အောက်တာဘာလဆန်း ၈ ရက် 2010 နေ့က မြန်မာနိုင်ငံအလယ်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဆည်ရေများဖောက်ချမှုကြောင့် ရေဘေးဒုက္ခခံစားနေရတဲ့ ဒုက္ခသည်များကို ထိရောက်တဲ့အကူအညီများပေးနိုင်ဖို့အတွက် လန်ဒန်ရောက် မြန်မာမိသားစုများထံမှ အောက်တိုဘာ ၁၀ ရက်နေ့မှစတင်ပြီး ရေဘေးကယ်ဆယ်ရေး အလှူငွေများ လိုက်လံကောက်ခံခဲ့ပါတယ်။ ယနေ့ချိန်ထိ လက်ခံရရှိငွေစုစုပေါင်းမှာ £1503 ဖြစ်ပါတယ်။ ပထမအကြိမ် လှူဒါန်းငွေအဖြစ် £1000 (၁၅သိန်း) ကို မန္တလေးရှိ ဗြဟ္မစိုရ်လှူမှုကူညီရေးအသင်း (အလှူငွေ (၇) သိန်း) နှင့် စိတ္တသုခ ပရဟိတ လူငယ် အဖွဲ့သို့ (အလှူငွေ (၈)သိန်း) ယနေ့ (၁၉.၁၀.၂၀၁၀) လှူဒါန်းခဲ့ပါတယ်။ ထိုအလှူငွေများကို လန်ဒန်ရောက် မြန်မာမိသားစုများကိုယ်စား ကိုထင်လင်းအေး ၊ ကိုဂျေ နှင့် ကိုညီမင်းစံ တို့မှ သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်။ ဗြဟ္မစိုရ်သို့ ရေဘေးအလှူငွေ (၇) သိန်း လှူဒါန်းစဉ် (19.10.2010) ဗြဟ္မစိုရ်မှပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာ စိတ္တသုခပရဟိတလူငယ်အဖွဲ့သို့လှူဒါန်းငွေ (၈) သိန်း (19.10.2010) စိတ္တသုခပရဟိတလူငယ်အဖွဲ့ သည် အဖွဲ့အစည်း အကြီးကြီး မဟုတ်ပေမယ့် မန္တလေးနဲ့ မန္တလေး အနီးပတ်ဝန်းကျင် ရေဘေး ဖြစ်တဲ့ နေရာတွေမှာ ထိထိရောက်ရောက် အကူအညီပေး...
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ