူ့ဘက်ကကြည့်ရင်ကော ?” သေချာတွေးကြည့်ရင် အများကြီးထွက်လာမှာပါ။ ကျွန်တော့်အမြင်ကတော့ ကိုယ် မှားမှန်းသိလျက်နဲ့ ဆက်လုပ်နေတာကို မိုက်မဲတယ် လို့ပဲ မြင်တယ်။ ကျွန်တော့်အမြင်နဲ့ တွက်ရင်တော့ ကျွန်တော်ကိုယ်တိုင်လဲ တစ်ချို့ကိစ္စတွေမှာ မိုက်မဲ နေတာပဲ။ သြော်လူ့ဘဝ . . . “နင်မိုက်မဲတယ်၊ ငါမိုက်မဲတယ်။ ငါ့ဘက်ကကြည့် ငါမှန်တယ် နင်မိုက်မဲတယ်။ နင့်ဘက်ကကြည့် ငါမိုက်မဲတယ် နင်မှန်တယ်” နဲ့ အတော်ရှူပ်ပါလားနော်။ ကိုချမ်းရေ . . . အစ်ကို့ မေးခွန်းက ခေါင်းစားတယ်ဗျာ။

    ReplyDelete
  5. ၂ မျိုးစလုံးမှာ ပါတာ မပါတာကတော့ အစ်ကိုနဲ့ မဆိုင်ပါဘူး။

    ညီပြောတာ ... အမှန်ပဲလေ .. မှားမှန်းသိလျက်နဲ့ ဆက်လုပ်နေတာထက် မိုက်မဲတာ ဘယ်မှာရှိတော့မှာလဲ

    သူများကို မိုက်မဲတယ်လို့ မပြောခင်မှာ ကိုယ့်ကိုကိုယ် အရင်သုံးသပ်တာပဲကောင်းပါတယ် ကိုယ့်ကိုကိုယ်တောင် မသုံးသပ်နိုင်ဘဲ သူများကိုလည်း သွားပြီး မသုံးသပ်ချင်ဘူး။

    အစ်ကို့မေးခွန်းက ခေါင်းစားသွားရင်တော့ ဆောရီးပါ :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS