Skip to main content

Posts

Showing posts from 2010

ရင်ခုန်နှစ်သစ်

၂၀၁၀ ကို စွန့်ခွာပြီး ၂၀၁၁သို့ မကြာမီ ကူးပြောင်းပါတော့မယ်။ နှစ်သစ်မှာ စိတ်၏ ချမ်းသားခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။ ၂၀၁၀ ကတော့ ကျွန်တော့်အတွက် ကံတွေဆိုးခဲ့သလို ကံတွေလည်းကောင်းခဲ့တယ်။ ၂၀၁၁ မှာ ဘာတွေဆက်ဖြစ်ဦးမလဲ ... ကဲ ... ရင်ခုန်နှစ်သစ်ပေါ့ဗျာ။ ဘိုဘိုရဲ့ ရင်ခုန်နှစ်သစ်ဆိုတဲ့ သီချင်းလေး နားထောင်သွားပါဦး။ ဒီတစ်နေ့ပဲ နားထောင်ရတာ။

လန်ဒန်မြို့စာပေဟောပြောပွဲ - ဒုတိယအကြိမ်

ဗုဒ္ဓ ဓမ္မ ရသစာပေ ဓမ္မနှင့် တည်ဆောက်မယ့် အနာဂတ် ကမ္ဘာ တိပိဋကဓရဆရာတော် အရှင်ဂန္ဓမာလာ လင်္ကာရ နေရာ - St. Agnes Center Gillingham road Cricklewood NW2 1RL နေ့ရက် - ဇန်နဝါရီလ (၂) ရက်၊ တနင်္ဂနွေနေ့ အချိန် - မွန်းလွဲ (၃) နာရီမှ (၅) နာရီထိ -- မည်သူမဆိုအခမဲ့တက်ရောက်နားထောင်နိုင်ပါသည်။ ကောင်းကင် (နိုင်ငံပြု အနုပညာမဂ္ဂဇင်း) မှ စီစဉ်တင်ဆက်သည်။

Burma Independence Day Celebration & Fundraising Gig (London,UK)

'လွတ်လပ်ချင်ရင် လွတ်မြောက်အောင် ကြိုးစားရမယ်' စစ်မှန်တဲ့ လွတ်လပ်မှုကို လူတိုင်းက ကြိုက်နှစ်သက်ကြရင် အမှန်တကယ်လွတ်မြောက်ရေးအတွက် လုပ်ဖို့ရန် လူတိုင်းမှာ တာဝန်ရှိတယ်။ ရထားတဲ့ လွတ်လပ်ရေး ဆုံးရှုံးမသွားရအောင် လွတ်လပ်မှုတန်ဖိုးကို နားလည်သူတိုင်း အထူးကာကွယ်စောင့်ရှောက်ဖို့ရန်လည်း လိုအပ်တယ်၊ လွတ်မြောက်မှုနှင့် လွတ်လပ်မှုဟာ မတူဘူးဆိုတာကို ခွဲခြားနားလည်မယ်ဆိုရင် လွတ်မြောက်အောင် အရင်ကြိုးစားရပါလိမ့်မယ်။ လွတ်မြောက်မှ လွတ်လပ်နိုင်မယ်။ ဒီကနေ့ လွတ်လပ်မှုတွေဟာ အရင်က ဘိုးဘွားမိဘတွေရဲ့ ကြိုးစားအားထုတ်တွေရဲ့ ရလာဒ်သာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ ကြိုးစားမှုတွေကို ပြသဖို့ လိုအပ်နေပြီ။ ဘုန်းဘုန်းဦးဥတ္တရ သာသနရံသီဝိဟာရ - လန်ဒန်

Sharing: သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် ၈ နှစ် ချခံရ

၂၀၁၀ သင်္ကြန် အကြတ်နေ့က ရန်ကုန်မြို့ရှိ X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုအား ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်း ရိုက်ယူခြင်းကြောင့် ဖမ်းဆီးခံရသည့် ကိုစည်သူဇေယျကို ထောင်ဒဏ် ၈ နှစ် ချမှတ် လိုက်ကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက နယ်စပ် ဖြတ်ကျော်ပုဒ်မ ၁၃/၁ ဖြင့် ထောင်ဒဏ် ၃ နှစ်၊ မတရား အသင်း ဆက်သွယ် မှု ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။ စီရင်ချက်များ ချမှတ်ရာတွင် သက်သေ အထောက် အထားများ ပြည့်စုံခြင်း မရှိဘဲ တရားစွဲဆို စီရင်ချက် ချမှတ်ခြင်း ဖြစ်ကြောင်း၊ အယူခံရုံး အဆင့်ဆင့်တက်၍ အယူခံ ၀င်သွားမည် ဖြစ်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။ “ပထမတော့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ ဗီဒီယိုရိုက်တာကို မသင်္ကာလို့ စစ်ဆေးတာပဲ။ နောက်တော့မှ ဒီ ၁၃/၁ တို့ ၁၇ / ၁ တို့ဆိုတာက တရားခံပေါ်မှာ စစ်ကြောရေး ပြုလုပ်ပြီးတော့ ရရှိတဲ့ အချက်အလက်တွေနဲ့ သူတို့ တရားစွဲတင်ပြီး ပြစ်ဒဏ်ပေးတာ။ သက်သေ အထောက်အထား ခိုင်ခိုင်မာမာနဲ့ စီရင်ချက်ချတယ်လို့ မယုံကြည်ဘူး။ ဒီလိုအမှုတွေက များသော အားဖြင့် အဲ့ဒီလိုပဲ အမှုတည်ဆောက်ပြီးတော့ တရားစွဲဆို ပြစ်ဒဏ် ပေးလေ့ရှိတာကို တွေ့နေရတယ်”ဟု

ဒေါ်အောင်ဆန်း စုကြည် ကို Freewoman of Galway ခေါ် လွတ်မြောက်သူ အမျိုးသမီးဆု လက်ခံယူဖို့ ဖိတ်ကြား

အိုင်ယာလန်နိုင်ငံ Galway မြို့တော်ကောင်စီက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို Freewoman of Galway ခေါ် လွတ်မြောက်သူ အမျိုးသမီးဆု လက်ခံယူဖို့ ဖိတ်ကြားလိုက် ပါတယ်။ Galway မြို့တော်ကောင်စီဟာ ၂၀၀၅ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို Freewoman of Galway ဆု ချီးမြှင့် ဂုဏ်ပြုခဲ့တာပါ။ Via: RFA

အရိုးခံစိတ်ရင်း

သူငယ်ချင်း တိုင်းပြည်ချစ်တယ်ဆိုပြီး သူသူငါငါပြောသလို ပါးစပ်က အော်မနေပါနဲ့ သူငယ်ချင်း တိုင်းပြည်ကိုချစ်တယ်ဆိုပြီး စာတွေရေးပြီး ပြောမနေပါနဲ့ သူငယ်ချင်း တိုင်းပြည်ချစ်တယ်ဆိုပြီး လူအထင်ကြီးအောင် အိုဗာတင်းတွေ မလုပ်စမ်းပါနဲ့ သူငယ်ချင်း တိုင်းပြည်ကိုတကယ်ချစ်ရင် အရိုးခံစိတ်ရင်း၊ ဖြူစင်တဲ့စေတနာတွေနဲ့ သိုသိပ်စွာ လိပ်ပြာသန့်သန့် ကူညီပေးလိုက်ပါ ငါမင်းအတွက် သေတဲ့အထိ ဂုဏ်ယူနေမှာပါ။

Sharing: စေတနာကောင်းတွေအပြင် အဆုံးအဖြတ်ပေးနိုင်သည့် အင်အားရှိဖို့လိုပါသည်

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက် မှာ မြန်မာ့ယဉ်ကျေးမှုအဖွဲ့(နော်ဝေ) သို့ ဒေါ်အောင်ဆန်းစုကြည်မှ စကား သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒီစကားသဝဏ်လွှာကို (ဒီဗွီဘီသတင်းဌာန) က အပြည့်အစုံဖေါ်ပြထုတ်လွှင့်ခဲ့ပါတယ်။ စကား သဝဏ်လွှာမှာဖေါ်ပြထားတဲ့အောက်ပါ အချက်တွေဟာ အရေးကြီးတယ်လို့ ကျနော်ယူဆပါတယ်။ ကောက်နှုတ် ဖေါ်ပြလိုက်ပါတယ်။ - နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ နိုင်ငံရေးအကျဉ်းသားများမိသားစုများရဲ့ဒုက္ခတွေကို တကမ္ဘာလုံးကနေပြီးတော့ သေသေချာချာသိဖို့ ကျကျနနလုပ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ - ဒုတိယပင်လုံအောင်မြင်ဖို့ဟာ နားလည်မှုလွဲမှားတာတွေ ပပျောက်သွားအောင် လုပ်ပေးဖို့လိုပါတယ်။ ဒုတိယပင်လုံဆိုတာ စင်ပြိုင်လွှတ်တော်မဟုတ်ပါဘူး၊ စင်ပြိုင်အစိုးရလည်း မဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှ စင်ပြိုင်ချင်တဲ့ စိတ်နဲ့ လုပ်တာမဟုတ်ပါဘူး။ တိုင်းရင်းသားများ တကယ့်ကို ပြည်ထောင်စုစိတ်ဓါတ်နဲ့ ညီညီညွတ်ညွတ်လုပ်ဆောင်သွားဖို့ အတွက် ကျင်းပမယ့် ဒုတိယပင်လုံဖြစ်ပါတယ်၊ - အခုဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ အင်မတန်အရေးကြီးတဲ့ အခြေအနေ တခုကို ရောက်နေပါတယ်။ ကျမတို့ဟာ လမ်း ၂သွယ်က နေပြီးတော့ လမ်းတသွယ်ကို ရွေးရမှာဖြစ်ပါတယ်။ - လမ်းတသွယ်က အများပါဝင်နိုင်တဲ့လ

နှစ် ၉၀ ပြည့် အမျိုးသားနေ့အထိမ်းအမှတ် စာပေဟောပြောပွဲမှ ဟောပြောချက်များ (LA)

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက် ၂၀၁၀ နေ့က Los Angeles မှာ ပြုလုပ်ခဲ့တဲ့ နှစ် ၉၀ ပြည့် အမျိုးသားနေ့အထိမ်းအမှတ် စာပေဟောပြောပွဲမှ ဟောပြောချက်များကို ပြန်လည်မျှဝေလိုက်ရပါတယ်။ လေးစားအပ်တဲ့ စာရေးဆရာများဖြစ်ကြသော မောင်စွမ်းရည်၊ ဦးဝင်းဖေ၊ မေငြိမ်းနှင့် ခက်မာတို့ကို ဖိတ်ကြားပြီး ကျင်းပခဲ့ကြသည်။

"KACHIN STATE DAY" Event INVITATION From Kachin Community_UK

Dear Respectable Brothers and Sisters, We, the Kachin Community in the UK, are honoured to invite you to the 63rd anniversary of “Kachin State Day” event. Stretching back to history, since the birth of the “Kachin State Day” on 10th January 1948, what is known as historical day of Kachin people, it has been celebrated with spirit of unity over the past years. We, the Kachin, take pride in preserving and promoting our cultural uniqueness and traditional value, protecting territory, and advancing its interest lies in the centre heart of the Kachin. Again, on this special occasion, we, the Kachin, would cordially like to welcome you to this event, which we have distinctly crafted, comprise of various exciting programs, such as Kachin cultural show, live music and Kachin traditional food, We, therefore, sincerely would like to request you of your presence. We look forward to seeing you. Sincerely Yours, The Kachin Community (UK) ***Please find attached files for Invitation letter and Flyer

Human Rights Day protest in front of Chinese Embassy in London on 10 December 2010 with Burmese communities and North Korean Communities

ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ International Human Rights Day ဖြစ်ပါတယ်။ မြန်မာပြည်နှင့် ကိုရီးယားတို့ဟာ ကမ္ဘာပေါ်မှာ လူအခွင့်အရေးအချိုးဖောက်ခံရဆိုးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ အဲဒီလိုချိုးဖောက်နေတဲ့ စစ်အစိုးရကို ထောက်ပံ့ပေးနေတဲ့ အဓိကနိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် ယနေ့ CSW (Christian Solidarity Worldwide) မှာ ဦးဆောင်ပြီး လန်ဒန်ရောက်မြန်မာများ၊ ကိုရီးယားများ နှင့် မြန်မာ့အရေးလှုပ်ရှားသူများ လန်ဒန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အခမ်းအနားကို နေလည် ၁၂ နာရီတွင် စတင်ပြီး ၁ နာရီမှာ ပြီးဆုံးခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများမှ အမြန်ဆုံး လွတ်ကင်းပါစေ။

ဝေဒနာရှင်ကလေးငယ်များအတွက် အမေစုရဲ့မေတ္တာ

အမှောင်ကမ္ဘာထဲက ကလေးငယ်များအတွက် အမေရဲ့မေတ္တာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေရှာ ဖွေသည့် အနေဖြင့် ၎င်းရေးဆွဲထားသော ပန်းချီကား ၇ ကားကို ပို့စ်ကတ်ထုတ်၍ ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ နိုင်ငံရေး အကျဉ်းသားမိသားစုများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြုစုစောင့်ရှောက် ထားသော HIV/ AIDS ဝေဒနာရှင်များကို ကူညီရန် အပါအ၀င် လူမှုရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်သော ရန်ပုံငွေရရှိရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွန်ပျူတာဖြင့် ရေးဆွဲထားသော ပန်းချီကားများကို ပို့စ်ကတ်ထုတ် ရောင်းချမည် ဖြစ်ကြောင်း NLD လူငယ်တာဝန်ခံ တဦးဖြစ်သူ မဖြူဖြူသင်းက ပြောသည်။ Via: Irrawaddy

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်သည့် ဆောင်းပါးများထည့်ခိုင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်သည့် ဆောင်းပါးအား ယခုတပတ် ပြည်တွင်းထုတ် ဂျာနယ် ၃ စောင်ထက်မနည်းတွင် ပြန်ကြားရေးဝန်ကြီးဌာနက ထည့်ခိုင်းသည်။ ကလောင်ရှင် ငါးမင်းဆွေ ရေးသားသော ဒေါ်အောင်ဆန်းစုကြည်သို့ (၂) အမည်ရှိ ဆောင်းပါးတွင် စီးပွားရေး ပိတ်ဆို့ခြင်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်ထားကာ ဆောင်းပါးကို 7 Days ၊ ပြည်မြန်မာနှင့် News Week ဂျာနယ်များတွင် စာပေစိစစ်ရေးနှင့် မုတ်ပုံတင်ဌာနကတဆင့် ဖော်ပြစေခြင်း ဖြစ်သည်။ “စာပေစိစစ်ရေးက မထည့်မနေရ ထည့်ခိုင်းတာ။ စာမူကို စာပေစိစစ်ရေးက လာယူခိုင်းပြီးတော့ အဲဒါကို ဂျာနယ်ထဲကို ထည့်ပေးဆိုပြီး ခိုင်းတာလို့ သိရတယ်” ဟု ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တစောင်၏ အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။ Via: mizzima မထည့်မနေရဆိုပါလား ... စစ်အာဏာရှင်ဆိုတာ ဒါမျိုးပေါ့။ မြန်မာပြည်မှာ ဂျာနယ်လစ်လုပ်စားမယ်ဆိုရင် အစိုးရကိုဖားတတ်မှ အလုပ်ဖြစ်မယ့်သဘောရှိနေတယ်။

NLD အမျိုးသားအောင်ပွဲနေ့ သဘာပတိမိန့်ခွန်း

Free Download: TuneUp Utilities™ 2010!

Download Here ကွန်ပျူတာတစ်လုံးအတွက် မရှိမဖြစ် Program တစ်ခုလို့တောင်ပြောလို့ရပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ သူ့မှာပါတဲ့ 1-Click Maintenace Function ဟာဆိုရင် ကွန်ပျူတာသိပ်မကျွမ်းကျင်သူများပင်လျှင် ကောင်းစွာအသုံးပြုနိုင်ပါတယ်။ Registery ကို အကောင်းဆုံး Fix လုပ်ပေးတဲ့ Function ကိုတော့ အရမ်းနှစ်သက်ပါတယ်။ ကွန်ပျူတာ အသုံးပြုရတာ နှေးကွေးလာပြီဆိုရင် ဒီ Program လေးကို အသုံးပြုပြီး Turbo Mode နဲ့ Run ပေးလိုက်ရင် အရင်ကထက် ပိုမိုပေါ့ပါးစွာ အလုပ်ပြန်လုပ်စေမှာဖြစ်ပါတယ်။ Enjoy! :)

ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ထူးခြားသတင်း

ဘာမှ မပြောလိုတော့ပါဘူး။ သူတို့ရေးဆွဲတဲ့ဥပဒေကို သူတို့ပဲရွေးကောက်ပွဲလုပ် မေးပေးခိုင်းတော့လည်း သူတို့လူတွေ။ ဒါမှ သူတို့ မနိုင်ရင်လည်း ဘယ်သူမှ နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကို ဘေးလူက ကံ၊ ဝဋ်ကြွေးပါပဲလို့တော့ ပြောလို့မရတော့ဘူး။ ... ??? ...

သီတင်းကျွတ်ဈေးရောင်းပွဲတော် (London)

သီတင်းကျွတ်ပြီ။ မြန်မာပြည်မှာတော့ သီတင်းကျွတ်မီးထွန်းကြ၊ ပျော်ကြရွှင်ကြနဲ့ အဝေးရောက်နေသူတွေအဖို့ အရမ်းကို လွမ်းမောဖွယ်ကောင်းလှပါတယ်။ မြန်မာပြည်သီတင်းကျွတ်ကို အရမ်းသတိရတယ်ဗျာ။ ကျွန်တော့်လိုပဲ သီတင်းကျွတ်ညလေးတွေကို အဝေးတစ်နေရာကနေသတိရနေတဲ့ သူငယ်ချင်းများကို သတင်းကောင်းလေးတစ်ခု ပေးပါရစေခင်ဗျာ။ အင်္ဂလန်နိုင်ငံရောက် FFB အဖွဲ့သားများစီစဉ်သော သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို လန်ဒန်မြို့ St Agnes Centre ( Cricklewood ) မှာ အောက်တိုဘာ ၃၁ ရက်ည (ညနေ ၃နာရီခွဲမှ ည ၈ နာရီအတွင်း) မှာပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။ သီတင်းကျွတ် ဈေးရောင်းပွဲတော်တွင် မြန်မာစာကောင်းကောင်းလေးတွေကို စားချင်ပါတယ်ဆိုတဲ့သူများ အတွက် အောက်ပါအစားအသောက်များကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။ - ဂျင်းသုပ် ၊ လက်ဖက်သုပ် - မုန့်ဟင်းခါး - ကတ်ကြေးကိုက် - ကော်ပြန့်စိမ်း - ကျောက်ကြော ၊ ဆနွင်းမကင်း- နန်းကြီးသုပ် - ၀က်သားတုတ်ထိုး - ပဲပြုတ် - ကြာဇံချက် - အသုပ်စုံ - ဒန်ပေါက် - Soft Drink / Beer နှင့် မြန်မာ့ရိုးရာ မုန့်မျိုးစုံဖြစ်ပါတယ်။ ထို့အပြင် သီချင်းဆိုဝါသနာပါသူများ အတွက် Karaoke သီချင်းဆိုပြိုင်ပွဲလေးကိုထည့်သွင်းပေးထားပါတယ်။ မြန်မာ့ရိုးရာ အစားအသော

Fundraising Gig

ဂီတပွဲလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ မိဘမဲ့၊ မသန်မစွမ်းနှင့် ချို့တဲ့သောကလေးသူငယ်များအတွက် ရန်ပုံငွေရှာခြင်းဖြစ်ပါတယ်။ ဖျော်ဖြေမှုမှ ရရှိသော အမြတ်အစွန်းအားလုံးကို ဆင်းရဲသော မိသားစုများနှင့် ကလေးသူငယ်များကို အဓိကပေးလှူသွားရန် ရည်ရွယ်ပါသည်။ ထိုသို့လှူဒါန်းရာတွင် တခြားအဖွဲ့အစည်းကြီးများနည်းတူ ရေရှည်ကလေးငယ်များအား မထောက်ပံ့နိုင်သော်လည်း နေ့စဉ်လိုအပ်နေသော အစားအစာ၊ ဆေးဝါးနှင့် စာရေးကိရိယာ၊ အဝတ်အစားနှင့် ကစားစရာတို့ကို ကလေးသူငယ်များ၏လက်သို့ ပေးအပ်မှာဖြစ်ပါသည်။ မိမိ၏အချိန်၊ ငွေအနည်းငယ်ကိုပေးဆပ်ခြင်းဖြင့် ကြမ်းတမ်းခက်ထန်သော ဘဝများအတွက်မှာ လူငယ်လေးများ၏ မျက်နှာတကြိမ်တခါ လန်းဆန်းစေနိုင်မှာဖြစ်သလို မိမိတို့၏ ကောင်းမှုအကျိုးဆက်ပီတိကို တဝကြီးခံစားရမှာဖြစ်ပါတယ်။ ထို့ပြင် ထိုပွဲသို့လာရောက်အားပေးခြင်းဖြင့်လည်း မိတ်ဟောင်းများနှင့် ပြန်လည်တွေ့ဆုံစေသလို မိတ်ဆွေသစ်များလည်း တိုးပွားစေမှာဖြစ်ပါတယ်။ မိမိအသိုင်းအဝိုင်းအတွင်းရှိ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေးအဖြာဖြာတို့ကို သိကျွမ်းဆွေးနွေးနိုင်မှာပါ။ သို့ကြောင့် လန်ဒန်တွင်သာမက ယူကေအတွင်း၇ှိသော ညီအစ်ကိုမောင်နှမကြီးငယ်မရွေးကို မိမ

ဆရာမဒေါ်နုနုရည် (အင်းဝ) ၏ စာပေဟောပြောပွဲ

ဆရာမဒေါ်နုနုရည် (အင်းဝ) မနေ့က ဆရာမဒေါ်နုနုရည် (အင်းဝ)၏ စာပေဟောပြောပွဲ ပြုလုပ်ရာ SOAS University သို့ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်ရောက်တော့ အခမ်းအနားက စတင်နေနှင့်ပါပြီ။ သို့ပေမဲ့ မှီရာနေရာကနေ ဆက်လက်နားထောင်ဖြစ်ပါတယ်။ ဆရာမရဲ့ အမာခံပရိသတ်အတော်များများအပြင် စာပေဝါသနာပါသူ လူငယ်များတက်ရောက်ကြတာတွေ့မြင်ရပါတယ်။ ဆရာမမှ သူ့ရဲ့ဘဝဇာတ်ကြောင်း၊ စာရေးဆရာမဖြစ်လာပုံ နှင့် စာပေလောကအတွေ့အကြုံများကို ရှင်းလင်းပြောကြားပါတယ်။ ဆရာမပြောပြတဲ့ထဲမှာ သူ လူ့လောကထဲရောက်ရှိလာပုံကတော့ အင်မတန်ဝမ်းနည်းအံ့သြဖို့ကောင်းလှပါတယ်။ သူ့ရဲ့အဘွားပေးခဲ့ရတဲ့အသက်နဲ့ ရှင်ခဲ့ရတာဖြစ်ကြောင်း ငယ်စဉ်ကတည်းကပဲ အဖိုးအဖွားလက်ပေါ်မှာ ကြီးပြင်းလာရကြောင်း၊ အဖိုးနှင့်အဖွားပုံပြောပြီဆိုလျှင် အဖိုးပြောသောပုံပြင်များမှာ စိတ်ဝင်စားမှုနှင့် ဆွဲဆောင်မှုရှိကြောင်း အဘယ်ကြောင့်ဆိုသော် အဖိုးမှာ စာပေဖတ်ရှု့လေ့လာသူဖြစ်ကြောင်း စိတ်ဝင်စားဖွယ် ရှင်းပြခဲ့ပါတယ်။ လူငယ်တို့ကို "ဘယ်စာဖတ်ဖတ် ကြိုက်တဲ့စာသာဖတ်ပါ။ စာဖတ်အားများလာပြီးလျှင် ကိုယ်ရွေးခြယ်သင့်တဲ့ စာပေကို အမှန်တကယ်ရွေးခြယ်လာနိုင်လိမ့်မယ်ဖြစ်ကြောင်း" လူငယ်များ စာပေဖတ်ရှု့ရေးကို အားပေးဟောပြောသွားပါသေးတယ်။

မန္တလေးရေဘေးအတွက် လန်ဒန်ရောက် မြန်မာမိသားစုများမှ ပထမအကြိမ် လှူဒါန်ပြီးစီး

အောက်တာဘာလဆန်း ၈ ရက် 2010 နေ့က မြန်မာနိုင်ငံအလယ်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဆည်ရေများဖောက်ချမှုကြောင့် ရေဘေးဒုက္ခခံစားနေရတဲ့ ဒုက္ခသည်များကို ထိရောက်တဲ့အကူအညီများပေးနိုင်ဖို့အတွက် လန်ဒန်ရောက် မြန်မာမိသားစုများထံမှ အောက်တိုဘာ ၁၀ ရက်နေ့မှစတင်ပြီး ရေဘေးကယ်ဆယ်ရေး အလှူငွေများ လိုက်လံကောက်ခံခဲ့ပါတယ်။ ယနေ့ချိန်ထိ လက်ခံရရှိငွေစုစုပေါင်းမှာ £1503 ဖြစ်ပါတယ်။ ပထမအကြိမ် လှူဒါန်းငွေအဖြစ် £1000 (၁၅သိန်း) ကို မန္တလေးရှိ ဗြဟ္မစိုရ်လှူမှုကူညီရေးအသင်း (အလှူငွေ (၇) သိန်း) နှင့် စိတ္တသုခ ပရဟိတ လူငယ် အဖွဲ့သို့ (အလှူငွေ (၈)သိန်း) ယနေ့ (၁၉.၁၀.၂၀၁၀) လှူဒါန်းခဲ့ပါတယ်။ ထိုအလှူငွေများကို လန်ဒန်ရောက် မြန်မာမိသားစုများကိုယ်စား ကိုထင်လင်းအေး ၊ ကိုဂျေ နှင့် ကိုညီမင်းစံ တို့မှ သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်။ ဗြဟ္မစိုရ်သို့ ရေဘေးအလှူငွေ (၇) သိန်း လှူဒါန်းစဉ် (19.10.2010) ဗြဟ္မစိုရ်မှပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာ စိတ္တသုခပရဟိတလူငယ်အဖွဲ့သို့လှူဒါန်းငွေ (၈) သိန်း (19.10.2010) စိတ္တသုခပရဟိတလူငယ်အဖွဲ့ သည် အဖွဲ့အစည်း အကြီးကြီး မဟုတ်ပေမယ့် မန္တလေးနဲ့ မန္တလေး အနီးပတ်ဝန်းကျင် ရေဘေး ဖြစ်တဲ့ နေရာတွေမှာ ထိထိရောက်ရောက် အကူအညီပေး

ကိုမင်းကိုနိုင်၏ (၄၈)နှစ်မြောက်မွေးနေ့ ဆွမ်းကပ်လှူခြင်းအခမ်းအနားဖိတ်ကြားခြင်း (လန်ဒန်)

စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးထောင်ကျခြင်းကို ခံနေရရှာသော (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ (၄၈)နှစ်မြောက်မွေးနေ့ ဆွမ်းကပ်လှူခြင်းအခမ်းအနား နှင့် လူငယ်စကားဝိုင်းကို အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများမှ ဦးဆောင်၍ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မွေးနေ့ဆွမ်းကပ်လှူခြင်းအခမ်းအနား နှင့် လူငယ်စကားဝိုင်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသား လူငယ်မောင်မယ်များ နှင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများအနေဖြင့် တတပ်တအား ပါဝင်တက်ရောက်ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။ နေ့ရက်း 18th October 2010 (18.10.2010) အချိန်း မနက် (၁၀) နာရီ မှ ညနေ(၃) နာရီ အထိ နေရား သာသနရံသီဝိဟာရ 83 Booth Road Colindale, London, NW9 5JU ( Colindale Monastery ) - အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများ

Facebook Now Allows You To “Download Your Information”

Facebook အသုံးပြုတဲ့ User တွေ မိမိရဲ့ Facebook မှာရှိတဲ့ Information တွေကို Copy အနေဖြင့် Download ရယူလို့ပြီဖြစ်ပါတယ်။ မိမိရဲ့ Wall Post, ဓာတ်ပုံတွေ, notes တွေစသည်ဖြင့် မိမိရဲ့စက်ထဲကို သိမ်းယူနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုပြုလုပ်ရတယ်ဆိုတာကိုတော့ အောက်ပါ Video File က ရှင်းပြပေးပါလိမ့်မယ်။

ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် မီးထွန်းဆုတောင်းပွဲ

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် စစ်အစိုးရ၏အကြမ်းဖက်နှိမ်နှင်းမှုကြောင့် အသက်ပေးသွားရရှာသော ရဟန်းရှင်လူကျောင်းသားပြည်သူ များအားရည်စူး၍ အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများမှဦးဆောင်ပြီး မီးထွန်းဆုတောင်းပွဲကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည် မီးထွန်းဆုတောင်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားလူငယ်မောင်မယ်များ နှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအနေဖြင့် တတပ်တအားပါဝင်တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ နေ့ရက် : 19th September 2010 ( Sunday ) အချိန် : ည (၇) နာရီ မှ (10) နာရီ အထိ နေရာ : Trafalgar Square , London ( In front of The National Gallery ) -- အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများ Update : 20.9.2010 ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် မီးထွန်းဆုတောင်းပွဲတွင် ဝင်ရောက်အားပေးပါဝင်ခဲ့ကြသော ညီအစ်ကိုမောင်နှမများနှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကို အထူးကျေးဇူးတင်ရှိပါသည်။

Do Not Vote - Junta's 2010 Election in Burma

ဒီ Video လေးကို ကိုယ့်မိတ်ဆွေသူငယ်ချင်း ငါးယောက်ကို အနည်းဆုံး ပြန်လည် sharing လုပ်ပေးစေလိုပါတယ်။ မိမိရဲ့ Facebook မှာဖြစ်စေ။ Video Link ကို Gtalk, MSN, Yahoo Messenger status တွေမှာဖြစ်စေ ပြန်လည်ပြီး မျှဝေပေးစေလိုပါတယ်။ Sharing is Caring ! အမိမြေလွတ်လပ်ဖို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့။

နောက်တန်းမှုးကြီးသို့ ...

ဒီနေ့တို့တွေရဲ့ နောက်တန်းမှုးကြီးကျဆုံးတာ သုံးနှစ်ပြည့်တဲ့နေ့ အချိန်တွေသာ ကုန်လွန်ခဲ့ပေမဲ့ ဆေးရုံပေါ်မှာ နောက်ဆုံးတိုက်ပွဲဝင်နေတဲ့ သဏ္ဍာန်တွေက မေ့ပျောက်လို့မရနိုင်ခဲ့ ဘဝတစ်လျောက်လုံး သူတစ်ပါးကိုသာ ဖြည့်ဆည်းပေးဖို့ လူဖြစ်လာရသလို အစစအရာရာ ဖြည့်ဆည်းပေးခဲ့တဲ့ ကျေးဇူးတွေဟာ ကြီးမားလှတယ် တစ်ပါးသူအတွက် အနစ်နာခံရင်း ... ကိုယ့်အသက်မွေးဝမ်းကျောင်းမှုကိုလည်း သိက္ခာရှိရှိ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့တာက လေးစားအတုယူစရာ ဘဝရဲ့နောက်ဆုံးနှစ်တွေမှာ ချစ်ခင်ရသူတွေက အနီးမှာအမြဲရှိမနေနိုင်ခဲ့ ရှေ့တန်းအဝေးတစ်နေရာဆီမှာ တိုင်ပွဲဝင်နေခဲ့ကြရတာကို နောက်တန်းက အမြဲတန်းပံ့ပိုး အမြဲတမ်းစောင့်လျောက်ပေးခဲ့သူ တပ်ထွက်တို့ဖေဖေက တို့တွေရှေ့တန်းမှာ တိုက်ပွဲဝင်နေရပေမဲ့ ... ကျန်းမာရေးကျတော့ နောက်တန်းကလူအတွက် အမြဲစိတ်ပူနေရတယ်လို့ ပြောနေကျ အချိန်တန်ရင် လူတိုင်းသွားရမည့်လမ်းပါပဲ ဒါပေမဲ့ စောသေးတယ်လို့ထင်မိတယ် သူတစ်ပါးအတွက် ပံ့ပိုးရတာတွေများလို့ပဲ စောစောအနားယူသွားရတာလား တွေးမိတယ် ဘာပဲဖြစ်ဖြစ် ချစ်တဲ့ခင်တဲ့သူတွေကတော့ တစ်ရက်မှ မေ့မရတာအမှန်ပါ ပြုသောကောင်းမှုများကိုလည်း ဝမ်းသာစွာ သာဓုခေါ်ပါ အသက်ရှင်နေသရွေ့တော့ နေ့စဉ်နဲ့အမျှ လွမ်းဆွတ်နေရဦးမ

အစိုးရလုပ်မှ ပြည်သူတွေ ထောင်လုံးလုံးကျတော့တာပဲ

ဒီကနေ့ မြန်မာပြည်ကို အုပ်ချုပ်နေတဲ့အစိုးရဟာ ဘယ်လိုအစိုးရလဲဆိုတော့ အစိုးရလုပ်မှ ပြည်သူတွေ ထောင်လုံးလုံးကျတော့တာပဲ။ စဉ်းစားကြည့် ဘယ်လောက်ကောင်းလဲဆိုတာ။ အစိုးရလုပ်မှ ပြည်သူတွေမွဲတေ၊ စာရိတ္တပျက်၊ တိုင်းရင်းသားတွေ စိတ်ဝမ်းကွဲရတော့တာပဲ။ ကောင်းရော။

အာရုဏ်ဦးမှာ ရှော့ရှိတယ်

သမိုင်းကြောင်းပြောင်းပြန်လိမ်ရိုက်ကူးထားတဲ့ စစ်အစိုးရမဲဆွယ်စည်းရုံးရေးဇာတ်ကားဖြစ်တဲ့ အာရုဏ်ဦးမှာ ဖူးသည့်ကြာဇာတ်ကားကို သမိုင်းမှန်ဖြင့်ချေပရိုက်ကူးထားတဲ့ "အာရုဏ်ဦးမှာ ရှော့ရှိတယ်" အမည်ရတဲ့ ဇာတ်ကားကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ BDC (Burma Democratic Concern) မှ စတင်ရိုက်ကူးနေပြီး မကြာမီအချိန်အတွင်းမှာ ဖြန့်ချီသွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ Burma Democratic Concern (BDC) today releases the Burmese video trailer, "Ar-Yone-Oo-Mar SHOCK Shi-Tae" (Sunrise Shock). We are humbled to present the preview of our work, "Ar-Yone-Oo-Mar SHOCK Shi-Tae" (Sunrise Shock) video which is the collective efforts of the Burma democratic activists from UK. We hope that this piece could be one of the corner stones when we could write the true Burma history. We will share the video with all the democratic activists and organizations around the world as well as people inside Burma so that we can have the opportunity to see two different perspectives compare with junta's

ပဲခူးမြို့တွင်စစ်တပ်မှ အပြစ်မဲ့ပြည်သူနှစ်ဦးကို ဥပဒေမဲ့ရက်ရက်စက်စက်ကျူးလွန်ခဲ့တဲ့လုပ်ရပ်များကို ကန့်ကွက်ဆန္ဒပြခြင်း

ပဲခူးမြို့ ခလရ ၅၉ တပ်သားများနှင့် မြို့ခံလူငယ်များ ခိုက်ရန်ဖြစ်ပွားမှုတွင် စစ်တပ်ဘက်က ပစ်ခတ်ဖြေရှင်းခဲ့ရာ ၂၃ နှစ်အရွယ် မောင်အောင်သူဟိန်းနှင့် ၁၈ နှစ်အရွယ် မောင်စိုးပိုင်ဇော်တို့ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ထိုသေဆုံသူများ၏ရုပ်အလောင်းများကိုလည်း စစ်တပ်မှအတင်းအကျပ်ဦးစီးပြီးမီးသဂြိုလ်ခဲ့ပါသည်။ ထိုဖြစ်ရပ်များအပေါ်စစ်အစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးရန် ၊ နောက်နောင် အလားတူ ကိစ္စမျိုးတွေ မပေါ်ပေါက်အောင် ထိန်းသိမ်းဆောင်ရွက်ပေးရန် နှင့် အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့ရက်စက်စက်ကျူးလွန်ခဲ့တဲ့လုပ်ရပ်များကို အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသား များကဦးဆောင်၍ဆန္ဒပြကန့်ကွက်မည်ဖြစ်ပါသည်။ ဆန္ဒပြကန့်ကွက်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် အင်္ဂလန်နိုင်ငံရှိ မျိုးချစ်မြန်မာကျောင်းသားလူငယ်မောင်မယ်များနှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအနေဖြင့် တတပ်တအားပါဝင်တက်ရောက်ကြပါရန်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ နေ့ရက် : 9 September 2010 အချိန် : နေ့လည် (၁၂)နာရီ မှ (၁)နာရီအထိ နေရာ : In front of Burmese Embassy (19A, Charles

SlideShowPro - Nice and Smart Flash Photo Gallery Maker

Web Designer များနှင့် Photographer တွေအတွက် အသုံးဝင်လှတဲ့ Flash Player တစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံတွေအပြင် ဗွီဒီယိုတွေပါ ထည့်သွင်း အသုံးပြုနိုင်ပြီး Customize လုပ်ရတာလွယ်ကူတာတွေ့ရပါတယ်။ Adobe Lightroom အတွက် Gallery extension အနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။ နမူနာပုံစံတွေကို ဒီနေရာမှာ ကြည့်ရှူ့နိုင်ပါတယ်။ အောက်ပါနေရာများမှ ရှာဖွေမွှေနှောက်ရယူပါ။ Mediafire | Megaupload

Invitation for demonstration outside the Canadian High Commission

Dear Friend, We would like to invite you to the demonstration that BCUK is organising outside the Canadian High Commission in order to call the government of Canada to support a UN Commission of Inquiry into war crimes and crimes against humanity in Burma. Date : 25 - 08 - 2010 (Wednesday) Time : 12:00 - 13:00 Venue : In front of the Canadian High Commission, Canada House, Trafalgar Square, London, SW1Y 5BJ Even though Canadian Government has been a supporter of human rights and democracy in Burma, it has still not stated its supports for a UN Commission of Inquiry. Through this demonstration, we will effectively apply pressure on the officials in our attempt to persuade them! Thank you for your support. We hope to see you there. Sincerely, Elena Karamanli Campaigner The Burma Campaign UK 28 Charles Square London, N1 6HT Direct Tel: 020 7324 4721 Main Office: 020 7324 4710 Fax: 020 7324 4717 www.burmacampaign.org.uk

Meeting: UK Parliament Talk

Dear All We would like to invite you to our “ UK Parliament Talk ” meeting on 1st September 2010. It is a very good opportunity to hear the history of Parliament and UK Political Parties system. This meeting is organized by Burma Campaign UK and the speaker will be Jack Speyer. Jack Speyer OBE is a Burma Campaign UK volunteer who has a back ground of Political Activity as a Liberal Democrat. He was Chair of Liberal International (British Group) for many years; served on the Liberal Democrat Foreign Affairs Panel and Represented the Liberal Democrats at International Conferences. His interest in Burma goes back to his time as Chair of the Liberal International when he organized a "Petition on human rights abuses in Burma" that was delivered to the Burma Embassy Signed by many Liberals around the country. He retains personal contact with some Liberal Democrat MP’s and worked with them on Foreign Affairs Policy issues. As a Liberal Democrat he will also give his views on the

A Cultural Evening with the Karen People of Burma

Date: 28 - 08 - 2010 (Saturday) Time: 17.00 to 21.00 Venue: St. Ethelburga’s Centre for Reconciliation and Peace 78 Bishopsgate London EC2N 4AG Traditional Song and Music Cultural and Traditional Done Dance Traditional Handicrafts, Traditional Clothes and Raffle sale Little Daughter Book sale Ticket price Inclusive of Buffet and soft drink Ticket: Normal price: £10, Solidarity price: £15 Contact detail : May Pearl Tun: may.pearl@burmacampaign.org.uk Ba Ohn Tin : baohntin@gmail.com

22nd Anniversary of 8888 (UK)

၂၂ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားကို ယူကေရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ဦးဆောင်ပြီး အခမ်းအနားနှစ်ရပ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ပထမအခမ်းအနားအနေဖြင့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဆန္ဒပြပွဲကို လန်ဒန်မြန်မာသံရုံးရှေ့တွင် ၆.၀၈.၂၀၁၀ နေ့က ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲသို့ လန်ဒန်သို့ ခေတ္တရောက်ရှိနေတဲ့ NCGUB မှ ဝန်ကြီးချုပ်ဒေါက်တာ စိန်ဝင်းကိုယ်တိုင် ပါဝင်တက်ရောက်အားပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။ အခမ်းအနားကို နေ့လည် ၁၂ နာရီမှ ၁ နာရီထိ ကျင်းပခဲ့ပါတယ်။ Photo : Chan Mya Soe ဒုတိယအခမ်းအနားအနေဖြင့် SOAS University တွင် ရှစ်လေးလုံးနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ၈.၀၈.၂၀၁၀ နေ့က ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို နံနက် ၉ နာရီခွဲခန့်တွင် စတင်ပြီး ကျင်းပခဲ့ပါတယ်။ တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးမှ ရှစ်လေးလုံးနေ့ အမှတ်တရစကားများကိုပြောကြားခြင်း၊ ရှစ်လေးလုံး မှတ်တမ်းဓာတ်ပုံပြခန်း၊ ရှစ်လေးလုံး အောက်မေ့ဖွယ် ပြကွက်အတိုလေးများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း စသည်ဖြင့် ရှစ်လေးလုံးတွင် ကျဆုံးသွားသော ရဲဘော်များကို အောက်မေ့ဖွယ် တင်ဆက်ကျင်းပခဲ့ကြပြီး ညနေ ၅ နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ရုပ

သမိုင်းကြောင်းကို ဇောက်ထိုးမြေလှန် လုပ်ကြံပြောင်းလဲလိုသူများအား UK ရောက် ကျောင်းသားလူငယ်များ၏ ဆန္ဒပြပွဲ

လန်ဒန်ရောက် မြန်မာကျောင်းသားလူငယ်များဦးဆောင်မှုဖြင့် စစ်အစိုးရ၏ ကျောထောက်နောက်ခံ ခိုင်းဖတ်ဖြစ်သည့် မြန်မာအသင်းကြီး(UK)မှကျင်းပပြုလုပ်မည့် စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေး မဲဆွယ်စည်းရုံးပွဲ နှင့် အဆိုပါပွဲသို့ လာရောက်ဖျော်ဖြေသည့် ပြည်သူ့ကျေးဇူးကန်း၊ အမေကျော် ဒွေးတော်လွမ်းနေသည့် (အာရုဏ်ဦးတွင် ဖူးသည့်ကြာ ဇာတ်ကားတွင် သရုပ်ဆောင်ထားကြသည့်)သရုပ်ဆောင်များကို ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ ၂၀၁၀ တွင် ဆန္ဒပြ သပိတ်မှောက်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ယူကေရှိ မြန်မာကျောင်းသားများလူငယ် စုံလင်စွာတက်ရောက်ကြပြီး စစ်အစိုးရဖြုတ်ချရေး ကြွေးကြော်သံများ ဟစ်ကျွေးခြင်း၊ တက်ရောက်လာသည့် ကျောင်းသားများမှ မြန်မာအသင်းကြီး (UK) နှင့် ပက်သက်သည့် ရင်တွင်းစကားများပြောကြားခြင်း၊ အသင်းကြီးနှင့် ပက်သက်သည့် အိတ်ဖွင့်ပေးစာများ ဖတ်ကြားခြင်း၊ ကဗျာရွတ်ဖတ်ခြင်း၊ Signature Campaign ပြုလုပ်ခြင်း စသည့် လှုပ်ရှားမှုများဖြင့် တခဲနက် ဆန္ဒပြခဲ့ကြပါသည်။ ယနေ့ တက်ရောက်အားပေးကြသည့် ရောင်းရင်းများကို ယူကေရောက် မြန်မာကျောင်းသားများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါသည်။ ၈၈၈၈ (ရှစ်လေးလုံး) နှစ်ပတ်လည်နေ့ ဆန္ဒပြပွဲဖြစ်သည့် ၆.၀၈.၂၀၁၀ တွင် ပြန်လည်ဆုံတွေ့ကြပါဦးစို့

Demonstration for 22nd Commemoration of 8888 uprising in Burma

8888 uprising was a historic and remarkable event for Burma pro-democracy movement. It was a day that hundreds of thousands of students, monks, civilian and many more were scarified their lives for freedom and democracy in Burma. It was a day that we successfully brought down the Ne Win’s Military Regime. We all salute to our heroes who were brutally killed by the world worst military junta in 1988 in Burma. The spirits of 8888 will never die. We promise to our heroes that we will continue fighting for freedom. On this occasion we would like to invite you to join the demonstration as follows; Details information Date : 06/08/10 (Friday) Time : 12:00 to 13:00 Place : In front of Burma Military Dictator Embassy 19A Charles St London W1J 5DX Nearest Tube Station : Green Park Click here for MAP NOTE: PLEASE, COME AND JOIN US AT BERKELEY SQUARE GARDEN LONDON W1J 6BY AT 11:30 AM

စစ်အစိုးရ ဒေါက်တိုင် ခိုင်းဖတ်များအားဆန္ဒပြပွဲ (London-UK)

လန်ဒန်ရောက် မြန်မာကျောင်းသားလူငယ်များဦးဆောင်မှုဖြင့် စစ်အစိုးရ၏ ကျောထောက်နောက်ခံ ခိုင်းဖတ်ဖြစ်သည့် မြန်မာအသင်းကြီး(UK)မှကျင်းပပြုလုပ်မည့် စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေး မဲဆွယ်စည်းရုံးပွဲကို ဆန္ဒပြ သပိတ်မှောက်မည်ဖြစ်ပါသည်။ မြန်မာအသင်းကြီး (UK) သည် မြန်မာကျောင်းသားများ လိုအပ်သည့် အကူအညီနှင့် အထောက်အပံ့များကို မပေးသည့်အပြင် မြန်မာကျောင်းသားများကို အသင်းသို့ အဓမ္မဝင်ခိုင်းခြင်း၊ လှုံ့ဆော်စည်းရုံးရေးပွဲများအတွက် မတရားလက်မှတ်ရောင်ချခြင်း၊ သံရုံးထောက်ခံစာများ တောင်းချိန်တွင် ကျောင်းသူကျောင်းသားများထံမှ မတရားငွေညှစ်ခြင်း စသည့်ယုတ်မာရက်စက်သည့်အပြုအမူများကိုပြုလုပ်နေကြပါသည်။ ယခုလာရောက် ဖျော်ဖြေမည့် သရုပ်ဆောင်များသည်လည်း အဆိုပါအသင်းကြီးကို ထောက်ခံအားပေးကာ စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးအတွက် တစ်စိတ်တစ်ပိုင်းမှ ပံ့ပိုးပေးနေသည့် စစ်အစိုးရ၏အခွင့်ထူးခံ ပြည်သူ့ကျေးဇူးကန်းနေသည့် သရုပ်ဆောင်များ ဖြစ်ကြပါသည်။ ထို့အပြင် အဆိုပါ သရုပ်ဆောင်များသည် စစ်အစိုးရ၏ မဲဆွယ်စည်းရုံးရေး ဇာတ်ကားဖြစ်သည့် "အာရုဏ်ဦးတွင် ဖူးသည့်ကြာ" မဲဆွယ်စည်းရုံးရေးဇာတ်ကားတွင် မြန်မာ့ဖြစ်ရပ်မှန်သမိုင်းကြောင်းကို လျစ်လျူရှူကာသမိုင

Upcoming events

Demonstration for 48th Commemoration of STUDENT MASSACRE in Burma Date : 07/07/2010 (Wednesday) Time : 12:00pm - 13:00pm Venue : In front of Burmese Embassy 19A Charles Street London W1J 5DX Kachin Christian Fellowship Fundraising Date : 10/07/2010 (Saturday) Time : 15:00pm - 18:00pm Venue : Western Road, Southall, UB2 5DS London Contact : L Goon Tawng ( lgoontawng@yahoo.co.uk ) Seng Pan ( msengpan@gmail.com ) Click here for MAP. Demonstration for 22nd Commemoration of 8888 uprising in Burma Date: 06/08/2010 (Wednesday) Time: 12:00pm - 13:00pm Venue: In front of Burmese Embassy 19A Charles Street London W1J 5DX Cultural Evening with the Karen People of Burma Date : 28/08/2010 (Saturday) Time : 17:00pm - 21:00pm Venue : St Ethelburga's Centre for Reconciliation and Peace 78 Bishopsgate, EC2N 4AG Contact : Shar Mwe Hla Tun ( sawshar@gmail.com ) Mary Hla ( maryaunghla@gmail.com ) Click here for MAP.

Event: Free Burma Discussion

Free Burma discussion will be led by Joshua @ Kyaw Zwa (DVB) Joshua @ Kyaw Zwa reporter who is a reporter from Democratic Voice of Burma (DVB). Date: 28/06/2010 (Monday) Time: 18:30 Venue: Burma Campaign UK 28 Charles Square London N1 6HT Nearest Station: Old Street Station Refreshment will be provided.

FREEDOM FILM SHOW: INTO ETERNITY

Film true background brief: Every day, the world over, large amounts of high-level radioactive waste created by nuclear power plants is placed in interim storages, which are vulnerable to natural disasters, man-made disasters, and to societal changes. In Finland the world's first permanent repository is being hewn out of solid rock - a huge system of underground tunnels - that must last 100,000 years as this is how long the waste remains hazardous. Click here for more information We only have 40 FREE tickets for the movie so please let us know if you'd like to come. Just email your name and the number of guests you'd like to bring to freedomfilmclub@gmail.com About the Freedom Film Club We're hoping to show films once a month that are about Freedom, Burma and anything related to our struggle for freedom and democracy in Burma. We want the club to be a fun, informal place where you can come to watch movies for FREE. If you'd like to suggest a movie to be shown just g

65th Anniversary of Daw Aung San Suu Kyi's Birthday Celebration Events in UK

လာမည့် ဇွန်လ ၁၉ ရက်နေ့ ၂၀၁၀ တွင် ကျရောက်မည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အောက်ပါ အစီအစဉ်များကို လန်ဒန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများမှ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေအတွက် နှစ်ရှည်လများ ပေးဆပ်စတေးနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေဖြင့် မပျက်မကွက် တက်ရောက်ပါဝင်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။ Demonstration for 65th Anniversary of Daw Aung San Suu Kyi Date: 18 - 06 - 2010 (Friday) Time: 12:00 - 13:00 Venue: 19A Charles Street London W1J 5DX Nearest Station: Green Park Offering donation to the Buddhist Monks at Sasana Rmsi Vihara - for Daw Suu's Birthday Date: 19 - 06 - 2010 Time: 10 Am - onwards Venue: SASANA RAMSI VIHARA 83 Booth Road Colindale NW9 5JU London (Colindale Monastery) Nearest Station: Colindale (Northern Line) Your contribution of food & donations are cordially invited. 65th Anniversary of Daw Suu' Birthday

Invitation for 7th Commemoration of Depaeyin Massacre

Dear friend, You are cordially invited to attend 7th Commemoration of Depaeyin Massacre. Background story of Depaeyin Massacre The Depayin Massacre occurred on 30 May 2003, when at least 70 people associated with the National League for Democracy were killed by a premeditated government-sponsored mob in Burma attacking Aung San Suu Kyi's convoy when she was last free from detention. Despite the NLD and Aung San Suu Kyi being the victim of the attack, it was Aung San Suu Kyi who was placed in detention after the Massacre and still remains detained since then. Click here for more information for YOUTUBE Video We look forward to see you. 7th Commemoration of Depaeyin Massacre Date: 30-05-10 (Sunday) Time: 17:00 – 20:00 Venue: Barnet Multicultural Community Centre Algernon Road London NW4 3TA HOW TO FIND US Barnet Multicultural Community Centre Algernon Road Hendon London NW4 3TA Nearest buses: 83, 183, 32, 142 Nearest Train station: Hendon Station (Thameslink) By Car: Travelling fr

ဇာဂနာ လွတ်မြောက်ရေး ဆန္ဒဖော်ထုတ်ပွဲ လန်ဒန်တွင် ကျင်းပ

မြစ်ကြီးနားအကျဉ်းထောင်တွင် ၃၅ နှစ် မတရားအကျဉ်းကျခံနေရသည့် နိုင်ငံကျော် ဟာသရုပ်ဆောင်၊ ဒါရိုက်တာ ကိုဇာဂနာ (ခ) ကိုသူရ လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး လန်ဒန်မြို့ Tralfagar Square ရှိ Speaker's Corner တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ မြန်မာအရေးစိတ်ပါဝင်စားသူများ ပါဝင်သော ဆန္ဒပြဖော်ထုတ်ပွဲတစ်ခု ကို ယနေ့ကျင်းပပြီးစီးခဲ့သည်။ အခမ်းအနားတွင် ကိုဇာဂနာကို ကိုယ်စားပြုသည့် (Z) အက္ခရာ သရုပ်ဖော်မှု ပြုလုပ်ခြင်း၊ ကိုဇာဂနာပုံပါသည့် ရင်ထိုးများဝတ်ဆင်ခြင်း၊ နာဂစ်မုန်တိုင်းအတွက် ခံစားမှုဖြင့် ကိုဇာဂနာရေးသားထားသည့် ကဗျာကိုဖတ်ကြားခြင်း၊ တက်ရောက်လာသည့် အဖွဲ့စည်းအသီးသီးမှ ကိုဇာဂနာနှင့် ပက်သက်သည့် အမှတ်တရ စကားများပြောကြားခြင်း စသည့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။ ထို့အပြင် Burmese Theratre Workshop မှ Performance Art ဖြင့် ဖျော်ဖြေခဲ့သည့်အပြင် ဦးရွှေရိုး၊ ဒေါ်မိုး အကတို့ဖြင့်လည်း ကပြဖျော်ဖြေခဲ့ကြသည်။ အဆိုပါအခမ်းအနားကို ညနေ ၂ နာရီတွင် စတင်ကျင်းပပြီး ညနေ ၄ နာရီခန့်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ... ကိုဇာဂနာ အမြန်ဆုံးလွတ်မြောက်ပါစေ ...

ကိုနေဘုန်းလတ် PEN American Center က ချီးမြှင့်သော ၂၀၁၀ ရွှေကလောင်ဆုရရှိ

ကရင်ပြည်နယ်၊ ဘားအံ ထောင်တွင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသည့် ဘလော့ဂါ ကိုနေဘုန်းလတ်အား လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် အတွက် ကြိုးပမ်းခဲ့ သောကြောင့်၂၀၁၀ ရွှေကလောင်ဆု (2 010 PEN/Barbara Goldsmith Freedom to Write Award ) ကို ၂၀၁၀ ဧပြီ ၁၄ ရက်နေ့က ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ရွှေကလောင်ဆု ချီးမြှင့်သည့် အခမ်းအနားကို ဧပြီ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပကြောင်း သိရသည်။ ကိုနေဘုန်းလတ်ဟာ ကျွန်တော်တို့ မြန်မာဘလော်ဂါတွေအတွက်သာ မဟုတ်ဘဲ NLD လူငယ်တွေအတွက်လည်း လေးစားဂုဏ်ယူရတဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ပါတယ်။ ဒီလိုဆု ချီးမြှင့်ခံရတဲ့အတွက် ကိုနေဘုန်းလတ်အစား ဂုဏ်ယူဝမ်းမြောက်မိသလို စစ်ခွေးတွေရဲ့ မတရားချုပ်နှောင်ခံထားရခြင်းမှလည်း အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်။

Cartoon: ဗျောက်တန်းလန်းနဲ့ ၂၀၁၀ ပြည်သူ့လွှတ်တော်

ကာတွန်းဆရာ ဘီရုမာရဲ့ ၂၀၁၀ ရွေးကောက်ပွဲနှင့် အရပ်ဝတ်ပြောင်းလဲသွားကြတဲ့ မောင်သိန်းစိန်ဦးဆောင်တဲ့ ဝန်ကြီးများအဖွဲ့ကို ပြောင်လှောင်သရော်ထားတဲ့ ကာတွန်းဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာလည်း ဒီပုံစံအတိုင်းဆို သူတို့ပဲ နိုင်မည့်အလားအလာ ပိုပိုပြီးများသွားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ လူမှုရေးလုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ကိုင်သွားဖို့ ကြေငြာချက်ထုတ်ပြီးသွားပြီ ဖြစ်ပါတယ်။ ပြည်သူတွေရင်ထဲ စိတ်ထဲမှာ ဘယ်သူ့ကို တက်စေချင်တယ်ဆိုတာက တစ်သတ်မတ်တည်းရှိပြီးသားပါ။ ဒါပေမဲ့ တခြားတစ်ဘက်က ပြန်တွေးကြည့်မယ်ဆိုရင် ဘယ်သူတက်တက်ပါ ပြည်သူတွေစားဝတ်နေရေးပြေလည်ဖို့နှင့် လူ့အခွင့်ရေးရရှိဖို့က အဓိကပါပဲ။ Voa News မှ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ စစ်အစိုးရကို သရော်တဲ့ ကာတွန်းတွေ၊ သရုပ်ဖော်ပုံတွေ ရေးဆွဲနေတဲ့ ရှမ်းတိုင်းရင်းသား ကာတွန်းဆရာ ကိုဟန်လေးကို နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ Human Rights Watch က ဂုဏ်ပြုဆု ချီးမြှင့်လိုက်ပါတယ်။ ၂၀၀၉ ခုနှစ်အတွက် Hellman/Hammett ဆုကို အခုထိ အကျဉ်းကျခံနေရတဲ့ ကဗျာဆရာ စောဝေ အပြင် ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုးကိုလည်း ၂၀၀၂ ခုနှစ်မှာ ဂုဏ်ပြု ပေးအပ်ခဲ့ပါတယ

CNN မှ သတင်းထောက် Dan Rivers မြန်မာနိုင်ငံမှ ပြန်ပို့ခံရ

လွန်ခဲ့တဲ့ ၂၀၁၀ မတ်လက CNN မှ သတင်းထောက်တစ်ယောက် မြန်မာနိုင်ငံမှ ပြန်လွှတ်ခြင်းခံခဲ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ရတယ်များမှတ်နေလား မသိဘူး :P သတင်းထောက်တွေလည်း ဝင်ပေါက်တွေအများကြီးပါ။ အထူးသဖြင့် နယ်စပ်ပေါ့။ ရှိနေတာပဲ ဒါကို ရန်ကုန်ကနေ တည့်ကြီးဝင်ဝင်နေတယ်။ နိုင်ငံခြားသား သတင်းထောက်မို့တော်သေးတာပေါ့။ ဒါတောင် ဂျပန်သတင်းထောက်ကြီး ဂန့်သွားရှာသေးတယ်။ နော်ဝေက DVB အဖွဲ့သာတွေဆိုရင်တော့ ပိုဆိုးတယ်။ မြန်မာလည်းဖြစ်နေတော့ လုပ်ချင်တိုင်းကို လုပ်နေတော့တာပဲ။ ခဏဆိုပြီး ဆွဲထားတာ တစ်နှစ်လောက်ကြာတယ်။ ဒါတောင် အမိန့်မချရသေးဘူး။ မြန်မာပြည်မှာ သတင်းထောက်လုပ်တာ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ တော်ရုံတန်ရုံစိတ်ဓာတ်၊ တော်ရုံတန်ရုံ အရည်အချင်းနဲ့တော့ မရဘူး။ ပင့်ကော်၊ လုပ်ဇာတ်ခင်း၊ ပိုက်ပိုက်ရရုံရေးသားသော သတင်းထောက်များ မပါဝင်ပါ။ ပြည်တွင်းကနေ အမှန်အကန် လုပ်နေတဲ့သူတွေကိုလည်း လေးစားပါတယ်။ အဲလိုသတင်းထောက်တွေ ဘေးအန္တရာယ်လည်း ကင်းရှင်းပါစေ။ ပြည်သူကို တိကျတဲ့ သတင်းမှန်တွေလည်း ဖော်ထုတ်ပေးနိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်။ Myanmar removes CNN reporter Uploaded by CNN_International . - News v

Free Zarganar Event

Zarganar, a Burmese comedian and film director, and political prisoner. Sentenced to 35 years in prison for sending information about cyclone Nargis to foreign media. Date : 03- 05 - 2010 (World Day of Freedom of Expression) Time : 14:00 - 16:00 Venue : Trafalgar square, London, UK (Nearest station is Charing Cross) Map: click here for map . Let’s dance, laugh, speak and make jokes together, in support of Zarganar. Who ? The Free Zarganar Campaign mobilizes several organisations and private citizens from Europe and the Burmese community in exile, in order to demonstrate support and solidarity to Zarganar and to freedom of expression in Burma. Colourful umbrellas will open the event: please bring yours along! What ? a Burmese show combining theatre dance, music and comedy, given by the Burmese community in exile, and testimonies from people who have known Zarganar. For more information: http://zarganar.blog.free.fr zarganarblog@gmail.com

The Best Thingyan Remix and Dance of The Year 2010 ;)

လန်ဒန်သင်္ကြန် ၂၀၁၀ မှာ လူတွေအားပေးမှုအများဆုံးနှင့် အမြူးကြွဆုံး ဖျော်ဖြေမှု နှစ်ခုကို မျှဝေချင်ပါတယ်။ ပထမတစ်ပုဒ်ကတော့ ရွယ်တူညီမလေးများ ဖျော်ဖြေထားတဲ့ Thingyan Remix and Dance ဖြစ်ပါတယ်။ သီချင်း လေးပုဒ်ကို ရောပြီး Remix လုပ်ထားတာဖြစ်ပါတယ်။ ရွယ်တူညီမလေးများ ကပြဖျော်ဖြေတာဖြစ်တဲ့အတွက် ကကွက်တွေရော အကပါ ပိုပြီးကြည့်လို့ကောင်းတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒုတိယတစ်ပုဒ်အနေနဲ့ကတော့ လူ ၈ ယောက် Group Dance အနေနှင့် ဖျော်ဖြေတာဖြစ်ပါတယ်။ သူတို့လည်း ကကွက်တွေအများကြီးကို ကြိုးစားပမ်းစားလေ့ကျင့်ထားတဲ့အတွက် ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ ဒီအကထဲမှာတော့ ကျွန်တော်တို့ မန်းလေးက မန်းလေးသားလေးတစ်ယောက်ကတော့ Underground တွေ ဝင်ကသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအကတွေအပြင် သင်္ကြန်အကနှင့် သီချင်းတွေ သီဆိုဖျော်ဖြေမှုတွေလည်း ပါဝင်ပါသေးတယ်။ ကျန်ရှိနေသေးတဲ့ သီချင်းတွေကိုတော့ သင်္ကြန်အမှတ်တရ အနေဖြင့် အခွေထုတ်ပြီး ဘုန်းကြီးကျောင်း ရန်ပုံငွေအဖြစ်ရောင်းချသွားမှာဖြစ်ပါတယ်ခင်ဗျာ။

လန်ဒန်သင်္ကြန် ၂၀၁၀ အောင်မြင်စွာ ကျင်းပပြီးစီး

လန်ဒန်မြို့ သာသနရံသီဝိဟာရ ဆရာတော် ဦးဥတ္တရနှင့် ဆရာတော်များ ဦးဆောင်ပြီး ကျင်းပသည့် နှစ်သစ်ကူး သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၈ ရက်၊ ၂၀၁၀ နေ့က လန်ဒန်မြို့ Greenford Town Hall တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ မနက်ပိုင်းတွင် သံဃာတော်များကို ဆွမ်းဆပ်ကပ်ခဲ့ပြီး သံဃာတော်များထံမှ ပရိတ်တရားနာယူခဲ့ကြပါသည်။ ဆက်လက်ပြီး လန်ဒန်ရောက် မြန်မာမိသားစုများမှ သံဃာတော်များကို သံဃာ့ဒါနအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။ ထို့နောက် ဧည့်ပရိသတ်များအား နေ့လည်စာထမင်းဟင်းဖြင့် ဧည့်ခင်းကျွေးမွေးခဲ့ပါသည်။ ညနေပိုင်း အစီအစဉ်များအဖြစ် သင်္ကြန်သံချပ်များ၊ သင်္ကြန်သီချင်းများ နှင့် တိုင်းရင်းသားရိုးရာအက (မွန်၊ရခိုင်) တို့ဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ည ၁၁ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ ဖျော်ဖြေရေးအစီအစဉ်များတွင် လန်ဒန်မှ နန်းအမရ မြန်မာတီးဝိုင်းတို့ဖြင့်တွဲဖက်ဖျော်ဖြေကြပြီး ခေတ်ပေါ်တီးဝိုင်းအနေဖြင့် လန်ဒန်အခြေစိုက် The NOX တီးဝိုင်းက ကုသိုလ်ယူဖျော်ဖြေပေးခဲ့ပါသည်။ ဧည်သည်အဆိုတော် အန်တီမာမာအေးကလည်း ၂၀၁၀ မြန်မာနှစ်သစ်ကူးအတွက် ရေးစပ်သီဆိုထားတဲ့ မင်္ဂလာအမိမြန်မာပြည်ဆိ

အန်တီမာမာအေးရဲ့ ၂၀၁၀ မြန်မာနှစ်သစ်အတွက် အထူးသီချင်း

မင်္ဂလာ အမိမြန်မာပြည် အမည်ရတဲ့ သီချင်းကို အန်တီမာမာအေးကိုယ်တိုင် ရေးစပ်ဆီဆိုထားတာ ဖြစ်ပါတယ်။ စာသားတွေကို ကြိုက်လွန်းလို့ အခေါက်ခေါက်အခါခါ နားထောင်နေမိတယ်။ ထို့အတူ လန်ဒန်မှာရောက်ရှိနေတဲ့ အန်တီမာမာအေးနှင့် စကားစမြည်ပြောဆိုပြီးတဲ့နောက်မှာ အန်တီရဲ့ အနုပညာစွမ်းရည်နှင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ထားရှိတဲ့ စိတ်ဓာတ်ကို ဂုဏ်ယူလေးစားမိပါတယ်။ မြန်မာနှစ်သစ်ကူးမှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သလေ့ရှိကြပေမဲ့ ဒီနှစ်ကူးကတော့ မသမာသူတွေရဲ့ ဗုံးဖေါက်ခွဲမှုလက်ချက်ကြောင့် နှစ်စမှာ ဝမ်းနည်းဖွယ်ရာတွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။ နောင်မှာ မဖြစ်ပါစေနဲ့တော့လို့ ထပ်ခါထပ်ခါ ဆုတောင်းနေမိပါတယ်။ မြန်မာနှစ်သစ်ကူးပွဲတော်တွေကို ယခုအချိန် ကမ္ဘာ့နေရာအနှံ့အပြားမှာ ဝိုင်းဝန်းသိုက်မြိုက်စွာ ကျင်းပနေကြပါတယ်။ ကျွန်တော်တို့ လန်ဒန်ရောက် မြန်မာမိသားစုများ၏ အတာသင်္ကြန်ပွဲတော်ကို မနက်ဖြန်မှာ ကျင်းပမှာဖြစ်ပါတယ်။ ၄င်းပွဲတော်ဟာ လန်ဒန်ရှိ မြန်မာတွေအတွက် အစည်ကားအသိုက်မြိုက်ဆုံးနှင့် ပျော်ရွှင်စရာအကောင်းဆုံးပွဲတော်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ယခုနှစ်မှာလည်း နိုင်ငံကျော်အဆိုတော် အန်တီမာမာအေး နှင့် ရွှေတံဆိပ် ၁၉ ဆုရ ရွာစားသီရိမောင်

အန်တီမာမာအေးရဲ့ ကဗျာတစ်ပုဒ်

အန်တီမာမာအေးရဲ့ မုန်းတယ် လို့ အမည်ရတဲ့ ကဗျာလေးတစ်ပုဒ်ကို မျှဝေချင်ပါတယ်။ ရန်ကုန်မှာဖြစ်ပျက်သွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကို ခံစားရေးစပ်ထားတာဖြစ်ပါတယ်။ မုန်းတယ် သင်္ကြန်မှာ လာတိုက်တဲ့ ငမိုက်သား လူယုတ်မာ ဘယ်က ဟာတွေလဲ။ အမဲဖြစ်ဖြစ် အဖြူဖြစ်ဖြစ် မင်း … လူမှ စစ်ရဲ့လား။ ။ အများ … ဒို့ပြည်သူ ငတ်သူငတ်၊ ပြတ်သူပြတ် လူဖြစ်ကျိုးမနပ်၊ သံချပ်သံ ရပ်။ ။ ကုတ်ကပ်လို့ အပျော်ရှာ သင်္ကြန်မှာ အဖော်အသင်းတွေနဲ့ တေးသီရင်း ကလို့ခုန် ကကြိုးတောင် မစုံသေး ဗုံးပေါက်လို့ ပြေးရသတဲ့ အောင်မယ်လေး ! ကြုံဘူးပေါင် ယုန်ကိုထောင် ကြောင်ကိုမိတယ်လေး ပြည်သူ့ရင်သွေး၊ ဒို့ရင်သွေးတွေမို့ ငါမုန်းတေး သီလိုက်ရဲ့ မဟီသေလာ၊ ၀ဠာတခို အကြိုအကြား သိစေသား။ ။ လူသတ်သမား သနားမရှိ ဒုဂ္ဂတိသွား - အခြားမရှိ မုန်းပါဘိ၊ မုန်းပါဘိ၊ မုန်းပါဘိ။ ။ မာမာအေး ဧပြီ ၁၆၊ ၂၀၁၀

Free Zarganar! - An afternoon of comedy, poetry, performance and dance

Burma's most famous comedian, Zarganar, is currently serving a 35-year prison sentence for his criticism of the Burmese government's handling of Cyclone Nargis which hit Burma on 2 May 2008. The cyclone devastated the country - more than 140,000 people died and millions were made homeless. To mark World Press Freedom Day 2010 and to pay tribute to our brave colleague Zarganar, the Free Zarganar Campaign coalition will be holding a lively and colourful afternoon of comedy, poetry, performance and dance at Speaker’s Corner – the home of Free Speech in the UK – and will be calling for his immediate release. Everyone is welcome to come and join in, so do spread the word! Please wear red to help show your support and bring along an umbrella - the more colourful the better - to take part in our umbrella stunt. Who is Zarganar? Burmese poet, comedian, filmmaker and actor, Zarganar, has long been an outspoken critic of Myanmar’s military government. He was most recently arrested on 4 J

2010 Myanmar Thingyan ( Bay Area, N. California )

ဧပြီလ ၄ ရက်နေ့ Bay Area, N. California တွင် မြန်မာမိသားစုများ ကျင်းပပြုလုပ်ခဲ့သော သင်္ကြန်ပွဲအမှတ်တရ ဓာတ်ပုံများဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ဗုံးသတင်းကြောင့် စိတ်မကောင်းဖြစ်ရတယ်ဗျာ။ နှစ်သစ်ကူးကို ညစ်နွမ်းအောင်လုပ်တဲ့အတွက် ကန့်ကွက် ရှုံ့ချပါတယ်။