Skip to main content

ဆောင်း ...

ဘာလိုလိုနဲ့ ဒီမှာ ဟိုသီချင်းထဲကလို ရာသီဥတုကြီးကို ရောက်တော့မယ်။ ရောက်တော့မှာ မဟုတ်ပါဘူး ရောက်စကိုပြုနေပါပြီ။

"အလွန်အေးတဲ့ရာသီ ... အလွန်ချမ်းတဲ့ရာသီ"

အေးရတဲ့ကြားတဲ့ မိုးကအုံ့နေပြီးတော့ တစ်ခါတစ်ခါ ရွာချလိုက်သေး။ အတော်ဆိုးဝါးတဲ့ ရာသီဥတု။ ဆောင်းရာသီ မနက်ပိုင်းတွေကတော့ သိပ်ပြီး မဂွတ်ချင်ဘူး။ အတန်း နောက်ကျတတ်လွန်းလို့။ ပြီးတော့ကျွန်တော်လည်း ဆောင်းရာသီရောက်ရင် နာမည်အမြဲတမ်း ပြောင်းပြောင်းသွားတယ်။ နာမည်က ကိုရီးယားလိုလို တရုတ်လိုလို နာမည်ပါ ... "စောင်ချုံကွေး" တဲ့ ... ဟားဟား။ တစ်ချို့ရက်တွေမှာဆိုရင် နာမည်နဲ့လုပ်ရပ်နဲ့က လုံးဝ ... Directly Proportional ပဲ။

ဆောင်းမနက်ခင်း မန်းလေးကျုံးဘေးမှာ လေ့ကျင့်ခန်းလုပ်နေကြတာတွေ၊ ကျောင်းစိမ်းလေးတွေနဲ့ ကျူရှင်ကိုဦးတည်ပြီး သွားနေကြတဲ့ ကျောင်းသားလေးတွေ၊ ဆွမ်းခံကြွနေကြတဲ့ ဘုန်းကြီးတွေ ဒါမှမဟုတ် မနက်စောစောမှာ ကြားရတတ်တဲ့ ပဲပြုတ်သည်ကဲ့သို့သော ဈေးသည်တွေရဲ့ အော်သံတွေ၊ မနက်တိုင်းကြားတဲ့ "ငါ့သားလေး မထသေးဘူးလား" လို့ဆိုတဲ့ အဖေ ဒါမှမဟုတ် အမေရဲ့အသံတွေ ... ဟာ ...

ဖိုးချမ်း ... မင်းတွေးတာတွေ များသွားပြီ ... တော်တော့ကွာ

Comments

  1. CMS ရေ .. မောင်တစ်ရွာ မယ်တစ်မြို့ ဆိုတာလေးလည်း ထည့်လိုက်ပါအုံး။
    မောင်ရယ် ဆောင်းအမှီရောက်အောင် ပြန်ခဲ့စေချင်တယ် .. ဆိုတဲ့ စာသားလေးကတော့ .. အင်း .. အင်း
    စဉ်းစားစရာ .. ဟိုစာသားလေးကလည်း အမိုက်သားဗျ .. ဘာတဲ့ .. ၀ါဆိုဝါခေါင်မှာကွယ် ရွှေမိုးလေးတွေ ညိုတော့ ..
    ချစ်တင်းနှောခဲ့တာရယ် အို .. ရွှေမိုးလေးကညိုတယ် .. အဲဒီထဲက ချစ်တင်းနှောတယ် ဆိုတာကိုတော့ စိတ်ဝင်စားတယ်ဗျာ။
    ခေတ်ဟောင်း အဆိုတော်တွေရဲ့ ပွင့်ပွင့်လင်းလင်း တမ်းချင်းတွေက နောက်ပိုင်းခေတ်စာသားတွေမှာ မတွေ့ရသေးဘူးဗျ။

    ReplyDelete
  2. CMS ရေ ရွှေမန်းသားအားလုံးရဲ့ မန်းတလေးလွမ်းကျပုံတွေကိုတော့ လေးစားတယ်ဗျာ။ တစ်နေ့ အားလုံးဆုံခွင့်ရပါစေလို့ ဆုတောင်းပါတယ်။

    ReplyDelete
  3. ဟုတ်ကဲ့ ... ကိုတိုး .. ကျွန်တော်တို့အားလုံး တစ်နေ့မှာတော့ မန်းလေးမှာ ဆုံဖြစ်ကြမှာပါဗျာ .. ကျွန်တော်လည်းဆုတောင်းပါတယ်။ ဆုံလည်းဆုံချင်ပါတယ်ဗျာ။ တကယ်ပါ။

    ReplyDelete
  4. ဆုံချင်ရင် လာခဲ့ကြလေ ....။

    ReplyDelete
  5. Anonymous8:50 am

    အောင်မယ်လေး မန်းသားချင်း လွမ်းနေကြတယ် သမီးတို့လည်း လွမ်းပါတယ်နော် ပါးစပ်ကသာ ထုတ်မပြောတာ လွမ်းလို့အရည်ပါပျော်နေပြီ :D

    ReplyDelete
  6. အစ်မပြောလည်း ခံရတော့မှာပဲဗျာ။ ကျွန်တော်လည်း မန်းလေးမှာ မမွေးခဲ့ရင်ကောင်းသား

    ReplyDelete
  7. ခင်ဗျား ……….. ဖက် စရာ မရှိလို့ နေမှာပေါ့ ။

    ReplyDelete
  8. ဖက်စရာကတော့ ဖက်လုံးပဲရှိတယ်ဗျ :)

    ReplyDelete
  9. လွမ်းတယ်ဗျာ။

    ReplyDelete
  10. အား..မန်းလေးသားတွေတယ်အစွဲအလန်းကြီးသဗျာ

    ReplyDelete
  11. Anonymous2:34 pm

    Oh..man

    When I waiting the bus in the early morning, do u know wht I am thinking abt.. Mdy..Sometimes, I am really proud that how beautiful Mdy is.

    ReplyDelete
  12. Anonymous6:25 am

    same to u ! guy :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS