ကျောင်းတက်ရတာလည်း တကယ်တော့ ပြိုင်ကားတစ်စီး မောင်းနေရတာနဲ့ သွားပြီးတူနေတယ်။ ပထမဆုံးတွေ့ရတဲ့ အကွေ့အကောက်တွေကို မကျော်နိုင်ရင် နိုင်ဖို့မလွယ်ဘူး။ ကျောင်းရဲ့ပထမဆုံး Semester ဟာ ဂီယာနံပတ်ဝမ်းနဲ့ မောင်းနေရသလိုပဲ။ အဲဒီအချိန်မှာ အရှိန်တော်တော်လေးယူပြီး မောင်းခဲ့မှ နောက်ပိုင်းလမ်းတွေကျရင် ဘာမှမဖြစ်ဘဲ အဆင်ပြေ ချောမွေ့သွားမှာ။ အခုတလောတော့ CourseWork တွေ Project တွေအတွက် Plan ဆွဲပြီး စလုပ်နေရပြီ။ သိတာတွေရော မသိတာတွေရော အများကြီးပဲ။ Formal Method ကတော့ ခေါင်းတော်တော်စားတယ်။ တော်တော်လေး လေ့ကျင့်မှ ရမယ့်သဘောပဲ။ လုပ်ပေဦးပေါ့။ အစကောင်းမှ အနှောင်းသေချာမှာကိုး။
စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...
Comments
Post a Comment
Thanks for your comment.