Skip to main content

ရှာဖွေလေတွေ့ရှိလေ

ရှာဖွေလေ တွေ့ရှိလေ စကားအရ ဒီနေ့ ဘလော့တွေထဲကို လျောက်သွားပြီးမွှေလိုက်တာ Smiley ထည့်တာလေး ရလိုက်တယ် :) တော်တော်ပျော်သွားတယ်။ ဒီတိုင်းကြီးစာရေးပြီး ဘလော့ရတာလည်း ပျင်းလာပြီ။ smiley လေးတွေနဲ့ဆိုတော့ ဖတ်ရတာလည်း ကောင်းတာပေါ့နော့ ;) ဘယ်မှာယူ ဘာတွေရခဲ့တယ်ဆိုတာတော့ notes4pc မှာ တင်ထားပါတယ်။ အဲ ... ကျွန်တော့်ရဲ့ နောင် ရေးမည့် ပို့စ်တွေကတော့ မျက်စိနည်းနည်း နောက်လိမ့်မယ်ပေါ့ဗျာ :P

ဒီနေ့ အိပ်ရာက နိုး ဘလော့ကို ကြည့်လိုက်တော့ cbox မှာ သူငယ်ချင်းတွေ အများကြီး လာအော်ထားတာတွေ့တယ်။ အရမ်းပျော်သွားတယ်ဗျာ :) နောက်ကိုလည်း အမြဲလာပြီး ပြောပါအုံးလို့ တောင်းဆိုပါရစေခင်ဗျာ။ တစ်ချို့ သူငယ်ချင်းတွေက ကျွန်တော့်ရဲ့ ငယ်ပေါင်း တွေလည်းပါတော့ သူတို့ ကျွန်တော့်ကို ချစ်လို့ ခင်လို့ ပြောထားတဲ့ စကားလေးတွေတော့ ရှိတယ်ဗျ :P

Update : 14/01/07

razz Smile လေးတွေ OldBlogger အတွက်ရော BetaBlogger အတွက်ပါ အိုကေသွားပါပြီ razz

pika26brossepika21

Comments

  1. အဲ့ဒီ အာပြဲလျှာပြဲ Smiley လေးတွေက တော့ အမိုက်ဆုံးပဲ။ လှမ်းကြည့်လိုက်တာနဲ့ ခံစားချက်ကို အဓိပ္ပာယ် ပိုပေါ်လွင်စေတယ်။

    ReplyDelete
  2. Anonymous10:26 am

    This comment has been removed by the author.

    ReplyDelete
  3. ဟုတ်တယ်ကိုတိုးရေ ... ကျွန်တော်လည်း ခိုက်တယ် ဒီပုံလေးတွေကို :) ဆက်လက်ရှာဆဲပဲ :)

    ReplyDelete
  4. Smile တွေထည့်ချင်သည်။ သို့ပေသော်ငြားလည်း လက်လျော့ပြီးဖြစ်သည်။ လုပ်လို့မရလို့။ :)

    ReplyDelete
  5. ဝေဟင် အိုကေတဲ့ နည်းတွေ့ပီ ... လက်လျော့စရာမလိုပါဘူး :P GraseMonkey နဲ့အိုကေတယ် Click လုပ်ရုံပဲ :P

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS