Skip to main content

ဦးဘလော့နှင့် မောင်ဖိုးချမ်း

ဘာလိုလိုနဲ့ ဒီဘလော့ရေးတာ လေးလရှိသွားသလို အိမ်ပေါ်က ဆင်းလာတာလည်း .. အဲ .. အိမ်နဲ့ခွဲခွာလာတာလည်း လေးလရှိသွားပြီ။ ဘလော့ကိုတော့ မှတ်တမ်းအနေနဲ့ရော မန်းလေးအလွမ်းပြေ အနေနဲ့ပါ ရေးဖြစ်နေတယ်။ ကျွန်တော်တို့လို နယ်နှင့်ခံထားရတဲသူ .. ဟာ .. မှားပြန်ပြီ .. အပြင်ကိုရောက်နေတဲ့ သူတွေအနေနဲ့တော့ ဘလော့မှာ စာတွေလိုလို စကားတွေလိုလို .. အခုရေးသလိုပေါ့ဗျာ ပြောရတာ အလွမ်းလည်းပြေသလို အမှတ်တရလည်းဖြစ်တယ်။ ပြီးတော့ ဘလော့ကို လာလည်တဲ့သူတွေနဲ့လည်း နောက်ပိုင်းမှာ မိတ်ဆွေတွေ ဖြစ်သွားတာလည်းရှိတယ်။ ဒါအပြင် ဘလော်ဂါယဉ်ကျေးမှုအရ ကိုယ့်ဆီလာသွားတဲ့အတွက် သူ့ဆီကိုသွားလည် ပြီးတော့ ShoutBox မှာ စကားတွေသွားပြော ပျော်စရာကောင်းတယ်ဗျာ။ ကျွန်တော်ကတော့ အဲဒီလို အမြဲတမ်းပျော်ပျော်ပဲ နေချင်တယ်။ ရောက်ခါစကတော့ဗျာ ပြောမဆုံပေါင် တောသုံးတောင်ပါပဲ။ အခုနောက်ပိုင်းမှာတော့ ဆုံးဖြတ်လိုက်တယ် အရင်တုန်းက မန်းလေးမှာနေသလို ပျော်ပျော်ပဲနေတော့မယ်လို့။ သတိရတာတော့ရတာပေါ့လေ သတိကြီးရနေလို့လည်း ဘာမှထူးလာတာမှ မဟုတ်တာ။ အချိန်အတိုင်းအတာ တစ်ခုပြီးရင် ပြီးသွားမှာပါပဲ။

အဲ ... ShoutBox နဲ့ ပက်သက်လို့ နဲနဲတော့ ပြေရအုံးမယ်ဗျာ။ ကျွန်တော့်လို မြန်မာဘလော့ တော်တော်များများမှာလည်း သုံးနေကြပါတယ်။ မသုံးဖူးတဲ့လူတော့ မသိဘူးဗျာ ... သုံးဖူးတော့လူတိုင်းကတော့ သိပါလိမ့်မယ်။ Message တွေထားခဲ့ပြီး စကားပြောရတဲ့ အရသာက ဘယ်လောက်ကောင်းလဲ ဆိုတာပေါ့။ ပြီးတော့ ShoutBox ထည့်ပြီး ဘလော့ကနေ စီးပွားရေးလုပ်နေတဲ့သူတွေရော ရှိလားမသိပါဘူး .. ရှိရင်လဲရှိမှာပေါ့ဗျာ ..အဲဒါက ကျွန်တော်တို့ မြန်မာ ဘလော်ဂါတွေနဲ့ မဆိုင်ရေးချ မဆိုင်ပါ။ ကျွန်တော်တို့ ShoutBox သုံးရတဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်ဗျာ။ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပြောချင်တာလေးတွေ ရေးသွားဖို့ ဒါပါပဲ။ မသုံးနဲ့လို့ကန့်သတ်ထားတာလည်း နိုး(No)ပါ။ ဆားဗစ်ပေးတဲ့ဆိုဒ် ဒေ၀ါလီခံသွားရင်တော့ တစ်မျိုးပေါ့ဗျာ။

ပြီးတော့ ကျွန်တော် ဘလော့စလုပ်ကတည်းက မျက်စိကျခဲ့တဲ့ Template က အနက်ရောင်ပါ။ ဒီတန်းပလိတ်ကို ကျွန်တော်တစ်ယောက်ထဲ မဟုတ်ပါဘူး မြန်မာ ဘလော်ဂါ တော်တော်များများလည်း မျက်စိကျကြပါတယ်။ ဒီဇိုင်းလေးကလည်း လွင့်တာကိုး။ ဒါကို ဘလော့တွေဖန်တီးသူ Blogger.com မှတစ်ပါး တစ်ယောက်ကလာပြီး "ဒါပဲသုံးနေတာပဲ ...တစ်ခြားဟာ မရှိတော့ဘူးလားမသိဘူး" လာပြောလည်း နိုးပါ။ ဆောရီးပါ။ ကြိုက်လွန်းလို့ပါ။ အင်တာနက်ထဲက သုံးစေချင်လို့ Free ပေးထားတာလေးတွေ။ သူတို့ဆန္ဒကိုဖြည့်ဆည်းပေးတဲ့ အနေနဲ့ သုံးပေးနေတာပါ။

အခုတလော့ မြန်မာဘလောဂါအသိုင်းအ၀ိုင်းမှာ ပြဿနာလေးတွေနည်းနည်းရှိနေတယ်ဗျ။ ဒါပေမဲ့ဗျာ .. မြန်မာဘလော့တစ်ခု စလုပ်နေတဲ့သူများလည်း အဲဒီကိစ္စကို စိတ်ထဲမထားကြပါနှင့်။ လုပ်စရာရှိတာသာ ဆက်ပြီးလုပ်ကြပါဗျာ။ လုပ်ပုံလုပ်နည်းများကတော့ အင်တာနက်မှာရှာ၍ရသလို ကိုယ့်ထက်ပညာဝါရင့်တဲ့ သူများကိုလည်း မေးမြန်းဆွေးနွေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကွန်ပျူတာသုံးတဲ့ လူတိုင်းက BillGate မှ မဟုတ်ကြတာဗျာ .. ရှင်းနေတာပဲ။ ကျွန်တော်လည်း အခုထိမသိတာတွေက တောင်ပုံယာပုံပဲ။ ဖတ်လိုက် လေ့လာလိုက် ကိုယ့်ထက်ပညာဝါရင့်တဲ့သူကိုမေးလိုက် ပြီးတော့ ပြန်လုပ်ကြည့်လိုက် လုပ်နေရတာပါပဲ။ ကွန်ပျူတာ ပညာရပ်ဆိုတော့ ပိုတောင်ဆိုးပါသေးတယ်။ နည်းပညာတွေက ဒီနေ့နဲ့ မနက်ဖြန်တောင်တူတော့တာ မဟုတ်ဘူးလေ။ အဲဒီတော့ အဆက်မပြတ် လေ့လာနေရတော့တာပေါ့ဗျာ။ မြန်မာဘလော့တွေ အများကြီးပေါ်ထွက်လာတာကို ကျွန်တော်ကတော့ လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်။ အားလဲပေးတယ်။ အခုတလောဖြစ်နေတဲ့ ဘလော့ဂယက်ကြောင့်တွန့်မသွားဘဲ ဆက်လက်ဖန်တီးမြဲ ဖန်တီးကြပါခင်ဗျာ .. ရေးမြဲရေးကြပါလို့ လေးစားစွာ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။

လောလောဆယ် ကျွန်တော်တော့ ဘရောက်ဇာ ပြဿနာတက်နေတယ် ... ဟီးဟီး

သိတဲ့လူများ ဖြေသွားပေးကြပါအုံး။ တစ်ခါမှလည်း အဲဒီလို မကြုံဖူးလို့ .. အဆန်းကြီးဗျ .. ဖြစ်ပုံကဒီလို ..
ဘလော့မှာ ပို့စ်တင်ရင် ဘာမှမဖြစ်ဘူး။ ဘယ်မှာ ပြဿနာဖြစ်နေလဲဆိုတော့ ... Layout View မှာ ပြဿနာဖြစ်နေတယ်။ PageElement အသစ်ထည့်ဖို့ Butoon နှစ်ခုလုံးပျောက်နေတယ်။ Color ...

ဟိုက် ... အခုပြန်ရသွားပြီ .. ဘာလဲဟ .. မျက်လှည့်ပြတာလား မသိဘူး။ ဒီပို့စ်ကို Notepad မှာရေးနေတုန်း ပြန်လုပ်ကြည့်လိုက်တာ။ ဟူး ... ၄ ရက်လောက်ရှိပြီ အဲဒီလိုဖြစ်နေတာ။ အိုင်အီး မှာရော မြေခွေးမှာရောပဲ။ ဟိုနေ့က မြေခွေးကို ဖြုတ်ပြီး ပြန်အင်စတော လုပ်တာလည်း မရဘူး။ မနေ့ကတစ်ခါ ထပ်လုပ်သေးတယ်။ အခုမှရသွားတယ်။ အဆန်းပဲ .. ဖြစ်ဘူးကြလားတော့မသိဘူး .. ဟီးဟီး။ တစ်ခုတော့ရှိတယ်ဗျ .. ကျွန်တော် ဒီနေ့ကျောင်းမှာ ဘလော့ဂါထဲကို လော့အင် ၀င်သေးတယ်။ အဲဒီကနေ ၀င်တာတော့ရတယ်ဗျ။ ပြီးတော့ လော့အောက် ပြန်လုပ်လိုက်တယ်။ အဲဒါက သွားပြီး effect ဖြစ်သွားလားတော့ မသိ။ ဟူး .. မကြုံဖူးပေါင် ဂုဏ်ထူးဆောင်ပါပဲ။ ကဲ .. ရပြီဆိုတော့ ဆက်ရွှိုင်းလိုက်အုံးမယ်။

မြန်မာဘလောဂါများ ... လာရောက်သူများ အားလုံးကို လေးစားလျက်

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

Mandalay Bloggers Feeds Network

အကြောင်းအရာ Mandalay Bloggers Feeds Network တည်ထောင်ရန် ရည်ရွယ်ချက် ပြည်တွင်းရှိ မန္တလေး Blogger များ နှင့် ပြည်ပရောက် မန္တလေး Blogger များ၏ သတင်းအချက်အလက်များ ဖန်တီးမှုများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဖတ်ရှူ့ လေ့လာနိုင်ရန်။ အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ မန္တလေး Blogger များအားလုံးကို စည်းစည်းလုံးလုံးနှင့် Feeds Network မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန်တော်သိသော မန္တလေး Blogger များ၏ စာရင်းကို ဖော်ပြလိုက်ပါတယ်။ အောက်ဖော်ပြပါ Blogger များအပြင် ကျွန်တော်မသိသေးသော မန္တလေး Blogger များကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။ ပါဝင်နိုင်ရန်အတွက် ဒီပို့စ်မှာ Comment ပေး၍သော်လည်းကောင်း chanmyasoe@gmail.com နှင့် myochauhtun@gmail.com သို့ email ပေးပို့၍သော်လည်းကောင်း ဆက်သွယ် ပါဝင်နိုင်ပါတယ်။ Blogger တွေအားလုံးရဲ့အတူပြုချက်ကိုရယူပါမယ်။ ဒါကြောင့် ပါဝင်ချင်တဲ့ ဆန္ဒရှိသူတိုင်းရဲ့ Comment ဒါမှမဟုတ် email ကို စောင့်ပါမယ် ။ သုံးရက်မြောက်လို့မှ Comment ရော email ရော မလာလည်း ... List မှာထည့်ပြီးသားပဲဗျာ ( မှတ်ချက် - ဘာအကြောင်းပြချက်မှ လက်မခံ :D ) တကယ် ပါဝင်စေချင်တဲ့အတွက်ပါ :) မပါဝင်လိုသော ကန့်ကွက်လိုသော Blo...