စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...
အစ်ကိုရေ ဆောင်းရာသီရောက်ရင် မနက်စောစောထ ကျုံးဘေးမှာပြေး။ မောလို့ပြန်လာရင် အီကြာကွေးလေးညှပ်၊ မလိုင်လေး ပိုထည့်ပါဦးလို့ပြော။ နို့ဟင်းမလိုင်သောက်။ အခုရာသီဆိုရင်လည်း ဘုရားပွဲတွေ နဲ့ အတူ ဂိုးကျင်းပြိုင်ပွဲတွေပါ စကန်နေလောက်ပြီ။ ကျုံးဘေးက ကျန်းမာရေး သိုင်းလေ့ကျင့်တာတွေ၊ စက်ဘီးစီးနေတာတွေ၊ မန်းရဲ့ ဆောင်းရာသီ ရနံ့တွေကို ကျွန်တော်လွမ်းတယ်။ အစ်ကိုလည်း သိမှာပါဗျာ။
ReplyDeleteဘယ်နေရာရောက်ရောက် မန်းလေးလောက်ကို မပျော်ဘူး .. အဲဒါလည်း ရောဂါတစ်မျိုးပဲလားတော့ မသိဘူးကွာ။ အခုတော့ မွန်းကျပ်နေသလို ခံစားနေရတယ်။ မန်းလေးရဲ့ ဆောင်းရနံ့တွေနဲ့တော့ကွာ ဆီနဲ့ရေပဲ
ReplyDelete