နောက်နှစ် ဘယ်လိုအချိန် ဘယ်လိုအခြေအနေမျိုးမှာ ထပ်ပြီးကျအုံးမလဲတော့ မသိဘူးပေါ့။ အဲဒီအချိန်ကျရင်တော့ ကျွန်တော်လည်း တစ်ခုခုပြောင်းလဲနေမှာ သေချာပါတယ်။ ကောင်းသောပြောင်းလဲခြင်း တိုးတက်ခြင်း ဖြစ်ဖို့အတွက်တော့ ကြိုးစားရအုံးမည်။ ကဲ ... နှင်းပွင့်တွေရေ ... ငါတို့ ပြန်ဆုံကြဦးမှာပါ :) အခုတော့ မျက်စိကို အနားပေး မှေးလျက် အိပ်ရာဝင်တော့မယ် ... ကောင်းသောညပါ။
ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...
ပထမနှစ်မို့လို့နှင်းကျတာအဲလောက်ပျော်နေတာ..အဟိ..နောက်နှစ်ဆိုရင်တော့...မြင်ချင်မှာဟုတ်တော့ဘူး..:D
ReplyDeleteဒီမှာက တစ်နှစ်တစ်ခါလောက်ပဲမြင်ရတာဆိုတော့ ဟိဟိ ပျော်တယ်ပေါ့ဗျာ .. အခုမှ ပထမနှစ်ကျောင်းသားကိုး :P
ReplyDeleteနှင်းကျတာတော့ မိုက်တယ်။ ဒါပေမယ့် သွားရလာရခက်တယ်။ ဒီမှာတော့ တော်တော် အေးနေပြီ။ ဒီနေ့ အပူချိန်က -10 C ရှိတယ်။
ReplyDeletethat was so annoying. I had to wait more than one hour for a train at the station that morning.
ReplyDeletehaha ... it's London. ya . isn't it. :P
ReplyDeleteနှင်းတွေနဲ့ ဓာတ်ပုံ ထွက်ရိုက်ထားပါလား ... :D
ReplyDeleteနှင်းတွေနဲ့တော့ရိုက်ချင်ပါတယ် အဲဒီအချိန်ကြီးက မနက်လေးနာရီဖြစ်နေလို့ လူကိုမရှိဘူး :P
ReplyDelete၄ နာရီထိစောင့်တယ်လား...စနေက မသိဘူး..
ReplyDeleteကျမယ်ဆိုတာတော့ သိတယ်...မနက်ထလာတော့
ဖွေးဖွေးဖြူလို့ ညီမလေးခေါ်ပြီး ဓာတ်ပုံလိုက်ရိုက်ကြသေးတယ်။
ဒီနှစ်ကျတာ မနှစ်ကထက်များတယ်...စကောတလန်မှာတော့ ဒီဇင်ဘာ
ဆိုရင်ကျပြီး ခါတိုင်းနှစ်က ..ဒီနှစ်က နှင်းလာတာနောက်ကျတယ်..
ကလိုဘာ ၀မ်းမင်း ကြောင့်ထင်တယ်။ ဘာပဲဖြစ်ဖြစ် နှင်းကျရင် ပျော်စရာ
ကောင်းပါတယ်...ဒူးလောက် မကျဖို့ဘဲလို့တယ်..ဟား
၂လက်မကျော်ကျော်လောက်ထိ ကျတယ်လို့တော့ သတင်းမှာ ဖတ်လိုက်ရတယ်။ ဓာတ်ပုံကတော့ ရိုက်ကို မရိုက်နိုင်တော့ဘူး မနက်ထမလို့ဘဲ ဒါပေမဲ့ ၅ နာရီလောက်မှ အိပ်တော့ .ဟိဟိ ဘယ်နှယ့်မှ မဘယ့်နှယ့်နိုင်တော့ဘူး ဖြစ်သွားတယ် :)
ReplyDelete