Skip to main content

တော်ပါတော့ သောက်မိုး

ဒီနေ့ ဒီမှာမိုးရွာတယ်။ သဲသဲမဲမဲရွာတာက ၅မိနစ်လောက်ပါပဲ။ နေကောင်းအောင်လောက် ရွာတဲ့သဘောလောက်ပါ။ မိုးအကြောင်းကြားရင်တော့ မန်းလေးကလူတွေ စိတ်ညစ်နေလောက်ပြီ။ ဒီနှစ်ကြမှ မိုးက ဘယ်လိုဖြစ်တာလဲ မသိဘူး။ တအားချနေပါလား။ မန်းလေးရဲ့လမ်းမပေါ်မှာ ရေတွေကြီးပဲတဲ့။ ဒူးခေါင်းလောက် မြှုပ်တဲ့နေရာကမြှုပ် ပေါင်လောက်မြှုပ်တဲ့နေရကမြှုပ်နဲ့။ ကောင်းလိုက်တဲ့ မိုးရေ။ ဖိုရမ် သတင်းတွေအရလည်း မန်းလေးမြို့သစ်ဘက်မှာ ပစ္စည်းဆုံးရှုံးတာတင်မကပဲ အသက်ဆုံးရှုံးမှုတွေတောင် ရှိတယ်လို့ကြားနေရတယ်။ မွေးကတည်းက မန်းလေးမှာနေလာတာ မိုးရွာပြီး ဒီလိုကိစ္စမျိုးတွေဖြစ်တာ ဒီတစ်ခါပဲကြားဖူးသေးတယ်။ သွားရ လာရတာလည်း အဆင်မပြေ တော်တော်ဒုက္ခရောက်တယ်။ တရုတ်ကားထဲကလို ပြောမယ်ဆိုရင် မိုးနတ်မင်းကပဲ မန်းလေးကို သောက်မြင်ကတ်လို့ သောက်ရမ်းရွာနေတာလား မသိ။ တချို့နေရာတွေမှာ ကယ်ဆယ်ရေးတို့ ဘာတို့တွေလည်း လုပ်နေရတယ်လို့ကြားတယ်။ လူတွေတော်တော် ဒုက္ခရောက်တယ်ဗျာ။ ဆက်ရွာရင်တော့ ပြဿနာပဲ။ ခက်တာကလဲ မိုးရွာအောင်သာ ဖန်တီးကြတာ မိုးရပ်အောင်မဖန်တီးကြဘူး။ အရင်တုန်းက မန်းလေးမှာ မိုးမရွာရင် ငါးရံ့မင်းဘုရား ပင့်ပြီး ပရိတ်ရွတ်ကြတယ်။ အခုတော့ ရွတ်စရာကို မလိုအောင်ဖြစ်နေပြီ။ ဒါမှမဟုတ် ဆောင်းဝင်ခါနီး အပြီးနှုတ်ဆက်တဲ့ အနေနဲ့ ၀ုန်းဒိုင်းကြဲနေတာလား မသိဘူး။ ဘယ်လိုပဲရွာရွာဗျာ လိုအပ်တာထက် လွန်အောင်ဖြစ်နေတာတော့ သောက်မြင်ကတ်တယ်။ အထက်ပိုင်းတွေဖြစ်တဲ့ မြစ်ကြီးနားတို့ ဖားကန့်တို့ ဘယ်လိုနေလဲ မသိဘူး။ ဖေဖေဆီ ဖုန်းဆက်ကြည့်ရအုံးမယ်။ ဖားကန့်မှာ မိုးကောင်းရင်တော့ ဥရုချောင်းရေလျှံတော့တာပဲ။ ရေစီး အရမ်းသန်ပြီး လူလည်း စားတယ်လို့ကြားတယ်။ ရေစီးနေတုန်းဖြတ်သွားရင် ခြေထောက်တွေ ဘာတွေကျိုးတယ်ဆိုပဲ။ ကျောက်တုံးအကြီးကြီးတွေက အောက်မှာ ရေအားနဲ့ လှိမ့်နေတာတဲ့။ ဒီလိုချိန်ဆို ကျောက်လုပ်တဲ့ သူတွေလည်း မလွယ်ဘူးပေါ့။ နားထားရမှာ။ ဘာမှ သောက်ကျိုးမပေးဘူး မိုးကတော့။ အိုဗာ ဖြစ်လွန်းတယ်။ သောက်မိုး ...Tag:

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

Mandalay Bloggers Feeds Network

အကြောင်းအရာ Mandalay Bloggers Feeds Network တည်ထောင်ရန် ရည်ရွယ်ချက် ပြည်တွင်းရှိ မန္တလေး Blogger များ နှင့် ပြည်ပရောက် မန္တလေး Blogger များ၏ သတင်းအချက်အလက်များ ဖန်တီးမှုများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဖတ်ရှူ့ လေ့လာနိုင်ရန်။ အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ မန္တလေး Blogger များအားလုံးကို စည်းစည်းလုံးလုံးနှင့် Feeds Network မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန်တော်သိသော မန္တလေး Blogger များ၏ စာရင်းကို ဖော်ပြလိုက်ပါတယ်။ အောက်ဖော်ပြပါ Blogger များအပြင် ကျွန်တော်မသိသေးသော မန္တလေး Blogger များကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။ ပါဝင်နိုင်ရန်အတွက် ဒီပို့စ်မှာ Comment ပေး၍သော်လည်းကောင်း chanmyasoe@gmail.com နှင့် myochauhtun@gmail.com သို့ email ပေးပို့၍သော်လည်းကောင်း ဆက်သွယ် ပါဝင်နိုင်ပါတယ်။ Blogger တွေအားလုံးရဲ့အတူပြုချက်ကိုရယူပါမယ်။ ဒါကြောင့် ပါဝင်ချင်တဲ့ ဆန္ဒရှိသူတိုင်းရဲ့ Comment ဒါမှမဟုတ် email ကို စောင့်ပါမယ် ။ သုံးရက်မြောက်လို့မှ Comment ရော email ရော မလာလည်း ... List မှာထည့်ပြီးသားပဲဗျာ ( မှတ်ချက် - ဘာအကြောင်းပြချက်မှ လက်မခံ :D ) တကယ် ပါဝင်စေချင်တဲ့အတွက်ပါ :) မပါဝင်လိုသော ကန့်ကွက်လိုသော Blo...