Skip to main content

Posts

Showing posts with the label ကိုမင်းကိုနိုင် ၄၈

ကိုမင်းကိုနိုင်၏ (၄၈)နှစ်မြောက်မွေးနေ့ ဆွမ်းကပ်လှူခြင်းအခမ်းအနားဖိတ်ကြားခြင်း (လန်ဒန်)

စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးထောင်ကျခြင်းကို ခံနေရရှာသော (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ (၄၈)နှစ်မြောက်မွေးနေ့ ဆွမ်းကပ်လှူခြင်းအခမ်းအနား နှင့် လူငယ်စကားဝိုင်းကို အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများမှ ဦးဆောင်၍ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မွေးနေ့ဆွမ်းကပ်လှူခြင်းအခမ်းအနား နှင့် လူငယ်စကားဝိုင်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသား လူငယ်မောင်မယ်များ နှင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများအနေဖြင့် တတပ်တအား ပါဝင်တက်ရောက်ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။ နေ့ရက်း 18th October 2010 (18.10.2010) အချိန်း မနက် (၁၀) နာရီ မှ ညနေ(၃) နာရီ အထိ နေရား သာသနရံသီဝိဟာရ 83 Booth Road Colindale, London, NW9 5JU ( Colindale Monastery ) - အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများ