Skip to main content

ရတနာပုံတက္ကသိုလ် ၀န်းကျင်နှင့် ကျောင်းသားဘဝ

ပညာတတ်ဖြစ်လိုပြီး ဘ၀ရည်မှန်းချက် ကြီးမားသူများအတွက် ၀ိဇ္ဇာ၊ သိပ္ပံဘွဲ့ ပေါင်းများစွာကို နှစ်စဉ်ချီးမြှင့်ပေးနေ သော ရတနာပုံတက္ကသိုလ် ၀န်းကျင်သည် ကျောင်းသူကျောင်းသားတို့အတွက် အနားယူ အပန်းဖြေစရာနေရာများလည်း ၀န်းရံလျက်ရှိသည်။
နေထိုင်ရာ အိမ်၊ သို့မဟုတ် အဆောင် များမှ ဆိုင်ကယ်၊ စက်ဘီးများဖြင့် ကားဂိတ်၊ ထိုမှတစ်ဆင့် လိုင်းကားဖြင့် ကျောင်းရှိရာသို့ အရောက်လာရသောကြောင့် ပင်ပန်းနေသော သူတို့အတွက် တောင်သမန်အင်း၊ ဦးပိန်တံတား၊ ထန်းတောရွာများနှင့် အရိပ်ရ အပင်ကြီးများရှိ စားသောက်ဆိုင်တန်းများသည် အပန်းဖြေစရာနေရာများ ဖြစ်လာကြသည်။
ကိုးမိုင်ခန့်ဝေးသော ကျောင်းရှိရာသို့ ရောက်လာပြီးနောက် ဦးဆုံးသွားဖြစ် သည့်နေရာမှာ ကင်တင်း ဖြစ်သည်ဟု အဏုဇီဝဗေဒဘာသာရပ် အဓိကဖြင့် ဒုတိယနှစ်တွင် ပညာသင်ကြားနေသော မောင်ချမ်းငြိမ်းကိုကိုက ပြောသည်။
တစ်ရက်လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် ကင်တင်းတွင် ထိုင်ဖြစ်ပြီး ထန်းရည် မကြိုက်သော်လည်း ကြက်ကြော်၊ စနိုက်ကြော်စသည့်အညာ ကျေးလက် အကြော်စုံနှင့် ထမင်းဆီဆမ်း၊ ထမင်းသုပ် စသည်တို့ပါ ရနိုင်သော ထန်းတောရွာ များရှိ ဆိုင်များတွင်လည်း ရံဖန်ရံခါ ထိုင်ဖြစ်သည်ဟု ၎င်းကပြောပြသည်။ ကျောင်းသားအများစုမှာ တစ်ဖက်က ပညာဆည်းပူးရင်း လူငယ်သဘာဝ ပျော်ရွှင်စွာ ဖြတ်သန်းနေကြရာ ကျောင်းဝန်းကျင်သည် ၎င်းတို့အတွက် အရေးပါသော နေရာများ ဖြစ်လာကြသည်။ ပထမနှစ် ကျောင်းသူ ကျောင်းသား အများစုကသာ အတန်ငယ်လှမ်းသော တောင်သမန်အင်းနှင့် ဦးပိန်တံတားကို သွားတတ်ကြသည်။ ကျောင်းဝင်းထဲတွင် အရိပ်ရသစ်ပင်များ ရှားပါးခြင်းကြောင့် သစ်ပင်ကြီးများရှိသော ကျောက်တော်ကြီးဘုရား ပရ၀ဏ်သည်လည်း သူတို့အတွက် သွားလာလည်ပတ်စရာ နေရာတစ်နေရာပင်ဖြစ်သည်။ အစာအာဟာရ ဖြည့်တင်းနိုင်သည့်အပြင် ခေတ်ပေါ်ဂီတကိုပါ နားဆင်နိုင်သည့် ကင်တင်းများသည်ကား ကျောင်းသားများဖြင့် စည်ကားနေတတ်သည်။
ကျောင်းရောက်တာနဲ့ ကင်တင်းမှာ ထိုင်ဖြစ်တယ်။ သီချင်းနားထောင်တယ်။ မုန့်စားတယ်၊ စကားပြောကြ တယ်။ အတန်းချိန်နီးမှ စာသင်ခန်းကို သွားဖြစ်တယ်'' ဟု ဒုတိယနှစ် ကျောင်းသူ မရတနာက ပြောသည်။ ၎င်းတို့သူငယ်ချင်းများက စာသင်ချိန်များကို မှန်မှန် တက် ဖြစ်ကြသော်လည်း အချို့ကမူ ပရက်တီကယ်နှင့် ကျူတိုရီယယ်ချိန် များကိုသာ ဂရုတစိုက်တတ်ကြသည်။ သတ္တဗေဒ တွဲဖက် ပါမောက္ခတစ်ဦး ဖြစ်သူ ဒေါ်ခင်သန်းကမူ ကျောင်းသား ကျောင်းသူအများစုက အ၀တ်အစား နှင့် အပျော်အပါးအပေါ် အာရုံများ နေကြသော်လည်း အမှန်တကယ် ပညာကို လိုလားပြီး ကြိုးစားနေသူ များလည်း ရှိသည်ဟု မြင်သူဖြစ်သည်။ ''အနည်းဆုံးအဆင့် စာမေးပွဲတော့ အောင်ချင်ကြသူတွေချည်းပါ။ ''လူငယ်တွေအတွက် လူကြီးတွေမှာလည်း တာဝန်ရှိပါတယ်။ ပညာရေးဟာ ဘ၀မှာအရေးကြီးတယ်ဆိုတာ သိအောင် သူတို့ကို ပြောပြပေးရမယ်။ အမြင်ရှိမှ လုပ်ရပ်က နောက်က လိုက်လာနိုင်မှာ'' ဟု ၎င်းင်းက ပြောသည်။
''မိဘတွေက အချိန်တန်ရင် ဘွဲ့ တစ်ခုရစေချင်လို့ ကျောင်းထားပေးကြတာပါ။ သူတို့မကြာခဏ ဆုံးမလေ့ရှိတာက တစ်ချိန်ကျ အိမ်လုပ်ငန်းတွေကို ဦးဆောင်နိုင်တဲ့သူ တစ်ယောက် ဖြစ်အောင် ကြိုးစားဖို့ပါ။ ကျောင်းပြီး သွားရင်တော့ မိဘအလုပ်၊ ဒါမှမဟုတ် အရင်းအနှီးတောင်းပြီး ကိုယ်ပိုင်အလုပ်တစ်ခု လုပ်ဖို့ ရည်ရွယ်ထား ပါတယ်။ ကျောင်းသားဘ၀ကိုတော့ ပျော်ပျော် ရွှင်ရွှင်နဲ့ ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်း ပါတယ်''ဟု ဒုတိယနှစ် သင်္ချာ အဓိက ကျောင်းသား မောင်ဝေဖြိုးအောင်က ပြောသည်။ ကျောင်းသားမိဘတစ်ဦး ဖြစ်သော ဒေါ်အေးအေးကမူ ၎င်း၏ သားသမီးများကို ဘွဲ့တစ်ခုရစေချင်ပြီး လုပ်ငန်းခွင်တစ်ခုခုတွင် အခြေတကျနှင့် ကိုယ့်အား ကိုယ်ကိုးနိုင်တဲ့သူတွေ ဖြစ်စေချင်သည် ဟု ဆိုသည်။ ''တစ်ခါတလေ ဈေးကြီးတဲ့ အ၀တ် အစားတွေ ၀ယ်ပေးဖို့ အလွန်အကျွံ တောင်းလာတတ်တယ်။ မိဘဆိုတာ သားသမီးတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်ကြတာချည်းလေ။ သူတို့လိုချင်တာကို မလုပ်ပေးနိုင်တဲ့အခါ စိတ်မကောင်းဖြစ်ရတယ်။ ''သားသမီးတွေအနေနဲ့ ကိုယ့်ရည်မှန်း ချက်ကို အောင်မြင်အောင် ကြိုးစားရင်း မိဘ တွေကိုလည်း နားလည်မှု ရှိစေချင်တယ်''ဟု ၎င်းကပြောသည်။ ''ဘယ်လိုရည်ရွယ်ချက်တွေနဲ့လာလာ ကျွန်တော်တို့ ရတနာပုံတက္ကသိုလ်ရဲ့ အနီးဝန်းကျင်ကတော့ ကျောင်း၏ စာတွေကြောင့် ပင်ပန်းနေတဲ့ ကျောင်းသားအများစုအတွက် စိတ်အပန်းပြေနိုင်တာအမှန်ပါပဲ'' ဟု နောက်ဆုံးနှစ် ကျောင်းသား မောင်ထွန်းနိုင်ဦးက ဖြည့်စွက် ပြောပြသည်။

Source: ကျော်စိုးလင်း - မြန်မာတိုင်းမ်
Tag: YadanaponUniversity, Mandalay News

Comments

  1. ဟိုက်! ပြောင်းသွားပြီ။ မိုက်တယ်ဗျို့။

    ReplyDelete
  2. ဟေး...ဘာဖြစ်တာလဲ...ဘလောခ့်စတိုင်လ် ပြောင်းလိုက်တာတော့ မဖြစ်နိုင်ဘူး .. အားလုံးပျောက်နေတယ်

    ReplyDelete
  3. Template ကို ကလိနေတဲ့ အချိန်နဲ့ကြုံသွားလို့ပါ ဟီးဟီး

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

တကယ့်ကို မလွယ်ပါလား

စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...

Mac မှ Adware များကိုဖယ်ရှားခြင်း

Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင် တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း target ထားလာကြပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ ကြော်ငြာတွေ၊ popup window အသေးလေးတွေ ပုံမှန်မဟုတ်တာတွေဖြစ်လာဖြစ်ဆိုရင်တော့ Mac ကို Adware ဝင်မဝင်စစ်ဆေးဖို့လိုပါပြီ။ အဲဒီအတွက် အသင့်တော်ဆုံးနဲ့ အလကားပေးထားတဲ့  Software ကတော့ AdwareMedic ပဲဖြစ်ပါတယ်။ Window အတွက်ကတော့ Malwarebytes  ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အခြားပြဿနာတွေ ကွန်ပျူတာမှဖြစ်နေရင်လည်း comment ပေးခဲ့နိုင်ပါတယ်။ လက်လမ်းမှီသလောက် ရှာဖွေဖြေရှင်းပေးပါမယ်။ Download : AdwareMedic