Skip to main content

Posts

Showing posts from May, 2008

Alexa Top 10 Sites in Global, UK and US

Alexa , The Web Information Company ကနေပြီး traffic ranking အရ စာရင်းပြုစုထားတဲ့ Top Sites တွေထဲကနေပြီးတော့ Global, UK နှင့် US မှာ popular အဖြစ်ဆုံး Top 10 websites တွေကို သူငယ်ချင်း မိတ်ဆွေများသို့ မျှဝေ ဖော်ပြလိုက်ရပါတယ်။ အစားကောင်း၊ အသောက်ကောင်းတွေ စားရသောက်ရတဲ့အခါ မိတ်ဆွေကောင်းတွေကို သတိရသလိုပဲ အင်တာနက်မှာလည်း website ကောင်းကောင်းလေးတွေ (အတွေးမချော်ပါနှင့် :P) တွေ့ရင် Online ကမိတ်ဆွေတွေကို မျှဝေပေးတာဟာ IT ခေတ်ရဲ့ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေပါပြီ။ Country တွေထဲမှာ US, China, UK, Russia စသည့်နိုင်ငံတွေကတော့ Hot အဖြစ်ဆုံးပဲ။ Global Top 10 Sites Yahoo Google YouTube Windows Live Microsoft Network (MSN) Myspace Wikipedia Facebook Blogger Yahoo!カテゴリ more ... UK Top 10 Sites Google UK Yahoo Windows Live Facebook Google Youtube BBC Newsline Ticker EBay UK Microsoft Network (MSN) Wikipedia more ... US Top 10 Sites Google Yahoo Myspace Youtube Facebook Windows Live Wikipedia Microsoft Network (MSN) EBay AOL more ... နိုင်ငံအလိုက်ကြည့်နိုင်တဲ့ စာရင်းတွေထဲမှာ မြန်မာပြည်တော့ မပါသေးပါဘူး။ ဒါပေ

ရွှေမန္တလေးတွင် ရှေးဟောင်းဘုရားများ ပေါ်ထွက်လာ

မန္တလေးမှ သူငယ်ချင်း နှစ်ကူး ဆီကနေ ဒီနေ့ email တစ်စောင်ကို ရရှိခဲ့ပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ ရွှေမန္တလေးမှာ ရှေးဟောင်းဘုရားတွေ ပေါ်ထွက်လာတဲ့ အတွက်ကြောင့်ပါ။ ပေါ်ထွက်လာတဲ့ ရှေးဟောင်းဘုရားတွေအကြောင်း သူဖော်ပြထားသလောက်ကတော့ ... မန်းလေးမှာ ဘုရားနှစ်ဆူပေါ်လာတယ်။ နှစ်ရက်လောက်ရှိပြီတဲ့။ ဒီနေ့သွားကြည့်လာခဲ့တယ်။ ၃ ဆူပေါ်တာ ၂ ဆူပဲဆယ်လို့ရတယ်။ တစ်ဆူက ပြန်ပျောက်သွားတာတဲ့။ မြစ်လယ်မှာပေါ်တာ။ အဲ့ဒီကိုသွားချင်ရင် ၄၁လမ်း အနောက်ထဲ တန်းတန်းဆင်းတွားရင်ရောက်ပြီ။ မြစ်ဆိပ်က ရန်မျိုးလုံ ဆုတောင်းပြည့်မြတ်စွာဘုရားမှာ ခေတ္တစံပါယ်နေတယ်။ ဘုရား တစ်ဆူက ထုထည်အကြီးကြီးပဲ။ နောက်တစ်ဆူက ဟိုတစ်ဆူထက်တော့ နည်းနည်းသေးတယ်။ ရှေးဟောင်းဘုရားလို့တော့ ပြောတာပဲ။ ဓါတ်ပုံရိုက်လာခဲ့တယ်။ အဝေးရောက် သူငယ်ချင်းများအားလုံး ဖူးကြဖို့အတွက်... သူငယ်ချင်း နှစ်ကူးလိုပဲ ကျွန်တော်လဲ ဘုရားများကို သူငယ်ချင်းများအားလုံး ဖူးမျှော်နိုင်ဖို့ရာ ဓာတ်ပုံများကို blog မှတဆင့် ပြန်လည်ဝေမျှလိုက်ရပါတယ်။ ဓာတ်ပုံတွေပို့ပေးတဲ့ နှစ်ကူးကိုလဲ အထူးကျေးဇူးတင်ပါတယ်။ ဘုရားတွေပေါ်ထွက်လာခြင်းနှင့်အတူ နိမိတ်တွေ၊ တဘောင်တွေလည်း ပေါ်လာပါလိမ့်ဦးမည်။

စာမေးပွဲ စစ်ပြီးပါပြီလား

အချိန် - Time အချိန်ဆိုတာ လောကကြီးကနေ လူတိုင်းအတွက် ဘက်မလိုက်ဘဲ ညီတူညီမျှ ခံစားခွင့်ရကြတဲ့ လက်ဆောင်မွန် တစ်ခု ဒါပေမဲ့ ... အဲဒီအချိန်အတွင်းမှာပဲ တစ်ချို့တွေ အောင်မြင်သွားကြတယ် တစ်ချို့တွေ ကျရှုံးသွားကြတယ် အဲဒီအချိန်အတွင်းမှာပဲ တစ်ချို့တွေ ချမ်းသာသွားကြတယ် တစ်ချို့တွေ ဆင်းရဲသွားကြတယ် အဲဒီအချိန်အတွင်းမှာပဲ တစ်ချို့တွေ ကွယ်လွန်သွားကြတယ် တစ်ချို့တွေ မွေးဖွားလာကြတယ် မိတ်ဆွေ ... သင်ရော ... သင့်အချိန်တွေကို ဘယ်လိုနည်း/ဟန်နဲ့ အသုံးပြုနေသလဲဆိုတာ သင့်ကိုယ်သင် စာမေးပွဲ စစ်ပြီးပါပြီလား -- အေးချမ်းမဉ္ဖူ

Kate and Gin Canine freestyle

ဒီနေ့ Britain's Got Talent semi final ပြိုင်ပွဲအပြီးမှာ သူတို့နှစ်ယောက်ဟာ Final ကိုထိုက်တန်စွာ ရောက်ရှိလို့သွားပါပြီ။ တကယ့်ကို ကြည့်ပြီးရင်း ကြည့်ချင်နေတဲ့ ပြကွက်တွေပါပဲ။ အခု video clip ကတော့ ဒီနေ့ပြိုင်ပွဲအပြီး ပြကွက်တွေမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ပြိုင်ပွဲအပြီး ပြကွက်တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ အဲဒီခွေးသာ BGT ရသွားခဲ့ရင်တော့ ... :)

Dalai Lama receives Honorary Doctorate from London Met

The spiritual leader of Tibet accepted the Honorary Doctorate in person at an event held in his honour at the Chartered Institute of Insurance Hall in Moorgate, London. London Metropolitan University conferred the Doctorate on His Holiness in recognition of his outstanding achievements in promoting peace globally as well as for his inspirational spiritual guidance and leadership. The Honorary Doctorate is the first that His Holiness has received from a London University and the third from a UK University. read more ... Photos from the event

Hitler is alive in Burma by Ellen Page

Hitler ထက်မိုက်တဲ့လူ ကျွန်တော်တို့ မြန်မာပြည်ထဲမှာရှိနေတာ ဂုဏ်ယူစရာပါ။ သိတဲ့အတိုင်း ဟစ်တလာက တစ်ခြားလူမျိုးတွေကိုပဲ သတ်တယ်။ ကျွန်တော်တို့ တိုင်းပြည်ထဲက အထက်ပါ ပုဂ္ဂိုလ်ကတော့ ကိုယ့်လူမျိုးကို ကိုယ်ပြန်သတ်တယ်။ နံပါတ်တစ် နေရာကို မကြာခင် ရောက်တော့မှာပါ။ [ World's Worst Dictators ] Via : http://www.BURMAITCANTWAIT.org

Babylon 7

English စာလုံးတစ်လုံးရဲ့ အဓိပ္ပာယ်ကို သိဖို့အတွက် အင်တာနက်ထဲမှာရှိတဲ့ Dictionary website တွေမှာလည်း ရှာစရာမလိုဘူး၊ Dictionary စာအုပ်ကိုလည်း လှန်စရာမလိုတော့ဘူးဆိုရင် မိတ်ဆွေ နည်းနည်းတော့ စိတ်ဝင်စားမယ်ထင်ပါတယ်။ မှန်ပါတယ်။ အဲဒီ ဒုက္ခတွေ ကင်းဝေးဖို့အတွက် Babylon ကို အသုံးပြုဖို့အကြံပေးပါရစေ။ အကြိုက်ဆုံးတစ်ခုကတော့ အင်တာနက်မှာ စာဖတ်နေရင်း မသိတဲ့စာလုံးတစ်ခု ပါလာပြီဆိုရင် စာလုံးပေါ်မှာ mouse pointer သွား၊ control key နှင့် mouse click လုပ်ကာ အသုံးပြုနိုင်ခြင်းပါပဲ။ Babylon 7 is the world's leading dictionary and translation software in over 75 languages. No more spelling mistakes or time wasted looking for the correct word or translation. With Babylon 7, reading and writing in all languages is easier, faster and more efficient. Babylon 7 does all the work for you with great new automatic features: Spell check of your online text entry, Smart dictionary to and from any language and Auto completion of your query terms. Features Single Click Activation - Simple and intuitive to use Full te

5th Anniversary of Buddha Day Celebration - UK

သာသနာ သက္ကရာဇ် ၂၅၅၁ မြန်မာသက္ကရာဇ် ၁၃၇၀၊ ကဆုန်လဆန်း ၁၄ရက် ဒီနေ့ မနက်စောစော ၆ နာရီလောက်တည်းက နိုးနေသည်။ အခန်းစည်းလေးကို ဖယ်ပြီး အပြင်ကိုလှမ်းကြည့်လောက်တော့ ရှင်နေမင်းက ၀င်းပလျှက်။ စိတ်ထဲမှာ ကြည်နူးမိသွားသည်။ အကြောင်းမှာ အင်္ဂလန်တွင် အခမ်းအနား (သို့) ပွဲလုပ်တိုင်း ရာသီဥတုက အနည်းနှင့်အများတော့ နှောက်ယှက်တတ်သည်။ ဒီနေ့တော့ လောကကြီးကို မင်္ဂလာပါလို့ နှုတ်ဆက်ပြီး ကျေးဇူးတင်စကား ပြောရမလို ဖြစ်နေပြီ။ ဤသို့ဖြင့် ဗုဒ္ဓနေ့အခမ်းအနားသို့ တက်ရောက်ပူဇော်ရန်အတွက် ကျွန်တော်နှင့် မိတ်ဆွေနှစ်ယောက် ဗုဒ္ဓနေ့ ကျင်းပရာ Ealing Town Hall သို့ ချီတက်ခဲ့ကြပါတော့သည်။ ဗုဒ္ဓနေ့အမှတ်တရ ရင်ထိုး တက်ရောက်လာကြတဲ့ ဆရာတော်များနှင့် အခမ်းအနားမှုး ဦးမောင်မောင်သန်း (BBC) ဆရာတော်များကို ဆွမ်းကပ်လှူ ကုသိုလ်ယူကြစဉ် ဧည့်သည်တော်များအတွက် အခမဲ့ ဘူဖေး ဒေါက်တာလှဘူး နှင့် ပန်းချီ ကိုထိန်လင်းတို့မှ ဗုဒ္ဓနေ့ ဂုဏ်ပြုတေးများဖြင့် ပူဇော် နိဗ္ဗာန်ရောက်ကြောင်း တရားနာ ဒေါင်းအိုးဝေေ၀အငြိမ့် မောင်မယ်များကလည်း ဗုဒ္ဓနေ့ကို တတပ်တအား ပူဇော် အခမ်းအနားပြီးဆုံးတဲ့အထိ နေမယ်လို့ ရည်ရွယ်ထားခဲ့ပေမယ့် နေသိပ်မကောင်းဖြစ်နေတဲ့ကျွန်တော် အငြိမ့်မပြီးခင်မှာပဲ အိမ်ပြန်ခဲ့ရပ

Bagan, Heart of Myanmar

ပူဇော်၍မကုန် ရွှေစည်းခုံ ဆည်းဆာနှင့်အတူ နေ၀င်ရှူ့ခင်း မြစ်မင်းဧရာ မျှော်၍ကြည့်သည် ပုဂံမျှော်စင်မှသည် ပုဂံကို သတိရနေတာနဲ့ ၂၀၀၇ ဒီဇင်ဘာလတုန်းက ပုဂံကိုရောက်ခဲ့တုန်း ရိုက်ထားတဲ့ ပုံတွေကို တင်လိုက်တာပါ။ မဟာဆန်တဲ့ ပုဂံဟာ ကျွန်တော့်အတွက်တော့ မြန်မာပြည်မှာရှိတဲ့ မြို့တွေထဲမှာ အသွားချင်ဆုံး၊ သွားလည်လို့ မရိုးနိုင်တဲ့ မြို့ထဲမှာ တစ်မြို့အပါအ၀င်ပါပဲ။ ထို့ကြောင့်လည်း ပုဂံကို စရောက်သည်နှင့် မနားဘဲ ကင်မရာတစ်လုံး ကိုင်ဆောင်ပြီး ဘုရားတွေ၊ ရှူ့ခင်းတွေဆီသို့ ခြေဦးလှည့်ခဲ့သည်က များသည် :)

Favorite quote of the moment

ဘယ်သူ ရေးထားတယ်ဆိုတာတော့ အတိအကျ မမှတ်မိတော့ပါဘူး။ Executive မဂ္ဂဇင်းထဲမှာ ဖတ်မိခဲ့လို့ မှတ်မိနေတာပါ။ အခုလက်ရှိအချိန်မှာတော့ အဲဒီစာသားလေးတွေကို အကြိုက်ဆုံးပဲ။

Free Phone Call to Myanmar by Rebtel

ကျွန်တော် စမ်းသပ်ခေါ်ဆိုပြီးသွားပါပြီ။ ခေါ်လို့ ရပါတယ်ခင်ဗျာ။ မိမိ Hand Phone ၌ ရှိပြီးသား credit ကို တော့ ဂျုတ်(စား) သွားပါတယ်။ ဒါပေမဲ့ Line Phone နဲ့တော့ မရပါ။ Weekend free ရတဲ့သူတို့၊ stop the clock ရထားတဲ့သူတွေကတော့ ဖြတ်လား၊ မဖြတ်ဘူးလားတော့ မပြောတတ်ပါ။ Call Your Loved Ones in China and Myanmar Disaster Areas People are in desperate need of help in China and Myanmar (Burma). Rebtel wants to help. We make this offer with no strings attached. For the next week you may use Rebtel completely free of charge to contact your friends, family and colleagues in China and Myanmar to make sure they’re okay and offer your help. How it works 1. Enter phone number Enter your mobile number and your friend’s number in China or Myanmar 2 . Get local number We give you local number where you live for you to reach your friend 3 . Save number and call Dial the local phone number to speak with your friend in China or Myanmar Join here to get started or log-in if you are an existing user. One more thing

ရဲတိုက် (သို့) တောင်ကြီးသားတစ်ယောက်

ဒီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း ကို Online မှာ ဖတ်ကြည့်လိုက်တော့ သူငယ်ချင်း ရဲတိုက် (လင်းထွန်း) ကို မျက်နှာဖုံးရှင်အဖြစ်သာမက အင်တာဗျူးအနေနဲ့ပါ ပါလာတာ တွေ့လိုက်ရတယ်။ သူငယ်ချင်း တစ်ယောက် အောင်မြင်မှုတွေ ရနေပြီပဲလို့ တွေးပြီး ၀မ်းသာသွားတယ်။ ရဲတိုက်ကို ပရိတ်သတ် စပြီး သိသွားစေတဲ့ ဇာတ်ကားကတော့ လူမင်း၊ တင့်တင့်ထွန်း၊ မိုးဟေကို တို့နှင့် သရုပ်ဆောင်ထားတဲ့ အမျှင် ဇာတ်ကားမှာပါ။ နောက်ပြီး Billboard တွေ ကြော်ငြာတွေမှာလည်း တွေ့လာရပါတယ်။ အထူးသဖြင့် မြန်မာဘီယာ ကြော်ငြာ၊ ပိုစတာတွေမှာ သူ့ကို အများဆုံး သတိထားမိကြပါလိမ့်မယ်။ ရဲတိုက်ရဲ့ သရုပ်ဆောင်မှုကို ကျွန်တော်ပထမဆုံး ကြည့်ဖူးတာက NO အဖွဲ့ သီဆိုထားတဲ့ ချစ်သူမသိလိုက်သောအချစ် သီချင်းလေးမှာပါ။ အဆိုတော်သာမက သရုပ်ဆောင်တွေရော၊ သီချင်းစာသားလေးတွေပါ ပြောစရာမလိုအောင် ပရိသတ် လက်ခံအားပေးခဲ့တဲ့ သီချင်းတစ်ပုဒ်ဆိုရင်လည်း မမှားပါဘူး။ သူငယ်ချင်း ရဲတိုက် ... နောင် အနာဂတ်မှာလည်း အောင်မြင်မှုတွေကို ဆက်လိုက် ပိုင်ဆိုင်နိုင်ပြီး ပရိတ်သတ်ရဲ့ လက်ခံအားပေးမှုကို အမြဲတမ်းရရှိတဲ့ အနုပညာသည်ကောင်းတစ်ယောက် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

The World Wide Telescope

The WorldWide Telescope (WWT) is a Web 2.0 visualization software environment that enables your computer to function as a virtual telescope, bringing together imagery from the best ground and space-based telescopes in the world for a seamless exploration of the universe. [ Read More ] [ Download ]

How to increase your Wi-Fi by Mark Erickson

ကြံကြံဖန်ဖန် တွေ့လည်း တွေ့တတ်တယ်။ 3G Tech ပါတဲ့ Phone နဲ့ စမ်းကြည့်လိုက်တော့ တကယ် အလုပ်လုပ်တာ တွေ့ရပါတယ်။ မိတ်ဆွေတို့လည်း စမ်းကြည့်နိုင်အောင်လို့ မျှဝေလိုက်ပါတယ်။

ဗိုက်ကလေးပြည့်ရင် တော်ပါပြီ ဆရာရယ် ...

လပွတ္တာက လေဘေးဒုက္ခသည်တွေကို နိုင်ငံတော် ၀ံကျီးခြုပ် ကိုယ်တိုင်သွားရောက် အားပေးစကားပြောနေစဉ်မှာ မှတ်တမ်းတင်ထားတဲ့ Video Clip လေးပါ။ ဒုက္ခသည်တွေထဲကနေ ဦးလေးကြီးတစ်ယောက်က အောက်ပါအတိုင်း ညဉ်းတွားသွားရှာတယ် :( ဗိုက်ကလေးပြည့်ရင် တော်ပါပြီဆရာရယ် ... ဆန်ပြုတ်လေး ဖြစ်ဖြစ် ... ဘာဖြစ်ဖြစ် နောက်ပြီး ဒီ video clip ကို မျှဝေသူ aungsayapyi ရဲ့ အခြား video တစ်ခု မှာဆိုရင် အုတ်ပုံ၊ အုတ်နံရံပိပြီး သေသွားကြတဲ့ လူတွေရဲ့အလောင်းတွေကိုလည်း တွေ့ရတယ် :( video တွေကို youtbue မှတစ်ဆင့် မျှဝေခံစားခွင့်ပေးတဲ့ aungsayapyi ကို ကျေးဇူးတင်ပါတယ်။

သူငယ်ချင်း တစ်ယောက်ထံမှ ပေးစာ

ဒီနေ့ ဒေးဒရဲဘက်ကို သွားလှူကြတယ်ကွာ။ ထောက်ပံ့ရေး ပစ္စည်းတွေက နေရာတော်တော်များများကို မရောက်ဘူး။ ကွမ်းခြံကုန်းဘက်ကိုတော့ ရောက်တယ်ကွာ။ ဒါပေမယ့် ကြားထဲက ရွာတွေကိုတော့ မဝေဘူးကွ။ ကြားထဲမှာရှိတဲ့ ရွာတွေက ငတ်နေကြတယ်ကွာ။ အိမ်တွေလဲ နေစရာ မရှိ ၀တ်စရာ မရှိနဲ့ တော်တော်သနားဖို့ကောင်းတယ်။ သူတို့ကို လှူတဲ့ပိုက်ဆံ ၅၀၀၀ လောက်ကိုကွာ တစ်ခါမှမကိုင်ဘူးဘူးတဲ့။ မုန်တွေဝေတော့လဲ ဒီလိုမုန့်တွေ မြင်တောင်မမြင်ဘူးဘူးတဲ့။ အဲဒီမုန့်ဆိုတာ ငါတို့လို သာမန်လူတန်းစားတွေတောင် ပေါပေါလောလော ၀ယ်လို့ရတဲ့ ဘီစကစ်တွေပါကွာ။ ကယ်ဆယ်ရေး စခန်းတွေမှာလဲ တစ်ချို့ အစားသောက်တွေဆို သိုးတောင်သိုးနေပြီ။ မနက်ထဲက ဝေမယ်ဆိုပြီး တန်းစီခိုင်းထားတာ ငါတို့ ပြန်လာတဲ့ညနေအထိ ဝေတောင်မဝေရသေးဘူး။ အာဏာပိုင်တွေက တော်တော်ရက်စက်နေကြတာကွာ။ ပြည်သူတွေဆီ အပြည့်အ၀မရာက်ဘူး။ ငါဆို မျက်ရည်တောင်ကျချင်တယ်။ မနည်းထိန်းထားရတယ်။ သူတို့ဆီ တိုက်ရိုက်လှူမယ်ဆိုတော့လဲ မရဘူး။ အစိုးရဆီကိုပဲ အပ်ရမယ်တဲ့။ တော်တော်စိတ်ထားယုတ်တဲ့သူတွေ။ ကျွန်တော်လည်း စာကိုဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ကိုယ်တွေ့ တွေ့မြင်လာခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း ဘယ်လိုခံစားရမလဲဆိုတာ ကိုယ်ချင်းစာတယ်။ အဲဒီတော့ ဒီလိုအြေ

သို့ ... လူမဆန်သော လူများသို့

ပြည်သူ ပြည်သားတွေ သဘာဝ ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေရတဲ့ကြားထဲမှာ ဒီ ဘာမဟုတ်တဲ့ ဆန္ဒခံယူပွဲကိုလည်း ရှေ့ဆက်ဦးမယ်။ ခင်ဗျားတို့ လူစိတ်ရော ရှိကြရဲ့လားဗျာ။ ခင်ဗျားတို့ သူများတွေရဲ့ မှိုင်းတိုက်ခံရတယ်ဆိုတာ အသာထားပါဦး။ ခင်ဗျားတို့မှာ နဂိုရှိပြီးသား လူအချင်းချင်း သနားညှာတာစိတ်၊ ဖေးမကူညီချင်စိတ်လေးတွေ ဘယ်ရောက်ကုန်တာတုန်း။ တကယ်အံ့သြတယ်ဗျာ။ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကို လာကူညီတဲ့ ကုလသမဂ္ဂ အစားအစာလေယာဉ်တွေကိုတောင် ခင်ဗျားတို့ လုပ်ချင်သလို လုပ်ပစ်လိုက်တယ်။ တော်တော် တရားလွန်တယ်ဗျာ။ ဒီအချိန်မှာ ခင်ဗျားတို့ လုပ်ချင်တာထက် လုပ်သင့်တာကို အရင်ဦးစားပေးပါလို့ တောင်းဆိုပါရစေ။ မုန်တိုင်းဘေးသင့်တဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် တကယ့်ကိုပဲ ရင်ကွဲ ဆို့နင်ဖွယ်တွေချည်းပဲဗျာ။ အဲလို သေနေတဲ့သူတွေ ဒုက္ခရောက်နေတဲ့သူတွေသာ ခင်ဗျားတို့ အမျိုးအရင်းတွေသာဆို ဘယ်လိုလုပ်မလဲ? လူသားချင်း ညှာတာ ထောက်ထားစိတ်ကလေးတော့ ထားကြဖို့ ကောင်းပါတယ်ဗျာ။ အခုလို ခင်ဗျားတို့ လုပ်နေတဲ့ လုပ်ရပ်တွေ၊ စာနာစိတ် ကင်းမဲ့မှုတွေကြောင့် နောင်တစ်ချိန်မှာ ကျွန်တော်တို့ရဲ့ မြန်မာ့သမိုင်းစာအုပ်ကို ပြန်လှန်ရမှာတောင် ရှက်တယ်ဗျာ။

ဓမ္မပါရမီမှ သဘာဝပါရမီ ဖြည့်ခြင်း

Donation Alert Image

Dear Blog Reader, I would like to request you to put (pass) the above alert image in your blog, facebook, friendster, hi5 or other social networking profiles that you belong. To put the alert image, please use the following HTML Coding : <img width="200" alt="Let's Support Victims" src="http://farm3.static.flickr.com/2167/2474727828_c771503615_o.png" height="200"/> or http://farm3.static.flickr.com/2167/2474727828_c771503615_o.png Thanks for your participation and support.

Nargis Cyclone Appeal

Video Updates 2 News Updates U.S navy ready to help cyclone-ravaged Myanmar Survivors in Delta Still Waiting for Aid Cyclone victims storm shops as aid delays bite Myanmar approves UN aid flight for cyclone relief UK Aid Agencies Launch Burma Appeal Google Homepage Links to Donation Page for Burma ရန်ကုန်လူထု အနေအစားအတွက် အသည်းအသန် လုံးပန်းနေရ နိုင်ငံတကာ အကူအညီရရေး လေဘေးဒုက္ခသည်များ မျှော်လင့် Video Updates 1 First lady Laura Bush urged the military junta in Myanmar to accept disaster assistance from the United States and other countries and organizations to help the thousands of its citizens affected by this weekend's devastating cyclone. [ source ] မုန်တိုင်း နာဂစ် ၀င်ရောက် တိုက်ခေတ်ပြီးသွားပေမဲ့ မုန်တိုင်းကြောင့်ကြောင့် ဖြစ်ပျက်ပြီး ကျန်ခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုတွေ၊ လူအသေအပျောက် သတင်းတွေကို ဆက်တိုက် ကြားနေရတာ စိတ်မချမ်းသာဘူးဗျာ :( ဒီလိုအချိန်မှာ ကျွန်တော်တို့ (ပြည်ပရောက်) မြန်မာတွေ အနေနဲ့ ကိုယ်တတ်နိုင်သလောက် ကူညီထောက်ပံ့မှုတွေ ပေးကြရအောင်ဗျာ။ ကျွန်တော်က ဒီပို့စ်ရေးပြီးသာ နှို

Tropical Cyclone Nargis

နာဂစ် မုန်တိုင်း ဒဏ်ကြောင့် မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကြားရတာ တကယ့်ကို စိတ်မကောင်းစရာပါပဲ (ကံကြီးထိုက်ပြီလား ?)။ မြန်မာအင်တာနက် မီဒီယာတွေ ဘလော့တွေမှာလည်း မုန်တိုင်းသတင်းတွေကို အဆက်မပြတ် တင်ပေးနေကြပါတယ်။ ဖုန်းလိုင်းပြတ်တောက်မှုကြောင့် ရန်ကုန်သို့ ဖုန်းခေါ်ဆိုမှု မရရှိနိုင်သေးပါဘူး။ မုန်တိုင်းနဲ့ပက်သက်တဲ့ သတင်းတွေကို အောက်ပါ အင်တာနက် (ဘလော့) စာမျက်နှာများမှာ ဖတ်ရှူ့နိုင်ပါတယ်။ ရန်ကုန်တွင် အစိုးရယန္ဒရား ရပ်ဆိုင်း ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကြောင့် အပျက်အဆီးများ ကုန်ဈေးနှုန်းတွေလည်း တက်ဦးမယ် မုန်တိုင်း အထူးသတင်း နောက်ဆုံးရ credit : mizzima , irrawady , dvb , arzarni

ဘ၀ပေါင်းစုံ ကျင်လည်ရာဌာန (၀ါ) ဈေး

သူတောင်းစားကနေစပြီး သူဌေး၊ ပညာတတ်၊ ပညာမဲ့၊ သူခိုး စသည့် လူတန်းစားပေါင်းစုံကို တစ်နေရာထဲမှာ တွေ့မြင်နိုင်တဲ့နေရာကို ဈေးလို့ သတ်မှတ်လို့ရမယ် ထင်ပါတယ်။ မိသားစုတွေရဲ့ ပျော်ရွှင်မှုမြင်ကွင်းတွေကို တွေ့မြင်နိုင်သလို ဘ၀အတွက် ရုန်းကန်နေရရှာတဲ့ ဈေးလုပ်သားတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ မိတ်ဆွေ ... တိမ်ပြာပြာ နေ့တစ်နေ့၊ saturday (သို့) sunday တစ်ရက်ရက်မှာ Open Market (မြန်မာပြည်မှာဆိုရင် အခွန်လွတ်ဈေး) ပုံစံမျိုးပေါ့ ... သွားရောက်ပြီး အလွှာပေါင်းစုံသော လူတွေရဲ့ လူနေမှုဘ၀တွေကို တွေ့မြင်ပြီး ခံစားကြည့်လိုက်ပါ။ သင် တစ်ခါမှ မခံစားရဖူးသော (သို့) မခံစားရသေးသော ခံစားမှုမျိုးကို ခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။