Skip to main content

Posts

Showing posts with the label London Thingyan 2010

The Best Thingyan Remix and Dance of The Year 2010 ;)

လန်ဒန်သင်္ကြန် ၂၀၁၀ မှာ လူတွေအားပေးမှုအများဆုံးနှင့် အမြူးကြွဆုံး ဖျော်ဖြေမှု နှစ်ခုကို မျှဝေချင်ပါတယ်။ ပထမတစ်ပုဒ်ကတော့ ရွယ်တူညီမလေးများ ဖျော်ဖြေထားတဲ့ Thingyan Remix and Dance ဖြစ်ပါတယ်။ သီချင်း လေးပုဒ်ကို ရောပြီး Remix လုပ်ထားတာဖြစ်ပါတယ်။ ရွယ်တူညီမလေးများ ကပြဖျော်ဖြေတာဖြစ်တဲ့အတွက် ကကွက်တွေရော အကပါ ပိုပြီးကြည့်လို့ကောင်းတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒုတိယတစ်ပုဒ်အနေနဲ့ကတော့ လူ ၈ ယောက် Group Dance အနေနှင့် ဖျော်ဖြေတာဖြစ်ပါတယ်။ သူတို့လည်း ကကွက်တွေအများကြီးကို ကြိုးစားပမ်းစားလေ့ကျင့်ထားတဲ့အတွက် ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ ဒီအကထဲမှာတော့ ကျွန်တော်တို့ မန်းလေးက မန်းလေးသားလေးတစ်ယောက်ကတော့ Underground တွေ ဝင်ကသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအကတွေအပြင် သင်္ကြန်အကနှင့် သီချင်းတွေ သီဆိုဖျော်ဖြေမှုတွေလည်း ပါဝင်ပါသေးတယ်။ ကျန်ရှိနေသေးတဲ့ သီချင်းတွေကိုတော့ သင်္ကြန်အမှတ်တရ အနေဖြင့် အခွေထုတ်ပြီး ဘုန်းကြီးကျောင်း ရန်ပုံငွေအဖြစ်ရောင်းချသွားမှာဖြစ်ပါတယ်ခင်ဗျာ။

လန်ဒန်သင်္ကြန် ၂၀၁၀ အောင်မြင်စွာ ကျင်းပပြီးစီး

လန်ဒန်မြို့ သာသနရံသီဝိဟာရ ဆရာတော် ဦးဥတ္တရနှင့် ဆရာတော်များ ဦးဆောင်ပြီး ကျင်းပသည့် နှစ်သစ်ကူး သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၈ ရက်၊ ၂၀၁၀ နေ့က လန်ဒန်မြို့ Greenford Town Hall တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ မနက်ပိုင်းတွင် သံဃာတော်များကို ဆွမ်းဆပ်ကပ်ခဲ့ပြီး သံဃာတော်များထံမှ ပရိတ်တရားနာယူခဲ့ကြပါသည်။ ဆက်လက်ပြီး လန်ဒန်ရောက် မြန်မာမိသားစုများမှ သံဃာတော်များကို သံဃာ့ဒါနအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။ ထို့နောက် ဧည့်ပရိသတ်များအား နေ့လည်စာထမင်းဟင်းဖြင့် ဧည့်ခင်းကျွေးမွေးခဲ့ပါသည်။ ညနေပိုင်း အစီအစဉ်များအဖြစ် သင်္ကြန်သံချပ်များ၊ သင်္ကြန်သီချင်းများ နှင့် တိုင်းရင်းသားရိုးရာအက (မွန်၊ရခိုင်) တို့ဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ည ၁၁ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ ဖျော်ဖြေရေးအစီအစဉ်များတွင် လန်ဒန်မှ နန်းအမရ မြန်မာတီးဝိုင်းတို့ဖြင့်တွဲဖက်ဖျော်ဖြေကြပြီး ခေတ်ပေါ်တီးဝိုင်းအနေဖြင့် လန်ဒန်အခြေစိုက် The NOX တီးဝိုင်းက ကုသိုလ်ယူဖျော်ဖြေပေးခဲ့ပါသည်။ ဧည်သည်အဆိုတော် အန်တီမာမာအေးကလည်း ၂၀၁၀ မြန်မာနှစ်သစ်ကူးအတွက် ရေးစပ်သီဆိုထားတဲ့ မင်္ဂလာအမိမြန်မာပြည်ဆိ...