Skip to main content

Posts

Showing posts from October, 2010

သီတင်းကျွတ်ဈေးရောင်းပွဲတော် (London)

သီတင်းကျွတ်ပြီ။ မြန်မာပြည်မှာတော့ သီတင်းကျွတ်မီးထွန်းကြ၊ ပျော်ကြရွှင်ကြနဲ့ အဝေးရောက်နေသူတွေအဖို့ အရမ်းကို လွမ်းမောဖွယ်ကောင်းလှပါတယ်။ မြန်မာပြည်သီတင်းကျွတ်ကို အရမ်းသတိရတယ်ဗျာ။ ကျွန်တော့်လိုပဲ သီတင်းကျွတ်ညလေးတွေကို အဝေးတစ်နေရာကနေသတိရနေတဲ့ သူငယ်ချင်းများကို သတင်းကောင်းလေးတစ်ခု ပေးပါရစေခင်ဗျာ။ အင်္ဂလန်နိုင်ငံရောက် FFB အဖွဲ့သားများစီစဉ်သော သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို လန်ဒန်မြို့ St Agnes Centre ( Cricklewood ) မှာ အောက်တိုဘာ ၃၁ ရက်ည (ညနေ ၃နာရီခွဲမှ ည ၈ နာရီအတွင်း) မှာပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။ သီတင်းကျွတ် ဈေးရောင်းပွဲတော်တွင် မြန်မာစာကောင်းကောင်းလေးတွေကို စားချင်ပါတယ်ဆိုတဲ့သူများ အတွက် အောက်ပါအစားအသောက်များကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။ - ဂျင်းသုပ် ၊ လက်ဖက်သုပ် - မုန့်ဟင်းခါး - ကတ်ကြေးကိုက် - ကော်ပြန့်စိမ်း - ကျောက်ကြော ၊ ဆနွင်းမကင်း- နန်းကြီးသုပ် - ၀က်သားတုတ်ထိုး - ပဲပြုတ် - ကြာဇံချက် - အသုပ်စုံ - ဒန်ပေါက် - Soft Drink / Beer နှင့် မြန်မာ့ရိုးရာ မုန့်မျိုးစုံဖြစ်ပါတယ်။ ထို့အပြင် သီချင်းဆိုဝါသနာပါသူများ အတွက် Karaoke သီချင်းဆိုပြိုင်ပွဲလေးကိုထည့်သွင်းပေးထားပါတယ်။ မြန်မာ့ရိုးရာ အစားအသော

Fundraising Gig

ဂီတပွဲလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ မိဘမဲ့၊ မသန်မစွမ်းနှင့် ချို့တဲ့သောကလေးသူငယ်များအတွက် ရန်ပုံငွေရှာခြင်းဖြစ်ပါတယ်။ ဖျော်ဖြေမှုမှ ရရှိသော အမြတ်အစွန်းအားလုံးကို ဆင်းရဲသော မိသားစုများနှင့် ကလေးသူငယ်များကို အဓိကပေးလှူသွားရန် ရည်ရွယ်ပါသည်။ ထိုသို့လှူဒါန်းရာတွင် တခြားအဖွဲ့အစည်းကြီးများနည်းတူ ရေရှည်ကလေးငယ်များအား မထောက်ပံ့နိုင်သော်လည်း နေ့စဉ်လိုအပ်နေသော အစားအစာ၊ ဆေးဝါးနှင့် စာရေးကိရိယာ၊ အဝတ်အစားနှင့် ကစားစရာတို့ကို ကလေးသူငယ်များ၏လက်သို့ ပေးအပ်မှာဖြစ်ပါသည်။ မိမိ၏အချိန်၊ ငွေအနည်းငယ်ကိုပေးဆပ်ခြင်းဖြင့် ကြမ်းတမ်းခက်ထန်သော ဘဝများအတွက်မှာ လူငယ်လေးများ၏ မျက်နှာတကြိမ်တခါ လန်းဆန်းစေနိုင်မှာဖြစ်သလို မိမိတို့၏ ကောင်းမှုအကျိုးဆက်ပီတိကို တဝကြီးခံစားရမှာဖြစ်ပါတယ်။ ထို့ပြင် ထိုပွဲသို့လာရောက်အားပေးခြင်းဖြင့်လည်း မိတ်ဟောင်းများနှင့် ပြန်လည်တွေ့ဆုံစေသလို မိတ်ဆွေသစ်များလည်း တိုးပွားစေမှာဖြစ်ပါတယ်။ မိမိအသိုင်းအဝိုင်းအတွင်းရှိ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေးအဖြာဖြာတို့ကို သိကျွမ်းဆွေးနွေးနိုင်မှာပါ။ သို့ကြောင့် လန်ဒန်တွင်သာမက ယူကေအတွင်း၇ှိသော ညီအစ်ကိုမောင်နှမကြီးငယ်မရွေးကို မိမ

ဆရာမဒေါ်နုနုရည် (အင်းဝ) ၏ စာပေဟောပြောပွဲ

ဆရာမဒေါ်နုနုရည် (အင်းဝ) မနေ့က ဆရာမဒေါ်နုနုရည် (အင်းဝ)၏ စာပေဟောပြောပွဲ ပြုလုပ်ရာ SOAS University သို့ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်ရောက်တော့ အခမ်းအနားက စတင်နေနှင့်ပါပြီ။ သို့ပေမဲ့ မှီရာနေရာကနေ ဆက်လက်နားထောင်ဖြစ်ပါတယ်။ ဆရာမရဲ့ အမာခံပရိသတ်အတော်များများအပြင် စာပေဝါသနာပါသူ လူငယ်များတက်ရောက်ကြတာတွေ့မြင်ရပါတယ်။ ဆရာမမှ သူ့ရဲ့ဘဝဇာတ်ကြောင်း၊ စာရေးဆရာမဖြစ်လာပုံ နှင့် စာပေလောကအတွေ့အကြုံများကို ရှင်းလင်းပြောကြားပါတယ်။ ဆရာမပြောပြတဲ့ထဲမှာ သူ လူ့လောကထဲရောက်ရှိလာပုံကတော့ အင်မတန်ဝမ်းနည်းအံ့သြဖို့ကောင်းလှပါတယ်။ သူ့ရဲ့အဘွားပေးခဲ့ရတဲ့အသက်နဲ့ ရှင်ခဲ့ရတာဖြစ်ကြောင်း ငယ်စဉ်ကတည်းကပဲ အဖိုးအဖွားလက်ပေါ်မှာ ကြီးပြင်းလာရကြောင်း၊ အဖိုးနှင့်အဖွားပုံပြောပြီဆိုလျှင် အဖိုးပြောသောပုံပြင်များမှာ စိတ်ဝင်စားမှုနှင့် ဆွဲဆောင်မှုရှိကြောင်း အဘယ်ကြောင့်ဆိုသော် အဖိုးမှာ စာပေဖတ်ရှု့လေ့လာသူဖြစ်ကြောင်း စိတ်ဝင်စားဖွယ် ရှင်းပြခဲ့ပါတယ်။ လူငယ်တို့ကို "ဘယ်စာဖတ်ဖတ် ကြိုက်တဲ့စာသာဖတ်ပါ။ စာဖတ်အားများလာပြီးလျှင် ကိုယ်ရွေးခြယ်သင့်တဲ့ စာပေကို အမှန်တကယ်ရွေးခြယ်လာနိုင်လိမ့်မယ်ဖြစ်ကြောင်း" လူငယ်များ စာပေဖတ်ရှု့ရေးကို အားပေးဟောပြောသွားပါသေးတယ်။

မန္တလေးရေဘေးအတွက် လန်ဒန်ရောက် မြန်မာမိသားစုများမှ ပထမအကြိမ် လှူဒါန်ပြီးစီး

အောက်တာဘာလဆန်း ၈ ရက် 2010 နေ့က မြန်မာနိုင်ငံအလယ်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဆည်ရေများဖောက်ချမှုကြောင့် ရေဘေးဒုက္ခခံစားနေရတဲ့ ဒုက္ခသည်များကို ထိရောက်တဲ့အကူအညီများပေးနိုင်ဖို့အတွက် လန်ဒန်ရောက် မြန်မာမိသားစုများထံမှ အောက်တိုဘာ ၁၀ ရက်နေ့မှစတင်ပြီး ရေဘေးကယ်ဆယ်ရေး အလှူငွေများ လိုက်လံကောက်ခံခဲ့ပါတယ်။ ယနေ့ချိန်ထိ လက်ခံရရှိငွေစုစုပေါင်းမှာ £1503 ဖြစ်ပါတယ်။ ပထမအကြိမ် လှူဒါန်းငွေအဖြစ် £1000 (၁၅သိန်း) ကို မန္တလေးရှိ ဗြဟ္မစိုရ်လှူမှုကူညီရေးအသင်း (အလှူငွေ (၇) သိန်း) နှင့် စိတ္တသုခ ပရဟိတ လူငယ် အဖွဲ့သို့ (အလှူငွေ (၈)သိန်း) ယနေ့ (၁၉.၁၀.၂၀၁၀) လှူဒါန်းခဲ့ပါတယ်။ ထိုအလှူငွေများကို လန်ဒန်ရောက် မြန်မာမိသားစုများကိုယ်စား ကိုထင်လင်းအေး ၊ ကိုဂျေ နှင့် ကိုညီမင်းစံ တို့မှ သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်။ ဗြဟ္မစိုရ်သို့ ရေဘေးအလှူငွေ (၇) သိန်း လှူဒါန်းစဉ် (19.10.2010) ဗြဟ္မစိုရ်မှပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာ စိတ္တသုခပရဟိတလူငယ်အဖွဲ့သို့လှူဒါန်းငွေ (၈) သိန်း (19.10.2010) စိတ္တသုခပရဟိတလူငယ်အဖွဲ့ သည် အဖွဲ့အစည်း အကြီးကြီး မဟုတ်ပေမယ့် မန္တလေးနဲ့ မန္တလေး အနီးပတ်ဝန်းကျင် ရေဘေး ဖြစ်တဲ့ နေရာတွေမှာ ထိထိရောက်ရောက် အကူအညီပေး

ကိုမင်းကိုနိုင်၏ (၄၈)နှစ်မြောက်မွေးနေ့ ဆွမ်းကပ်လှူခြင်းအခမ်းအနားဖိတ်ကြားခြင်း (လန်ဒန်)

စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးထောင်ကျခြင်းကို ခံနေရရှာသော (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ (၄၈)နှစ်မြောက်မွေးနေ့ ဆွမ်းကပ်လှူခြင်းအခမ်းအနား နှင့် လူငယ်စကားဝိုင်းကို အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများမှ ဦးဆောင်၍ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မွေးနေ့ဆွမ်းကပ်လှူခြင်းအခမ်းအနား နှင့် လူငယ်စကားဝိုင်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသား လူငယ်မောင်မယ်များ နှင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများအနေဖြင့် တတပ်တအား ပါဝင်တက်ရောက်ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။ နေ့ရက်း 18th October 2010 (18.10.2010) အချိန်း မနက် (၁၀) နာရီ မှ ညနေ(၃) နာရီ အထိ နေရား သာသနရံသီဝိဟာရ 83 Booth Road Colindale, London, NW9 5JU ( Colindale Monastery ) - အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများ

Facebook Now Allows You To “Download Your Information”

Facebook အသုံးပြုတဲ့ User တွေ မိမိရဲ့ Facebook မှာရှိတဲ့ Information တွေကို Copy အနေဖြင့် Download ရယူလို့ပြီဖြစ်ပါတယ်။ မိမိရဲ့ Wall Post, ဓာတ်ပုံတွေ, notes တွေစသည်ဖြင့် မိမိရဲ့စက်ထဲကို သိမ်းယူနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုပြုလုပ်ရတယ်ဆိုတာကိုတော့ အောက်ပါ Video File က ရှင်းပြပေးပါလိမ့်မယ်။