Skip to main content

Posts

Showing posts from 2012

Merry Xmas and Happy New Year 2013

I wish Santa brings you the gift of never ending happiness this Christmas! May you and your family be blessed abundantly. Merry Christmas and a Prosperous New Year! နှစ်သစ်မှာ သူငယ်ချင်း မိတ်ဆွေများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Regent Street and Oxford Street Xmas Lights 2012

ပြီးခဲ့သည့်အပတ် တနင်္ဂနွေနေ့က သာသနရံသီဘုန်းကြီးကျောင်းကထိန်မှ အပြန်မြို့ထဲရောက်တုန်း ခရစ်စမတ် မီးရောင်စုံတွေကို ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်ကတော့ အရင်နှစ်တွေကအတိုင်း ဘာမှ ထူးခြားမှု သိပ်မရှိလှပါဘူး။ လန်ဒန်လည်း စီးပွားရေးမကောင်းလို့ မွဲနေပြီထင်ပါရဲ့။ အရင်နှစ်က အမြင်အတိုင်းပဲ ခုနှစ်လေးပဲ ပြောင်းသွားတယ်။ ပုံတွေအများကြီးတော့ မရိုက်ဖြစ်ခဲ့ဘူး။ နယူးရီးယားကျမှပဲ ကောင်းကောင်းလေး ထပ်ရိုက်ဦးမယ်။

လန်ဒန်ရဲ့ သီတင်းကျွတ်လပြည့်ညကို ခံစားကြည့်ခြင်း

Full Moon on 30.Oct.2012 ဒီနှစ် လန်ဒန်ရဲ့ သီတင်းကျွတ်ညဟာ အေးစက်စက်နဲ့ တိတ်ဆိတ်လွန်းတယ်ဗျာ။ မြန်မာပြည်မှာလို ဗျောက်အိုး၊ မီးရှူးတွေဖေါက်ပြီး ဆူညံမနေဘူး။ ကျွန်တော်တို့ အဝေးရောက် ရွှေမြန်မာတွေအတွက်တော့ မြန်မာပြည်ကို အလွမ်းဆုံးအချိန်ပေါ့ဗျာ။ လူကြီးမိဘတွေကိုလည်း စိတ်ထဲကပဲရည်မှန်းပြီးကတော့၊ သတိတရနဲ့ ဖုန်းတွေဆက် ဒါတွေပဲ လုပ်နိုင်တယ်။ ဒါ့ကြောင့် စိတ်ထဲမှာ စဉ်းစားမိတယ်။ မြန်မာပြည် ပြန်လည်မယ်ဆိုရင် အကောင်းဆုံးအချိန်ဟာ သီတင်းကျွတ်ပဲလို့။ ပြန်ဆုံကြတာပေါ့ အမိမြေက သီတင်းကျွတ်ကာလတွေရယ် ... ။

Android App: WhatsApp မှာ ဓာတ်ပုံတွေ Fake လုပ်ပြီး သူငယ်ချင်းတွေကို စချင်တယ်ဆိုရင်

WhatsApp အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် အသုံးဝင်တဲ့ App နှစ်ခုကို sharing လုပ်ချင်ပါတယ်။ အဲဒီနှစ်ခုကတော့ Z-Photo Fake for WhatsApp နှင့် magiapp တို့ဖြစ်ပြီး Google Play Store မှာ အလကား ရယူနိုင်ပါတယ်။  အဲဒီ app တွေရဲ့ အသုံးဝင်ပုံကတော့ သင်ရဲ့ မိတ်ဆွေတစ်ယောက်ကို ဓာတ်ပုံတွေ fake လုပ်ပြီး ပို့ချင်တဲ့အခါမှာ သုံးနိုင်ပါတယ်။ ဥပမာ WhatsApp ရဲ့ chat box မှာ sharing လုပ်လိုက်တဲ့အခါ Thumbnail (ပုံအသေးအရွယ်) အနေဖြင့် ပြတာက တစ်ပုံ၊ တကယ်တမ်း အဲဒီပုံကို size အကြီးအနေနဲ့ ကြည့်လိုက်တော့ ဖြစ်နေတာက တစ်ပုံ အဲဒီလို fake လုပ်ဖို့ သုံးနိုင်ပါတယ်။ အရှင်းဆုံး ဥပမာ ထပ်ပြီးပေးရရင် အမိုက်စားကောင်မလေးတစ်ပုံ ပို့လိုက်တယ်။ ဒါပေမဲ့ ပုံကြီးကို view လုပ်လိုက်တဲ့အခါ ချီးပုံကြီးဖြစ်နေတာမျိုးပေါ့ :D

Invitation Letter of Bangladesh Buddhist Associations, UK

Dear Venerable Bhantes, Sayadaws and Devotees of the temples  We are writing you on behalf of Bangladesh Buddhist Associations, UK. As you may have heard about the recent brutal arson attacks on Buddhist temples, Buddhist villages and Hindu temples across Chittagong, we are holding a demonstration at the Parliament Square and foreign office to show our solidarity with the victims. The attacks were too much to bear for the minorities and buddhist followers. If we do not have sympathy on Buddhist minorities in Bangladesh, the minorities’ religions (Buddhism or Hinduism) will soon be over from the ancient Buddhist lands. History tells us that the faiths of peaceful religion i.e. Buddhism had been destroyed by invaders and killed them if not converted into their religions. The evidence suggests the same history is repeating again and will continue till our existence and our Buddhist faiths come to an end in the world. The peaceful existence of Buddhists and other religious minorit

Facebook News Feed မှာ မမြင်လိုသော ပို့စ်များအား ဖယ်ရှားခြင်း

Facebook မှာ up to date သတင်းတွေ၊ ဓာတ်ပုံတွေ ကြည့်ရဖတ်ရတာ ကြိုက်နှစ်သက်ပေမဲ့ အရည်မရ အဖတ်မရတွေကိုလည်း မမြင်ချင်ဘဲ မြင်နေရတဲ့ အခါမျိုးလည်း ရှိနေတတ်ပါတယ်။ အဲဒီလို အရည်မရ အဖတ်မရ ပို့စ်တွေတင်တတ်တဲ့ ကျေးဇူးရှင်လေးတွေကို အားနာလို့ သူငယ်ချင်းအဖြစ်ကနေလဲ Unfriend/Block မလုပ်ချင်ဘူးဆိုရင် ဒီနည်းလေးအတိုင်း လုပ်သာထားလိုက်တော့။   ဒီပုံမှာ ပြထားတဲ့အတိုင်း News Feed မှာ ကိုယ်မမြင်ချင်တဲ့ သူရဲ့ page ကိုသွားပြီး Friends button ကိုနှိပ် Shows in News Feed ကို uncheck လုပ်ပေးလိုက်။ ဒါဆိုရင် အဲဒီကျေးဇူးရှင်ရဲ့ အရည်မရ အဖတ်မရ ပို့စ်တွေ သင်ရဲ့ News Feed မှာ တွေ့ရတော့မှာ မဟုတ်ဘူး။ အာရုံနောက်ခြင်း ကင်းဝေးကြပါစေ။

Testing Sunny 16 Rule

အခုတလော စာလည်းသိပ်မရေးဖြစ်တော့ ဓာတ်ပုံတွေပဲ တင်ဖြစ်တယ်ဗျာ။ အခုပုံကတော့ Photography မှာ Rule တစ်ခုဖြစ်တဲ့ Sunny 16 Rule ကို အသုံးပြုပြီး စမ်းရိုက်ထားတာဖြစ်ပါတယ်။ နေသာတဲ့နေ့တွေမှာ Camera ရဲ့ Aperture ကို 16 ထားပြီး ISO နဲ့ Shutter Speed ကိုထပ်တူထားပြီး ရိုက်တဲ့ Rule တစ်ခုဖြစ်ပါတယ်။ eg. F16, ISO 100 and Shutter Speed 100

ကိုယ်တွင်းမီး

Photo: Temptation 4 - Fundraising Live Concert For the Orphanages in Myanmar

ပြီးခဲ့သည့် စက်တင်ဘာလ (၉) ရက်နေ့က လန်ဒန်တွင် မြန်မာပြည်ရှိ ချို့တဲ့ကလေးသူငယ်များ ထောက်ပံ့ရေး ရံပုံငွေအဖြစ် ကျင်းပပြုလုပ်ခဲ့သည့် Temptation 4 ပွဲမှ မှတ်တမ်းတင်ဓာတ်ပုံများဖြစ်ပါတယ်။ ထိုပွဲသို့ မြန်မာပြည်မှ ဖိတ်ကြားထားသည့် အဆိုတော်များဖြစ်သည့် စိုးပိုင်၊ သျှီ၊ နောနော် နှင့် အောင်လ တို့မှ တက်ရောက်အားပေးသည့် မြန်မာမိသားစုများနှင့်အတူ အားပါးတရ သီဆိုဖျော်ဖြေသွားပါတယ်။ ညနေ (၅) နာရီတွင် စတင်ဖျော်ဖြေရမည့် ဖျော်ဖြေမှုကို လန်ဒန်မှပွဲများ ထုံးစံအတိုင်း (၆) နာရီကျော်လောက်မှ စဖြစ်ခဲ့ပြီး (၁၁)နာရီတွင် ပြီးရမည့်အစား ၁၀ နာရီ ၃၀မိနစ်ခန့်တွင် ပွဲကို ရုပ်သိမ်းခဲ့ပါတယ်။ အဆိုတော်တွေရဲ့ ဖျော်ဖြေမှုကတော့ ကြည့်လို့အရမ်းကောင်းခဲ့ပြီး ပွဲစီစဉ်မှု ချာတူးလန်တာကြောင့် နောက်ကျမှစပြီး စောပြန်ခဲ့ရတာကိုတော့ ကသိကအောက်ဖြစ်ခဲ့ရပါတယ်။

Notting Hill Carnival: Europe's biggest street party

ပြီးခဲ့သည် သြဂုတ်လ နောက်ဆုံးပတ်တွင် ကျင်းပခဲ့သည့် ဗြိတိန်နိုင်ငံ၏ အစည်ကားဆုံး street party ဖြစ်သည့် Notting Hill Carnival ပွဲမှ ရိုက်ဖြစ်ခဲ့သည့် ပုံတစ်ချို့ကို မျှဝေလိုပါတယ်။ မြန်မာပြည် သင်္ကြန်နီးပါးပါပဲဗျာ ;) လှပျိုဖြူ (မဲ) :P ဒါကတော့ တော်သလင်းရိုးရာအကပေါ့ ဒီလိုဝတ်စုံတွေကြောင့် ဒီပွဲဟာ အရမ်းလှပနေတာပေါ့ ရယ်ဒီ ဝမ်း တူး သရီး ဓာတ်ပုံတွေဆက်ပြီး ကြည့်ချင်သေးတယ်ဆိုရင် Click here

Panning Photography

အခုတလော ဒီလိုမျိုး Panning ပုံတွေရိုက်ရတာ အရမ်းသဘောကျနေတယ်။ အလွယ်တကူနဲ့ အချိန်မရွေး နေရာမရွေးရိုက်လို့ရတယ်။ နေပူစရာ၊ မိုးရွာစရာ၊ မီးထိုးစရာလည်း မလိုဘူး ဟဲဟဲ။ ဘာရယ်မဟုတ်ဘူး အပျင်းပြေစေပါတယ်။ စမ်းရိုက်ကြည့်ပါ။ Practice တော့ နည်းနည်းလိုတယ်။ ဒါကလည်း လွယ်ပါတယ်။  Youtube မှာ Panning အတွက် သင်ပေးတဲ့ ဗွီဒီယိုတွေအများကြီးပဲ။ ကျွန်တော့်ရဲ့ panning gallery ကို ဒီနေရာမှာ ကြည့်ရှူ့နိုင်ပါတယ်။ ဝေဖန်ပေးပါဦး။

N-Photo August 2012

Download here

Understanding Digital Photography with Bob Krist

Great video tutorial on how to use your DSLR. It teaches you basic photography techniques. It’s a must see for beginners who want to learn the basics of using a camera.

ညီညွတ်ခြင်း နှင်းဆီအဖွဲ့ မန်ချက်စတာတွင် လာရောက်ဖျော်ဖြေမည်

မိုးယုစံရဲ့ အသက် ၂၁ ပြည့်မွေးနေ့ လန်ဒန်မြို့ ကောလင်းဒေးကျောင်းတွင် ကျင်းပ

လန်ဒန်သို့ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ခေတ္တရောက်ရှိနေတဲ့ မင်းသမီး မိုးယုစံရဲ့အသက် (၂၁) နှစ်ပြည့် မွေးနေ့ပွဲလေးကို ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ လန်ဒန်မြို့ သာသနရံသီဝိဟာရမှ ဆရာတော် ဦးဥတ္တရနှင့် တကွ သံဃာတော်များကို ဆွမ်းဆပ်ကပ်ပြီး ကျင်းပခဲ့ပါတယ်။ မိုးယုစံနှင့်အတူ အခြားအနုပညာရှင်များဖြစ်သည့် ဂျင်းနီ၊ ထွန်းထွန်း၊ တင်မောင်ဆန်းမင်းဝင်း နှင့် ရွှေတံဆိပ် ၁၉  ဆုရှင် ရွာစား သီရိမောင်မောင် ဝိုင်းတော်သားများမှလည်း မွေးနေ့ဆုတောင်း ပြုလုပ်ပေးခဲ့ကြပါတယ်။ ထို့နောက် မွေးနေ့ရှင် မိုးယုစံမှ မွေးနေ့ကိတ်ခွဲပြီး တက်ရောက်လာသည့် မိတ်ဆွေများကို ကျွေးမွေးခဲ့ပါတယ်။ မွေးနေ့မှသည် အောင်မြင်မှုများစွာ ဆက်တိုက်ပိုင်ဆိုင်နိုင်ပါစေ။

ဒုတိယ အကြိမ်မြောက် ရံသီ သာသနာပြုအသင်းများ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲ ဖိတ်ကြားလွှာ

ဆရာတော် ဦးဥတ္တရ ဦးဆောင်၍ လန်ဒန်မြို့ သာသနာရံသီ ဝိဟာရ သာသနာပြုအသင်းကြီးမှ ကြီးမှူးကျင်းပသော ဥရောပနိုင်ငံများရှိ ရံသီကျောင်း ဒါယကာဒါယိကာမများ ဒုတိယ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို အောက် ဖေါ်ပြပါနေရာ၌ ကျင်းပမည်ဖြစ်ပါသည်။ ထိုဆွေးနွေးပွဲတွင် ဥရောပနိုင်ငံများရှိ ရံသီကျောင်းများ၏ သာသနာပြုအသင်းများမှ ဘာသာ သာသနာရေး ဆောင်ရွက်ကြပုံများနှင့် လန်ဒန်မြို့တွင် အသစ်တည်ဆောက်မည့် ရံသီ ဗုဒ္ဓစင်တာကြီးဖြစ်မြောက်ရေး အတွက် ရှေ့လုပ်ငန်းစဉ်များကို နှီးနှောဖလှယ် ဆွေးနွေးကြမည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ သာသနရံသီ ဝိဟာရ၏ ကျောင်းဒါယကာဒါယိကာမများ ၊ ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများ၊ ပုညသဟာယ ( ကုသိုလ် ပြုဖက်မိတ်ဆွေများ) အသင်းသူအသင်းသားများ နှင့် သာသနရံသီ ဝိဟာရ သာသနာပြု အသင်း၏လုပ်ငန်းစဉ်များကို အားပေးထောက်ပံ့ ကူညီလှူဒါန်းခဲ့ကြသော အလှူရှင် ဒါယကာဒါယိကာမများအား ထိုဆွေးနွေးပွဲသို့ ကြွရောက်အားပေးကြပါရန် သာသနရံသီ ဂေါပကအဖွဲ့နှင့် ဖြစ်မြောက်ရေးကော်မတီမှ လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။ ကြွရောက်လာကြသော ဧည့်ပရိတ်သတ် တို့အား ရွာစားကျော် ရန်ကုန် သီရိမောင်မောင် မင်္ဂလာဆိုင်းအဖွဲ့တို့နှင့် ဧည့်ခံဖျော်ဖြေပြီး နေ့လည်စာဖြင့် ဧည့်ခံကေ

N-Photo July 2012

[  Download here  ]

ဒေါ်အောင်ဆန်းစုကြည်နှင့် လန်ဒန်ရောက် မြန်မာမိသားစုများတွေ့ဆုံပွဲ မှတ်တမ်းဓာတ်ပုံများ

ဇွန်လ ၂၂ ရက်နေ့ ၂၀၁၂ ခုနှစ်ဟာ လန်ဒန်ရောက် မြန်မာတွေအတွက် အင်မတန်မှ အမှတ်ရစရာ သမိုင်းဝင်နေ့တစ်နေ့အဖြစ် တွင်ကျန်ရစ်မှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လန်ဒန်ရောက်မြန်မာများ တွေ့ဆုံပွဲလေးကို လန်ဒန် သိမ်းစ်မြစ်ကမ်းဘေးက Royal Festival Hall မှာ နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့လို့ပါပဲ။ လန်ဒန်မှာ နေထိုင်စဉ်ကာလအတွင် မြန်မာများကို အများဆုံး မြင်တွေ့ဖူးတဲ့ ပွဲလို့လည်း ဆိုနိုင်ပြီး လူ ၂၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ထိုပွဲတွင် လန်ဒန်မှာရောက်ရှိနေတဲ့ ကိုဇာဂနာ၊ အန်တီမာမာအေး နှင့် လန်ဒန်ရောက် ဝါသနာရှင် ညီအစ်ကိုမောင်နှမများမှ ရွာစားကျော် သီရိမောင်မောင်တို့နှင့် တွဲဖက်ကာ ဖျော်ဖြေရေးအစီအစဉ်များကို တမူထူးခြားစွာ တင်ဆက်ခဲ့ပါတယ်။ နိုင်ငံတော်သီချင်းကိုလည်း သံပြိုင်သီဆိုခဲ့ပြီး သီချင်းသီဆိုနေချိန် အမိမြန်မာပြည်ကို လွမ်းဆွတ်သတိရစိတ်၊ အိမ်ကိုလွမ်းစိတ်တွေကြောင့် မျက်ရည်ကျမတတ် ခံစားခဲ့ရသူများလည်း ရှိခဲ့တာကို ဖေ့စ်ဘွတ် စာမျက်နှာများတွင် မြင်တွေ့ခဲ့ရပါတယ်။

Meeting with Daw Aung San Suu Kyi and Burmese Community (UK)

Date 22.June.2012 Time 9am to 12am Venue Royal Festival Hall Southbank Centre SE1 8XX London United Kingdom မှတ်ချက် အခမ်းအနား ကျင်းပရာ ခန်းမသို့ ၂၂ ရက်နေ့ မနက် ၉ နာရီ တိတိတွင် ရောက်ရှိစေလိုပါသည်။ အခမ်းအနားတတ်ရောက်သူများအတွက် ပွဲတတ်ဝတ်စုံ (ရိုးရာ) ကို ဝတ်ဆင်စေလိုပါသည်။ ပွဲတတ်ဝတ်စုံ ဝတ်ဆင်ရန်မှာ ခန်းမ၏ စည်းကမ်းဖြစ်ပြီး  အခမ်းအနား ဖြစ်မြောက်ရေးအဖွဲ့မှ "ရိုးရာ" ဆိုသော အချက်ကို မြန်မာနိုင်ငံသားများ အားလုံးအတွက် ဂုဏ်ယူနိုင်ဖွယ်ရာဖြစ်အောင် ဖြည့်စွက်ခြင်း ဖြစ်ပါသည်။

Protest against BBC to stop announcing Bogus News about Rakhine People in Rakhine State, Burma

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ဘင်္ဂါလီရိုဟင်ဂျာ လူမျိုးခြားများ၏ အကြမ်းဖက်ဆူပူမှုများအပေါ်တွင် ကမ္ဘာ့သတင်းဌာနများမှ နိုင်ငံတကာကို သိစေရန် ဘာသာရေး ဖိနှိပ်မှုအသွင်ဖြင့် ပြောင်းလဲဖော်ပြနေပြီး မဟုတ်မမှန် ပြောင်းပြန်ပြောင်းလဲ၍ စွပ်စွဲဘက်လိုက် ရေးသားမှုများ ရှိနေပါသောကြောင့် ယခုလာမယ့် ဇွန်လ ၁၈ရက် ၂၀၁၂ တင်္နလာနေ့ နေ့လည် ၁၂နာရီ မှ ၁နာရီ အချိန်တွင် နာမည်ကြီး မီဒီယာတခုဖြစ်သည့် လန်ဒန်မြို့မှ BBC Worldwide Ltd Media Centre ရှေ့တွင် မိမိနိုင်ငံနှင့် တိုင်းရင်းသားသွေးချင်းများ အပေါ် အမှန်တရားနှင့် ကင်းကွာ၍ ဆန့်ကျင်ဖက်ပြု စော်ကားနေခြင်းကို ကန့်ကွက်သည့်် အနေနဲ့ ယူကေနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ငြိမ်းချမ်းစွာ ဆန္ဒပြ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ဆန္ဒပြ ဖော်ထုတ်သွားရာတွင် ယူကေနိုင်ငံ၏ မည်သည့် နိုင်ငံရေး အဖွဲ့အစည်းများ၏ လက်အောက်တွင် ရှိမနေဘဲ အမျိုးသားရေးစိတ်ဓါတ် အသိဖြင့် မြန်မာနိုင်ငံသားများ အနေဖြင့်သာ လွတ်လပ်စွာ ဆန္ဒပြ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။  ယူကေနိုင်ငံ၏ နိုင်ငံရေး အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသားများကိုလည်း ပါဝင်ပူးပေါင်း ကူညီ၍ လိုအပ်သော အကြံဥာဏ်များ ပေးကြပါရန် လှိုက်လှဲစွာ

မြန်မာလူငယ်အသင်း (ယူကေ) ၏ နှစ်နှစ်ပြည့် ရံပုံငွေ ဈေးရောင်းပွဲတော် ကျင်းပမည်

အားလုံးသော မိဘပည်သူအပေါင်းတို့ကို မင်္ဂလာပါ လို့ ကျွန်တော်များ မြန်မာလူငယ်အသင်း - ယူကေ ( BYA-UK) မှ နုတ်ခွန်းဆက်သလိုက် ပါတယ်ခင်ဗျာ။ မိဘပြည်သူတို့ ရဲ့  မွန်မြတ်လှသော စိတ်ထား၊ ရက်ရောလှသော သဒ္ဒါ တရားတို့ နှင့် အတူ ပြည်မြန်မာ သာယာဝပြော ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းလှူဒါန်း ကူညီမှုကြောင့်ကျွန်တော်တို့ မြန်မာလူငယ် အသင်း - ယူကေ ( BYA-UK) အဖြစ်ရပ်တည်လာ တာ၂နှစ်တိုင်ခဲ့ ပါပြီ။ အမိမြန်မာနိုင်ငံအတွင်းရှိ မိဘမဲ့ကလေးငယ်များနှင့် ဆင်းရဲနွမ်းပါးသော ကလေးငယ်များအတွက် လိုအပ်သော ပညာရေး၊ကျန်းမာရေး ဆိုင်ရာ အခြေခံလိုအပ်ချက်များကို ကူညီထောက်ပံ့နိုင်ရန်အတွက် ကျွန်တော်များ BURMESE YOUTH ASSOCIATION ( BYA-UK ) မှ ကြိုးပမ်းဆောင် ရွက် လျက် ရှိပါသည်။ BYA-UK မှ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်များမှာ ၁။ ချို့ တဲ့ကလေးငယ်များအတွက် ပညာရေးစရိတ် ထောက်ပံ့မှု ၂။ ဓမ္မပါရဂူဆေးခန်းရဲ့  အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု အတွက် လစဉ်လှူဒါန်းမှု ၃။ မျက်စိဝေဒနာရှင်များအတွက် အသေးစားခွဲစိတ်မှု ၄။ မရှိမဖြစ် လိုအပ်လှသော သောက်သုံးရေအတွက် အဝီဝိတွင်း လှူဒါန်းမှု စသည့်တို့ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ များပြားလှသော လိုအပ်ချက်

Burma's opposition leader Aung San Suu Kyi speech at ILO in Geneva - June.14.2012

ရခိုင်ပြည်နယ်၌ ဒုက္ခရောက်နေသောပြည်သူများအတွက် အလှုငွေကောက်ခံခြင်း

စစ်တွေမြို့ ဘုန်ကြီးကျောင်းတိုက်တခုအတွ င်းက ယာယီဒုက္ခသည်စခန်း Photo: Getty Image မင်္ဂလာပါ ခင်ဗျာ ကျွန်တော်တို့ ရခိုင်လူထုအသိုင်းအဝိုင်း (ယူကေ) မှနေပြီး ရခိုင်ပြည်နယ်တွင် ဘင်္ဂလီ(ကုလားဆိုး) တို့ကြောင့် ဒုက္ခရောက်နေသော ရခိုင်ပြည်သူများအတွက် ယူကေရောက် ညီ၊ အကို၊ မောင်နမများမှ ရခိုင်သူ/ရခိုင်သားတို့၏ အတိဒုက္ခများ သက်သာစေရန် တက်နိုင်သလောက် အလှုငွေများ ကူညီထည့်ဝင်ကောက်ခံပေးကြပါရန် လေးစားစွာ တိုက်တွန်းနိုးဆော်အပ်ပါသည်။  ယခုကိစ္စနှင့်ပတ်သက်၍ ကူညီပေးလိုသော သူများရှိပါလျှင် ရခိုင်လူထုအသိုင်းအဝိုင်းသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။  --  လေးစားစွာဖြင့် ရခိုင်လူထုအသိုင်းအဝိုင်း (ယူကေ) ပြန်ကြားရေးနှင့် ဆက်သွယ်ရေးကော်မတီ ဆက်သွယ်ရန် ဘဏ္ဍရေးကော်မတီ ကိုလူမောင် - ၀၇၇၁၄ ၇၇၉၄၃၄  ပြန်ကြားရေးနှင့် ဆက်သွယ်ရေးကော်မတီ ကိုမြတ်စိုးခိုင် - ၀၇၉၃၉ ၂၂၂၉၃၂  လူမှုရေးကော်မတီ မအင်ကြင်း - ၀၇၄၀၂ ၈၁၅၇၇၄

Arakan League for Democracy Press Conference

Full Moon

F8, 1/30s, ISO 125, 18-200@200mm ကျွန်တော်ပထမဆုံး ရိုက်ဖြစ်ခဲ့တဲ့ လပြည့်ဝန်းပုံပါ။ ကျွန်တော့်မှာရှိတဲ့ Nikon 18-200 VRII နဲ့ရိုက်ထားတာပါ။ 70-300 နဲ့ဆိုရင်တော့ ပိုပြီး ကြည့်လို့ကောင်းမယ် ထင်ပါတယ်။ ဝေဖန်ပေးပါဦး။

Mandalay 150th Anniversary Ah-Nyeint

မန္တလေး နှစ် (၁၅၀) ပြည့် အနုပညာပုံရိပ်ပွဲတော်တွင် ဝါရင့် အနုပညာရှင်ကြီးများ ဖျော်ဖြေတင်ဆက်ခဲ့သော အငြိမ့် ဖြစ်ပါတယ်။ အပြည့်အစုံရအောင် ကြိုးစားရှာပေမယ့် ဒီအပိုင်းလေးတွေပဲ ရခဲ့တယ်။ နောက် အပြည့်အစုံရမှ ထပ်ပြီး တင်ပေးပါဦးမယ်။ ဒီအပိုင်းလေးတွေကို Facebook မှာ ကိုအောင်အောင်မျိုး Tag လုပ်ထားတဲ့ video ကနေ ပြန်လည်ရယူထားပြီး အမှတ်တရအဖြစ် ကျွန်တော့်ရဲ့ Youtube မှာ ပြန်လည်တင်ထားတာဖြစ်ပါတယ်။ အခုလက်ရှိ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတစ်ခုနဲ့ ဒီအငြိမ့်ထဲက ပျက်လုံးတစ်ခုနဲ့ ကွက်တိပဲဗျာ။ A : သတင်းအတိအကျရထားပြီးပါပြီ။ ဘုရားပွဲတော်ကြီးပြီးရင် တစ်နိုင်ငံလုံး ၂၄ နာရီ မီးထိန်ထိန် လင်းမယ်တဲ့။ B : ဘယ် ဘုရားပွဲတော်တုန်း ? A : အရိမေတ္တယ :P ခုခေတ် ပေါ့ပျက်ပျက် လူရွှင်တော်တွေ အောက်လုံးတွေချည်းပျက်နေတဲ့ လူရွှင်တော်တွေ ဒီအငြိမ့်ကိုကြည့်ပြီး အတုယူသင့်ပါတယ်။ -- ခံစားကြည့်ကြပါဦး :)

Lights of South Bank

မနေ့က လန်ဒန်ရဲ့ ညအလှကို ခံစားရင်း သူငယ်ချင်း နှစ်ယောက်နှင့် အတူ ဓာတ်ပုံထွက်ရိုက်ဖြစ်ခဲ့တယ်။ ရိုက်ခဲ့သည့် ဓာတ်ပုံများမှ ကျွန်တော်အကြိုက်ဆုံ ဓာတ်ပုံတစ်ပုံ။ ဒီမီးရောင်တွေမြင်တော့ ကျွန်တော်တို့ မြန်မာပြည်မှာလက်ရှိဖြစ်ပျက်နေတဲ့ လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှုတွေကို တွေးပြီး စိတ်မကောင်းဖြစ်မိတယ်ဗျာ။ ကျွန်တော်နေတဲ့ မန္တလေးမှာလည်း ဖြစ်ပျက်နေတာ တော်တော်ဆိုးတယ်။ အချို့လူတွေပြောကြတယ်။ မြန်မာပြည် အခြေအနေဟာ တော်တော်ကြီးကောင်းနေပါပြီတဲ့။ ဘာကောင်းတာလဲဗျာ။ စိတ်ပျက်ဖို့လား ?

HDR and Panorama image of South Bank, London

  South Bank ဆိုတာ လန်ဒန်မြို့ထဲမှာ ဓာတ်ပုံရိုက်လို့ အကောင်းဆုံးနေရာတွေထဲက တစ်နေရာဖြစ်ပါတယ်။ ဓာတ်ပုံ ၅ ခုကို photoshop ထဲမှာ panorama ဖြစ်အောင် merge လုပ်ထားပါတယ်။ original ပုံတွေမှာ နောက်ခံက မိုးအုံ့နေတော့ မိုးပြာရောင်ဖြစ်အောင် gradient ထည့်ထားလိုက်တယ်။ HDR ကိုတော့ Photomatix Pro ထဲမှာ ဖန်တီးထားပါတယ်။ ဝေဖန်ပေးပါဦး။

Speakers' Corner

ခင်ဗျားတို့ စဉ်းစားကြည့်ပါဗျာ ဒီဟာက ဒီလိုရှိတယ် ... ဟိုဟာက ဟိုလိုရှိတယ် မဖြစ်နိုင်ဘူး ... အဲဒါမဟုတ်ဘူး [ more photos ] Speakers' Corner ဆိုတာ အစိုးရမှ တရားဝင် ဟောပြောခွင့်၊ ငြင်းခုံဆွေးနွေးခွင့်ပေးထားတဲ့ နေရာတစ်ခုဖြစ်ပြီး Hyde Park အနီးမှာ တည်ရှိပါတယ်။ ဟောပြောသူတွေဟာ မိမိကြိုက်နှစ်သက်သည့် အကြောင်းအရာကို ဟောပြောဆွေးနွေး ငြင်းခုံနိုင်ပါတယ်။ ကျွန်တော်ရောက်သွားတဲ့ တစ်ရက်ကတော့ ဟောပြောတဲ့သူက အကြောင်းအရာတစ်ခုကို ပြောပြီးတာနဲ့ နားထောင်သူ ပရိသတ်များမှ မေးခွန်းပေါင်း လေးငါးခုမက ငြင်းခုံဆွေးနွေးဖို့ အဆင်သင့်စောင့်နေတာ တွေ့ရပါတယ်။  Speakers' Corner တွေကို Finsbury Park, Clapham Common, Kennington Park နှင့် Victoria Park တို့မှာလည်း တွေ့ရှိနိုင်ပြီး Hyde Park မှ Speakers' Corner ကတော့ လူသိအများဆုံးဖြစ်ပါတယ်။

N-Photo June 2012

Download here Nikon ရဲ့ ဇွန်လအတွက် ထုတ်ဝေလိုက်တဲ့ nphoto magazine ပါ။ လစဉ်တိုင်း လေ့လာစရာတွေကတော့ အများကြီးပါ။ ဝါသနာတူ မိတ်ဆွေများ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Photo: 9th Anniversary of Buddha Day (London, UK)

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ နဝမအကြိမ်မြောက် ဗုဒ္ဓနေ့ပူဇော်ပွဲ မှတ်တမ်းတင် ဓာတ်ပုံများဖြစ်ပါတယ်။ ယခုနှစ်ပွဲကတော့ ယခင်ကထက်လူကြီးလူငယ်များသထက်များပြီး  ပိုမိုစည်ကားလာတာကို အားတက်ဖွယ်ရာတွေ့မြင်ရပါတယ်။ အထူးသဖြင့် မျိုးဆက်သစ် လူငယ်ကလေးများပါပဲ။ ရေခြားမြေခြားရောက်နေသော်ငြားလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာတရား၊ ကိုယ့်ယဉ်ကျေးမှုတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ဆရာတော်များနှင့် တကွ ပွဲဖြစ်မြောက်ရေး တတက်တအား ဝိုင်းဝန်းပြီး လုပ်ဆောင်ပေးကြတဲ့ ညီအစ်ကိုမောင်နှမများကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Father

"အဖေ (သို့မဟုတ်) ပဲ့ကိုင်ရှင်" လို့ အမည်ပေးထားပါတယ်။ ပြီးခဲ့သည့်တပတ် အလုပ်ပိတ်ရက်  Hyde Park  ရောက်ခဲ့တုန်းက ဒီပုံလေး ရိုက်ဖြစ်ခဲ့တာပါ။ ဒီပုံလေးကို မြင်တိုင်း ကိုယ်တိုင်ဝမ်းဖြင့်လွယ် မမွေးခဲ့ရပေမဲ့ အမေတွေထက်မလျော့တဲ့ ချစ်ခြင်းမေတ္တာတွေကို ပေးနိုင်တဲ့ အဖေတွေရဲ့ ကြီးမားတဲ့ မေတ္တာကို ပြန်မြင်ယောင်ပြီး သတိရစေချင်ပါတယ်ခင်ဗျာ။

N-Photo May 2012 100%Nikon100%Independent

  Download: Depositfiles.com Nikon ရဲ့ မေလအတွက် ထုတ်ဝေလိုက်တဲ့ nphoto magazine ပါ။ လစဉ်တိုင်း လေ့လာစရာတွေကတော့ အများကြီးပါ။ ဝါသနာတူ မိတ်ဆွေများ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Testing light trails (Long exposure)

    more photos   ကင်မရာတစ်လုံး ရှိနေရင် သင့်အတွက် အပျင်းပြေစေမှာ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ စမ်းသပ်စရာတွေ အများကြီးရှိနေလို့ပါ :D အခုလည်း light trials ဘယ်လိုရိုက်တယ်ဆိုတာ Google တို့ Youtube တို့မှာ လိုက်ဖတ်ကြည့်ပြီး စမ်းရိုက်ထားပါတယ်။ ကားတွေအများကြီးရှိတဲ့ motorways တွေမှာရိုက်ရင်တော့ ဒီ effect က ပိုပြီး ကြည့်ကောင်းပါဦးမည်။ ဝေဖန်ပေးပါဦး :)

I love Shopping

  မိန်းကလေးတွေများ shopping ထွက်ရတယ်ဟေ့ဆိုရင် ဘာကိုမှ စိတ်မဝင်စားနိုင်တော့ဘူး။ ဒီပုံက သက်သေပြနေတာပဲ :P တချို့တွေကို အိမ်ထဲမှာနေတုန်းက ဖင်ကိုက်တယ် ခေါင်းကိုက်တယ်နဲ့ shopping လည်း ထွက်ရော အကုန် auto ပျောက်ကုန်တော့တာပဲ။ ထူးဆန်းပါပေ့။ Nikon AF-S DX 18-200mm f/3.5-5.6 G ED VR II Lens နဲ့ ဆွဲပြီး ရိုက်ထားတာပါ။ Crop နည်းနည်း လုပ်ထားပါတယ်။ Lightroom ထဲမှာ နည်းနည်း retouch ပြန်လုပ်ထားပါတယ်။

မြန်မာလူငယ်အသင်း (BYA-UK) မှ (၁၁) အကြိမ်မြောက် စုပေါင်းဒါနနေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပမည်

သာသနာနှစ် ၂၅၅၆ ပြည့်နှစ် ၊ ကောဇာသက္ကရာဇ် ၁၃၇၄ ပြည့်နှစ်၊ ကဆုန်လပြည်ကျော် ၈ ရက် ၊ ခရာဇ်နှစ် ၂၀၁၂ ခုနှစ် မေ ၁၃ရက် ၊တနင်္ဂနွေနေ့ ။ မြန်မာလူငယ်မောင်မယ်များစုပေါင်း၍ ဘုရားအမှုးရှိသော ဆရာတော် ၊ သံဃာတော်များအား ၊ စုပေါင်း ဒါန ဆွမ်းကပ်လှူဒါန်းခြင်းကို Sasana Ramsi Vihara (ကောလင်းဒေး) ကျောင်း၌ BYA-UK မှ ဦးဆောင်၍ သွားရောက် လှူဒန်မည် ဖြစ်ပါသည်။ မိဘပြည်သူ အပေါင်းတို့ လည်း ကျွန်တော်တို့ BYA-UK မိသားစုနဲ့ အတူ တစ်တပ်တစ်အား ဆွမ်းကပ်ဒါန ကုသိုလ်တော် ပါဝင်ယူနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။ မြန်မာလူငယ်အသင်း ( BYA-UK )မှ ဘုရားမှုရှိသော ဆရာတော်၊သံဃာတော်များအား စုပေါင်းဆွမ်းကပ်ပွဲ ကို ၊ လစဉ် ပထမ ပတ် တနင်္ဂံနွေနေ့  တိုင်း ကျင်ပပြုလုပ် လျှက်ရှိရာ ၊ မေလ ၆ ရက် နေ့ သည် ''ဗုဒ္ဓ နေ့ ''ကျင်းမည့် နေ့ နှင့် တိုက်ဆိုင် နေခြင်း ကြောင့် မေလ (၁၃) ရက်နေ့ သို့  ပြောင်းရွှေ့ ကျင်းပ မည်ဖြစ်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။ အသေးစိတ်အချက်အလက်များကို သိရှိလို ပါက Burmese Youth Association, UK ၏ website ဖြစ်သော www.byauk.org သို့မဟုတ် www.facebook.com/burmeseyouthassociation သို့ ဝင်ရောက်ကြည့်ရှု့ နိုင်ပါသည်။ E

Roselle Leaves: ဘိလပ်က ချဉ်ပေါင်ရွက်

ဘိလပ်ကို လာခါနီးလူတွေ အိမ်ကနေ သံပုရာသီး၊ ငရုတ်ကြက်သွန်ကအစ ယူလာကြတယ်လို့ ကြားဖူးတယ်။ ကျွန်တော်လာတုန်းက မြန်မာအစားအစာ မစားရမှာ သိပ်ကိုကြောက်နေတာ။ ဘာလို့လဲဆိုတော့ ပေါင်မုန့်နှင့် သရေစာတွေက တစ်ခါစားပြီးရင် ၂နာရီလောက်ပဲ ခံတယ်လေ :P အခုဆိုရင် ဒီမှာ မြန်မာတွေကြိုက်တဲ့ ချဉ်ပေါင်ရွက်၊ မြင်းခွာရွက်၊ သရက်သီး ငပိ၊ ပဲပြုတ် နှင့် ဆူးပုတ်ရွက်ကအစ အကုန်ဝယ်လို့ရတယ်။  လန်ဒန်မှာဆိုရင် Southall နှင့် Wembley ဘက်က ကုလားဆိုင်တွေမှာ အကုန်နီးပါးရတယ်။ ဒါမှမဟုတ် ထိုင်းဆိုင် နှင့် ဖလစ်ပင်း ဆိုင်တွေမှာလည်း မြန်မာတွေကြိုက်တတ်တဲ့ အစားအသောက်တွေ အကုန်ဝယ်လို့ရနေပါပြီ။ လဘက်ကတော့ မရှိဘူး။ ဒါမေပဲ့ လန်ဒန်မှာ မြန်မာအစားအသောက်တွေ ရောင်းပေးနေတဲ့ အမေ့အိမ်၊ မြို့မ၊ ရသာမွန်၊ ရွှေဟင်္သာ၊ ရွှေမန်းတလေး နှင့် Hayes Oriental တို့လို့ဆိုင်တွေမှာ လိုသလောက်ဝယ်လို့ရနေပါပြီ။ အခု ဒီချဉ်ပေါင်ရွက်ကတော့ Hayes Oriental ကနေ ရလာတာပါ။ ဈေးကတော့ တစ်စီးကို နှစ်ပေါင်လောက်ကျတယ်။ ဒါပေမဲ့ ကီလိုနဲ့ ဝယ်ရင်တော့ ပိုသက်သာပါတယ်။ စားချင်တော့လည်း ဈေးကြည့်မနေပဲ ဝယ်စားလိုက်ရတာပဲလေ။ အစာအိမ်က တောင်းဆိုလာတာကိုး။ ဝယ်ချင်ရင် ဖုန်းဆက်ပြီး မှာလို့လည်း ရတယ်။ ဒါပေမဲ့

Cherry Blossom

  အခု ကျွန်တော်တို့ဆီမှာ ချယ်ရီပန်းတွေ လှိုင်လှိုင်ပွင့်နေပြီ။ တစ်ချို့လမ်းတွေဆို လမ်းတလျှောက်လုံး ဖွေးနေတာပဲ။ မနက်ဖြန်ကစပြီး Holiday ရပြီဆိုတော့ ချယ်ရီပန်းပုံတွေ ထပ်လာပါဦးမည် ;)

ကော်ဖီကြိုက်သူ

  ကော်ဖီတစ်ခွက် မုန့်တစ်ဘက်နှင့်၊ တစ်ခဏတာ အမောဖြေဖျောက်၊ ဒီလူတစ်ယောက်မှာ မနက်ဖြန်များစွာ ဆက်ခါသာ ခရီးဆက်ရဦးမည်ပါတကား။ [CMS] :P ပြီးခဲ့သည့်တစ်ပတ်က ကင်မရာဖြင့် လက်ဆော့နေတုန်း ဒီလူကြီး ကင်မရာရှေ့ရောက်လာတာနဲ့ ခလုတ်နှိပ်ထည့်လိုက်တာ :D သူ့ကိုကြည့်ရတာ ကော်ဖီကြိုက်တဲ့ ပုံစံမျိုးပဲ။ သူသောက်နေတဲ့ တံဆိပ်ကိုတော့ ကျွန်တော်မကြိုက်။ သို့သော်လည်း Starbucks သည် Apple လိုပဲ။ ဘာမှန်းမသိ နာမည်နဲ့ပဲ စားစားသွားသည်။ အရသာကိုတော့ ကျွန်တော်လုံးဝမကြိုက်။  ကျွန်တော်ကြိုက်သည်က ခပ်ပြင်းပြင်းကော်ဖီမျိုး ဥပမာ .. Costa, Nero and Pret A Manger  ရတနာပုံ မြို့တော်ကြီးမှာ နေတုန်းကတော့ ကော်ဖီထက်စာလျှင် လဘက်ရည်ကို ပိုသောက်ဖြစ်သည်။ ကော်ဖီသောက်လျှင်လည်း အမူးပြေ ဘလက်ကော်ဖီသာ သောက်ဖြစ်သည် :P ကော်ဖီ လဘက်ရည်အကြောင်းပြောရင်း ငယ်ငယ်တုန်းက လူကြီးတွေ လဘက်ရည်သောက်တဲ့ ပုံစံကိုလည်း မြင်ယောင်မိသည်။ လဘက်ရည်သောက်ပြီဆိုလျှင် ခွက်ဖြင့်မသောက် ခွက်အောက်ခံ ပုဂံပြားထဲသို့ အရင်ထည့်ပြီး တဂွတ်ဂွတ်သောက်သုံးကြသည်။ ထိုအလေ့အထမှာ မည်သူစပြီး ထွင်လိုက်သည်မသိ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ကျွန်တော်တွေ့ဖူး ဆုံဖူးသော ကျေးလက်နေ သက်ကြီးရွယ်အိုမ

Simple Selective Colour Photoshop/Camera RAW

Youtube ထဲက Photoshop tutorial တစ်ခုကို ကြည့်ပြီး လက်တည့်စမ်းထားတာပါ။ ဓာတ်ပုံမှာ ကာလာတွေစုံမှ ကြည့်လို့ကောင်းတယ်လို့ လူအတော်များများ ဆိုကြပေမယ့် တစ်ခါတရံမှာ အရောင်နှစ်မျိုးတည်းရှိရင်လည်း ကြည့်လို့ကောင်းတယ်ဆိုတာကိုလည်း မြင်စေချင်ပါတယ်။  ရိုးစင်းမှုရှိတာဟာ ဘယ်နေရာမှာမဆို အကောင်းဆုံးပါပဲ။ ဒါပေမဲ့ တုံးတာတို့၊ နုံတာတို့အထိတော့ မဖြစ်သွားစေနဲ့ပေါ့။

Photo: London Thingyan 2012

လန်ဒန်သင်္ကြန် ၂၀၁၂ တွင် မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဓာတ်ပုံများဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြီးခါနီးအပိုင်းတွေကိုတော့ မရိုက်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ရိုက်ဖြစ်ခဲ့သမျှ ပုံတွေကိုတော့ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ပဏာမရွးချယ်ခံ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၂၀ ရဲ့ အမည်စာရင်း ထုတ်ပြန် ကြေငြာ

အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက် ကင်းဒဲန်း၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က အဖွဲ့ခွဲ ၁၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ ရဲ့ တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆု ချီးမြှင့်ပွဲကို ၂၀၁၂ မေ ၂၇ ရက်နေ့တွင် နယူးယောက်၌ ကျင်းပရန် ပြင်ဆင်လျက်ရှိရာ ၂၀၁၂ ဧပြီ ၁၆ ရက်နေ့က ပဏာမ ရွေးချယ်ခံ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၂၀ ရဲ့ အမည်စာရင်း ထုတ်ပြန် ကြေငြာလိုက်ပါတယ်။ ထို ပဏာမစာရင်းအတွက် ၂၀၁၂ မတ်လလယ်မှ မတ်လ ၃၁ ရက်နေ့အထိ ကောက်ခံခဲ့ရာ အမည်စာရင်း တင်သွင်းသူ ၃၃ ဦးအနက် ဂုဏ်ပြုပွဲ အခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၂၀ ရဲ့ စာရင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အခု ရွေးချယ်ထားတဲ့ ပဏာမစာရင်းထဲမှ ငါးဦးစီကို သက်ဆိုင်ရာ ပြည်သူ့ဂုဏ်ရည် အဖွဲ့ခွဲများက ဧပြီ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် ရွေးချယ်မှာ ဖြစ်ကြောင်း၊ ထိုသို့ ရွေးချယ်ပြီး စုစုပေါင်း ဆန္ဒမဲ အများဆုံး ရရှိသူ ငါးဦးစာရင်းကို ထပ်မံ ထုတ်ပြန် ကြေငြာကာ အွန်လိုင်းမှ မဲပေးစနစ်နဲ့ ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူကို မေလ ၂၇ ရက်နေ့တွင် ကြေငြာပြီး ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။  မေလ ၂၇ ရက်နေ့ နယူးယောက်တွင် ကျင်းပမယ့် ၂၀၁၂ အတွက

The Symbols of Spring

နွေရောက်ပြီလေ .. ရိုးတံကျဲကျဲ .. ပင်အိုတို့ အလှချင်းလည်းပြိုင်   ဒီပန်းရဲ့နာမည် မသိဘူး ဖြစ်နေတယ်။ သိရင်ပြောကြပါဦး။ သူ့ရဲ့အပင်ကတော့ အကြီးကြီးပဲ။ ပိတောက်တွေလိုပဲ။

The Health Benefits of Coffee Vs Tea

ကျွန်တော်တို့ နေ့စဉ်နှင့်အမျှ သောက်သုံးနေကြတဲ့ လဘက်ရည် သို့မဟုတ် ကော်ဖီအကြောင်း ကျန်းမာရေး ရှူ့ထောင့်မှ သိကောင်းစရာ ရှာဖွေတွေ့ရှိချက်တွေကို မျှဝေချင်ပါတယ်။ ဆောင်သင့်တာဆာင်ပြီး ရှောင်သင့်တာ ရှောင်ထားနိုင်အောင်လို့ပါ။ တစ်မျိုးစီမှာ သူ့အကျိုးကျေးဇူးနဲ့ ဘေးထွက်ဆိုးကျိုးဆိုပြီးတော့ ရှိပါတယ်။ တန်ဆေးလွန်ဘေးပေါ့။ ကျွန်တော်ကတော့ ဒီ research ကိုကြည့်ပြီး တစ်နေ့ကို one Tea and one Coffee ပဲ သောက်တော့မယ် :P

9th Anniversary of Buddha Day Ceremony - UK

The Sanatan Hindu Mandir Wembley

      Hindu တွေရဲ့ ဂုဏ်ယူစရာကောင်းလှတဲ့ ဒီ Temple ကို London ရဲ့ Wembley Area မှာ တွေ့နိုင်ပါတယ်။ တည်ဆောက်မှု ကုန်ကျစရိတ်ဟာ £16m ဖြစ်ပြီး ၁၄ နှစ်ကျော်ကြာ တည်ဆောက်ခဲ့ရပါတယ်။ အလားတူ ပုံတူ temple ကို Leytonstone area မှာလည်း တွေ့ရှိနိုင်ပါတယ်။ Wembley area မှာ ယခုလို Asian လူမျိုးတွေရဲ့ ယဉ်ကျေးမှုအဆောက်အဦးတွေအပြင် ဘောလုံးလောကမှာ ကျော်ကြားလှတဲ့ Wembley ဘောလုံးကွင်းကြီးလည်း တည်ရှိပါတယ်။ Wembley area မှာ India လူမျိုးအများဆုံးနေထိုင်ပြီး ကျွန်တော်တို့ မြန်မာလူမျိုးများ နှစ်သက်လှသော ဟင်းသီးဟင်းရွက်မျိုးစုံ (ဘူးသီး၊ မြင်းခွာရွက်၊ ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ဒန့်ဒလွန်သီး စသည်ဖြင့်) ဝယ်ယူရရှိနိုင်ပါတယ်။ ကွမ်းယာကြိုက်နှစ်သက်သူများအတွက်လည်း အမျိုးစုံလင်လှသော ဆေးမျိုးစုံဖြင့် သုံးဆောင်နိုင်ပါတယ်။ လန်ဒန်မှာ ကွမ်းမရှိဘူးလို့ ပြောလာခဲ့ရင် အဲဒီနေရာတဝိုက်ကိုသာ ခေါ်သွားလိုက်။ အဲဒီ ဧရိယာမှာ ကွမ်းစားပြီး နံရံတွေ လမ်းတွေ ထွေးကြလွန်းလို့ Council ကတောင် ဒဏ်ရိုက်မယ်လို့ သတိပေးတားမြစ်ရတဲ့ အထိပါပဲ။ ယခုလို အခြားဘာသာဝင်တွေရဲ့ Temple အကြီးကြီးတွေကို မြင်တိုင်း ကျွန်တော်တို့ မြန်မာများအတွက် Community

N-Photo The Nikon Magazine April 2012

Download :  N-Photo The Nikon Magazine April 2012