Skip to main content

စမူ = ဇယ် = ရည်းစား = စော် = ချစ်သူ

မြန်မာစကားရဲ့ အရှုပ်တော်ပုံလေးတွေကို နည်းနည်းစဉ်းစားမိပြီး ရေးမိတာပါ။ ပြီးတော့ ၈တန်းတုန်းက အင်္ဂလိပ်စာသင်ခဲ့တဲ့ဆရာကြီး ပြောခဲ့တဲ့ဟာလေးကိုလည်း သွားပြီးသတိရမိလို့ပါ။ အဲဒီဆရာကြီးက မန်းလေးရေစစ်ကန်နားလေးမှာနေတယ်။ သူပြောတာက ဘာလဲဆိုတော့ ယောက်ျားလေးတွေက သူ့ချစ်သူမိန်းကလေးတွေကို ခေါ်ဝေါ်သုံးစွဲပုံလေးပါ။ ဒီခေတ်မှာတော့ ကိုယ့်ရည်းစားကို ချစ်စနိုးနဲ့ ခေါ်တဲ့ အသုံးအနှုန်းလေးကတော့ "စော်" တဲ့ ... အင်း ... ခေါ်ရတာတော့ တော်တော် ကသီးကအောက်နိုင်ပါတယ်။ [ ဟေ့ကောင် .. ငါ့စော်ကို တွေ့မိလား ... ကျွန်တော်တို့ ယောက်ျားလေးတွေ အချင်းချင်း မေးလေ့မေးထရှိကြတဲ့ စကားတွေပါ] အင်း ... သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကြားရတဲ့သူအတွက်လည်း ကသီးကအောက်နိုင်လွန်းလှပါတယ်။ ကျွန်တော့်ဆရာကြီးပြောတာကတော့ ဆန်းတယ်ဗျ ကျွန်တော်လည်းမကြားဘူးဖူး ... ဟီးဟီး။ သူတို့လူပျိုတုန်းက "စော်" အစား "စမူ" လို့ခေါ်တာတဲ့ အဲဒီကမှတဆင့် "ဇယ်" ဆိုတာဖြစ်လာတယ်တဲ့ ပြီးတော့ မင်းတို့ ခေတ်ရောက်မှ ရည်းစား ... အဲဒီကမှ "စော်" ဆိုတာကြီး ဖြစ်သွားတာတဲ့။ တော်တော်တော့ စဉ်းစားကြည့်သေးတယ်ဗျ ဘာလို့ "စမူ" လို့ခေါ်သလဲပေါ့ ဟီးဟီး စမူဆာပဲကြိုက်လို့လား ဘာလဲပေါ့ .. စဉ်းစားလို့ကိုမရဘူး။ ခုခေတ်ပုံစံအရပြောကြည့်ရင် [ဟေ့ကောင် ... ငါ့စမူကို တွေ့မိလားပေါ့ ... ဟီးဟီး စမူတော့မတွေဘူး စမူဆာကတော့ ဆိုင်မှာဆိုပြီး ပြန်ပြောရမလိုဖြစ်နေပြီ] ပြီးတော့ "ဇယ်" တဲ့။ ဘာလဲ လက်တောက်ခုံတောက်တဲ့ "ဇယ်" ပဲသိတယ်။ ဘယ်သူတွေကစပြီး ထွင်ခဲ့လဲ မသိပါဘူး။ ပြီးတော့ရှိသေးတယ် ... "ရည်းစား" ဒီစာလုံးလေးကတော့ လှတော့လှပါတယ် ... ဘာအနက်ဆောင်လဲတော့ နားမလည်ဘူးဗျ။ သုံးတော့ သုံးသေးတယ်။ လူကြီးတွေသုံးကြတာ့များပါတယ်။ [ဟဲ့ သမီး နင့်မှာ ရည်းစားရှိနေပြီမလား ငါ့ကိုမလိမ်နဲ့ မှန်မှန်ပြောစမ်း ဘာညာပေါ့ .. ဟင့်အင်း အမေကလဲ မရှိသေးပါဘူး(သက်စေ့ပါ)] အဲဒီအသံတွေက တော်တော်ကြားရတယ် .. ဟဲဟဲ။ အရှင်းဆုံးစကားလုံးကတော့ "ချစ်သူ" ဆိုတဲ့ စကားလုံးလေးပါ။ ခေါ်ရတာလည်းမိုက်တယ် အနက်အဓိပ်ပယ်လည်းရှိတယ်။ "ချစ်သူ = ကိုယ်ချစ်ရသောသူ" ... ရှင်းနေတာပဲ။ ဒါထက်ရှင်းတာတောင် ဒါလောက်ရှင်းမှာမဟုတ်ဘူး ဟီးဟီး။ ဒါကိုပဲ ဘယ်ကနေဘယ်လိုနေပြီး "စမူ" , "ဇယ်" , "ရည်းစား" , "စော်" ဆိုတဲ့ ဝေါဟာရတွေက ပေါ်လာတာလဲ မသိဘူး။ ထွင်လည်း ထွင်နိုင်ပါပေ့။ ဒီကြားထဲ အဲဒီဆရာကြီးနဲ့ ကျွန်တော်တို့ မသိသေးတဲ့ အခေါ်အဝေါ်တွေလည်း ရှိအုံးမှာပဲ။ ဘာအဆန်းလေးတွေရှိသေးလဲတော့ မသိဘူး ... ဟီးဟီး။

Comments

  1. Anonymous6:15 pm

    Yee Sar = YEE yawe yae oo SAR pay chin khan ya thu

    (I can't type myanmar font in this comment)

    ReplyDelete
  2. thz: for your comments :)

    ReplyDelete
  3. Anonymous12:06 pm

    Yee Sar > Chit Thu
    Yee Sar so tar Chit Thu htet po pyi a date pae po shi par te.

    This is my opinion only.

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

Mandalay Bloggers Feeds Network

အကြောင်းအရာ Mandalay Bloggers Feeds Network တည်ထောင်ရန် ရည်ရွယ်ချက် ပြည်တွင်းရှိ မန္တလေး Blogger များ နှင့် ပြည်ပရောက် မန္တလေး Blogger များ၏ သတင်းအချက်အလက်များ ဖန်တီးမှုများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဖတ်ရှူ့ လေ့လာနိုင်ရန်။ အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ မန္တလေး Blogger များအားလုံးကို စည်းစည်းလုံးလုံးနှင့် Feeds Network မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန်တော်သိသော မန္တလေး Blogger များ၏ စာရင်းကို ဖော်ပြလိုက်ပါတယ်။ အောက်ဖော်ပြပါ Blogger များအပြင် ကျွန်တော်မသိသေးသော မန္တလေး Blogger များကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။ ပါဝင်နိုင်ရန်အတွက် ဒီပို့စ်မှာ Comment ပေး၍သော်လည်းကောင်း chanmyasoe@gmail.com နှင့် myochauhtun@gmail.com သို့ email ပေးပို့၍သော်လည်းကောင်း ဆက်သွယ် ပါဝင်နိုင်ပါတယ်။ Blogger တွေအားလုံးရဲ့အတူပြုချက်ကိုရယူပါမယ်။ ဒါကြောင့် ပါဝင်ချင်တဲ့ ဆန္ဒရှိသူတိုင်းရဲ့ Comment ဒါမှမဟုတ် email ကို စောင့်ပါမယ် ။ သုံးရက်မြောက်လို့မှ Comment ရော email ရော မလာလည်း ... List မှာထည့်ပြီးသားပဲဗျာ ( မှတ်ချက် - ဘာအကြောင်းပြချက်မှ လက်မခံ :D ) တကယ် ပါဝင်စေချင်တဲ့အတွက်ပါ :) မပါဝင်လိုသော ကန့်ကွက်လိုသော Blo...