Skip to main content

Posts

Showing posts from 2006

2006 ရဲ့နောက်ဆုံးနေ့လေးပေါ့

H a p p y New Year 2 0 0 7 ၃၁ ဒီဇင်ဘာ ဒီနေ့ ငါ့ရဲ့စိတ်တွေ မန်းလေးကိုပဲ သတိရနေတယ် ... ဟူး။ သူငယ်ချင်းတို့ရေ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်ပြန်တော့မယ်။ ငါ မင်းတို့ကို အရမ်းသတိရတယ်။ ချမ်းအေးလွန်းတဲ့ မန်းလေးရဲ့ ဟေမာန်ဆောင်းညတွေမှာ လည်ပတ်ရင်း နှစ်သစ်ကိုကြိုဆိုခဲ့ကြတာတွေကို ငါဘယ်တော့မှ မမေ့ပါဘူးကွာ။ ငါ့အဖို့တော့ ဒီမှာ ဘာလုပ်ရမှန်းကို မသိသေးဘူး။ အိပ်ရုံကလွဲလို့ ဘာမှမရှိဘူးပေါ့ကွာ။ ဒါပေမဲ့ ည ၁၀ နာရီလောက်ကျရင်တော့ Central London ကို အပျင်းပြေ သွားမလားလို့လုပ်ထားတယ် ... မသေချာသေးပါဘူး။ စိတ်ပါမှပဲသွားတော့မယ်ကွာ။ သူငယ်ချင်းတစ်ချို့လည်း ပုဂံကိုရောက်နေကြတယ်။ အရမ်းပျော်ဖို့ကောင်းမှာပဲ။ နှစ်သစ်ကို ပုဂံမှာ တစ်ခါမှ သွားပြီး မကြိုဘူးဖူး။ သွားချင်တယ်။ မန်းလေးကျုံးလေးမှာ ဒီနေ့ည အရမ်းစည်ကားနေမှာကို မြင်ယောင်မိတယ်ကွာ။ ဘယ်နှစ်လောက်ကျမှာ မန်းလေးမှာ နယူးရီးယားကို ပြန်ပြီးကြိုဆိုဖြစ်မလဲ မသိဘူးနော်။ သြော် ပျော်ရာမှာမနေရဘဲ တော်ရာမှာပဲ နေနေရပါလား။ ပြန်တော့ဆုံဖြစ်မှာပါ မန်းလေး နှစ်သစ်ညလေးရယ်။ အခုတော့ ဝေးနှင့်နေအုံးပေါ့။ + နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အားလုံးပျော်ရွှင်နိုင်ကြပါစေခင်ဗျာ + + စိုးရိပ်ပူပန်ခြင်း ကင်း

ပျော်ရွှင်ဖွယ် XMas ပါခင်ဗျာ

မိသားစု၊ သူငယ်ချင်းများနှင့်အတူ XMas မှာပျော်ရွှင်နိုင်ပါစေ။ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာများ ကျရောက်ပါစေလို့ ဆန္ဖပြုပါတယ်။ ပျော်ရွှင်ဖွယ် XMas ငြိမ်ဝတ်စွာနားစဉ်ပါ ManU ကိုဒီည သွားဖြစ်တယ်။ ည ၁၁နာရီလောက် ထွက်ဖြစ်မယ်ထင်တယ်။ အသိတစ်ယောက်ရဲ့ ကားနှင့်သွားမှာဆိုတော့ အဆင်ပြေတယ်။ သုံးရက်လောက်တော့ နေဖြစ်မယ်ထင်တယ်။ ဝေဟင်ရေ ... XMas ည အွန်လိုင်းမှာ တွေ့ဖို့ မသေချာလောက်ဘူး။ ဟိုမှာ သုံးလို့ရရင်တော့ ၀င်ခဲ့မယ်။ ခရစ်ယာန်မဟုတ်တော့ XMas ထက် NewYear ကိုပဲ သတိရတယ်။ မန်းလေး နှစ်သစ်ကူးညတွေ အခုတော့ ငါ မကြိုဆိုနိုင်တော့ဘူးပေါ့။ မန်းလေးXMas ညလေးမှာလည်း စည်ကားနေမှာကို မျက်စိထဲ မြင်ယောင်မိပါတယ်။ မပျော်နိုင်သူများ ပျော်ရွှင်နိုင်ကြပါစေ။ ပျော်နိုင်သူများလည်း ပိုပြီးပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Flock [ The Social Web Browser ]

For Browsing, For Sharing, For Finding Out Flock is an amazing web browser built on fast and secure Mozilla technologies. View and share photos with an innovative new photo bar in the browser. Subscribe to your favorite websites to get the freshest content automatically, in summaries that are easy to save and blog. Search more quickly, more effectively, and more richly with the innovative Flock Search Toolbar. Download the Flock beta and you'll be spreading the word that there's a new way to web. [ Download Link ] ပြောထားတာတော့ အဟုတ်ပဲ။ ဟုတ်မဟုတ်သိရအောင် ကျွန်တော်တော့ စမ်းပြီး သုံးကြည့်နေတယ်။

ChinaTown, CMS နှင့် ဟိုစပ်စပ် ဒီစပ်စပ် ဓာတ်ပုံများ

အင်တာနက်ပေါ်မှနေ၍ ကမ္ဘာပတ်နေတာ တော်တော်ကြာပြီ :P အဲဒီတော့ နည်းနည်းငြီးငွေ့လာတယ်။ ထို့ကြောင့် ကျွန်တော်မျိုး မနေ့က လန်ဒန်မြို့၏ စည်ကားရာနေရာများသို့ ကင်မရာအစုတ်တစ်လုံး စွဲကိုင်လျက် အစ်မတော်ဘုရားနှင့် လျောက်လည်ခဲ့သည်။ မြို့ထဲမှာတော့ XMas အတွက်ပြင်ဆင်ထားတာတွေ တော်တော်တွေ့ရသည်။ ကင်မရာအစုတ်လေးနှင့် လက်မဆော့မီ ဖုန်းအစုတ်လေး Contract ပြည့်၍ သွားလဲရသေးသည်။ Handset (MOTOKRZR K1) အသစ်တစ်လုံး ရခဲ့သည်။ ဒီမှာ အဲဒီတစ်ခုတော့ ကောင်းသည်။ Service ကိုပဲသုံး HS က အလကား ရပြီးသား။ ထို့နောက် စိတ်လွတ်ကိုယ်လွတ် လျောက်သွားလိုက်ရာ ChinaTown ဘက်သို့ရောက်သွားခဲ့သည်။ ဤတွင် အစာအိမ်၏ တောင်းဆိုမှုကြောင့် တရုတ်ဆိုင်တစ်ဆိုင်တွင်ဝင်၍ လွေးခဲ့သေးသည်။ အတော်ကောင်းလှသော ပင်လယ်စာခေါက်ဆွဲအား အရသာရှိရှိစားသုံးခဲ့သည် :P ထို့နောက် အညတရကင်မရာလေးနှင့် ဟိုစပ်စပ် ဒီစပ်စပ်ပုံများကို ရိုက်ကူးခဲ့သည်။ တစ်ချို့ဓာတ်ပုံများမှာ ညပိုင်းရိုက်ရသည်ဖြစ်၍ သိပ်တော့ အဆင်မပြေလှပါ။ ကြည့်ကြပ်၍ ကြည့်တော်မူကြပါကုန်လော့။ အိမ်က ထွက်လာတုန်းကတော့ သိပ်မမှောင်သေး။ ဒါပေမဲ့ ဒီပုံမှာတွေ့ရတဲ့အတိုင်းပဲ ... မြူတွေတော့ ရှိနေသည်။ ရာသီဥတုကတော့ ချမ်းတုန် ချမ်းတုန် ချမ်းပဲ

ကာရံလေး

၂၀၀၁ လောက်က တော်တော်နားထောင်ဖြစ်တဲ့ သီချင်းလေးပါ။ အရမ်းခိုက်တယ်။ အဲဒီတုန်းက Okara ဆိုတဲ့အဖွဲ့က ကမ္ဘာကြီးကိုရပ်ပေးဦး ဆိုတဲ့ Album ထွက်တယ်။ ဒီသီချင်းလေးက အဲဒီထဲကပါပဲ။ ဒါပေမဲ့ အဆိုတော်တော့ မတူဘူး။ Album ထဲက ဆိုထားတာက ပိုကောင်းတယ်။ အဲဒီ Album ကိုလည်း လိုက်ရှာသေးတယ် ဘယ်လိုမှ ရှာမရတော့ လက်လျော့ထားလိုက်ရတယ်ဗျာ။ ကြယ်ပွင့်လေးများ ဆင်းသက်ပြီးတော့ ဖန်ဆင်းထားတဲ့ မင်းရဲ့အလှကို နာရီ မိနစ်စက္ကန့်တိုင်းပဲ မြင်ယောင်နေပြီသိရဲ့လား ရင်ခုန်သံတွေလဲ ထိန်းချုပ်မရတော့ စိတ်ကူးများလည်း မင်းရဲ့အနား ကြင်နာစွာ ချစ်သီချင်းလေးများ မင်းအတွက် သီဆိုချင်တယ် ချစ်သူရယ် မင်းအတွက် ... powered by ODEO

၆လ ပြည့်သောနေ့

တစ်လတစ်လကလည်း မြန်တယ်ဗျာ။ ဘာလိုလိုနဲ့ အိမ်နဲ့ဝေးတာ ၆လပြည့်သွားပြန်ပြီ။ ဒီလိုရက်ရောက်ရင် ရန်ကုန်လေယာဉ်ကွင်းကြီးက ထွက်လာတာကိုပဲ ပြန်ပြန်ပြီးမြင်မိတယ်။ ဒါပေမဲ့ တစ်နေ့နေ့တော့ အဲဒီနေရာကြီးကိုပြန်ရောက်မှာပါပဲလေ။ အခုကျောင်းကတော့ ခရစ်စမတ်အတွက်ပိတ်သွားပြီ။ ဇန်န၀ါရီ ၂ ရက်နေ့မှ ပြန်ဖွင့်မယ်။ ကျောင်းပိတ်ရက်မှာ အစကတော့ ဘယ်မှ မသွားဘူးလို့ဆုံးဖြတ်ထားတယ်။ စာတွေလည်းကြည့်စရာရှိတယ်။ စာမေးပွဲက ဖေဖော်ဝါရီ ၂ ရက် .. အားပါး .. ဘာမှမလိုတော့ဘူး။ ခရစ်စမတ်ကျရင်တော့ Manchester ကို အသိတစ်ယောက်နဲ့ သုံးလေးရက်လောက် လိုက်သွားလိုက်ဦးမယ်။ အလည်သဘောပေါ့ နောက်ပြီး ရှူ့ခင်းလေးဘာလေး ကြည့်ရင်းပေါ့။ သူကကိုယ်ပိုင်ကားနဲ့ သွားမှာဆိုတော့ အေးအေးဆေးဆေးလည်းရှိလို့ လိုက်သွားဖို့ပြောလိုက်တယ်။ နောက်ပိုင်း ရောက်ချင်မှရောက်မှာလေ။ ခရစ်စမတ်အတွက်လည်း ဒီမှာ ပြင်ဆင်ထားတာတွေက တော်တော်လှတယ်။ လာမည့်တစ်ရက်နှစ်ရောက်လောက်နေရင် မြို့ထဲသွားပြီး ဓာတ်ပုံလေးဘာလေးရိုက်မယ်လို့တော့ စဉ်းစားထားတယ်။ သွားမှာသာ သွားရမှာ တော်တော်အေးတယ်ဗျာ။ ဒီနေ့ကို -1 ရှိတယ်။ အအေးကြောက်တဲ့ ကျွန်တော့်အတွက်တော့ တော်တော်အေးနေပြီလို့ပြောလို့ရတယ်။ မော်စကိုလိုနေရာရောက်သွားရင်တော့ ဒုက္ခ

သူငယ်ချင်းပြောပြတဲ့ မန်းလေးက ဘောလုံးသတင်း

သူငယ်ချင်းတီလုံး ပြောသွားတဲ့ ဘောလုံးပွဲ ရလဒ်လေးပါ။ ကျွန်တော်ကတော့ ဘောလုံးသိပ်စိတ်မ၀င်စားပါဘူး။ ဒါပေမဲ့ မြန်မာတွေပါဝင်ကစားမှ အားပေးပါတယ်။ Sunday တုန်းကကန်ခဲ့တာဖြစ်ပါတယ်။ U23 MM (1) Vs Malaysia23 (0) လက်ရွေးစင် အသင်း မြန်မာ (2) Vs အင်ဒို (1) နဲ့ အောင်ပွဲခံခဲ့ပါတယ် မြန်မာဘောလုံးအသင်း နိုင်နေတယ်ဆိုတော့ ဘာရယ်ညာရယ်မဟုတ်ဘူး ကျွန်တော်လည်း လိုက်ပြီးပျော်မိပါတယ်။ နောက်ပိုင်းပွဲတွေမှာလည်း မြန်မာအသင်းများ ဆက်လက်အောင်ပွဲခံနိုင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ။ မန်းလေးဗထူးကွင်းကြီးထဲမှာ လူတွေအရမ်းစည်ကားနေမှာကိုတော့ မျက်စိထဲမြင်ယောင်မိပါတယ်။ ကွင်းကိုလည်း ပြုပြင်မှုတွေ လုပ်ထားတယ်လို့သိရပါတယ်။ တကယ်ကို မန်းလေးအတွက် ဂုဏ်ယူစရာပါပဲ။ သူငယ်ချင်းတွေထဲက ဘောလုံးဝါသနာအိုးများ အသဲအသန်သွားပြီး အားပေးကြမှာကို ကြိုသိနေသလိုပဲ :P ဘာမဟုတ်တဲ့ လက်ဝှေ့ပွဲလုပ်ရင်တောင် ဗထူးကွင်းကြီး အရမ်းစည်နေတတ်တာ အခုလို နိုင်ငံပွဲမျိုးဆိုတော့ ပိုပြီးစည်နေတော့မှာပေါ့ဗျာ။

ဘယ်ရမလဲ ... ဟားဟား

ဒီနေ့မနက်အစောကြီး ထပြီး ကွန်ပျူတာသုံးမယ်လုပ်တော့ ဘယ့်နှယ့်မှ အဆင်မပြေဘူး။ Blue Screen ကြီးပဲတက်တက်လာတယ်။ အင်း အဲဒီထဲက သိလိုက်ပြီ အခြေအနေတော သိပ်မကောင်းတော့ဘူးလို့။ Restart ခဏခဏ ဖြစ်ဖြစ်သွားတယ်။ တစ်ကြိမ်လောက်တော့ နည်းနည်း သီးခံသေးတယ်။ နှစ်ကြိမ် ... နည်းနည်း တင်းလာပြီ။ သုံးကြိမ် ... Format ချပလိုက်တယ်။ ပြတ်ရော။ ပြချင်အုံး BlueScreen ။ အဲဒီဒုက္ခတော့ ရှင်းသွားပါတယ်။ ဒါပေမဲ့ စက်ထဲမှာ သိမ်းထားတဲ့ Data တစ်ချို့နှင့် သီချင်းလေးတွေပါသွားတယ် :P

မန်းလေးသားများ GoogleGroup

To Join This Group Click Here

ဘာလို့ တွေးနေမိပါလိမ့် ?

XMas လည်းနီးလာပြီ NewYear လည်းနီးလာပြီ ထို့အတူ စာမေးပွဲတွေလည်း နီးလာပြီ ငါ ဘာတွေ တွေးနေမိပါလိမ့် ? သေချာတာတစ်ခုကတော့ XMas နှင့် NewYear က ငါ့ စာမေးပွဲ အတွက် ဘာမှ အထောက်အကူဖြစ်မှာ မဟုတ်ဘူးဆိုတာပဲ။ ဒါပေမဲ့ အဲဒါတွေ ဘာလို့ ငါ့ခေါင်းထဲ ရောက်ရောက်လာတာလဲ ငါ စဉ်းစားလို့မရဘူး။ ငါ့ဦးနှောက်ကို HardDisk တစ်ခုအနေနဲ့ မြင်ကြည့်မယ်ဆိုရင် ငါ့ HardDisk ကို Partition တွေခွဲထားဖို့လိုပြီထင်တယ်။

လျှပ်စစ်ဓာတ်အားနဲ့ ပက်သက်တဲ့ သတင်းလေးတစ်ခုပါ

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချရန်အတွက် သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် ဆည်များ စီမံကိန်းချ ဆောက်တည်မှုကို လက်ရှိ ထိုင်းအစိုးရအသစ် အနေနှင့် ဆက်လက်လုပ်ကိုင်ဖွယ် ရှိနေသည်ဟု သတင်းများအရ သိရပါတယ်ခင်ဗျာ ရန်ကုန်သတင်းတွေအရလည်း ဗွီဒီိယိုခွေ ငှားစားတဲ့ဆိုင်တွေက လျှပ်စစ်မီး မှန်မမှန်ပေါ်ကို မှီခိုနေတယ်လို့ သိရပါတယ် ဒါနဲ့ စကားမစပ်ဗျာ ... ကျွန်တော်တို့ ရွှေမန်းလေးမှာတော့ မီးတွေပျက်လိုက်တာ ခဏခဏပဲတဲ့ဗျာ

မေမြို့ (သို့) ပြင်ဦးလွင်

ပြင်ဦးလွင်(သို့) မေမြို့အကြောင်း ( PyinOoLwin on WWW ) အရင်က ပို့စ်တွေရေးဖူးပါသည်။ အခုလည်း ရေးပါဦးမည်။ နောင်လည်း ရေးဖြစ်မှာ သေချာပါသည်။ ဘာကြောင့်ဆိုသော် ထိုမြို့လေးမှာ အရမ်းချစ်ဖွယ်ကောင်း၍ နေချင်စရာ ကောင်းလှသော တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သောကြောင့်ဟု ဖြေရန်သာရှိပါသည်။ အခုတလော မေမြို့နှင့်ပက်သက်၍ သတင်းတစ်ခု သိထားပါသည်။ မေမြို့တွင် ပြင်ဦးလွင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် စိန်ရတုပွဲတော်ကြီးကို ဒီဇင်ဘာ ၁၀ ရက် ... အဲ ... ဒီနေ့ စတာပေါ့ဗျာ ... ဒီဇင်ဘာ ၁၀ ရက်မှ ၂၀ ရက်နေ့အထိ ခမ်းနားသိုက်မြိုက်စွာကျင်းပပါတော့မယ်။ အဲဒီသတင်းကိုကြားတဲ့ မန်းလေးသူ မန်းလေးသားတိုင်း မေမြို့ကို သွားချင်နေမည်ဆိုတာကတော့ ငြင်းဖွယ်မရှိပါ။ ထို့အတူ ကျွန်တော်လည်း မေမြို့ကို သတိရမိသည်။ အဝေးရောက်နေတဲ့ သူတွေဆိုရင်တော့ ပိုဆိုးတာပေါ့ဗျာ။ မန်းလေးသူ မန်းလေးသားတွေ အတွက်ကတော့ မေမြို့ဆိုတာ မန်းလေးပြီးရင် အချစ်ဆုံးမြို့တစ်မြို့လို ဖြစ်နေပါတယ်။ ကျောင်းပိတ်လို့အားရင် ဒါမှမဟုတ် သင်တန်းတွေမှာ အုပ်စုလိုက် အပျော်ခရီးထွက်ရင်ပဲဖြစ်ဖြစ် မိသားစုလိုက် အပန်းဖြေသွားရင်ပဲဖြစ်ဖြစ် သွားတဲ့ Direction က မေမြို့ပဲ များပါတယ်။ အခုဆိုရင် ပန်းမြို့တော်(သ

ဆရာတော် ဦးဝိသုတ နှင့် တွေ့ဆုံခြင်း

မနေ့ ကျွန်တော့်အခန်းဘေးက အခန်းကနေ ဘုန်းကြီးပရိတ်ရွတ်သံတွေ ကြားတယ်။ ပထမတော့ အဲဒီအခန်းက အစ်မကြီး ဘုန်းကြီးတရားခွေဖွင့်တာ နေမှာပေါ့လေဆိုပြီး ထင်နေတာ။ နောက်တော့ ဘယ်ဟုတ်မလဲ။ ဘုန်းကြီး ... ဘုန်းကြီးမှ တကယ့်ဘုန်းကြီး သင်္ကန်းကြီးနဲ့ :P ဒါနဲ့ ဘုန်းဘုန်းကို ရှိခိုးပြီး တရားလေး ဘာလေးနာလိုက်သေးတယ် :P ဘုန်းကြီးက မုံရွာသားဗျ။ ဒီရောက်တာ သုံးနှစ်ခွဲလောက်ရှိပြီ။ WembleyStadium နားက ကျောင်းမှာ သီတင်းသုံးတယ်လို့ပြောတယ်။ ပထမဦးဆုံးပဲဗျာ ... လန်ဒန်မှာ ဘုန်းကြီးတစ်ပါးနဲ့ စတွေ့တာ။ တရားလေးဘာလေးနာပြီးနောက် ဘုန်းဘုန်းပြန်ခါနီးမှာ အရာအားလုံးအတွက် ရည်စူးပြီး ၀ထ္ထုငွေ လှူလိုက်သေးတယ်။ ဘုန်းဘုန်းကတော ဆုတွေ အများကြီးပေးတယ်။ အကုန်ပြည့်ရပါ၏ဘုရား လို့ပဲဆုတောင်းမိတယ်။ ဖတ်မိတဲ့သူများ သာဓုခေါ်ကြပါကုန်လော့ :P အဲ ... ဘုန်းဘုန်းက ပြောသွားသေးတယ်။ နောက်လလောက် သူ့ကျောင်းမှာ ထမနဲထိုးပွဲရှိတယ်တဲ့။ လာခဲ့ပါတဲ့။ ကျွန်တော်လည်း ပြောလိုက်တယ်။ ဆက်ဆက်လာခဲ့ပါ့မယ် ဘုရား ... မရောက်ရောက်အောင်ကို လာခဲ့ပါမယ်ဘုရား။

ချစ်သူငယ်ချင်းကြီး အောင်သူရ

သူငယ်ချင်း ... ငါ ဒီနေ့ မင်းနဲ့ ဖုန်းပြောရတာ အရမ်းဝမ်းသာတယ်ကွာ။ မင်း အာလုံး အဆင်ပြေတာသိရတော့ ပိုပြီးဝမ်းသာတယ်။ ဖုန်းပြောခါစက မင်းငါ့အသံကို မမှတ်မိတာတော့ သိပ်မမိုက်ဘူး :P ဒါလည်း မဆန်းပါဘူးလေး နဲနဲလေးကြာတော့ ဝေေ၀၀ါးဝါးတော့ ဖြစ်မှာပေါ့။ မင်းလည်း မန်းလေးမှာ ပျင်းလိုက်ပျော်လိုက် ဖြစ်နေမယ်ထင်တယ်ကွာ။ ငါလည်း ဒီမှာ အဲဒီလိုပါပဲကွာ။ မင်းတို့ကတော့ နဲနဲတော်သေးတယ်။ နေမျိုးတို့ ဗိုလ်နွေးတို့ ရှိသေးတယ်လေ။ မင်းပြောမှ နယူးရီးယားကို ပိုပြီးသတိရတယ်ကွာ။ ငါတို့သူငယ်ချင်း လေးယောက် နယူးရီးယားမှာ နှစ်တိုင်းလိုလို အတူတူလည်ခဲ့ကြတာ ဒီနှစ်တော့ ငါမရှိဘူး။ မင်းတို့လည်း ပျင်းလောက်ရောပေါ့။ ငါ့ရဲ့ ဟာသတွေကိုလည်း မကြားနိုင်တော့ဘူးလေ :P ဒါပေမဲ့ မပူပါနဲ့ ငါ နယူးရီးယားညကျရင် မင်းတို့ဆီကို ဖုန်း ဆက်ဖြစ်အောင် ဆက်မယ်ကွာ။ မင်းတို့ ဘယ်ကိုရောက်နေ ရောက်နေပေါ့။ အဲဒီညကျရင်တော့ ငါလည်း ဘာလုပ်ရမှန်း မသိသေးဘူး :P တစ်ကောင်တည်းပဲ နယူးရီးယားကြိုရမလား အိပ်ပဲအိပ်နေတာကောင်းမလား ဒါမှမဟုတ် လျောက်သွားရင်နဲ့ ယမကာလေးတွေသောက်ရမလား မစဉ်းစားတတ်အောင်ပါပဲကွာ။ သေချာတာကတော့ မင်းတို့ဆီကို ဖုန်းဆက်ဖြစ်မှာပါပဲ။ မင်းတို့ဘယ်လိုလည်ကြတယ်ဆိုတာသိပြီး ငါလည်း စိတ်က

မန္တလေးဆောင်း နှင့် အတွေးများ

ကျွန်တော် အရမ်းမြင်ချင်နေတဲ့ မန္တလေးဆောင်းရဲ့ ဓာတ်ပုံတွေ ကိုဇော်မိုးအောင် ရဲ့ ကျေးဇူးကြောင့် ကြည့်ခွင့်ရသွားတယ်။ ကျေးဇူး အရမ်းတင်ပါတယ် ကိုဇော်မိုးအောင်။ ဒီပုံလေးတွေဟာ အဝေးရောက် မန္တလေးသားတွေအတွက်တော့ အရမ်းကို တန်ဖိုးရှိလှပါတယ်ဗျာ။ မနက်စောစော ကျုံးကြီးထဲမှာ ရေငွေ့လေးတွေ အထက်ကို ပျံ့လွင့်နေတဲ့ မြင်ကွင်းမျိုး ... ။ ပုံတွေကြည့်ပြီးတော့ ပြန်ချင်စိတ်တောင်ပေါက်တယ်။ ခက်တာကလည်း အတောင်မစုံသေးပဲ ပြန်ရင် ဒုက္ခလှလှတွေ့မှာ ကြောက်တယ်။ (ဟူး ... မတွေးရဲဘူး) မနှစ်က ဒီလိုအချိန်ကိုလည်း သတိရမိတယ်။ ညပိုင်းတော်တော်များများမှာ MCC - 72 (၂၈ လမ်း မင်းသီဟ ကဖေးအနီး) မှာပဲ ရှိနေတယ်။ အိပ်တော့လည်း အဲဒီမှာပဲ အိပ်ဖြစ်တယ်။ အပေါင်းအသင်းမက်တော့ အိပ်မှာထက် အပြင်မှာ အိပ်တာက ပိုများနေတယ်။ MCC မှာကလည်း ပျော်စရာကောင်းတယ်လေ။ ကျွန်တော့ရဲ့ဆရာ ကိုစစ်ကိုင်း၊ ကိုမိုး၊ ကိုတုံ ( မောင်လှ )၊ ကိုဇော်ဇော်အောင် တို့အပြင် ကျွန်တော့်ရဲ သူငယ်ချင်းတွေ ကျောင်းသားတွေပါ ညဆိုရင် ရောက်ရောက်လာတတ်တယ်။ ညဘက် အလုပ်ပြီးလို့ လဘက်ရည်ဆိုင်သွားကြပြီဆိုရင် မဟာနွယ်ဆိုတဲ့ ဆိုင်လေးက ကျွန်တော်တို့ရဲ့ ပုံမှန်နေရာလေးလိုဖြစ်နေတယ်။ တစ်ခါတစ်ခါတော့လည်း ၂၆ လမ်းပေါ်က Date၊

အလွမ်းဝေတဲ့ ဆောင်း (သို့) ဒီဇင်ဘာ

ငါ အရမ်း မျှော်လင့်နေတဲ့ ဒီဇင်ဘာကို ရောက်လာခဲ့ပြီ ဒါပေမဲ့ ငါမျှော်လင့်နေတဲ့ နေရာလေးနဲ့ ဝေးရာကို ငါရောက်နေတယ် ငါအတွက် အရမ်း ခံစားမှုတွေ ပေးတတ်တဲ့ ဒီဇင်ဘာကို ရောက်လာပြီ ဒါပေမဲ့ ဒီကိုရောက်မှ ငါ့ရဲ့ ခံစားမှုတွေ ပိုပြီးများများလာတယ် ငါ အရမ်းချစ်တဲ့ ဒီဇင်ဘာကို ရောက်လာခဲ့ပြီ ဒါပေမဲ့ ငါ အရမ်းချစ်တဲ့သူတွေ ငါအရမ်းချစ်တဲ့နေရာတွေနဲ့ ဝေးရာကို ငါရောက်နေတယ် ကဗျာဆရာတွေ သီချင်းဆရာတွေ ရေးဖွဲ့ကြတယ် နှင်းဝေတဲ့ဆောင်း တဲ့ သြော် .. ငါ့အတွက်တော့ ... အလွမ်းဝေတဲ့ ဆောင်းပါလား

လမင်းငယ်သို့ သီချင်းတစ်ပုဒ်

ဘ၀ရဲ့အစကသိပ်လှ အမိနဲ့အဖရဲ့ အနားနား ပူပင်စရာတွေဘာမှ ခေါင်းထဲမထည့် အဖြူရောင်နှလုံးသားလေး ကျွန်တော်ထွေးပွေ့ရင်း ရိုးသားမှုတွေထမ်းပိုး ပညာရှာဖို့ထွက်ခွာလာ လူတွေအလယ်ကို စရောက်တော့ ကျွန်တော်လေ အားလုံးအကောင်းမြင်သူပါ အပေါင်းအသင်းများဆိုလဲ တွယ်တာမိတဲ့စိတ် လွန်ကဲ ကျွန်တော်ဟာ သာတယ်နာတယ်မစဉ်းစား အရာရာကိုယ့်ဘက်ကသာ ပေးဆပ်လို့သာ သိပ်ချစ်ရသူလေးနဲ့ ဆုံလာခဲ့တဲ့အချိန်မှာလည်း သူမရဲ့ကွပ်လပ်များစွာ ဒိုင်ခံဖြည့်ခဲ့ဘူးပါတယ် လူတွေကို အကောင်း ကျွန်တော်မြင်ချင်ပေမဲ့ ကိုယ်ကကောင်းတိုင်းလဲ သူတို့ပြန်ကောင်းနိုင်ပါ့မလား ဆိုးတဲ့သူအတွက် ကျွန်တော်ပြန်လဲ မဆိုးချင်ဘူး အဖြူရောင်နဲ့ နှလုံးသား အခုတော့ ပျက်စီးပြီလား လမင်းငယ်သို့ သီချင်းတစ်ပုဒ် ကို ဆောင်းဦးလှိုင်ရဲ့ သီချင်းလေးတစ်ပုဒ် ... အခုတလော တော်တော်လေး နားထောင်ဖြစ်တယ်

ထွေရာလေးပါး ... ဟိုဟိုဒီဒီ

လွန်ခဲ့တဲ့ တစ်ပတ်လောက်က အခန်းမှာ Heater ပျက်နေလို့ အခန်းတံခါးတွေကို မဖွင့်ရဲဘူး။ တစိမ်စိမ့်နဲ့ လေအေးတွေဝင်လို့ ချမ်းလိုက်တာ။ အိမ်ရှင်က Heater ပျက်နေတာ လာတော့ကြည့်ရှာပါတယ်။ သူလည်း မပြင်တတ်ဘူး။ ဒါနဲ့ လာခဲ့မယ်ဆိုပြီး တစ်ပတ်လောက်နေမှ ပေါ်လာတယ်။ အတော်နောက်တဲ့သူ။ Heater ရသွားတော့လည်း ပြဿနာက နောက်တစ်ခုထပ်ပေါ်လာပြန်တယ်။ ကွန်ပျူတာ ... ဟုတ်ပါသည် ... ကွန်ပျူတာ။ စာကြည့်စာပွဲနဲ့ Heater က နဲနဲ နီးတယ်။ ကွန်ပျူတာကလည်း Fun ဘာဖြစ်နေလဲ မသိဘူး။ ဖွင့်တာအရမ်းကြာပြီဆို ဒေါင်းသွားတယ်။ ဒါနဲ့ Fun ကလေတွေ ကောင်းကောင်းအပြင်ထွက်အောင် ကွန်ပျူတာအောက်မှာ စာအုပ်လေး ခုခုထားရတယ်။ ဒါကိုပဲ တစ်ခါတစ်ခါ ရုတ်တရတ်ကြီး ဒေါင်းသွားတတ်သေးတယ်။ ငါ့နဲ့နော် ဖြစ်လိုက်ရင် အဆန်းကြီးတွေကြီးပဲ။ Service ကိုပြန်ပို့လိုက်ရင် ပိုကောင်းမယ်။ တစ်ခါတလေ Assignment တွေလုပ်နေရင်း Save လုပ်ဖို့မေ့နေတတ်တယ်။ အဲဒီချိန်မှာ ရုတ်တရတ်ဒေါင်းသွားရင် သေလောက်အောင် ခီးတယ်။ တတ်နိုင်ဘူးလေ ကိုယ့်အပြစ်နဲ့ကိုယ်ပေါ့။ ကွန်ပျူတာ အစုတ်လေး သုံးနေရတဲ့ ဘ၀ဆိုတော့။ ဒါနဲ့ အထူးအဆန်းလေးတစ်ခုပြေအုံးမယ်။ ကျွန်တော့်အိမ်ရှင် လင်မယားက အဆန်းဗျ။ ယောက်ျားက ကုလား၊ မိန်းမက တရုတ်၊ ဘယ်လိုရသွား

နောင်တ ၁၀ မျိုး

၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာ မသင်ခဲ့မိလေခြင်း။ ၂။ ဥစ္စာ မစုဆောင်းမိခဲ့လေ ခြင်း။ ၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။ ၄။ သူတပါး၏ အသက်ကို ပြစ်မှားမိခဲ့လေခြင်း။ ၅။ သူတပါး၏ မယားကို ပြစ် မှားမိခဲ့လေခြင်း။ ၆။ ဥစ္စာပစ္စည်း ရှိလျှက် မလှူမိခဲ့လေခြင်း။ ၇။ ဆုံးမစကားကို နားမ ထောင်မိခဲ့လေခြင်း။ ၈။ မိဘကို မလုပ်ကျွေး မိခဲ့လေခြင်း။ ၉။ ပညာရှိထံ နည်းခံ၍ မသင်ကြား မိခဲ့လေခြင်း။ ၁၀။ မြတ်သော အကျင့်ကို မကျင့်မိခဲ့လေခြင်း။ အရမ်းတန်ဖိုးရှိတဲ့ စာသားတွေပါ။ ဖိုးချမ်း ... မင်း အမြဲဦးနှောက်ထဲမှာ စွဲနေအောင်မှတ်သင့်တယ်။ နောင်တ နောင်မှရတာကတော့ အလကားပဲ။ ဘယ်အရာကို မဆို သတိနဲ့ယှဉ် အသိတရားဥာဏ်နဲ့ စဉ်းစားချင့်ချိန်ပြီး အလုပ်လုပ်ကွာ။ [ ကိုရဲလင်း ... အရမ်းပဲကျေးဇူးတင်ပါတယ်ဗျာ ... တကယ်ကို တန်ဖိုးရှိပါတယ် ]

တစ်ခဏတာ ၀င်ဘလော့ခြင်း

ဒီည ညလည်စာကတော့ စားကောင်းတယ်။ ဟဲဟဲ သရေကျအောင် ပြောလိုက်အုံးမယ် ... ဆီထမင်းလေးရယ် ... ငါးရံ့ခြောက်လေးရယ် ပေါ့။ ပြီးတော့ အိပ်ချဉ်ပြေ ကော်ဖီလေးတစ်ခွက်ရယ်။ ကောင်းဗျာ။ အခုတလော စာလုပ်သလိုလို ဘာလိုလိုနဲ့ မနက်ရောက်ရောက်သွားတာ တော်တော်ကြာနေပြီ ... ဟိဟိ။ စာလုပ်လိုက် .... အင်း ... စာလုပ်လိုက်ပေါ့နော်။ ဒီကြားထဲ ညညအေးရင် ခြေအိတ်ထထစွတ်ရတာလည်း အလုပ်တစ်လုပ်။ သူများထက် ငါကပဲ ချမ်းတတ်နေတာလားတော့ မသိ။ ဒီကဆိုင်တွေလည်း X Mas အတွက်ပြင်နေကြပြီဗျာ။ ဟိုက် သုံးနာရီထိုးတော့မယ် ... လုပ်စရာရှိတာ ဆက်လုပ်လိုက်အုံးမယ်။ ဒါနဲ့ လမ်းကြုံတုန်း ကျွန်တော့်ဘလော့ကို cmsmdy.com နဲ့ ၀င်ရင်လည်း ရတယ်နော်။ စာရိုက်ရတာ တိုသွားတာပေါ့ဗျာ ဟဲဟဲ။ ကဲ ... ဘ၀ပေးတာဝန်လေးတွေ ဆက်လုပ်လိုက်အုံးမယ်။ ရွှက် (စာကြည့်ဖို့ စာအုပ်လှန်တဲ့အသံ)

ငါးလ ပြည့်သွားပြန်ပြီ

ဟိုက် ... ဘာလိုလိုနဲ့ ငါးလရှိသွားပြန်ပြီ။ မြန်တယ်နော် ... ပြီးဆုံးသွားတဲ့ထဲမှာ ပြန်မရတော့တာ အချိန်ပဲ။ ဒီလိုနဲ့ လကနေ နှစ်ကို ရောက်လာဦးမှာပါပဲ။ လတိုင်း လတိုင်းမှာ ၁၅ ရက်နေ့လေးကတော့ အမှတ်တရပေါ့။ ငါ ဘယ်လိုမှ မမေ့တဲ့ နေ့လေးပါပဲ။ မင်းလည်း သတိရမယ်ဆိုတာ ငါ သိပါတယ်။

Table Tennis

ငယ်ငယ်ကတည်းက စွဲစွဲမြဲမြဲ ကစားဖြစ်တဲ့ အားကစားကို ပြောပါဆိုရင် Table Tennis ကိုပြောရမှာပါပဲ။ တော်တော်လေး စိတ်ဝင်တစား ဆော့ခဲ့တဲ့ အားကစား တစ်ခုပါပဲ။ ဘောလုံးလေးက သေးသလောက် ဆော့ရတာ အရမ်းပညာသား ပါလှပါတယ်။ ဒီအားကစားရဲ့ ထိပ်ခေါင်တွေကတော့ တရုတ်တွေများပါတယ်။ ငယ်ငယ်တုန်းကတော့ ကောလိပ်ဝင်းထဲမှာ ကစားဖော်တွေအများကြီးနဲ့ ဆော့ဖြစ်ပါတယ်။ နောက်ပိုင်း ကလပ်တွေမှာ သွားဆော့ရတာ ပိုမိုက်တယ်။ မန်းလေးမှာ ဆိုရင် ခလ ဆိုတဲ့ကလပ်မှာ သွားဆော့ရတာ မိုက်တယ်။ ၃၄ လမ်းမှာ ဆရာကြီးတွေနဲ့ပေါ့။ ကျွန်တော်ဆော့တုန်းကတော့ ဘသော်တို့ ရှမ်းလေးတို့က နာမည်ကြီးတွေပဲ နောက် MIT က ကိုဧရာအောင်။ သူတို့ဆော့တဲ့ ပုံစံက တော်တော်လေး မိုက်ပါတယ်။ တစ်ခါတလေများဆိုရင် တစ်နေကုန်ပဲဗျာ ဆော့တာ။ အခု အဲဒီအားကစားနဲ့ မထိတွေ့ဖြစ်တာ နှစ်နှစ်လောက်ရှိတော့မယ်။ ပြန်ဆော့ရင် လက်ကြောင်နေမယ် ထင်တယ် ဟိဟိ။ အထိအတွေ့ သိပ်မရှိတော့ ရင် ဘယ်အရာမဆို အဲဒီလိုပါပဲလေ။ ကျောင်းမှာတော့ ဆော့လို့ရအောင် ကစားဖော်လိုက်ရှာအုံးမယ်။ ပိုဆိုးတာက YouTube က Video လေးတွေကြည့်လိုက်တော့ ပြန်ဆော့ချင်တာမှ ငမ်းငမ်းတက်ဖြစ်သွားတယ်။ အားကစားတစ်ခုခုကို အမြဲထိတွေ့နေရင် စိတ်လည်းကျန်းမာသလို ကျန်းမာရေးရှ့ထောင့်က

ကျေးဇူးပါ Norton

Norton Internet Security 2006 ကို ဒေါင်းလုပ်လုပ်ပြီးသုံးလိုက်တာ ဟို မျိုးမစစ်တဲ့ VirusBurster ဆိုတဲ့ကောင်တော့ ကြွသွားပြီ။ ကျေးဇူးတင်လိုက်တာ Norton ရယ်။ မင်းသာမကယ်ရင် ဒုက္ခ။ သြ ... ပြောရအုံးမယ် ... Norton အသစ်ကိုပြန်ပြီး အင်စတော လုပ်တော့ အဟောင်းကို အရင်ဖျက်ပေးရတယ်ဗျ။ သိလားတော့ မသိဘူး။ ဖျက်တာကလည်း Add or Remove ကနေဖျက်ရင် တစ်ချို့ Setting လေးတွေကျန်နေတတ်သေးတယ်။ အဲဒါဆိုရင် အသစ်ကို အင်စတောလုပ်လို့မရဘူး။ အဲဒီတော့ Norton ဆိုဒ်ကနေပဲ Norton Removal Tool ကို အရင်သုံးပြီး အဟောင်းကို အရင်ရှင်းလင်းရေးလုပ်ပေးရတယ်။ ပြီးမှ အသစ်ကို ပြန် အင်စတောလုပ်ရတယ်ဗျ။ အခု ကျွန်တော် လုပ်ရင်း ရလာတဲ့ အတွေ့အကြုံလေးပေါ့ဗျာ။ နောက်ဆိုရင်တော့ Norton ပဲသုံးတော့မယ်။ ရှာရှည်တဲ့မှုနဲ့ အာမခံမရတော့ဘူး မှတ်နေတာ တော်သေးတယ်။ Norton တရားသူကြီးနဲ့တွေ့ပေလို့ ... ဟီးဟီး။ နောက်ဆုံးတော့ Norton သုံးတဲ့ ကောင်လေးဟာ သတ္တ၀ါကြီးကို အနိုင်ယူလိုက်သတဲ့ (အိုဗာတင်း ကြော်ငြာကို အားကျလို့)

အခုတော့ ဘယ့်နှယ့်ရှိစ မောင်ဖိုးချမ်း

မောင်ဖိုးချမ်း အခုတော့ ဘယ့်နှယ့်ရှိစ ... ဟန် ... ဒေါင်းလုပ်လုပ်ရတာ အရသာတွေ့တယ်ဆို လုပ်လေ။ ဘယ် မျိုးမစစ်တဲ့ ကလေက၀ ပရိုဂရမ်မာ ရေးတဲ့ VirusBurster နဲ့တွေ့တော့ အလူးအလဲခံနေရပြီမလား။ ကောင်းတယ် ရှာရှည်ချင်အုံး ... လုပ်အုံးလေ ဒေါင်းလုပ်တွေ။ ရှိနေတဲ့ Norton လေးကောင်းနေတာကိုလဲ ရှာရှည်ပြီး AVG ပြောင်းသုံးတယ်။ ကောင်းတယ် အခုတော့ ပလီတဲ့ ခွေး Underwater ကူးနေရသလိုဖြစ်နေပြီမလား။ နောက်ဆုံး သတ်မရရင် ရှုပ်တယ် Format သာချလိုက်တော့ ... မင်းနဲ့တော့ ... ခက်တယ်။

မန္တလေးမြို့ လမ်း၈၀ပေါ်က အိမ်ယာများ နှင့် ...

"၁၉၅၂ ခုနှစ်က ရွှေတစ်ကျပ်သား ၁၂၀ ပေးဝယ်ရချိန်မှာ ဒီအိမ်ကို ကျပ် ၂၅၀၀ နဲ့ ၀ယ်ခဲ့တာပါ။ အခု သိန်း ၂၅၀၀ ပေးပြီး လာဝယ်ကြတာတောင် မရောင်း နိုင်ပါဘူး" လို့ လမ်း ၈၀ တာရဲတန်း ရပ်မှာနေသူတစ်ဦးက ပြောတော့ တန်ဖိုး မြင့်လာတဲ့မြို့လယ်တိုက်တာတွေရဲ့ဈေးနှုန်း ကို အရင်ခေတ်နဲ့ နှိုင်းယှဉ်မိပြန်တယ်။ [ အပြည့်အစုံ ဖတ်ရန် ] MyanmarTimes မှာ ဖတ်မိတာလေးပါ။ မန်းလေး လမ်း၈၀ပေါ်က တိုက်တာဈေးနှုန်းတွေကို ရေးသားထားတဲ့ ဆောင်းပါးလေးထဲကပါ။ လန့်စရာကောင်းအောင် အိမ်ရာဈေးတွေက မြောက်လွန်းလှပါတယ်။ ဒီခေတ်မှာကလည် အိမ်တစ်အိမ်ပိုင်ဖို့ဆိုတာ မလွယ်သလောက်ဖြစ်နေပါလား။ လမ်း၈၀ဆိုတာကလည်း မန်းလေးရဲ့ အစည်ကားဆုံးနေရာ၊ အသက်သွေးကြောနေရာလို့လည်း ပြောလို့ရတယ်။ အဲဒီတော့ ဆောက်လာလိုက်တဲ့ တိုက်ခန်းတွေ အိမ်ရာတွေကလည်း ကြိတ်ကြိတ်တိုး များပြားလာတော့တာပေါ့။ ချမ်းသာတဲ့လူတွေပဲလေ လုပ်ကြပေါ့။ ချမ်းသာတဲ့လူတွေကတော့ ဆက်လက်ချမ်းသာ ... မွဲတော့ သူများကြတော့လဲ ဖွတ်ကတောင် အဖေခေါ်ရအလောက်ကို ဖြစ်နေပြီ။ အဲဒီကြားထဲမှာကွာနေတဲ့ Space ကို Delete ဒါမှမဟုတ် BackSpace နဲ့ ဖျက်လို့ရရင်လည်း အကောင်းသား။

Happy Birthday! Thinzar

May your special day be ... Surrounded with Happiness ( မွေးနေ့မှာ စိတ်မဆိုးကြေး ... ကလေးလည်း မဟုတ်ဘဲနဲ့ )

ကျုံးရေ ပါဆယ် ဆွဲသောက် ... တောမီး ချွေးထွက်အောင် လှုံပြစ်မယ်

သီချင်းတွေကတော့ အခုတလော ဒေါင်းလုပ် လုပ်လို့လည်းကောင်း နားထောင်လို့လည်းကောင်းဗျာ။ အစ်မအဝေး ကိုလည်း ဟဲလေးသီချင်း အတွက် ကျေးဇူးတင်ပါတယ်။ စက်ထဲမှာ ရှိတဲ့ တချို့ဖိုင်တွေကသာ နားရင်နားရမယ် သီချင်းဖိုင်တွေကတော့ အမြဲ အလုပ်လုပ်နေရတယ် ဟီးဟီး။ ဒေါင်းလုပ်ရသမျှ အကုန်လုပ်နေတယ်။ အလကား ပေးထားတာတွေပေါ့ :D သုံးတဲ့ Downloader တွေကလည်း စုံနေတာပဲ။ အဓိက ကတော့ FlashGet နဲ့ IDM ပါပဲ။ ဆိုဒ်ကြီးတဲ့ ပရိုဂရမ်တွေကတော့ Bitlord လေးနဲ့ အဆင်ပြေတယ်။ တော်တော်လေးလည်း ဂွတ်ပါတယ်။ ( notes4PC မှာ ဆော့ဖ်ဝဲတွေ တင်ပေးထားပါတယ်) သီချင်းကောင်းကောင်းလေးတွေကိုလည်း သူငယ်ချင်းတွေကို နားထောင်စေချင်တယ်။ ဒါကြောင့် ကျွန်တော့် ဘလော့ OdeoPlayer ရဲ့အောက်မှာ သီချင်းတွေကို ဒေါင်းလုပ် လုပ်ဖို့ ပေးထားပါတယ်။ ကျွန်တော် သိသမျှကောင်းမယ်ထင်တဲ့ သီချင်းလေးတွေပေါ့ဗျာ။ လိုချင်တဲ့သီချင်းက အဲဒီစာရင်းမှာ မပါရင်တော့ စီဘောက်မှာ ရေးထားခဲ့ပါ။ ရှိရင်တော့ တင်ပေးထားမယ်။ မရှိရင်တော့ လိုက်ရှာပေးမယ်ဗျာ။ ရှာလို့မ မရရင်တော့ သွေ့ပချိ (စိတ်မရှိပါနဲ့) ပေါ့ဗျာ။ ဘာလို့လည်းဆိုတော့ ကျွန်တော်လည်း အလကား ပေးထားသလောက်ပဲ လိုက်ယူနေရတာဆိုတော့ ... :D ဒါတောင် တချို့သီချင်းတွေက ပေးမ

ဆောင်း၊ သီချင်း နှင့် နံနက်ခင်း

မန်းလေးမှာတော့ မနက်ပိုင်းမှာ ဆောင်းရာသီရဲ့ သင်္ကေတဖြစ်တဲ့ နှင်းတွေ ကျနေပြီလို့ သိရပါတယ်။ ဒီမှာ နှင်းတော့ မကျသေးပါဘူး။ ဒါပေမဲ့ ချမ်းပါတယ်ဆိုမှ မိုးကအုံ့နေလိုက်သေးတယ်။ တစ်ခါတစ်ခါ လေတွေကတိုက်နဲ့ ရာသီဥတုကို အမြင်ကတ်နေမိတယ်။ ကောင်းတာတစ်ခုကတော့ ... အိမ်လို့ကောင်းတာပဲရှိတယ် :) ။ တစ်ခါတစ်ခါ အတန်းကနောက်ကျသေးတယ်။ နှိုးစက်ပေးထားတာကိုပဲ ဘယ်အချိန်က ကိုယ့်ဘာသာကိုယ် ယောင်ပြီးပိတ်လိုက်ပြီး ပြန်အိပ်လဲ မသိဘူး။ တော်တော်ဆိုးတဲ့ ငါပါလား။ နောက်တစ်ခါ နှိုးစက်နှစ်လုံးလောက် ထားရမလိုဖြစ်နေပြီ။ ၄နာရီလောက်ဆိုရင်ကို မှောင်လာပြီ။ အင်း ... ရာသီဥတုကတော့ ကြိုက်တယ်ပဲပြောရမှာလိုလို မကြိုက်ဘူးပဲပြောရမှာလိုလို ဖြစ်နေတယ်။ ဒါပေမဲ့ မန်းလေးဆောင်းရဲ့ အငွေ့အသက်တွေနဲ့တော့ တစ်ခြားဆီပဲ။ တစ်ခုရှိတာက ဒီမှာမနက်ပိုင်း ဘယ်တုန်းကမှာ အစောကြီး မထဘူးတာပဲ။ ဘယ်ထမှာလဲ ညပိုင်းဆိုညည့်နက်တဲ့အထိ နေနေတာကိုး။ ဒါလည်းကောင်းတာပါပဲလေ။ စတိုင်တစ်မျိုးပေါ့ ... ဟားဟား။ အခုတလောညဆိုရင် စာလုပ်ရင်းနဲ့ သီချင်းတွေနားထောင်တယ်။ တစ်ခါတစ်ခါ ဓာတ်ပုံတွေလျောက်ကြည့်တယ်။ အင်တာနက်လေးရှိတာ အဲဒီတစ်ခုတော့ ဂွတ်တယ်။ သီချင်းကတော့ ရာသီဥတုကိုလိုက်ပြီး နားထောင်တတ်တယ်။ ရှုပ်သွားပြီလာ

Happy Birthday! Ma Zu

အစ်မလိုတစ်မျိုး အမေလိုတစ်ဖုံ ကြင်နာစောင့်ရှောက်ခဲ့တဲ့ အစ်မရဲ့မွေးနေ့မှာ ပျော်ရွှင်မှုအပေါင်းတွေနဲ့ပြည့်စုံပြီး၊ ဘ၀ရဲ့ လိုအင်တွေ မတောင်းဘဲနဲ့ ပြည့်စုံနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်။ အစ်မလည်း ဒီနေ့မှာ အဖေနဲ့ အမေကို သတိရနေမယ်ဆိုတာ သိပါတယ်။ အမေကတော့ ဖုန်းဆက်ပြီး မွေးနေ့ဆုတောင်းလုပ်ပါတယ်။ ဒါပေမဲ့ အစ်မက အလုပ်သွားနေတော့ မတွေ့လိုက်ရဘူးပေါ့။ မေမေလည်း မမအတွက် ဘုရားမှာဆုတောင်းပေးမှာ မလွဲဧကန်ပါပဲ။ ပြေးကြည့်မှာ ဒီမောင်နှမလေးနှစ်ယောက်ပဲရှိတဲ့အတွက် ... မဇူရေ ... အမေတို့လည်း ကျွန်တော်တို့ကို လွမ်းလောက်ရောပေါ့။

မတောက်တခေါက် စာမျက်နှာလေး

အခုတလော eCommerce Assignment လေးတစ်ခုရယ် အခြား Assignment တွေရယ်လုပ်ရင်း နဲနဲအလုပ်များနေတယ်။ eCommerce site လေးတွေ လုပ်ချင်နေတာတော့ကြာပါပြီ။ အခု စပြီးတော့ လုပ်ဖြစ်ပြီပေါ့။ လုပ်တယ်ဆိုတာကလဲ အခြေခံလောက်ပဲ ရှိပါသေးတယ်။ လေ့လာဖို့အများကြီးလိုသေးတယ်။ ဘာပဲပြောပြော စဖြစ်သွားတာကတော့ ကောင်းတယ်လို့ ကိုယ့်ကိုကိုယ်ထင်မိတာပဲ။ အခုလုပ်ထားတဲ့ site လေးက အခြေခံ အဆင့်လောက်ပါပဲ။ မတောက်တခေါက်လေးပေါ့ဗျာ။ DataBase ကနေ Data တွေကို ပြရုံလောက်ပါပဲ။ အဲဒါကိုက ကျွန်တော့်အတွက် တော်တော်ခက်ခဲနေတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ ပထမအဆင့်ပြီးသွားပြီပေါ့။ ဒုတိယအဆင့်က ShoppingCart လုပ်ရမှာတဲ့။ အခုလောလောဆယ်တော့ အဲဒါလုပ်ဖို့အတွက် သဘောတရားလေးတွေကို လေ့လာနေတယ်။ ဟူး ... ဘွဲ့တစ်ခုရဖို့အတွက်ကတော့ တော်တော်ခက်ခဲတယ်နော် ... မလွယ်ဘူး ငါ့ကောင်ရေ ကြိုးစားဟ။ နောက် တစ်ပတ်မှာလည်း Test တွေ Assignment တွေထပ်လာအုံးမယ်။ ဟင်း ... အခုတလော ဘယ့်နှယ့်မှကို မဘယ့်နှယ့်နိုင်ပါလားနော် » မတောက်တခေါက် ဖန်တီးထားတဲ့ စာမျက်နှာလေး «်

လပြည့်နေ့နှင့် ...

လပြည့်နေ့တွေကိုတော့ တစ်နှစ်ပြီးတစ်နှစ် ကြုံတွေ့နေရဦးမှာပါပဲ ဘ၀ပြည့်မည့် နေ့တွေကတော့ ဘယ်နှစ်များမှ ဖြစ်လာမလဲ မသိဘူး

တန်ဆောင်မုန်းလပြည့် (သို့) ဆေးပေါင်းခတဲ့ည

ဒီမှာတော့ ဘာတွေခနေလဲတော့ မသိတော့ဘူး။ မယ်ဇလီဖူးသုပ်လဲ ဘယ်နားမှာမှန်း မသိဘူး။ ကြက်သားနှင့်ဘူးသီး ကာလသားချက်လေးလဲ လွမ်းမိတယ်။ လက်ရာကောင်းကောင်းလေးလဲ မစားရတာကြာပြီ။ အခုတလောလည်း စိတ်က ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့။ စာတွေကလည်း အခုတလော ကြည့်စရာတွေများနေတယ်။ ကြည့်လို့ကို မပြီးနိုင်ပါ။ လပြည့်နေ့ဆိုတာ စာကြည့်တာကို ခဏရပ်ပြီး လွတ်လွတ်လပ်လပ် နာရီဝက်လောက် လပြည့်နေ့အကြောင်းလေး တွေနေလိုက်တယ်။ စိတ်အပန်းဖြေတဲ့ အနေနဲ့ပေါ့။ မန်းလေးမှာ လပြည့်နေပျော်ခဲ့တာလေးတွေ မျက်စိထဲမှာ ပေါ်လာတယ်။ လပြည့်နေ့ညတွေဆိုရင် မန်းလေး ကျုံးလမ်းနဲ့ ၇၃ လမ်းတို့လို လမ်းမတွေပေါ်မှာ ဆိုင်ကယ်တွေနဲ့ စည်ကားနေတတ်တယ်။ တစ်ချို့ကလည်း သီတင်းကျွတ်လက်ကျန် မီးပန်းလေးတွေကို လွှတ်ရင်းပေါ့။ အထူးသဖြင့် မင်္ဂလာတံတားနားက မီးတိုင်းကြီးမှာဆိုရင် တော်တော်လေး စည်ကားတာပေါ့။ နောက်တစ်နေရာကတော့ မန်းလေးတောင်ကြီးပေါ့။ လမင်းရဲ့ အေးမြတဲ့ အလင်းရောင်တွေအပြင် မီးရှူးမီးပန်းတွေရဲ့ ရောင်စုံခြယ်သမှုကြောင့်လည်း မန်းလေးတောင်ကြီးက ပိုပြီး သာယာလှပနေတော့သည်။ တောင်ပေါ်သို့တက်ကြသော ဆိုင်ကယ်တန်းကြီးကလည်း မီးရထားတွဲလေးများပမာ။ ဆောင်းဝင်စပြုနေဖြစ်သော မန်းလေးမှာ အအေးဒဏ်ကို အံတုရင်း ပျော
ဖိုးချမ်း ... အစွန်းရောက် တွေးတောတာတွေဟာ မကောင်းဘူးကွာ ... မင်းမှားတယ် ဖိုးချမ်း ... ထစ်ကနဲ့ဆို စိတ်ဆတ်တတ်တဲ့ မင်းရဲ့ အကျင့် ... ပြင်သင့်ပြီ ဖိုးချမ်း ... မင်း ... ပြင်စရာတွေ အများကြီး ကျန်သေးတယ် ... ကြိုးစားဦး

စက်ဘီစီးခဲ့ စက်ဘီးစီးဆဲ စက်ဘီးဆက်စီးဦးမဲ့မြို့ - ဆူးငှက်

ကျွန်တော်တို့ မန္တလေးနှင့် စက်ဘီး ခွဲခြားမရတဲ့ကြောင်းကို ဆရာဆူးငှက်ရဲ့ ဆောင်းပါလေးနှင့်တကွ တင်ပြလိုက်ပါတယ်။ စက်ဘီးနှင့်ပက်သက်တဲ့ စိတ်ဝင်စားစရာလေးတွေကို ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီပို့စ်အတွက် ရွှေမြတ် (Fido) ကို အထူးကျေးဇူးတင်ပါတယ်။ ကဲ ... ခံစားကြည့်ကြပါဦး ... လှည်းနောက်မြီးထက်၊ ခြေတွဲလောင်းလေးယှက်ပြီး သံသာသီတော့ပေ ... တောင်ခြေမဝေးတဝေး ... ဖွေးဖွေးတည်နေ၊ စေတီ ကျောင်းကန် ပြာသာဒ်များနဲ့ ဘုရားဇရပ်တို့ ပျော်စရာပေ အပါးကပ်လို့ မျှော်တာတွေ အလားနတ်တို့ပြေ ..၊ အိုအောင်မင်းအောင် ပေါင်းကြလို့လေ ...၊ တူစုံမောင်မယ်၊ တောင်းဆုကိုချွေ ...၊ မန်းတောင်ရိပ်ကို ခိုသူ ပျိုဖြူနှမတွေ .... ၁၉၃၀ ၀န်းကျင် ယခုလိုတစ်ဝါတွင်း၌ မန္တလေးသူလေးတွေ လှည်းယာဉ်ကျော့စီးပြီး မန္တလေး တောင်သို့ ဘုရားဖူးလည်သည့် မြင်ကွင်းကို ဆရာမြို့မငြိမ်းက "တစ်ဝါတွင်း" သီချင်းတွင် ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မန္တလေးသူလေးများက အခါကြီးရက်ကြီးရောက်လျှင်ဖြင့် အချင်းချင်းစုရုံးကာအကြီးအကဲ၊ မိဘများကိုခွင့်ပန်ပြီး တန်ခိုးကြီးဘုရားများသို့ တပျော်တပါးသွားရောက်ကြပေလိမ့်မည်။ သကျသီဟ၊ အိမ်တော်ရာ၊ ချမ်းသာကြီး၊ ချမ်းသာရ၊ ရှင်ပင်ပက်လက်၊ ရွှေကျီး

လန်ဒန်စံတော်ချိန် ၁နာရီ နောက်ဆုတ်သွားခြင်း

လန်ဒန်မှာ စံတော်ချိန် ပြောင်းသွားပြီ။ ၁နာရီ နောက်ကိုဆုတ်သွားတယ်။ ဆောင်းဝင်လာပြီ။ မြန်မာစံတော်ချိန်နဲ့ ၆နာရီခွဲလောက် ကွာသွားတယ်။ အအေးလဲ သိသိသာသာ ပိုလာပြီ။ အခုမှ စတွေ့တဲ့ အတွေ့အကြုံပါ။ ဘာကြောင့်လုပ်ရတယ်ဆိုတာ သိချင်တာနဲ့ bbc.com ကနေရှာပြီး မှတ်ထားလိုက်တယ်။ Why Change the Clocks? Twice a year the clocks change, forward in the Spring and then back again in the Autumn. But why? Don't forget to put your clocks back an hour this Sunday, 29 October. It happens twice a year. We all change our clocks and watches by one hour. In the spring, we add an hour, and go onto what is called British Summer Time, while in the autumn, we do the reverse, and adhere to Greenwich Mean Time. [ more ]

ဖေဖေနဲ့မေမေ ... သားမွေးနေ့ရောက်ပြန်ပြီ

မေမေ နဲ့ ဖေဖေ ... ဒီနေ့ သားရဲ့ မွေးနေ့ရောက်ပြန်ပြီ။ သား ... ဒီနေ့ ဖေဖေနဲ့မေမေကို အရမ်းသတိရတယ်။ ဖေဖေနဲ့မေမေ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့လို့ သား ဒီနေ့ဒီအချိန်ထိ အသက်ရှင် နေထိုင်နိုင်ခဲ့တာပါ။ သား ဒီကနေပဲ ဖေဖေနဲ့မေမေကို ကန်တော့ပါတယ်။ "ဝေးလေလေ မိဘအချစ်တရား ပိုသိလေ" ဆိုတာ သိပ်ကို မှန်တာပဲ။ ဒီနေ့ မေမေနဲ့ဖုန်းပြောပြီတဲ့နောက် သား ဒီစာကို ရေးနေတာပါ။ ဖုန်းပြောနေတဲ့ အချိန်တုန်းက မေမေရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သား မေမေရဲ့ အသံကိုကြားတာနဲ့ နားလည်နိုင်ပါတယ် မေမေ။ သားရဲ့ မျက်ရည်တွေကို သား မထိန်းနိုင်ဘူး မေမေ။ ဖေဖေ့ဆီကိုလည်း သား ဒီနေ့ည ဖုန်းဆက်ပါဦးမယ်။ ဖေဖေနဲ့ မေမေ သားကို ပြောခဲ့တဲ့ ဆုံးမစကားတွေကို ကြားမိတိုင်း သားရဲ့ မျက်ရည်တွေက ဘယ်လိုမှ ဟန်မဆောင်နိုင်ခဲ့ဘူး။ မေမေ ဒီနေ့သားအတွက် ဘုရားကို သွားပေးတဲ့ အတွက်ရော မနက်အစောကြီးထပြီး အိမ်ရှေ့မှာ ဆွမ်းလောင်းပေးတဲ့ အတွက်ရော သား အရမ်းကို ကျေးဇူးတင်ပါတယ် မေမေ။ သားလည်း မေမေနဲ့ဖေဖေအတွက် ညအိပ်ရာဝင်တိုင်း ဘုရားမှာ ဆုတောင်းပါတယ်။ သားသမီးနှစ်ယောက်လုံးရဲ့ ရှေ့ရေးအတွက် နိုင်ငံခြားကို မရောက်ရောက်အောင် ကြိုးစားပို့ပေးခဲ့ပြီး ပညာသင်ကြားစေခဲ့တဲ့ ဖေဖေနဲ့ မေ

Asif, Upton park and CMS

မနေ့က ကျောင်းကနေ အတန်းပြီးတော့ သူငယ်ချင်း Asif နဲ့ သူ့ရဲ့ တိုက်ခန်းကို လိုက်သွားတယ်။ CoursWork အတွက်လည်း အတူတူလုပ်ရင်းပေါ့။ သူနေတာက UptonPark ... London ရဲ့ Zone 3 ထဲမှာပါတယ်။ သွားရတာကတော့ သိပ်မဝေးပါဘူး။ ကျောင်းက Zone 2 မှာဆိုတော့ ခဏလေးနဲ့ပဲရောက်သွားတယ်။ သူက မွတ်စလင်ဆိုတော့ သူနဲ့ အတူတူ နေကြတာကလည်း မွတ်စ်တွေကြီးပဲ။ အားလုံးပေါင်း ၆ ယောက်လောက်ရှိတယ်။ စုငှားပြီးနေကြတာ။ ပျော်စရာကြီးပေါ့။ အိုစမာ့အမျိုးတွေလည်း ပါရင်ပါနိုင်တယ် ဟီးဟီး။ ညစာကိုလည်း အဲဒီမှာပဲ စားခဲ့တယ်။ ကုလားစာ လေးတွေပေါ့။ အမဲခါးပတ် ရယ် အသီးအရွက်ကြော်လေးရယ် ... တော်တော်စားလို့ကောင်းပါတယ်။ လုပ်စရာရှိတဲ့ဟာတွေကိုလည်းလုပ် စားစရာရှိတဲ့ဟာတွေကိုလည်း စားပြီး နာရီကြည့်လိုက်တော့ ည ၁၁ နာရီကျော်နေပြီ။ ဒါနဲ့ပဲ Asif နဲ့ ကျန်တဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး အခန်းကို ပြန်လာခဲ့လိုက်တယ်။ အခုညပိုင်းတွေကတော့ တော်တော်အေးလာပါပြီ။ လမ်းလျှောက်ရင်း မန်းလေးကျုံးဘေးကိုလည်း သတိရလိုက်သေးတယ်။ အခန်းကို ရောက်တော့ ၁၁ နာရီခွဲကျော်နေပြီ။ Asif ရေ ... မင်းရဲ့ အမဲခါးပတ် ကောင်းမှုကြောင့် ငါလည်း ဗိုက်တွေတော်တော်လေးပြီး အိပ်လို့ တော်တော်ကောင်းသွားတယ်ကွာ။ အရာအားလုံးအတွ

Firefox Ver 2.0 သုံးနိုင်ကြပါပြီ

မီးမြေခွေးလို့ခေါ်ကြတဲ့ Firefox Browser ရဲ့ မျိုးဆက်သစ် Version ထွက်နေပါပြီ။ Version 2.0 ဖြစ်ပြီး ဒီဇိုင်းလေးတွေ ပိုမိုက်လာတာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ IE ကိုတောင် သိပ်သုံးမယ် မထင်ကြတော့ပါဘူး။ မီးမြေခွေးကို အဓိက ကြိုက်ရတာကတော့ Security ပိုင်းရယ် ပြီးတော့ Extensions တွေရယ်ကြောင့်ပါ။ Extension တွေကလည်း တကယ်ပြောမယ်ဆိုရင် မသုံးဖူးတာတွေလည်း အများကြီး ကျန်ပါသေးတယ်။ အဲဒီဟာတွေကြောင့်လည်း မီးမြေခွေးက နာမည်ကြီးတယ် ထင်တာပဲ။ အခုလောလောဆယ် ... ကျွန်တော့် ကွန်ပျူတာရဲ့ Desktop မှာရှိတဲ့ IE icon လေးကတော့ သူ့ကို Click လာမလုပ်တာရယ် မသုံးတာကြာတာရယ်ကြောင့် စိတ်ကောက်နေလေရဲ့။ ဆောရီးပါ ... IE ငယ်သူငယ်ချင်းကြီး BillGate ကိုလည်း အားတော့နာပါတယ် ... ဟီးဟီး ... ဒါပေမဲ့လည်း မင်းရဲ့ IE ထက် သုံးလို့ပိုကောင်းနေတော့လည်း မတတ်နိုင်ဘူးကွာ။ ငါ့ကိုခွင့်လွှတ်ပါ။ီ » Download Here «

ဆောင်း ...

ဘာလိုလိုနဲ့ ဒီမှာ ဟိုသီချင်းထဲကလို ရာသီဥတုကြီးကို ရောက်တော့မယ်။ ရောက်တော့မှာ မဟုတ်ပါဘူး ရောက်စကိုပြုနေပါပြီ။ "အလွန်အေးတဲ့ရာသီ ... အလွန်ချမ်းတဲ့ရာသီ" အေးရတဲ့ကြားတဲ့ မိုးကအုံ့နေပြီးတော့ တစ်ခါတစ်ခါ ရွာချလိုက်သေး။ အတော်ဆိုးဝါးတဲ့ ရာသီဥတု။ ဆောင်းရာသီ မနက်ပိုင်းတွေကတော့ သိပ်ပြီး မဂွတ်ချင်ဘူး။ အတန်း နောက်ကျတတ်လွန်းလို့။ ပြီးတော့ကျွန်တော်လည်း ဆောင်းရာသီရောက်ရင် နာမည်အမြဲတမ်း ပြောင်းပြောင်းသွားတယ်။ နာမည်က ကိုရီးယားလိုလို တရုတ်လိုလို နာမည်ပါ ... "စောင်ချုံကွေး" တဲ့ ... ဟားဟား။ တစ်ချို့ရက်တွေမှာဆိုရင် နာမည်နဲ့လုပ်ရပ်နဲ့က လုံးဝ ... Directly Proportional ပဲ။ ဆောင်းမနက်ခင်း မန်းလေးကျုံးဘေးမှာ လေ့ကျင့်ခန်းလုပ်နေကြတာတွေ၊ ကျောင်းစိမ်းလေးတွေနဲ့ ကျူရှင်ကိုဦးတည်ပြီး သွားနေကြတဲ့ ကျောင်းသားလေးတွေ၊ ဆွမ်းခံကြွနေကြတဲ့ ဘုန်းကြီးတွေ ဒါမှမဟုတ် မနက်စောစောမှာ ကြားရတတ်တဲ့ ပဲပြုတ်သည်ကဲ့သို့သော ဈေးသည်တွေရဲ့ အော်သံတွေ၊ မနက်တိုင်းကြားတဲ့ "ငါ့သားလေး မထသေးဘူးလား" လို့ဆိုတဲ့ အဖေ ဒါမှမဟုတ် အမေရဲ့အသံတွေ ... ဟာ ... ဖိုးချမ်း ... မင်းတွေးတာတွေ များသွားပြီ ... တော်တော့ကွာ

Adobe Captivate 2

သုံးပြီးကြပြီလားတော့ မသိဘူး။ ကျွန်တော်တော့ အခုတလော စမ်းပြီး သုံးကြည့်နေတယ်။ အခု စမ်းနေတာကတော့ Trial Ver. ပဲရှိသေးတယ်။ မဆိုးဘူးဗျ။ AdobeProduct တွေကို သုံးရတာစိတ်ချမ်းသာတယ်။ သုံးပြီသလောက်တော့ ဒီဆော့ဝဲလ်လေးက MS PowerPoint လိုပုံစံပါပဲ။ ဒါပေမဲ့ PP ထက်တော့အများကြီးသာတဲ့ Function တွေပါတယ်။ သဘောကျဆုံးကတော့ On-Screen Presentation နဲ့ SW Demonstration တွေဖန်တီးလို့ ရတာကိုပါပဲ။ အသေးစိတ် ထပ်ပြီးကြည့်ဖို့နဲ့ Trial စမ်းသုံးကြည့်ဖို့အတွက် [ ဒီဆိုဒ်ကို ] ဆက်လက်ကြွပါ။ သူ့ရဲ့ဈေးကတော့ အလန်ကြီးပဲ။ US$599 တဲ့။ ဘယ်ဈေးဖြစ်ဖြစ်ပါ။ အချိန်တန်ရင် FullVersion ပေးတဲ့ဆိုဒ်လေးတွေပေါ်ကို ရောက်လာလိမ့်မယ်။ လောလောဆယ်တော့ ဘီတားပေါ့။ ဆရာတုံ(မောင်လှ) ပေးတဲ့အတွက် CrackFile ကို ရခဲ့ပါတယ်ခင်ဗျာ ... ကျေးဇူးပါပဲ ကိုတုံ Crack - http://rapidshare.com/files/9047/CaptureAdapter.rar

ကော်ဖီ

အခုတလော တော်တော် သောက်ဖြစ်နေတယ် (ကော်ဖီ)။ တစ်နေ့ကို နှစ်ခွက် အနည်းဆုံးပဲ။ ကော်ဖီတော်တော် စွဲနေပြီလားတော့မသိဘူး။ ညတိုင်းဆို ကော်ဖီပူပူ ခါးခါးလေး သောက်လိုက်ရမှ နေသာထိုင်သာဖြစ်သွားတယ်။ လဘက်ရည် မသောက်ဖြစ်တာလဲပါမှာပါ။ မန်းလေးမှာတုန်းကတော့ လဘက်ရည်ဟေ့ဆိုရင် မင်းသီဟကို ရောက်ပြီးသား။ ဒါမှမဟုတ် လမ်း၈၀ ဘုံကျောင်းနားက TopChoice။ အဲဒီနှစ်ဆိုင်ကတော့ အကြိုက်ဆုံးပဲ။ အခုတော့ လဘက်ရည်နဲ့ဝေးနေတာ တော်တော်ကြာသွားပြီ။ ဒီကလူတွေ ကော်ဖီကို တော်တော်ကြိုက်ကြတယ်။ ကျွန်တော်တို့ မြန်မာတွေ လဘက်ရည် ကြိုက်သလိုပေါ့ဗျာ။ အခုတော့ ကော်ဖီက သောက်လေ စွဲလေလိုဖြစ်နေပြီ။ ကြိုက်တော့လည်း ... ဒုက္ခ

မန်းလေးသားတစ်ယောက် တွေ့ရှိခြင်း

မန်းလေးသားအချင်းချင်း ဆုံမဲ့ဆုံတော့လည်း Online စစ်မြေပြင်ကြီးမှာ လာဆုံမိတယ်။ သူ့ရဲ့ အင်တာနက် စခန်းလေးကတော့ ... http://waihinhtut.blogspot.com ဝေဟင်ရေ ငါတော့ ဗျောက်ဖောက်လိုက်ပြီ ... ဟားဟား

ဓာတ်တော်ချိုင့် အမှတ်တရ - ၂

ဒါကတော့ ရေတံခွန်မှာ ရေမဆော့ခင် အမှတ်တရပေါ့ဗျာ။ ဓာတ်တော်ချိုင့် ရေတံခွန်ဟာ မေမြို့အနီးစခန်း နားမှာရှိပြီး သွားရတာ အရမ်းဝေးပါတယ်။ အကွေ့ပေါင်း ၂၀ ကျော်ရှိပါတယ်။ အသွားလမ်းကတော့ ကုန်းဆင်းပုံစံမျိုးပါပဲ။ သိပ်တော့ မမောဘူးပေါ့။ ဒါပေမဲ့ ဘယ်လောက်မောမောပါ ရေတံခွန်ကို ရောက်ပြီဆိုတာနဲ့ စိတ်က အလိုလို လန်းဆန်းသွားတယ်။ ရေတံခွန်အောက်မှာ လေကလည်း တဖြူးဖြူးပါပဲ။ အေးလည်းအေးတယ်။ ပြီးတော့ အအေး(ရှက်ကီအပါအ၀င်)နဲ့ ကော်ဖီပဲ ရောင်းတဲ့ ဆိုင်လေး တစ်ဆိုင် နှစ်ဆိုင်လောက် ရှိနေတတ်တယ်။ အဲဒီလို နေရာထိလာဖွင့်တယ်ဆိုတော့ ဈေးကဘယ်လောက်ရှိမလဲ ဆိုတာ သိလောက်ရောပေါ့ဗျာ။ ဒါကလည်း သူတို့ရဲ့ဂွင်ကိုး။ ဂွင်ထဲဝင်လာမှာတော့ ဂျောင်ပိတ်ပြီး ရိုက်တော့တာပေါ့ဗျာ။ အထူးအဆန်းတော့ မဟုတ်ပါဘူး။ "အလောင်းတော်ကဿဖ"က ဆိုင်တွေလည်း အလားတူပါပဲ။ ထမင်းဆီဆန်းတစ်ပွဲ ၃၀၀ ရောင်းတဲ့သူကရောင်း ၅၀၀ ရောင်းတဲ့သူက ရောင်းပေါ့ဗျာ။ အဲဒါက ဆိုင်တွေအကြောင်းပေါ့ဗျာ။ ပြီးတော့ ရေတံခွန်အနီးမှာ ဘုရားလေးနှစ်ဆူ သုံးဆူလည်း ရှိတယ်။ နင်္ဂါးရုံဘုရားတစ်ဆူလည်း ရှိတယ်။ ရေနဲ့ပက်သက်တဲ့ နေရာဆိုတော့ နင်္ဂါးတွေ စောင့်ရှောက်တယ်လို့ ယုံကြည်ကြတယ်လေ။ နောက်ပြီး ကြိုးတံတားလေးလဲရှိတယ်။ ဆွေးမြေ

ဓာတ်တော်ချိုင့် အမှတ်တရ - ၁

အရမ်းသာယာတဲ့ ရေတံခွန်ကြီးရှေ့မှာ အရမ်းခင်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံပါ။ ဒီဓာတ်ပုံတွေကို ဒီနေ့မနက်မှ သူငယ်ချင်း WhoWho ကပြန်ပို့ပေးလို့ ရလိုက်တယ်။ ကျေးဇူးပါ ... WhoWho ရေ နင် ... ဒီနေ့ ငါ့ဆိုဒ်ကို လာလည် သွားတာလည်း ငါတွေ့ပါတယ်။ ဒါပေမဲ့ ငါက အဲဒီအချိန် အိပ်ကောင်းတုန်းပဲ ရှိသေးတယ် ... ဟီးဟီး အိပ်ယာ ထထချင်း အင်တာနက်ဖွင့်ပြီး ကြည့်တော့မှ နင်လာသွားတာသိရတာ။ ငါ အရမ်း ကျေးဇူးတင်ပါတယ်ဟာ။ ငါ ဒီကိုလာကတည်းက မယူသွားမိတာ ငါ့အပြစ်ပါ ... ဟီးဟီး။ အခုတော့ ဓာတ်ပုံတွေ အားလုံးပြန်ကြည့်လို့ရပြီ။ နင် Connection မကောင်းတဲ့ ကြားထဲက ပို့ပေးရတာ ငါသိပါတယ်။ အဲဒီ Connection ကလည်း လူတိုင်းက ပြောနေကြတာ ... စုံနေတာပါပဲ။ ပက်ကျိရဲ့ အဘိုး၊ လိပ်ရဲ့အဖေ၊ လမ်းကြိတ်စက်ရဲ့ဘိုးအေ ... မျိုးစုံပါပဲ။ ပြောလဲ ပြောချင်စရာပဲကိုး။ server ကလည်း အင်းခရုမှာထိုင်ထားတာလေ။ ခရုဆိုတော့လည်း သိတဲ့အတိုင်းပဲ။ ကျန်တဲ့ သူငယ်ချင်းတွေကိုလည်း သတိရကြောင်းပြောပေးပါအုံး။ အဲ ... တစ်ခုပြောရအုံးမယ် ... နောက်ထပ် Group ပုံတစ်ပုံ ကျန်သေးတယ်။ နင် မေ့နေတယ်ထင်တယ်။ အဲဒါပို့ပေးဦး။ ငါ ပြန်လာရင်လဲ ထပ်သွားချင်သေးတယ် :)

ဒီနေ့ သင်ခန်းစာ

တစ်ချို့လူတွေလည်း ခက်တယ်ဗျာ။ သူတို့လုပ်ရမှာပျင်းလို့ပဲလား လူမှုရေးပဲ မသိတာပဲလား မသိဘူး။ မေးလိုက်တဲ့ ကိစ္စတစ်ခုကို မသိဘူး၊ မရှိဘူးဘဲ ပြောကြတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတာ တကယ်မှန်တယ်ဗျာ။

VoiceComment with EVOCA

ဘလော့တွေမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဝက်ပေ့ခ်ျမှာပဲ ဖြစ်ဖြစ် အမ်ပီသရီး ပလေယာတစ်ခုလုပ်လို့ရအောင် ဖန်တီးပေးထားတဲ့ ဆားဗစ်လေးပါ။နောက်ပြီး ကိုယ့်ဘလော့ရဲ့ Visitor တွေဆီကနေပြီးတော့ TextCommnet တင်မကဘဲ VoiceComment ပါရအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ Odeo လိုပုံစံမျိုးပါပဲ။ ဒါပေမဲ့ VoiceComment ပိုသွားတာ တစ်ခုပါပဲ။ နောက်ပြီး Odeo မှာက Mp3 တစ်ခုပဲတင်ပြီးလုပ်လို့ရတယ်။ ဒီမှာကတော့ wav အမျိုးအစားကိုနဲ့ပါ လုပ်လို့ရတာတွေ့ရပါတယ်။ ကျွန်တော်ကတော့ စမ်းပြီးသုံးကြည့်နေပါတယ်။ သုံးချင်တဲ့လူများ http://www.evoca.com/ မှာ သွားရောက်လေ့လာနိုင်ပါတယ်။ ကျွန်တော်က အခု http://www.evoca.com/ မှာ account ဖွင့်ထားပါတယ်။ အဲဒီတော့ ပို့လိုက်တဲ့ VoiceComment တွေက ကျွန်တော်ရဲ့ VoiceComment List မှာလာပြီးဝင်နေပါလိမ့်မယ်။ ပြီးရင်တော့ ဘယ်သူပို့လဲဆိုတာကို အသံကိုနားထောင်ပြီး ခန့်မှန်းကြည့်ရုံပေါ့ဗျာ ... ဟဲဟဲ ... ဘာပဲဖြစ်ဖြစ်ဗျာ ရောက်လာတဲ့သူတိုင်း တစ်ခုခုတော့ ပြောသွားကြပါအုံး ("မန်းလေးမပြန်သေးဘူးလား" ဆိုတဲ့ စကားကလွဲလို့ပေါ့ဗျာ)။ VoiceComment ပေးဖို့အတွက် ကတော့ အဆင့်လေးဆင့်တည်းပဲ ရှိပါတယ်။ > Rec Buttonကို Click လုပ်ပါ။ >ြ

မန္တလေးည တစ်နေရာ

ဆောင်းတွင်း မနက်ခင်း ဒါမှမဟုတ် ညပိုင်းတွေမှာ သူငယ်ချင်းတွေနဲ့ ဒီကျုံးဒေါင့်လေးကိုဖြတ်ပြီး နို့ဟင်းမလိုင်တွေ သွားသွားသောက်ခဲ့ကြတယ်။ မိုးဖွဲဖွဲကျနေတဲ့ အချိန်တွေမှာ ဒီမီးတိုင်ကြီးတဆင့် မိုးဖွဲလေးတွေကို ကြည့်မယ်ဆိုရင်တော့... ဓာတ်ပုံ: Flickr

ဦးဘလော့နှင့် မောင်ဖိုးချမ်း

ဘာလိုလိုနဲ့ ဒီဘလော့ရေးတာ လေးလရှိသွားသလို အိမ်ပေါ်က ဆင်းလာတာလည်း .. အဲ .. အိမ်နဲ့ခွဲခွာလာတာလည်း လေးလရှိသွားပြီ။ ဘလော့ကိုတော့ မှတ်တမ်းအနေနဲ့ရော မန်းလေးအလွမ်းပြေ အနေနဲ့ပါ ရေးဖြစ်နေတယ်။ ကျွန်တော်တို့လို နယ်နှင့်ခံထားရတဲသူ .. ဟာ .. မှားပြန်ပြီ .. အပြင်ကိုရောက်နေတဲ့ သူတွေအနေနဲ့တော့ ဘလော့မှာ စာတွေလိုလို စကားတွေလိုလို .. အခုရေးသလိုပေါ့ဗျာ ပြောရတာ အလွမ်းလည်းပြေသလို အမှတ်တရလည်းဖြစ်တယ်။ ပြီးတော့ ဘလော့ကို လာလည်တဲ့သူတွေနဲ့လည်း နောက်ပိုင်းမှာ မိတ်ဆွေတွေ ဖြစ်သွားတာလည်းရှိတယ်။ ဒါအပြင် ဘလော်ဂါယဉ်ကျေးမှုအရ ကိုယ့်ဆီလာသွားတဲ့အတွက် သူ့ဆီကိုသွားလည် ပြီးတော့ ShoutBox မှာ စကားတွေသွားပြော ပျော်စရာကောင်းတယ်ဗျာ။ ကျွန်တော်ကတော့ အဲဒီလို အမြဲတမ်းပျော်ပျော်ပဲ နေချင်တယ်။ ရောက်ခါစကတော့ဗျာ ပြောမဆုံပေါင် တောသုံးတောင်ပါပဲ။ အခုနောက်ပိုင်းမှာတော့ ဆုံးဖြတ်လိုက်တယ် အရင်တုန်းက မန်းလေးမှာနေသလို ပျော်ပျော်ပဲနေတော့မယ်လို့။ သတိရတာတော့ရတာပေါ့လေ သတိကြီးရနေလို့လည်း ဘာမှထူးလာတာမှ မဟုတ်တာ။ အချိန်အတိုင်းအတာ တစ်ခုပြီးရင် ပြီးသွားမှာပါပဲ။ အဲ ... ShoutBox နဲ့ ပက်သက်လို့ နဲနဲတော့ ပြေရအုံးမယ်ဗျာ။ ကျွန်တော့်လို မြန်မာဘလော့ တော်တော်များများမ