Skip to main content

ပုဂံရောက် ရောင်းရင်းများ

ဟိုက် ဒီဓာတ်ပုံကျတော့ တင်လို့ရနေပါလား။ ကဲ .. တင်တယ်ကွာ။ ငါရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကျတော့ File Error တက်နေတယ်။ ကြည့်ရတာ ပုံတွေကို ပြန်ပြင်ရဦးမယ်နဲ့တူတယ်။ ထားပါလေ နောက်မှ လုပ်တာပေါ့။

ပုံကတော့ အလွင့်ပဲကွာ (ဆံပင်တွေ)။ မောင်မျိုးအောင်လေး မင်းကို ပုံတွေအတွက် ကျေးဇူးပဲလို့ မပြောတော့ဘူးကွာ။ မင်းကို မေးလ်ကနေလည်း ပြောပြီးပြီ :P

ဒါဘယ်နေရာလို့လဲ အတိအကျမပြောဘူးနော်။ မသိရင် ဥာဏ်စမ်းလုပ်ထားတယ်လို့ ထင်စရာပဲ။ အဲဒီလိုပြောတော့ ငါ သိလားဆိုတော့ ငါလည်း မသိဘူး :P

တော်တော်များများက ငါသိပြီးသားလူတွေပါ။ မသိတဲ့သူတွေနှင့် နည်းနည်းကြည့်မရတဲ့သူတွေလည်း ပါလာသေးတယ် ဟာဟ ထားပါလေ အရေးမကြီးပါဘူး

ဓာတ်ပုံတိုင်းကိုကြည့်နေတာ အဲဒီလက်နှစ်ချောင်းထောင်တာတွေ တော်တော်များများတွေ့တယ်။ ဘာလဲဟင် ... အခု ဓာတ်ပုံလောကမှာ Format ချထားတဲ့ အတိုင်းပဲနော် ... ကင်မရာရှေ့ရောက်တာနဲ့ လက်နှစ်ချောင်းက Auto ထောင်သွားတာလား ဟင် :D လောက်လေးဂွ လိုလို ငြိမ်းချမ်းရေးသင်္ကေတ လိုလိုနဲ့ ဟာဟ

ဒီ ဓာတ်ပုံကြည့်ရတော့ ငါလည်း အလွမ်းပြေတာပေါ့ကွာ။ အင်တာနက် အခက်အခဲတွေ ရှိတဲ့ကြားထဲကနေ ပို့ပေးတဲ့အတွက် ဘယ်လိုကျေးဇူးတင်ရမှန်းမသိပါဘူးကွာ။ ပြန်လာရင်တော့ ဘာရီ တိုက်မယ် :P (မင်း မကြိုက်ဘူးမလား) ဒါပေမဲ့ မင်း ဓာတ်ပုံဆရာကို ဂြိုလ်ကြည့် (မသိလျင် ထရိုက်မည့်ပုံစံ) ကြည့်နေတာတော့ မကောင်းဘူးပေါ့ကွာ ဟားဟား

[ မင်းတို့ ရုပ်လေးတွေ အင်တာနက်ထဲက ဓာတ်ပုံမုန်တိုင်းတွေထဲ ပါသွားမှာစိုးလို့ Watermark ထည့်ထားတာနော် တစ်မျိုးမထင်နဲ့ ]

Comments

  1. CMS ရေ .. မန္တလေးသူတွေ ကြည့်ရတာ တော်တော် အစားအသောက်ပျက်နေပုံရတယ်။ :P

    ဟိုအရှေ့က မောင် ကလည်း ဆောင့်ကြောင့်ထိုင်ပြီး “ကီ” သွင်းနေတာလား “အီး၊ အီး” ပါချင်နေတာလားတော့ မသိဘူး၊ မျက်နှာတော့ ရှုံမဲ့နေတာပဲ။ :P

    ပျော်စရာတော့ ကောင်းမယ့်ပုံပါပဲ။ ငါလည်း ဒီပုံကြည့်ပြီး ငါ့ DCD က သူငယ်ချင်းဟောင်းတွေကို သတိရတယ်ကွာ။ :)

    ReplyDelete
  2. ဟားဟား မန်းလေးသူတွေ အစားအသောက် စားတာကတော့ သိတဲ့အတိုင်းပဲ ဟဲဟဲ

    ကိုတိုးပြောတဲ့ လူက ကျွန်တော့်သူငယ်ချင်းကြီး "သက်ကြီး" ပါ အသက်ကြီးလို့ သက်ကြီးခေါ်တာဟုတ်ဘူးနော် နာမည်မှာ သက်ပါလို့ ဟားဟား

    သူက မတ္တရာကပါ။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက မတ္တရာနယ်က ဗိုလ်ချိုဆိုတာ သူ့ရဲ့ ၁၅ ၀မ်းကွဲမြောက် ဘကြီးပေါ့ :P

    သူတို့ကတော့ အဲဗား ပျော်နေကြတာပါပဲ။ ခရီးထွက်တဲ့ အခါပေါ့ :) DCD ဆိုတာ ၈၃ လမ်းပေါ်ကထင်တယ် ဟုတ်လား။

    ReplyDelete
  3. DCD က ၈၂ လမ်း နဲ့ ၃၄ ၃၅ ကြားမှာပေါ့ ဗျာ။ ဆိုင်ကတော့ Computer ဆိုင်နဲ့မတူဘူး ကာရာအိုကေ ဆိုင်လေးလိုလို ဘာလိုလိုပေါ့ .. ထွေနေတဲ့ လူတွေဆိုရင် “သီချင်းဆိုချင်လို့” ဆိုပြီး ဆိုင်မှားဝင်လာတတ်ကြတယ်။ :P (မှတ်ချက်။ ။ KMD က ဆရာဦးသောင်းတင် ကြားရင်တော့ သူ့ဆိုင်အကြောင်း အကောင်းပြောရလားဆိုပြီး မျက်မှန် နဲ့ ချွတ်ပေါက်လိမ့်မယ်) အခု မြန်မာပြန်မပြန်ဖြစ်တာ ၃ နှစ်ကျော်ပြီဆိုတော့ အရင်လိပ်စာအတိုင်းပဲလား ဆိုတာကိုတော့ မသိပါ။ ပြောသာပြောရတယ် DCD ပိုင်ရှင် KMD ဦးသောင်းတင်ကတော့ ကြော်ငြာခ ပေးရင် အကောင်းသား။ :P

    ၁၅ ဝမ်းကွဲဆိုတော့လည်း ဆွေမျိုးတော်တော် နီးစပ်တာပဲ။ :P :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS