၆၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မနေ့က Cardinal Wiseman High School 358, Greenford Road, Greenford, London, UB6 9AN မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ လန်ဒန်မြို့အနှံ့မှာရှိကြတဲ့ မွန်တိုင်းရင်းသား၊ တိုင်းရင်းသူ တော်တော်များများ စုံညီစွာ တက်ရောက်ကြတာတွေ့ခဲ့ရတဲ့အပြင် လန်ဒန်ပုံပြင် ထဲက မင်းသမီးချောလေးကိုလည်း တွေ့ခဲ့ရပါသေးတယ်။