Skip to main content

Posts

Showing posts from July, 2006

၁၀ တန်းအောင်စာရင်းများ ထွက်

မနေ့က ၁၀ တန်း အောင်စာရင်းများ ထွက်တယ်လို့သိရပါတယ်။ ရန်ကုန်မှာတော့ အောင်ချက် တော်တော် ကောင်းပြီး ဂုဏ်ထူးထွက်သူတွေလည်း များတယ်လို့သိရပါတယ်။ အဲဒီလို အောင်စာရင်းထွက်တဲ့နေ့ဆိုရင် မန္တလေးကို သတိရမိတယ်၊ ပြီးတော့ (၁၆) အ.ထ.က။ ကျွန်တော်တို့ ၁၀ တန်းအောင်စာရင်းထွက်တဲ့နှစ် (၂၀၀၀)တုန်းက ဆိုရင် မိုးတွေရွာလိုက်တာ အမုန်းပဲ။ မိုးရွာထဲမှာပေါ့ ပျော်တဲ့သူကပျော်၊ ၀မ်းနည်းသူက ၀မ်းနည်း။ ဂုဏ်ထူးမပါလို့ စိတ်ညစ်တဲ့သူက ညစ်နဲ့၊ စုံနေတာပဲ။ အောင်စာရင်းကြည့်ကြည့် ပြီးချင်း အဖေနဲ့ အမေကို သွားပြောတယ်။ တစ်မိသားစုလုံးပျော်လို့ပေါ့။ ပြီးတော့ ၁၆ ကျောင်းက ဆရာမတွေဆီကိုသွားတယ်။ ကျောင်းကိုရောက်တော့လည်း ပျော်စရာကြီး၊ ဆရာ/ဆရာမတွေက သူတို့တပည့်တွေအတွက် အရမ်းကို ပျော် နေကြတယ်လေ။ အဲဒီလိုနေ့မျိုးကတော့ ဘယ်အချိန်၊ ဘယ်နေရာကိုရောက်ရောက်၊ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်နဲ့ Online မှာမိတ်ဆွေဖြစ်နေသူ တစ်ယောက်ဟာ ၁၆ ကျောင်းက ကျောင်းသူဟောင်း ဆိုတာဒီနေ့သိလိုက်ရတယ်။ သူကကျွန်တော့်ကို စိတ်အဟာရဆေးတွေလည်းတိုက်သွားသေးတယ်။ အရမ်းကျေးဇူးတင်ပါတယ်ဗျာ။

ဇာဂနာပြောပြတဲ့ ကင်းကောင်အကြောင်း

လေယာဉ်ပျံကြီးတစ်စီးနဲ့ခရီးသွားကြတယ်။ အဲဒီလေယာဉ်ပျံကြီးထဲမှာ ကမ္ဘာ့ခေါင်းဆောင်တွေပါတယ်။ ခရီးသည်တွေလဲ ပါတယ်၊ အဲဒီမှာ သွားလဲသွားရော လေယာဉ်ပျံကြီးကို ကင်းကောင်းကြီးတစ်ကောင် (ကမ္ဘာဖျက်မယ့်ကောင်ကြီး)က နောက်ကနေ လိုက်ဆွဲတယ်။ လိုက်ဆွဲတဲ့အခါကျတော့ ကယ်ကြပါ..ကယ်ကြပါလို့အော်တယ်။ အော်တဲ့အခါကျတော့ တရုတ်သမ္မတ ဟူကျင်တောင်ကနေပြီးတော့ စာတစ်စောင်ရေးတယ်၊ ကင်းကောင် မင်း ငါတို့ လေယာဉ်ပျံကို နောက်ကနေ ဆက်လိုက်လာရင် ငါတို့ရဲ့ တရုတ်တပ်နီတော်နဲ့ တွေသွားမယ်။ ဘာမှတ်နေလဲ..ရေးလိုက်တယ်၊ ကင်းကောင်က အဲဒီစာကို ဆွဲဖြဲပစ်ပြီးဆက်လိုက်လာတယ်။ တရုတ်တောင် မနိုင်ဘူး။ ဘယ်လို လုပ်ကြမလဲ၊ ရုရှသမ္မွတပူတင်က ငါလုပ်နိုင်တယ်ဆိုပြီး သူလဲစာရေးတယ်။ မင်းဆက်လိုက်လာရင် ငါတိုရဲ့ ရုရှတပ်မဟာကြီးနဲ့ တွေ့သွားမယ်။ ကင်းကောင်က မကြောက်ဘူး။ ဆွဲဖြဲပြီး ဆက်လိုက်လာတယ်၊ ဘုရှ်ပဲ ကျန်တော့တယ်။ ဘုရှ်လုပ်ပါအုံး ဆိုပြီးတော့။ ဘုရှ်က မင်းဆက်လိုက်လာရင် အမေရိကန်ရဲ့ အမှတ် (၇) ရေတပ်ကြီးနဲ့ တွေသွားမယ် ကင်းကောင်ဆိုပြီးတော့ ရေးလိုက်တယ်။ ဟိုကောင်က ဆွဲဖြဲပြီး ဆက်လိုက်လာတယ်၊ ဟာ ဘယ်သူမှမကယ်နိုင်တော့ဘူး၊ ကမ္ဘာ့ခေါင်းဆောင်တွေ မကယ်နိုင်တော့ဘူး၊ကျနော်တို့ မြန်မာ့ခေါင်းဆောင်က ကုပ်ကုပ်က

ကျွန်တော့်ဆရာရဲ့ လက်ဆောင်

ကျွန်တော့်ရဲ့ဆရာ ဦးခင်လတ် (ဒေါ်သိန်းတင်လမ်း-ရန်ကုန်) ပေးခဲ့သော ဂါထာလေးဖြစ်ပါတယ်။ အရေးကြီးသော ကိစ္စများ ဆောင်ရွက်ရာတွင်၎င်း၊ စာမေးပွဲကိစ္စများဆောင်ရွက်ရာတွင်၎င်း သက်စေ့ရွတ်ဆို၍ ဆုတောင်းနိုင်ပါသည်။ ဥုံကိန္နော အာစရိယော သိရိဂုထွာ သွားဟရကပ်။ မှတ်ချက်။ အောင်မြင်မှု = ကံ၊ဥာဏ်၊လုံ့လ ၀ီရိယ

Poems Corner

မြန်မာကဗျာချစ်သူများ၏ နားခိုစရာနေရာ

ကံကြမ္မာ

" ကံကြမ္မာဆိုတာ မယုံရဘူး " " ကံကြမ္မာဆိုတာ လူကဖန်တီးတယ် "လို့ပြောကြတယ်။ ကိုယ်လုပ်တိုင်းသာဖြစ်မယ်ဆိုရင် ... 'မထင်မှတ်စွာ' တို့ ... 'မမျှော်လင့်ဘဲ' တို့ဆိုတဲ့ စကားလုံးတွေ အဘိဓ္ဓာန်စာအုပ်ထဲမှာ ရှိလာမှာတောင်မဟုတ်ဘူး။ (တနင်္ဂနွေဘူတာ နှင့် နှင်းဆီရထား)

ညကပွဲ

ဗိုက်သားလှပ်ထားတဲ့ပန်းကလေး စင်မြင့်ပေါ် ယိမ်းထိုးလှုပ်ခတ် ဒရမ်ရိုက်ချက်တွေ အဆက်မပြတ် နံရံတစ်ဖက် အိမ်မြောင်တစ်ကောင်တိုးကပ်သွားတယ်။ ရီဝေနေသော မီးခိုးများ ဆလိုက်မီးရောင်စုံ ပန်းကုံးတွေတစ်ကုံးပြီးတစ်ကုံး ငွေမရှိရင် လူရာမ၀င်တော့ဘူး။ ဂုဏ်သိက္ခာဆိုသူကြီး ကြောင်လျှာသီးကို လည်ပင်းမှာ ဆွဲထားတယ်။ သေခြင်းတရားက ဆံပင်ကို နောက်လှန်ဖြီးထားတယ် ညကပွဲ။ နွယ်စိမ်းဝေ

The Glamour Effect

Step 1: Open up a stock image in Photoshop of any size and/or format. The best results for this tutorial usually involve large images with a generally high brightness. Dark areas tend to end up MUCH darker as a result of adding the effect, and may require additional adjustment later. Step 2: With the background layer selected in the layers palette, choose Layer > Duplicate Layer from the main menu. Select the new duplicated layer in the layers palette (it will be the one on top), and run Filter > Blur > Gaussian Blur , with a setting of 8px . The value of the blur should be altered to suit the size of your image. If, for example, you have a large image, a setting of 8px to 10px will be sufficient, but for smaller pictures you may have to go down to 1px . Step 3: With the top layer still active, go to the layers palette, set the blending mode to Overlay , and lower the opacity to 50-60% .

ကရာတေးဒို နှင့် မန္တလေး

ဇွန်လ တတိယပတ်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော (၁၁)ကြိမ် မြောက် ပြည်နယ်နှင့်တိုင်း ကရာတေးဒိုပြိုင်ပွဲ၌ မန္တလေးတိုင်း အမျိုးသမီးကရာတေးဒို အသင်းသည် အသင်းလိုက် တံခွန်စိုက် ဒိုင်းဆုကြီးကိုရရှိခဲ့ပြီး ၎င်းဆုသည် လေးနှစ်ဆက်တိုက် ရရှိခြင်း ဖြစ်ကြောင်း သိရသည်။၁၉၉၁ နှင့် ၂၀၀၁ ခုနှစ်တို့တွင် လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ စ၍ ၂၀၀၆ ခုနှစ်အထိ လည်းကောင်း လေးနှစ် ဆက်တိုက် မန္တလေးတိုင်း အမျိုးသမီး ကရာတေးဒို အသင်းသည် တံခွန်စိုက်ဒိုင်းဆုများကို ရရှိခဲ့သည်။ မန္တလေးကိုသွားမယ့် သူငယ်ချင်း ရောင်းရင်းများ သတိသာထားကြပေတော့ ... သွားပြီးတော့ မစလိုက်နဲ့နော် .... တွေ့တယ်မလား လေးနှစ်ဆက်တိုက် ဆုရထားတဲ့လူတွေရှိတယ်။

RadioBlogClub

English Mp3 သီချင်းများကိုတစုတဝေးတည်း နားထောင်နိုင်တဲ့နေရာလေးပါ။ နားထောင်ချင်တဲ့ သီချင်းများကို Artist's Name နဲ့ပဲဖြစ်ဖြစ် Song Title နဲ့ပဲဖြစ်ဖြစ်ရှာလို့ရပါတယ်။ Blog ပိုင်ရှင်များအတွက်လည်း ကိုယ့်ရဲ့Blogမှာ Mp3 Player အနေနဲ့လည်းထည့်သွင်းအသုံးပြုနိုင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ... သင့်ရဲ့အားလပ်တဲ့ အချိန်တွေမှာ သီချင်းများကိုနားထောင်ရင်း ပျော်ရွှင်နိုင်ပါစေ။

ထူးခြားတဲ့နေ့တွေ

ရောက်နေတဲ့ နေ့တိုင်း နေ့တိုင်းမှာထူးခြားတာလေးတွေရှိတယ်နော့် ... ဥပမာ ... ဇူလိုင် ၁၉ ဆိုရင် မြန်မာနိုင်ငံအတွက် အာဇာနည်နေ့ တခြားနိုင်ငံတွေမှာရော အဲဒီနေမှာ ဘယ်လိုနေ့ထူးနေ့မြတ်တွေရှိခဲ့လဲ ... သိချင်တယ်ဆိုရင်တော့ ... Earth Claendar ဆိုတဲ့ Website လေးကကူညီပါလိမ့်မယ်။

သြော် ... လူတွေ ... လူတွေ

လူတစ်ယောက် အလုပ်တစ်ခုကို အကြာကြီး အချိန်ယူပြီးလုပ်နေရင် သိပ်နှေးကွေးတယ်လို့ပြောတယ် ကိုယ်ကြာရင်တော့ အဲဒါစေ့စပ်သေချာတာတဲ့။ ကိစ္စတစ်ခုကို လူတစ်ယောက်မလုပ်ရင် ပျင်းတာ ကိုယ်မလုပ်တာက အလုပ်များလို့တဲ့။ ကိစ္စတစ်ခုကို သူ့လုပ်ပါမပြောဘဲနဲ့ လူတစ်ယောက်ကထလုပ်ရင် အဲဒီလူ ဘောင်ကျော်တာတဲ့ ကိုယ်လုပ်တာဆိုရင်တော့ အလုပ်လာဘ်မြင်တာတဲ့ လုပ်သင့်တဲ့အလုပ်ကို ကိုယ့်ဥာဏ်နဲ့ကိုယ် တီထွင်ကြံဆပြီး လုပ်တတ်တာတဲ့။ လူတစ်ယောက်က သူ့အယူအဆကို အကြောက်အကန်ပြောနေရင် အဲဒါ တစ်စောက်ကန်း တစ်ယူသန် ကိုယ်ဆိုရင်တော့ သဘောထားပြတ်သားခိုင်မာတာတဲ့။ အစဉ်အလာ ကျင့်ဝတ်စည်းကမ်း တစ်ခုတစ်လေ ချိုးဖောက်မိရင် အဲဒီလူ ယဉ်ကျေးမှု မရှိတာတဲ့ ကိုယ်ဂရုမစိုက်ခဲ့ရင်တော့ ဟာ .... မရဘူး ကျွန်တော်က ကိုယ့်ဟာနဲ့ ကိုယ်ပဲတဲ့။ Anonymous

Flash MX Techniques

Raseter Graphic (Vector Based) လို့ ခေါ်တဲ့ Macromedia Flash Software ကိုလေ့လာနေသူများ ဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ Basic Animation မှစ၍ Actionscript Based Animation Techniques များလည်းပါဝင်ပါတယ်။ EBook of The Week Section တွင် Download လုပ်ယူနိုင်ပါသည်။

Building a Website

WebDesign ကိုအထူးပြုလေ့လာနေသောသူများအတွက် အရမ်းအသုံးဝင်တဲ့ site လေးတစ်ခုဖြစ်ပါတယ်။ အခု Link လုပ်ထားပေးတဲ့ page ကတော့ Photoshp နှင့် Dreamweaver ပေါင်းစပ်ပြီး Website တစ်ခုတည်ဆောက်ခြင်းဖြစ်ပါတယ်။ ၎င်းအပြင် WebDeign Principal, Color Theory, Web Programming, Flash, 3D Graphic နှင့် Vector Graphic များဖြစ်တဲ့ CorelDraw, Illustrator တို့အကြောင်းကို လက်တွေ့သင်ခန်းစာများ၊ Theory များနှင့်တကွရှင်းပြထားပါတယ်။ ထို့အပြင် Icons, Fonts, Clipart, Photos, Logos တွေကိုလည်း Free ပေးထားသေးတယ်နော် ..... ၀ါသနာတူ သူငယ်ချင်းများ အကြိုက်တွေ့လိမ့်မည်ဟုထင်ပါတယ်။ လေ့လာချင်တယ်ဆိုရင်တော့ ...

Hottest July day ever in England

Wednesday (19.July) has become the hottest July day in England ever, with a temperature of 36.3C (97.3F) recorded at Charlwood in Surrey, near Gatwick Airport. Chef Vered Zaada used the extreme heat to help her with her job by frying an egg on the bonnet of her car in Bournemouth. Ref: BBC

(၅၉) နှစ်မြောက် အာဇာနည်နေ့

မြန်မာပြည်ကို လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးခဲ့တာ ခြင်္သေ့တွေမဟုတ်ပါဘူး ... ဗိုလ်ချုပ်အောင်ဆန်း ပါ ... ဗိုလ်ချုပ်ကို မေ့နေကြပြီလားဗျာ ...

သတိထားဖွယ်ရာ

စားပွဲကုလားထိုင်နှင့် အလုပ်လုပ်သူများသည် ခါးကိုမတ်မတ်ထိုင်၍ အလုပ်လုပ်ဖို့လိုအပ်သည်။ သို့မှသာ ရေရှည်တွင် ခါးနာခြင်း မရှိမည်ဖြစ်သည်။ ထို့အတူ ကွန်ပျူတာ၊ လက်နှိပ်စက် အသုံးပြုသူများသည်လည်း ခါးကိုမတ်မတ်ထား၍ ကွန်ပျူတာကို ရိုက်ရန်လိုအပ်ပါသည်။ လက်နှင့် စားပွဲအမြင့်လည်း ဟန်ချက်ညီရန်လိုအပ်ပါသည်။ ကွန်ပျူတာဖန်သားပြင်ကိုလည်း ဦးခေါင်းမော့၍၊ ငုံ့ကြည့်ရခြင်းကင်းရန်လိုပါသည်။ သို့မှသာ ခါးရိုး၊ ပခုံးနှင့် လည်ပင်းကို ထောက်ပံ့ထားသော ကြွက်သားများ ညောင်းညားခြင်းကင်းဝေးမည်ဖြစ်သည်။ Dr ခင်သန်းဦး (ကျန်းမာပညာ) ၏ ကြော့ရှင်းလှပ ကျန်းမာလိုကြပါလျှင် ဆောင်းပါး (စာ-၁၀)

You

သင်တတ်နိုင်သမျှ ကောင်းတာတွေကို သင်တတ်နိုင်သမျှ နည်းတွေသုံးပြီး သင်တတ်နိုင်သမျှ ပုံစံတိုင်းနှင့် သင်တတ်နိုင်သမျှ နေရာတိုင်း သင်တတ်နိုင်သမျှ အချိန်တိုင်း သင်တတ်နိုင်သမျှ လူတိုင်းအတွက် သင်တတ်နိုင်သမျှ အတိုင်းအတာအထိ ကူညီပြုလုပ်ပေးပါ။ By John Wesley

စာသားတွေကိုကြိုက်တယ်ဗျာ

သူငယ်ချင်း ... ရှေ့ဆက်မင်းဘ၀ဟာ ... အမြဲချိုမြိန်ပါစေ ... အောင်မြင်ပါစေ ... တခါတရံမှာခါးသီးလည်း .... ကျော်ဖြတ်လိုက်ပေါ့လေ ... ဟိုအရင်အချိန်က ... ကြေကွဲခြင်းမင်းမျက်ရည် ... မြစ်ပင်ကျယ်မှာမျှော ... ပင်လယ်ထိစီးပါစေ ... အားတင်းကာလျှောက်လေ...

To My Dad

အဖေ့ရဲ့ ဂရုဏာဒေါသ ... ကြင်နာမှုအပြည့်နဲ့ ... စကားတွေ လှုပ်နှိုးမှုပဲ့တင်သံ ... နားထဲကြားယောင်ဆဲ

ဖတ်ဖို့အရေးကြီးဆုံး ဖတ်စာအုပ်နှစ်အုပ်

လောကမှာ ဖတ်ဖို့အလိုအပ်ဆုံး ဖတ်ဖို့အရေးကြီးဆုံး ဖတ်စာအုပ်နှစ်အုပ် ရှိတယ် ၊ တစ်အုပ်က 'မိမိကိုယ်' ဆိုတဲ့စာအုပ် ၊ နောက်တစ်အုပ်က 'မိမိပတ်ဝန်းကျင်' ဆိုတဲ့စာအုပ် ၊ အဲဒီစာအုပ်နှစ်အုပ်ကို သေသေချာချာဖတ်ပြီး အကြောင်းအကျိုး ဆက်စပ်တွေးမယ်ဆိုရင် လောကမှာ အောင်မြင်နိုင်တယ် ၊ မြတ်စွာဘုရားဆိုရင် မိမိကိုယ်ကို အဖတ်ကောင်းလို့ ဘုရားအဖြစ်ကိုရခဲ့တာပဲ" အရှင်ဆန္ဒာဓိက

Laughing is A Good Medicine

အရင်တုန်းက စကားပုံလေးတစ်ခုရှိတယ်... “မအိပ်မနေ အသက်ရှည် ”တဲ့ ... ဒါပေမဲ့ အခု IT ခေတ်မှာ စကားပုံကပြောင်းသွားပြီ... “ မအိပ်မနေ CHAT နေ ”

Sent-off Zidane named best player

Zinedine Zidane won the Golden Ball award for the World Cup's best player, despite being dismissed for headbutting Marco Materazzi in the final. France captain Zidane polled 2012 points in the vote by journalists mostly carried out at half-time. The midfielder, 34, beat Italians Fabio Cannavaro (1977 points) and Andrea Pirlo (715 points) in the ballot. He scored a penalty early on in the final but was red-carded in extra time as France went on to lose on penalties.ှSource: BBC

Mandalay and HipHop

မန္တလေး ကိုသတိရပါတယ်ဆိုမှ မန္တလေး က HipHop အဖွဲ့တစ်ဖွဲ့ဆိုထားတဲ့ သီချင်းလေးရောက်လာတယ် အဖွဲ့နာမည်က " NAME E" သီချင်းနာမည်က လမ်းခွဲနံနက် HipHop ကိုဝါသနာပါသော Online Friends တွေနားထောင်ဖို့အတွကိ တင်ထားပေးလိုက်ပါတယ် ပြီးတော့ အဲဒီသီချင်းထဲမှာ Melodies Featuring လုပ်တဲ့သူနဲ့လဲမိတ်ဆက်ပေးလိုက်ပါတယ် သူ့ကတော့် ART သီချင်းပေးပို့သော ART ကိုကျေးဇူးတင်ပါတယ်

Russian Passenger Jet Crashes

A Russian passenger plane burst into flames after it crashed on landing in the Siberian city of Irkutsk early Sunday, killing at least 118 people. Russian news agencies said the death toll could be close to 150. Russian Transport Minister Igor Levitin blamed the crash of the Airbus A-310 on wet runway conditions after rain, Russian news agencies reported. see more

Onlineတရား နာကြမလား

“၀ါဆိုလပြည့်နေ့” ဆိုတာ နေ့ထူးနေ့မြတ်တစ်ရက်ပါ အဲဒီ“၀ါဆိုလပြည့်နေ့” မှာတရားနာချင်သော Online မိတ်ဆွေများအတွက် ဒီ WEBSITE လေးကကူညီပါလိမ့်မယ် http://www.edhamma.com/

UK Visa

Welcome to UKvisas, a joint Home Office and Foreign and Commonwealth Office directorate which runs the UK's visa service through British Diplomatics missions overseas. This website will tell you whether you need a visa to enter the UK and, if so, how to apply for me. see more

Podolski wins young player award

Germany striker Lucas Podolski has won the Fifa young player of the World Cup award after a series of fine displays. Ref: BBC Sport

လန်ဒန်ဗုံးပေါက်ကွဲမှု ၁နှစ်ပြည့်ပြီ

7 July The attacks in London last year will be commemorated in a national two-minute silence today at noon. Ken Livingstone (London Mayor) and Tessa Jowell laid flowers at King's Cross station (Left - Right) Ref: BBC

Bin Laden shows new life in tapes

WASHINGTON (Reuters) - Suddenly, the faces and voices of al Qaeda leader Osama bin Laden and his deputy Ayman al-Zawahri are everywhere, in a stream of video and audio messages broadcast to the world. see more

Push for simpler spelling persists

When "say," "they" and "weigh" rhyme, but "bomb," "comb" and "tomb" don't, wuudn't it maek mor sens to spel wurdz the wae thae sound? see more

Food Fair @ Bicester North

Oxford City အနီးက Bricester North ဆိုတဲ့ မြို့လေးကိုသွားခဲ့တယ်။ အဲဒီကြမှပဲ မြန်မာတွေတော် တော်များများနဲ့တွေ့ခဲ့တယ်။ တိုင်းရင်းသားတွေ တော်တော်များပါတယ်။ အဲဒီမှာ FoodFair လုပ်ရတဲ့အ ကြောင်းက မြန်မာနယ်စပ်မှာရှိကြတဲ့ မိဘမဲ့ကလေးတွေကိုထောက်ပံ့ဖို့တဲ့။ အရမ်းမွန်မြတ်တဲ့ အလုပ်ပါပဲ။ ဦးဆောင်ပြီးလုပ်တဲ့သူကတော့ ခရစ်ယာန် Sister ကြီး (Sts Peter, Sis Paul) တွေပါ။ သူတို့လည်း မြန်မာ လူမျိုးပါပဲ။ မြန်မာတွေတော်တော်များများလာတာတွေ့ရပါတယ်။ မုန့်ဟင်းခါးစားပေါ့(အကူအညီလာပေးတာကို ပြောတာနော်) ။ အမှတ်တရ Photo တွေလည်းရိုက်လာခဲ့တယ်။ ပွဲလေးကျင်းပအပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ

Don't Worry About GTalk

မြန်မာပြည်မှာ GTalk တွေ Burn ကုန်ပြီလို့ပြောပါတယ်။ တချို့ကတော့ ဒီ Site တွေကနေ၀င်ကြပါတယ်။ Gmail Lite http://m.gmail.com http://gmail.asware.net http://www.serendipity.org.za/monday/ http://mobile.pocketmatrix.com/gmail/index.php?sid=43e174f60f050f9c9252730f2128dedb https://laputa.sytes.net:883/gmailer/gmail-lite/ http://www.jimiz.net/gmail/ http://dev.yk55.com/g/glite-mobile/index.php http://glite.sayni.net GTalk Login Site www.meebo.com http://67.19.154.173/gtalk/index.html Download PalTalk http://www.fileupyours.com/files/39276/Paltalk.rar