Skip to main content

Torjan Vs CMS (သို့) ဗိုလ်မှူး ... လုပ်အုံး

အခုတလော ဒေါင်းလုပ်တွေ ထိုင်လုပ်နေတယ်။ လိုချင်တဲ့ Software လေးတွေ ebook လေးတွေရတာကတော့ ကြည်နူးစရာကောင်းပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ပြဿနာက မောင်မောင် Virus
အင်မတန် စိတ်ညစ်ဖို့ကောင်း။ အများဆုံး တွေ့နေရတာက Trojan Horse။ မသာ Virus တွေ အပြင်မှဆိုလို့ကတော့ လမ်းကြိတ်စက် ငှားပြီးကို သတ်ချင်တယ်။ ဒါမှ မဟုတ် လည်ပင်းကို ကြိုးချည်ပြီး စစ်ကိုင်းတံတားပေါ်မှာ ချိတ်ထားလိုက်မယ်။ တော်တော် ခီးစရာကောင်းတဲ့ Virus တွေ။ Norton ကလည်း ရှာတော့ ရှာပေးရှာပါတယ်။ ဒါပေမဲ့ တစ်ခါတလေ သူကလည်း မူနေတယ် .. မသတ်နိုင်ဘူး။ အခုတော့ အကောင်းဆုံးသတ်ရမဲ့ နည်းလမ်းတွေရှာကြည့်နေတာပဲ။ နည်းလမ်းကောင်းလေးများရှိရင်လည်း ကိုယ်ချင်းစာသောအားဖြင့် လမ်းညွှန်ပေးသွားစေချင်ပါတယ် .. ဟီးဟီး။ ဗိုလ်မှူးလုပ်အုံး လို့ပဲ ထပ်ပြောရတော့မှာပေါ့။
အဲဒီ ဗိုလ်မှူးလုပ်အုံးဆိုတဲ့ စကားလေးက ကျွန်တော်တို့ သူငယ်ချင်းတွေ အချင်းချင်း အကူအညီတောင်းတဲ့နေရာမှာ သုံးတဲ့ စကားဝှက်လေးပါ .. ဟဲဟဲ။ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင်တုန်းက ဖြစ်ခဲ့တာ ခင်ဗျ။ ဖြစ်ပုံက ဒီလိုပါ ...
သင်္ကြန်မတိုင်ခင် ကားငှားဖို့ရှာပုံတော်ဖွင့်နေတဲ့ အချိန်ပေါ့။ ကံကောင်းချင်တော့ သူငယ်ချင်းတစ်ယောက်ဆီက သတင်းတစ်ခုကြားတယ်။ ဂျစ်ကား တစ်စီးရှိတယ်တဲ့။ ငှားမည့်သူကလည်း ကျွန်တော့်ရဲ့ သိပ်မရင်းနှီးတဲ့ သူငယ်ချင်း။ မေးထူးခေါ်ပြော လောက်ပဲ ရင်းနှီးတာ။ ဒါနဲ့ သူ့အိမ်ကို ကားငှားဖို့နဲ့ ကားကြည့်ဖို့ ချီတက်သွားကြတယ်။ သူ့အိမ်က ဈေးချိုနားမှာ။ ကားရတာ မရတာတော့ မသိ။ သွားရတာနဲ့ ဆီက အရင်ကုန်နေပြီ။ ဟိုလည်းရောက်ရော ကားကိုကြည့်တော့ မဆိုးပါဘူး။ ဒါပေမဲ့ Auto Gear လေး .. ဟီးဟီး။ ကျွန်တော်လည်း ဂျစ်ကို အော်တိုဂီယာတပ်တာ အဲဒါ ပထမဆုံး မြင်ဘူးတာပဲ။ ထားပါတော့လေ။ အဲဒါနဲ့ သူငယ်ချင်းတွေနဲ့ တိုင်ပင်တယ်။ ကြိုက်လား ဘယ်လိုလဲပေါ့။ အားလုံးက တညီတညွတ်တည်း ပြောကြတယ်။ မိုက်တယ် .. မဆိုးဘူးတဲ့။ ဒါနဲ့ပဲ အဲဒီကားကို ငှားမယ်ဆိုပြီး သူငယ်ချင်းရဲ့ မယ်တော်ကို သွားတွေ့ကြတယ်။ ဈေးလေးဘာလေး စစ်ရင်းပေါ့။ ပြောမဲ့သာပြောတာပါ ဈေးက စစ်လို့လည်း မရဘူး :( ။ ဒါနဲ့ပဲ ငှားလိုက်ကြတယ်ပေါ့ဗျာ။ နောက်ပြီး စရံငွေပေးလိုက်တယ်။ စရံငွေလည်း ရပြီးရော သူကားကိုငှားရင် ဘယ်လို အကျိုးရှိပုံတွေက စပြီး ပြောပါလေရော။ အဲဒီပြောတဲ့ စကားတွေထဲမှာ ဗိုလ်မှူးဆိုတာကြီးက ပါလာပါလေရော။ ဘယ်လိုလဲ ဆိုတော့ ... " မင်းတို့ . ငါ့ကားကို ငှားရင် အေးဆေးပဲ . ကားနဲ့ပက်သက်လို့ ပြဿနာတစ်ခုခု ဖြစ်လာရင် ဘာမှ မပူနဲ့ ငါ့ဆီကိုသာ ဖုန်းဆက်လိုက် . ငါ့ယောက်ျားက ဗိုလ်မှူး " ဟီးဟီး ... ကျွန်တော်လည်း အဲဒီစကားကိုကြားပြီး တော်တော်ရီချင်သည်။ ဒါပေမဲ့ မရီခဲ့ပါ .. ပေါ်တင်ကြီး ရီတော့ မကောင်းဘူးလေ။ သူကားရဲ့သမိုင်းကြောင်းများကို နားထောင်ပြီး နောက် ၃ ရက်ခန့်ကြာသော် ..
သင်္ကြန်လည်ကျပြီ။
တူးပို့သံတွေနှင့်အတူတူလည်ကြရင်း ကားကိုချီးကျူးနေမိသည်။ မဆိုးပါဘူးပေါ့ ဘာပြဿနာမှလည်း မပေးဘူပေါ့။ ချီးမွမ်းတာ စောသွားသည်။ လည်ရင်းနဲ့ ကျုံးအရှေ့ရောက်တော့မှ ပြဿနာကစသည်။ အော်တိုဂီယာ .. အလုပ် မလုပ်တော့။ အဲဒါနဲ့ စိတ်ထဲကတော့ ဖုန်းတွေဆက်ပြီး ကြိမ်ဆဲနေမိသည်။
"ဗိုလ်မှူး ... လုပ်အုံး .. ဒီမှာ ပြဿနာတက်နေပြီ"
အဲဒီနောက်ပိုင်းကစပြီး ပြဿနာတစ်ခုဖြစ်တိုင်း ကျွန်တော်တို့ရဲ့ ဂျစ်ကားလေးပေါ်မှာ "ဗိုလ်မှူး ... လုပ်အုံး" ဆိုတဲ့ စကားက အရင် ထွက်လာပါတော့သည်။

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS