ဘာလိုလိုနဲ့ ဒီမှာ ဟိုသီချင်းထဲကလို ရာသီဥတုကြီးကို ရောက်တော့မယ်။ ရောက်တော့မှာ မဟုတ်ပါဘူး ရောက်စကိုပြုနေပါပြီ။
အေးရတဲ့ကြားတဲ့ မိုးကအုံ့နေပြီးတော့ တစ်ခါတစ်ခါ ရွာချလိုက်သေး။ အတော်ဆိုးဝါးတဲ့ ရာသီဥတု။ ဆောင်းရာသီ မနက်ပိုင်းတွေကတော့ သိပ်ပြီး မဂွတ်ချင်ဘူး။ အတန်း နောက်ကျတတ်လွန်းလို့။ ပြီးတော့ကျွန်တော်လည်း ဆောင်းရာသီရောက်ရင် နာမည်အမြဲတမ်း ပြောင်းပြောင်းသွားတယ်။ နာမည်က ကိုရီးယားလိုလို တရုတ်လိုလို နာမည်ပါ ... "စောင်ချုံကွေး" တဲ့ ... ဟားဟား။ တစ်ချို့ရက်တွေမှာဆိုရင် နာမည်နဲ့လုပ်ရပ်နဲ့က လုံးဝ ... Directly Proportional ပဲ။
ဆောင်းမနက်ခင်း မန်းလေးကျုံးဘေးမှာ လေ့ကျင့်ခန်းလုပ်နေကြတာတွေ၊ ကျောင်းစိမ်းလေးတွေနဲ့ ကျူရှင်ကိုဦးတည်ပြီး သွားနေကြတဲ့ ကျောင်းသားလေးတွေ၊ ဆွမ်းခံကြွနေကြတဲ့ ဘုန်းကြီးတွေ ဒါမှမဟုတ် မနက်စောစောမှာ ကြားရတတ်တဲ့ ပဲပြုတ်သည်ကဲ့သို့သော ဈေးသည်တွေရဲ့ အော်သံတွေ၊ မနက်တိုင်းကြားတဲ့ "ငါ့သားလေး မထသေးဘူးလား" လို့ဆိုတဲ့ အဖေ ဒါမှမဟုတ် အမေရဲ့အသံတွေ ... ဟာ ...
"အလွန်အေးတဲ့ရာသီ ... အလွန်ချမ်းတဲ့ရာသီ"

ဖိုးချမ်း ... မင်းတွေးတာတွေ များသွားပြီ ... တော်တော့ကွာ
CMS ရေ .. မောင်တစ်ရွာ မယ်တစ်မြို့ ဆိုတာလေးလည်း ထည့်လိုက်ပါအုံး။
ReplyDeleteမောင်ရယ် ဆောင်းအမှီရောက်အောင် ပြန်ခဲ့စေချင်တယ် .. ဆိုတဲ့ စာသားလေးကတော့ .. အင်း .. အင်း
စဉ်းစားစရာ .. ဟိုစာသားလေးကလည်း အမိုက်သားဗျ .. ဘာတဲ့ .. ၀ါဆိုဝါခေါင်မှာကွယ် ရွှေမိုးလေးတွေ ညိုတော့ ..
ချစ်တင်းနှောခဲ့တာရယ် အို .. ရွှေမိုးလေးကညိုတယ် .. အဲဒီထဲက ချစ်တင်းနှောတယ် ဆိုတာကိုတော့ စိတ်ဝင်စားတယ်ဗျာ။
ခေတ်ဟောင်း အဆိုတော်တွေရဲ့ ပွင့်ပွင့်လင်းလင်း တမ်းချင်းတွေက နောက်ပိုင်းခေတ်စာသားတွေမှာ မတွေ့ရသေးဘူးဗျ။
CMS ရေ ရွှေမန်းသားအားလုံးရဲ့ မန်းတလေးလွမ်းကျပုံတွေကိုတော့ လေးစားတယ်ဗျာ။ တစ်နေ့ အားလုံးဆုံခွင့်ရပါစေလို့ ဆုတောင်းပါတယ်။
ReplyDeleteဟုတ်ကဲ့ ... ကိုတိုး .. ကျွန်တော်တို့အားလုံး တစ်နေ့မှာတော့ မန်းလေးမှာ ဆုံဖြစ်ကြမှာပါဗျာ .. ကျွန်တော်လည်းဆုတောင်းပါတယ်။ ဆုံလည်းဆုံချင်ပါတယ်ဗျာ။ တကယ်ပါ။
ReplyDeleteဆုံချင်ရင် လာခဲ့ကြလေ ....။
ReplyDeleteအောင်မယ်လေး မန်းသားချင်း လွမ်းနေကြတယ် သမီးတို့လည်း လွမ်းပါတယ်နော် ပါးစပ်ကသာ ထုတ်မပြောတာ လွမ်းလို့အရည်ပါပျော်နေပြီ :D
ReplyDeleteအစ်မပြောလည်း ခံရတော့မှာပဲဗျာ။ ကျွန်တော်လည်း မန်းလေးမှာ မမွေးခဲ့ရင်ကောင်းသား
ReplyDeleteခင်ဗျား ……….. ဖက် စရာ မရှိလို့ နေမှာပေါ့ ။
ReplyDeleteဖက်စရာကတော့ ဖက်လုံးပဲရှိတယ်ဗျ :)
ReplyDeleteလွမ်းတယ်ဗျာ။
ReplyDeleteအား..မန်းလေးသားတွေတယ်အစွဲအလန်းကြီးသဗျာ
ReplyDeleteOh..man
ReplyDeleteWhen I waiting the bus in the early morning, do u know wht I am thinking abt.. Mdy..Sometimes, I am really proud that how beautiful Mdy is.
same to u ! guy :)
ReplyDelete