Skip to main content

Posts

Showing posts from August, 2006

တားမြစ်လိုက်ပြီ

တက္ကသိုလ်ကျောင်းဝင်းအတွင်း ဆေးလိပ် မသောက်ရ တားမြစ်ချက်များကို လာမည့် ဒီဇင်ဘာ လာမည့်ပညာသင်နှစ်တွင် တား မြစ်ကန့်သတ်သွားတော့မည်ဖြစ်ကြောင်း စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)မှသိရ သည်။ ယခုနှစ်မေလတွင် ထုတ်ပြန်ခဲ့သော ဥပဒေသစ်အရ နောင်နှစ်မေလမှ စတင်ကာ လူနေထူထပ်သော နေရာများ၌ဆေးလိပ် သောက်ခြင်းကို တားမြစ်ပိတ်ပင်သွားမည် ဖြစ်သည်။ သို့သော် တက္ကသိုလ်များတွင် ကြိုတင်ကာ စာသင်နှစ်စစချင်းပင် တား မြစ်ပိတ်ပင်သွားတော့မည်ဖြစ်သည်။ ယခုတွင် ကျောင်းဝင်းအတွင်း ဆေး လိပ်ရောင်းချခြင်းများကို တားမြစ်ကန့် သတ်ထားလျက်ရှိသော်လည်း စားသောက် ဆိုင်များတွင် သောက်သုံးခွင့်ပြုထားဆဲ ဖြစ်သည်။ Source: Planet ဆေးလိပ်ဆိုတဲ့ အမျိုးကတော့ အနေနီးစပ်နေရင် ဒါမှမဟုတ် လွယ်လွယ်ရနေရင် သောက်ဖြစ်တဲ့အရာမျိုးပဲ။ ဒီမှာတော့ ဈေးကြီးလွန်းတာကတကြောင်း နေရာတကာမှာလည်း သောက်လို့မရတာကတကြောင်း ... ဝေါင်ဝေါင်ရှေး ... ဝေးဝေးရှောင်ပဲဗျို့။ အရင်တုန်းက ဆိုရင်တော့ ... ပြောမနေနဲ့။ မေလမှာ စလုပ်မယ်ဆိုတော့ သင်္ကြန်တွင်း ဆေးလိပ်သောက်တဲ့လူတွေကြတော့ ဘယ်လိုလုပ်ကြမလဲ။ ရှက်ကီပဲ ထုရုံပေါ့။ ဒါမှ ဆေးလိပ်လည်းဖြတ်ရော ရှက်ဘဲဖြစ်သွားမှာ :) Should smoking be banned in public places? [ Agr

သြော် ... ဒါးခုတ် ... ဒါးခုတ်

ကွက်ကျားမိုး နှိပ်စက်တာခံလိုက်ရပြီး သကာလ မနေ့က ဘယ်မှမသွားနိုင်။ ရွာစမ်းကွာ ... အမုန်းသာရွာပလိုက် ... ကြာလွန်းလို့ ဖားကန့်မှ ခမည်းတော်နှင့်ပြောမလို့ ဖုန်းခေါ်တာလည်း မရ။ သြော် ... ဆက်သွယ်ရေး ... ဆက်သွယ်ရေး တစ်ချို့ ရောင်းရင်းတွေရဲ့ ဘလော့တွေကို ဖတ်ရတာ အဆင်မပြေဘူး။ လေးထောင့်တွေပဲပေါ်နေတယ်။ ကျောင်းကနေဖတ်ရတာဆိုတော့ ဖေါင့်လည်းထည့်လို့မရဘူး။ ကျေးဇူးရှင်တွေက ပိတ်ထားတယ်။ လေးထောင့်တွေကို ကော်ပီကူး၊ ပလန်းနတ်မှာ ပေ့စ် လုပ်ပြီး သွားသွားဖတ်နေရတယ်။ Embed Font လေးတွေလုပ်ထားရင်တော့ ကျေးဇူးတင်နေမှာပါဗျာ။ သြော် ... ဒါးခုတ် ... ဒါးခုတ် ဒီ Movie မှာပါတဲ့ သီချင်းလေးနဲ့ တစ်ယောက်တည်း စိတ်ညစ်ညစ်နဲ့ကမလားလို့ စဉ်းစားနေတယ်။ တီးလုံးလေးက သင်္ကြန်ပဲရောက်သွားသလိုလို ဘာလိုလိုနဲ့ ... :)

SUNDAY

ညပိုင်း မမနှင့် မုန့်ထွက်စားရင်း Internet Cafe မှာလာသုံးဖြစ်တယ်။ ဈေးကလည်း မဆိုးဘူး။ တစ်နာရီကို 50p ပဲပေးရတယ်။ ကိုဇော်မိုးအောင်လေးလည်းပြန်ပေါ်လာပြီနော် :) အင်တာနက်ကလည်း လချီကြာမဲ့သဘောပဲ။ ညစ်တယ် ညစ်တယ်။ မနက်ဖြန် Bank Holiday ... ဘယ်သွားရမလဲ စဉ်းစားနေတယ် ... အိမ်မှာပဲနေရမလား ... ပွဲတွေပဲသွားကြည့်ရလား ... အင်း အင်တာနက် ရှိတုန်းကတော့ တွင်းအောင်းတဲ့ အကောင်လားအောင်းမေ့ရတယ် အခန်းထဲကကိုမထွက်ဘူး။ အခုတော့ ကွန်ပျူတာရှေ့ထိုင်မိတာနဲ့ တစ်ခုခုလိုနေသလိုပဲ ... ကိုမျိုးကျော်ထွန်း ပြောသလိုပဲ အင်တာနက် ... အင်တာနက် လို့ များများရွတ်ပေးရမယ်ထင်တယ် :)

SNOOKER

မကစားဖြစ်တာ ကြာပြီ သူများကစားတာကိုပဲ ကြည့်နေလိုက်တော့တယ်။ ကစားဖော်လည်းမရှိဘူး။ မန္တလေးမှာတော့ အလှူလို ကစားခဲ့တာပေါ့။ Snooker Club တွေကလည်းမန္တလေးမှာ ပေါမှပေါ လမ်းတိုင်းလိုလို ရှိသလားတောင်ထင်ရတယ်။ ဆိုင်တိုင်းမှာလည်း လူတွေပြည့်နေတာပဲ။ အလကားဆော့ခိုင်းလားတောင် ထင်ရတယ်။ ဆိုင်မှာလူပြည့်နေတာကိုကြည့်ပြီး အားယားနေတဲ့လူတွေ များတယ်လို့လည်း ထင်ရင်ထင်နိုင်တာပေါ့။ ညနေတိုင်းလိုလို ကစားဖြစ်ခဲ့တယ်။ တခါလေများဆိုရင် ထမင်းမေ့ ဟင်းမေ့ ကစားဖူးတယ်။ ဒီကစားနည်းက ကစားကာစမှာ တော်တော်စွဲတယ်။ စိတ်ဝင်စားဖို့လည်းကောင်းတယ်။ စိတ်ညိမ်မှ ကစားရတာပိုကောင်းတယ်။ မန္တလေးမှာ အတူတူကစားဖြစ်တဲ့ ၀ါသနာတူ သူငယ်ချင်းတွေကတော့ ဆိုင်တိုင်းလိုလိုမှာရှိတယ်။ သူငယ်ချင်းတွေထဲမှာ ဆရာကြီးကတော့ အသေးလေး(သန့်ထို်က်အောင်)။ ဒေါက်တာ အောင်မြင့် (ဆေးမန်း) ရဲ့အချစ်တော် သားတော်လေးပေါ့ :) သူတို့တော့ အခုချိန်ဆိုရင် လက်စွမ်းတွေ ထက်နေလောက်ပြီ။ အထူးသဖြင့် မောင်တီလုံးလေးပေါ့။ မနက်ပိုင်း ရုံးတက်တယ်။ ညနေရုံးဆင်းပြီဆိုတာနဲ့ ကျူခုံကိုတန်းနေအောင်လစ်တော့တာပဲ။ ညပိုင်း ကျူ Office တက်တဲ့သူပေါ့ :) မန္တလေးမှာ ကစားလို့အကောင်းဆုံး Club တွေကတော့ Relax နှင့် Fantasy Worldေ

Untitled 3

Holiday ၃ ရက်ရတယ်။ Mondayက Bank Holiday တဲ့။ ကျောင်းပိတ်တယ်။ ဒါပေမဲ့ ပေးလိုက်တဲ့ အိမ်စာတွေကတော့ ၄ ရက်စာလောက်ရှိတယ်။ Essay တစ်ခုလည်းရေးရအုံးမယ်။ ခေါင်းစဉ်တွေအများကြီးပေးပါတယ်။ ရွေးလိုက်တဲ့ ခေါင်းစဉ်က "At some point in the future, computer viruses will bring internet business to its knees." How do computer viruses damage business and do you agree with this statment? Essay ရေးဖို့ Source Sites တွေရှာရတာလည်း ခေါင်းတွေမူးနေပြီ။ သိပ်လည်းမတွေ့သေးဘူး။ ဒီကြားထဲ ကျောင်းက သုံးရက်ပိတ်လိုက်သေးတယ်။ တိုက်ခန်းမှာမှ အင်တာနက်မရသေးပါဘူးဆိုမှ။ Internet Cafe ကိုသွားသုံးရင်လည်း ဈေးကြီးတယ်။ အင်တာနက်ကို အလုပ်လုပ်ကတည်းက အလကားသုံးခဲ့ရလို့လားမသိဘူး။ ပိုက်ဆံပေးပြီးကို မသုံးချင်ဘူး။ Local Library ကိုပဲသွားပြီး Source ရှာကြည့်တာပဲကောင်းမယ်ထင်တယ်။ Virus ပါတဲ့ ခေါင်းစဉ်ကိုရွေးလိုက်မိမှ လူလည်း လည်ပြီလားမသိဘူး။ ရှာပေအုံးပေါ့။ မောင်မျိုးအောင် လေးကိုလည်းကျေးဇူးပါ။ မေမေက CD တွေပို့လိုက်ပြီတဲ့။ လာတုန်းက ကြောက်လန့်ပြီးမယူခဲ့မိတာ မှားတာပဲ။ နောက်ကို ဒီကိုလာမယ်ဆိုရင် CD တွေသယ်ခဲ့ကြပါဗျို့။ ဘာမှပြဿနာမဖြစ်ဘူး။ Planet

ပြဿဒါးပဲ

လိုတော့တမျိုး မလိုတော့တမျိုးကောင်တွေကို သောက်မြင်ကတ်တယ်။ လိုတဲ့အချိန်ကြတော့ ဒါလေးလုပ်ပေးပါအုံး ဟိုဟာလေးလုပ်ပေးပါအုံးနဲ့ ...ကြာရင်ဆဲမိတော့မယ်။ တင်းနေရတဲ့ကြားထဲ ကျောင်းမှာသုံးတဲ့ သောက်ကွန်ပျူတာကလည်း ထဖေါက်နေသေးတယ်။ ဇောဂျီလက်ကွက်နဲ့ တချို့ကီးဘုတ်တွေက မကိုက်ဘူးဖြစ်နေတယ်။ ဘာလုပ်ရမှန်းကိုမသိဘူး။ ဒီနေ့ပြဿဒါးပဲ

Untitled 2

ငယ်သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရတယ်။ အရမ်းပျော်တယ်။ စိတ်ထဲမှာ လန်းဆန်းသွားသလိုခံစားရတယ်။ ဒါပေမယ့် စိတ်လည်းညစ်နေတယ်။ တစ်ပတ် နှစ်ပတ်လောက်ပဲ ထင်ထားတဲ့ အင်တာနက်က ... တစ်လလောက်လည်းဖြစ်ရင် ဖြစ်သွားမယ်တဲ့။ MDY က ချက်တာတွေလည်း ချက်တင် မှာသိပ်မတွေ့ဘူး။ ကိုဇော်မိုးအောင်လေးလည်းပျောက်နေတယ်။ မိန်းမများ ရသွားပြီလားမသိဘူး။ မိန်းမယူမယ်ဆိုရင်လည်း ဖိတ်စာလေးဘာလေးပိုဖို့ကောင်းပါတယ်။ ဒါမှမဟုတ် မှန်ချိုတွေသောက်ပြီး အဆိုတွေကျင့်နေပြီထင်တယ်။ ကိုတုံကလည်း ပေါ်မလာဘူး။ ဘလော့ဂျာကို ဘန်းထားတယ်လို့လည်းပြောတယ်။ ဘန်းလို့ကိုမပြီးနိုင်ကြသေးဘူး။ ကိုယ့်ပုဆိုးကို ပြန်ဘန်းမိလို့ကွိုင်တက်နေဦးမယ် .. သတိလည်းထားကြအုံး ... ငဘန်းကြီးတွေ

ရေးပေအုံးတော့ ... မောင်ဖိုးချမ်း

Presentation ... Presentation ... လုပ်လို့ကိုမပြီးတော့ဘူး။ Marketing School တက်နေလား အောင်းမေ့ရတယ်။ ရေးခိုင်းတဲ့ Essay တွေ Summary တွေကလည်း ပလူကိုပျံနေတာပဲ။ စာရေးရမှာပျင်းတဲ့ ကျွန်တော်မျိုးနဲ့တော့ အဲဒီမှာစတွေ့တာပဲ။ စာရေးရမှာကို အလှူလိုပျင်းတယ်။ တခါလေ စာရေးမည့်အစား ပါးစပ်နဲ့သာ ထိုင်ပြောနေလိုက်ချင်တော့တယ်။ ရေးပေအုံးတော့ ... မောင်ဖိုးချမ်းရေ ... ရေးပေအုံးတော့

စနေ၊ တနင်္ဂနွေ နှင့် အတွေးများ

အင်တာနက်မရတာနဲ့ နေရတာအဆင်မပြေတော့ဘူး။ ကြီးကျယ်တာတော့မဟုတ်ဘူး။ အဲဒီရောဂါက လက်တွေ့ခံစားဖူးတဲ့လူတွေပဲ သိတယ်။ တခြားလူတွေအမြင်ဆိုရင်တော့ ပလီတာလို့ပဲ ထင်လိမ့်မယ်။ စနေ၊ တနင်္ဂနွေ အင်တာနက်မသုံးဖြစ်လိုက်ဘူး။ ကျောင်းကိုလည်းသွားမသုံးချင်ဘူး။ သုံးရတာနဲ့ သွားတဲ့ခရီးနဲ့က မကာမိဘူး။ အင်တာနက်ရဖို့ကလည်း ၂ ပတ်လောက် လိုသေးတယ်။ ကျောင်းကအပြန်အိမ်ရောက်ရင် ဘာလိုလို့ လိုနေမှန်းကိုမသိဖြစ်နေတယ်။ လက်ချောင်းလေးတွေ ယားတာလိုလို လက်ညှိုးကပဲလှုပ်ချင်သလိုလိုဖြစ်ဖြစ်နေတယ်။ ကြာရင်တော့မလွယ်။ သူငယ်ချင်းတွေ cbox မှာလာလာအော်သွားကြတဲ့စာတွေကိုဖတ်ရတာ အရမ်းဝမ်းသာတယ်။ အင်တာနက်မရတော့ စာတွေပိုဖတ်ဖြစ်တယ်။ ဒါပေမယ့် သိတဲအတိုင်းပဲ Feeling ချင်းကမတူဘူး။ အင်တာနက်သုံးပြီး ကွန်ပျူတာရှေ့မှာထိုင်နေပါ ဆိုလို့ကတော့ ဘယ်နှစ်နာရီဖြစ်ဖြစ်ထိုင်နိုင်တယ်။ စာများဖတ်လို့ကတော့ ချော့သိပ်သလားအောင်းမေ့ရတယ်။ နာရီဝက်လောက်ဆိုရင် လုံးဝ ဗိုလ်ချုပ်ကို အလေးပြုနေပြီ။ ဘာ ကော်ဖီ ဘာ လက်ဖက်သုပ်မှ လည်းမကယ်နိုင်ဘူး။ အဲဒီအကျင့်ကြောင့်လည်း မလွယ်။ မန္တလေးမှ သူငယ်ချင်းကပြောပြတဲ့ သတင်းအရ မိုးတွေအရမ်းရွာပြီး ရွှေပင်လယ်ကြီးဖြစ်နေပြီတဲ့။ မိုးရွာထဲမှာရှောက်သွားတတ်တဲ့ သူငယ်ချင်းတွေတ

Happy Birthday ကိုမျိုးအောင်

ဒီနေ့ သူငယ်ချင်းကြီးကိုမျိုးအောင်ရဲ့ မွေးနေ့ပါ။ သူငယ်ချင်းရေ ငါ မင်းအတွက် ဆုတောင်းပေးလိုက်ပါတယ်ကွာ။ သွားလေသူကြီး ကိုမျိုးအောင် ... အဲ ... မွေးနေ့ရှင်ကြီး ကိုမျိုးအောင် သက်ကျော်ရာကျော်ရှည်ပါစေ။ ချစ်တဲ့သူနဲ့လည်း အမြန်ဆုံးနီးစပ်ပါစေ။ မင်းရဲ့ညစ်နေတဲ့စိတ်တွေလည်း မြန်မြန်လစ်သွားပါစေကွာ။ မင်္ဂလာမြန်မြန်ဆောင်နိုင်ပြီးတော့ ကလေးတွေလည်းများများရပါစေ။ မင်းရဲ့မွေးနေ့မှာ ဘာမှမစားလိုက်ရဘဲ ဆုတောင်းပေးရတာ သိပ်တော့မမိုက်ဘူး။ မန္တလေးကိုပြန်လာရင်တော့ ၀င်းဝင်း ဒါမှမဟုတ် ရွှေနိုင်းနိုင်းမှာ အတိုးချပြီး ဖဲ့တော့မယ်။ အဲဒီကျမှ ရှောင်ပုန်းမယ် မောင်တို့ ချယ်ရီမြေ လုပ်လို့ကတော့ နာပြီသာမှတ်။ အခုတော့ အင်တာနက်ကနေပဲ Cheer လုပ်လိုက်မယ်။ Cheer မျိုးအောင် (( ရည်းစားချစ် ... စီးပွားဖြစ် ... ဘာမှမလုပ်ဘဲသူဌေးဖြစ် ))

"MY" Myanmar Uni-code

မြန်မာနိုင်ငံရှိ အစိုးရ၀န်ကြီးဌာနများတွင် မြန်မာကွန်ပျူတာကျောင်းသားတစ်ဦး တီထွင်ဖော်ထုတ်ထားသော မိုင်မြန်မာ မြန်မာစာစနစ် ( My Myanmar Uni-code) စာ လုံးပုံစံကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါမြန်မာစာလုံးပုံစံကိုဖော်ထုတ်သူ မြန်မာကွန်ပျူတာကျောင်းသား မောင်ထူးမြင့်နောင်ကိုဂုဏ်ပြု၍ လက်ရှိအသုံးပြုနေသော စာလုံးပုံစံများအစား ပြောင်းလဲအသုံးပြုသွားမည်ဖြစ်သည်။ ယခုတီထွင်ထားသည့် မိုင်မြန်မာစနစ်သည် မြန်မာအက္ခရာစာလုံးများ၏ စည်းကမ်းသတ်မှတ်ချက်များ၊ နေရာအပြောင်းအရွှေ့များ၊ စာလုံးအတွဲများ၊ ပါဌ်ဆင့်များ typhography အားလုံးကို မှန်ကန်စွာဆောင်ရွက် အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာစာရေးထုံးကျမ်းကို အပြည့်အ၀လိုက်နာထားသဖြင့် သတ်ပုံသတ်ညွှန်း မှားယွင်းစွာရိုက်၍မရအောင်လည်း တားဆီးပေးထားကာ မိုင်မြန်မာ မြန်မာစာစနစ်သည် မြန်မာစာကိုအသုံးပြုသူများအတွက် မြန်မာစာကို တိုက်ရိုက်ထည့်သွင်းအသုံးပြုနိုင်ပြီး ကွန်ပျူတာစနစ်အမျိုးမျိုးတွင် အသုံးပြုနိုင်ကြောင်းသိရသည်။ မောင်ထူးမြင့်နောင်သည် မိုင်မြန်မာ မြန်မာစာစနစ်ကို ၂၀၀၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ပြီးစီးခဲ့သည်။ ဘယ်လိုပ

တိုင်းရင်းဆေး နှင့် မန္တလေးမြို့

မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာများအသင်း မန္တလေးတိုင်းအသင်းခွဲမှ ဆရာဆရာမများ ဦးစီးပြီး တိုင်းရင်းဆေးပညာများဖြင့် ကုသပေးသော အထူးကုဆေးခန်းကို မန္တလေးမြို့ မောရဂီဝါရပ် ၇၅လမ်း၊ ၃၂ နှင့် ၃၃ လမ်းကြားတွင်ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး မြန်မာတိုင်းရင်းဆေးဖြင့် ကုသသော အထူးကုဆေးခန်းဖြစ်ပါတယ်။ ကုသနိုင်တဲ့ ရောဂါတွေကတော့အရိုးအကြော အဆစ်နှင့်ပက်သက်သောရောဂါများ၊ မီးယပ်၊ သူငယ်နာရောဂါများနှင့် အထွေထွေရောဂါများကို ကုသပေးလျှက်ရှိပါတယ်။

Untitled

မနေ့က မေမေနှင့် ဖုန်းပြောဖြစ်သည်။ သား ... နေကောင်းလားတဲ့ ။ စိတ်ထဲမှာတော့ ပျော်လည်းပျော်တယ်၊ ၀မ်းလည်းနည်းတယ်။ ဖေဖေ ရန်ကုန်ကိုလာမှာမိုလို့ အစားအသောက်တစ်ခုခု ပို့ပေးမယ်တဲ့ ဘာစားချင်လဲတဲ့။ အရင်ဆုံးသတိရမိလိုက်တာက လက်ဖက်။ ပြီးတော့ သူ့ရဲ့အဖော် ပုဇွန်ခြောက်။ အဲဒါတွေက ဒီမှာ ရွှေတက်ရှားတယ်။ တော်တော်အာသီသပြင်းပြနေတယ်။ ပြောရင်းနဲ့ သရေတောင်ကျချင်သလိုလိုဖြစ်လာတယ်။ တခြားတိုလီမိုလီလေးတွေကတော့ တရုတ်ဆိုင်တွေမှာရနိုင်သည်။ မှာချင်တာတွေလည်းများနေသည်။ ပို့ခ ပိုက်ပိုက်ကိုလည်း ငှဲ့ရအုံးမည်။ Installer တွေလည်းလိုနေသည်။ လာတုန်းက ပလီပြီးတော့ မယူခဲ့တာ အခုမှပြဿနာတက်နေသည်။ စီဒီဝယ်ဖို့ကတော့ မောင်မျိုးအောင်လေးကိုပဲ အားကိုရတော့မည်။ ဒီမှာဝယ်လို့ကတော့ မွဲလိမ့်မယ်။ အခုစီဒီ ပြဿနာကမပြီးသေးဘူး။ အင်တာနက်ကစာချုပ်ပြည့်သွားလို့ ပြန်လုပ်ရအုံးမယ်။ ကံမကောင်းပါလား။ တစ်ပတ်လောက်တော့ကြာအုံးမည်။ အခု ပို့စ် တင်တာတောင် ကျောင်းမှာတင်နေရတယ်။ တော်တော်အဖြစ်ဆိုးနေသည်။ အကြံအဖန်ထုပြီး မြန်မာစာရိုက်ရတဲ့ ပြဿနာကလဲမသေး။ မနေ့ကတည်းက ပို့စ်တင်မလို့စာရိုက်နေတာ စာလည်းရိုက်ပြီးရော အင်တာနက်ကမရတော့ဘူး။ ကံဆိုးလိုက်လေခြင်း။ အခုမှပဲ ဒီပို့စ်ကိုတင်ဖြစ်တယ်။ ပြီး

REMEMBERANCE

15. .2006

ရီသောသူ အသက်ရှည်၏

ဟာသရုပ်ပုံလေးများကို ကြည့်ရှု့ရန် http://www.hellocrazy.com

FlashPaper

FlashPaper ကိုစမ်းရင်းနဲ့ ကျွန်တော်ကြိုက်တဲ့ နိုင်းနိုင်းစနေရဲ့ Post လေးကို Blog မှာ အမှတ်တရ သိမ်းထား လိုက်တယ်။ စာသားများမည့် Post တွေဆိုရင် FlashPlayer ကိုသုံးရတာ တော်တော်အဆင်ပြေပါလိမ့်မယ်။ နေရာလည်းသိပ်မယူဘူး။ Software နှင့် အသုံးပြုပုံကို မောင်သူရိန်ရဲ့Blogမှာ တွေ့နိုင်ပါတယ်။ ဒီလုပ်နည်းလေးကိုလည်း သူ့ရဲ့Blogမှာ တွေ့ခဲ့တာပါ။ စမ်းချင်နေတာ တော်တော်ကြာပြီ။ အခုမှပဲ သိတော့တယ်။ ကျေးဇူးပါပဲ .... မောင်သူရိန် ရေ

မိုးလေးဖွဲတုန်း ... သတိရတယ် ...

မိုးလေးဖွဲတုန်း ... သတိရတယ် ... မြင်နေတယ် ... ပြတင်းတံခါးဆီပဲ သွားလို့မော့ကြည့် ... ပြောလိုက်ချိန် ... တစ်ကိုယ်ရေထဲ ... မိုးစက်တွေအလယ် သီချင်းလေးရေးမိ ... အလွမ်းသက်သေ ... ပိုတယ်လို့ ... မပြောလိုက်ပါနဲ့ ဝေးပြီးတစ်နေ့ပြန်တွေ့ကြမယ် ... ယုံကြည်ထားမိုးစက်တွေရယ် တစ်ချိန်ကသိတဲ့ ... ပျော်မြူးခြင်းတွေ ... ပြန်ဝေနေ ... သီချင်းရဲ့ရင်ထဲ ဘယ်လောက်ပဲဝေးဝေး ... မင်းအနားမှာ ... ထိုင်ကာလေအမြဲရှိချင်တယ် သီချင်းလေးရေးမိ ... အလွမ်းသက်သေ ... ပိုတယ်လို့ ... မပြောလိုက်ပါနဲ့ ဝေးပြီးတစ်နေ့ ... ပြန်တွေ့ကြမယ် ... ယုံကြည်ထား ... မိုးစက်တွေရယ် အပြုံးလေးများလို ... မိုးစက်တွေ ... ရွာနေပါစေ ... ကိုယ့်ရဲ့နံဘေး မတွေ့ရသေးခင် ... တို့တစ်ယောက်လေ ... မပျော်နိုင်ဘူး ... မင်းသိပါတယ်

အပျင်းပြေဖတ်ရန်

ဘာရယ်ညာရယ်မဟုတ်ဘူး တခါလေကြတော့လည်း ဒါမျိုးလေးတွေဖတ်ရတာ အပျင်းပြေတယ်

IMS from Person.com

Person.com is the best place for chatting, dating and having fun. Interact with real people online in real time with no limits. Our site is completely free and you don't have to pay for anything! Instant Messaging Service ကို www.person.com မှပြုလုပ်နိုင်ပါတယ်။ GTalk ပိတ်ထားတဲ့အတွက် ဒီဆိုဒ်လေးက တော်တော်အဆင်ပြေပါတယ်။ နိုင်ငံပေါင်းစုံမှ Chatter များနှင့်လည်း အဆက်အသွယ် လုပ်နိုင်ပါတယ်။ အမှန်ကန် Chat ချင်တဲ့သူတွေအတွက်ရော ... အကြံအဖန် Chat ချင်တဲ့သူတွေအတွက်ပါ အဆင်ပြေကြောင်း .... ကြော်ငြာမောင်းထုလိုက်ပါသည်။ >> Chat ချင်သူများလည်း Chat နိုင်ကြပါစေ ... Burn ချင်သူများလည်း Burn နိုင်ကြပါစေ <<

လေပါတယ် MPT ရာ

Gmail နှင့် GTalk ကို မြန်မာစံတော်ချိန် နေ့လည် ၂ နာရီလောက်မှာ ပိတ်သွားပြန်ပြီတဲ့။ ဒီဟာလေးကိုပဲ အားကိုးပြီး အဆက်အသွယ်လုပ်နေရပါတယ်ဆိုမှ ဘာဖြစ်ပြန်ပြီလဲမသိဘူး။ ဟူး .... လေပါတယ် ... MPT ရာ။ Bandwidth ကြောင့်ဆိုရင်လဲ Voice ကိုပိတ်ရင်လုံလောက်ပါပြီ။ ဘယ့်နှယ့်ကြောင့် Mail ကိုပါပိတ်လိုက်ရတာလဲ။ အကြံအစည်တစ်ခုခုတော့ရှိရမယ် ... ဘာလဲတော့ မသိဘူး။ အခုသိတာကတော့ ... လေနေတယ် ... ပြီးတော့ ... ဆဲပစ်လိုက်ချင်တယ်။

မြန်မာငွေစက္ကူ ပြတိုက်

ကိုလိုနီခေတ်မှ မျက်မှောက်ခေတ်ထိ သုံးစွဲခဲ့သော ငွေစက္ကူများကို လေ့လာနိုင်ပါတယ်။ အခုခေတ်မှာသုံးနေတဲ့ ခြင်္သေ့လိုလို ဘာလိုလိုအကောင်ပါတဲ့ ငွေစက္ကူပုံစံတွေအပြင် "ဗိုလ်ချုပ်အောင်ဆန်း" ပုံပါတဲ့ ငွေစက္ကူများ ကိုလည်း တွေ့မြင်နိုင်ပါသေးတယ်။ >> ဒီနေရာမှာလေ့လာပါ <<

အပျင်းဆုံးအလုပ်

စောင့်ရတိုင်းသာ ပိုက်ဆံရမယ်ဆိုရင် ကျွန်တော်တော့ သူဋ္ဌေးဖြစ်နေလောက်ပြီ။ စောင့်ရတဲ့အလုပ်က ကျွန်တော့်အတွက် တော်တော်ပျင်းစရာကောင်းတယ်။ နေရာတကာမှာ စောင့်နေရတာပဲ။ ဘာတွေစောင့်ရလဲဆိုတာ သိချင်ရင်တော့ ဒီသီချင်းလေးသာ နားထောင်ကြည့်လိုက်တော့ဗျာ။ စိတ်ကုန်တယ်။ ရပ်စောင့်

ဦးပိန်တံတား

မန္တလေးမြို့ အနီး တောင်သမန်အင်းထဲမှာ ရေတွေစ၀င်လာပြီး ဦးပိန်တံတားမှာ လာလည်တဲ့သူတွေနဲ့ အရမ်းစည်ကားနေပြီတဲ့။ မန္တလေးမှာလည်း မိုးတွေ အမုန်းရွာနေတယ်တဲ့။ ဒီမှာတော့ မိုးဆိုတာ အခုထိ ဘာမှန်းကိုမသိသေးဘူး။ စိတ်ပိန်တယ်။ ဦးပိန်ရေ အခုတော ဓာတ်ပုံကိုပဲကြည့်နိုင်တော့တယ်။ မင်းရဲ့ နေ၀င်ချိန်ကို ဘယ်တော့မှလာကြည့်နိုင်မလဲ မသိဘူး။ စည်နေနှင့်အုံးပေါ့လေ... ဦးပိန်တံတားကို ပုဂံမင်း၏မြို့စာရေး ဦးပိန်က အင်းဝနန်းတော်ဟောင်းမှသစ်များဖြင့်ဆောက်လုပ်ခဲ့ပြီး မြေဝင် ၇ ပေ၊ မူလတိုင် ၉၈၄ တိုင်(နောင်၁၀၈၆တိုင်)အရှည် ၃၉၆၇ပေရှိသည်ဟုလည်း သမိုင်းမှတ်တမ်းများ အရသိရသည်။

အတောင်ပံတွေ

A : အရမ်းပြန်ချင်တာပဲ။ B : ပြန်ချင်တယ်ဆိုရင် အတောင်ပံတွေစုံအောင်အရင်လုပ်လေ။ A : ဘာလို့လဲ။ B : အတောင်တွေမစုံပဲပြန်မိရင် ဒုက္ခရောက်မှာပေါ့။ အတောင်ပံတွေစုံမှ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် ပျံသန်းလိုက်ပါ။ (တန်ဖိုးရှိတဲ့စကားလေးမို့ အမှတ်တရ သိမ်းထားလိုက်တာယ်။ ကျေးဇူးပါပဲ ... သဇင် )

Tomorrow Never Dies

MTP Vs GTalk

မန္တလေး BaganNET မှာရှိတဲ့ အသိတစ်ယောက်ရဲ့ပြောပြချက်အရ Myanmar Teleport Port ကနေပြီးတော့ GTalk VOIP ကိုပိတ်ခိုင်းထားတယ်လို့သိရပါတယ်။ ဒါပေမဲ့ ကျွန်တော်ဒီနေ့ရန်ကုန်က အစ်ကိုတစ်ယောက်နဲ့ပြောတာတော့ အဆင်ပြေတယ်။ သူက Freedom ကိုသုံးပြီးပြောတာပါ။ အသံတော့ ကတော့ကြားရပါတယ်။ အကြည်အလင်ကြီးတော့ မဟုတ်ဘူး။ လုံးဝပြောလို့ မရတာထက်စာရင်တော့ မဆိုးဘူးပေါ့။ ပိတ်ထားတဲ့လူတွေကတော့ ရွှေမေတ္တာ စူးရောက် ကြမည့်သူ တွေပါပဲ ။

နှစ်သက်မိသော ကဗျာလေး

စိတ်ကူး ကလောင်ရှင် - ညီ Source: eainmat

ဗထူးကွင်း (မန္တလေး)

မန္တလေးမှာရှိတဲ့ အားကစားကွင်းနာမည်လေးပါ။ သူ့ရဲ့သက်တမ်းက နှစ် (၅၀)ရှိပါပြီ။ အရင်တုန်းက သစ်သားခုန်တန်းလေးတွေနဲ့ ကြည့်ရတဲ့ နေရာလေးပေါ့။ အဲဒီနောက်ပိုင်းမှာ သံတူကွန်ကရစ်တွေနဲ့ ထပ်ပြီးဆောက်ခဲ့တယ်။ အခုတစ်ခါလည်း ထပ်ပြီး အသစ်တည်ဆောက်တော့မယ်တဲ့။ ၀မ်းသာစရာ သတင်းပါပဲ။ သိန်း ၈၀၀ တောင်သုံးပြီးခေတ်မှီတဲ့ ကစားကွင်းကြီးဖြစ်အောင် တည်ဆောက်မယ်တဲ့။ တည်ထောက်ပြီးသွားရင် ပရိသတ် ၂၀၀၀၀ ကျော်ကြည့်နိုင်မယ်လို့သိရပါတယ်။ အရင်တုန်းကတော့ ပျင်းရင် အဲဒီကွင်းထဲသွားပြီးတော့ လေသေနတ်သွားသွားပြစ်တယ်။ Table Tennis သွားဆော့တယ်။ အခုတည်ဆောက်ပြီးသွားရင် ဘယ်လိုပုံစံ ထွက်လာမလဲတော့ မသိဘူး။ အားကစားမျိုးဆက်သစ်လေးတွေ အတွက်တော့ တော်တော်အဆင်ပြေသွားတာပေါ့။ ပြီးတော့ အဲဒီကွင်း ပတ်ပတ်လည်မှာရှိတဲ့ တိုက်ခန်းဈေးတွေလည်း ဘယ်လိုဖြစ်လာအုံးမလဲမသိဘူး။

နပိုလီယန် နဲ့ ၀ယ်လင်တန်

ကိုမောင်လှ (ဆရာတုံ) နှင့် ကိုဇော်မိုးအောင် တို့ကပြောတယ်။ ကိုထက် (ဆရာထက်) ကော်ဖီဆိုင်ဖွင့် တော့မယ်တဲ့။ အဲဒါနဲ့ပဲ မန္တလေးမှာရှိတဲ့ ကော်ဖီဆိုင်/လက်ဖက်ရည်ဆိုင်တွေအကြောင်း စဉ်းစားရင်း ကျွန်တော်တို့ သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ယောက်ကိုသွားပြီးရစ်ခဲ့တာလေးကို သတိရမိ တယ်။ ဆိုင်နာမည်က "မဟာနွယ်" တော်တော်တော့ ကဗျာဆန်တယ်။ သူ့ဆိုင်မှာက ဆိုင်းဘုတ်ရေးထားတယ်။ လက်ဖက်ရည်ကောင်းကြောင်း ရေးထားတဲ့ ဆိုင်းဘုတ်လေးပါ။ ရေးထားတာက " နပိုလီယန်သည် ၀ိုင်ကောင်းကောင်းကြိုက်သည်။ ၀ယ်လင်တန်သည် လက်ဖက်ရည်ကောင်းကောင်း ကြိုက်သည်။ ၀ါတာလူးစစ်ပွဲတွင် ၀ယ်လင်တန် အနိုင်ရခဲ့သည် " လို့ရေးထားတယ်။ လက်ဖက်ရည်သောက်လျှင် အောင်မြင်မှုရရှိနိုင်သည့် သဘော။ အဲဒါနဲ့ ကျွန်တော်တို့လည်း ပြန်ရစ်လိုက်တယ်။ "နပိုလီယန်ရှုံးရတဲ့အကြောင်းအရင်းကို သိလား" လို့မေး လိုက်တယ်။ ဆိုင်ရှင်က ခေါင်းခါပြသည်။ အဲဒါနဲ့ ကျွန်တော်တို့လည်း ပြောလိုက်တယ်။ " နပိုလီယန်ရှုံးမှာပေါ့ဗျ ... ၀ိုင်သောက်ပြီး ကောင်း(မူး) နေတာကိုး ... ဘယ်လိုလုပ်ပြီးစစ်တိုက်နိုင်မှာလဲ ... ဒါပေမဲ့ စစ်ပွဲအပြီးမှာ ... ဘယ်သူမှမနို်င်လိုက်ဘူး ... ၀ယ်လင်တန်လည

Types of Woman

အရင်လ(July)တုန်းက ဘယ်လိုချစ်သူမျိုးလဲ ဆိုတဲ့ Post အနေနဲ့တင်ပြီးသားလေးပါ။ အဲဒီတုန်းက တချို့အချက်လက်တွေ ကျန်နေပါသေးတယ်။ အခု အဲဒီကျန်နေတဲ့ အချက်အလက်တွေကို ထပ်ပြီးဖြည့်စွက်ထား ပါတယ်။ HARD-DISK Woman: She remembers everything, FOREVER. RAM Woman: She forgets about you, the moment you turn her off. WINDOWS Woman: Everyone knows that she can't do a thing right, but no one can live without her. EXCEL Woman: They say she can do a lot of things but you mostly use her for your four basic needs. SCREENSAVER Woman: She is good for nothing but at least she is fun! INTERNET Woman: Difficult to access. SERVER Woman: Always busy when you need her. MULTIMEDIA Woman: She makes horrible things look beautiful. CD-ROM Woman: She is always faster and faster. E-MAIL Woman: Every ten things she says, eight are nonsense. VIRUS Woman: Also known as "WIFE"; when you are not expecting her, she comes, installs herself and uses all your resource.If you try to uninstall her you will lose something, if

ဗေဒင် နဲ့ မြန်မာနိုင်ငံ

တစ်နေ့တစ်ခြား ဆိုးဝါးလာနေတဲ့ စီးပွားရေးကြပ်တည်းမှုဒဏ်ကနေ ဘယ်လိုထွက် ပေါက်ရှာရမှန်းမသိဖြစ်နေတဲ့ မြန်မာနိုင်ငံသားအများစုဟာ ဗေဒင်လက္ခဏာမေးမြန်းမှုနဲ့ ယတြာချေမှုတွေကို သာတိုးပြီးပြုလုပ်လာနေတယ်လို့ သိရပါတယ်။ ဒီလိုဗေဒင် မေးကြတဲ့အထဲမှာ ရန်ကုန်မြို့လယ်ကဘုန်းကြီးကျောင်းတွေ၊ ဗေဒင်ဆိုင်တွေအပြင် ရန် ကုန်နဲ့ မိုင် (၄၀) အကွာလောက်မှာရှိတဲ့ မှော်ဘီမြို့က ဆရာမင်းသိင်္ခရဲ့ အယူတော် မင်္ဂလာဥယျာဉ်ဟာလဲ တစ်နေ့တစ်ခြား ထင်ရှားလာနေတယ်လို့ သိပါတယ်။ (၁၀) ဧကကျော် ကျယ်ဝန်းတဲ့ အယူတော မင်္ဂလာဥယျာဉ်ရဲ့ဝင်ပေါက်ကို အမြင့်တစ်ပေစီ လောက်ရှိတဲ့ ဘီလူးရုပ် (၂၇) ရုပ်နဲ့ ၀န်းရံထားပြီး အထဲမှာတော့ ရုပ်ပွားတော် (၁၀၀) ခန့်နဲ့အတူ လက္ခဏာပုံပြထားတဲ့ လက်ဝါးပုံတွေမြင်နေရပါတယ်၊ ဖုံထူတဲ့လမ်းမပေါ် လယ်ထွန်စက်နဲ့ဆွဲတဲ့ကားကိုစီးပြီး သွားရတဲ့ဒီဥယျာဉ်ကို နေ့စဉ် လူ (၂၀၀) ကျော်ခန့် ပုံမှန်ရောက်ရှိနေပြီး သူတို့ရဲ့ ဘ၀နေမှု အခက်အခဲအတွက် ဘယ်လို ကူညီပေးနိုင်မလဲလို့ လာရောက်မေးမြန်းနေကြပါတယ်။ "သူတို့ ပြောပြတဲ့ ဒုက္ခမျိုးစုံကို နေထွက်ကနေ နေ၀င် တဲ့အထိ နေ့စဉ် ကျွန်တော်နားထောင်နေရပါတယ်။ စီးပွားရေးဆိုးလေ ကျနော်ဆီလာတဲ့ လူဦးရေတိုးလေပါပဲ။ လွန်ခဲတဲ့နှစ်န

LEXUS အမှတ်တရ

မန္တလေးမှာတုန်းက Internet သုံးခဲ့တဲ့ဆိုင်လေး အလွမ်းပြေပါ။ နေရာလေးကအရမ်းကောင်းပြီး User သုံးချင်စ ဖွယ်ပတ်ဝန်းကျင်လေးကို ဖန် တီးပေးထားတယ်။ WebCam Service ပါအသုံးပြုနိုင်ပြီး CustomerService လည်းအ ရမ်းကောင်းတဲ့ ဆိုင်လေးပါ။ အဲဒီမှာ ကျွန်တော့်ရဲ့ Friend တွေနဲ့ အမုန်း Chat ခဲ့တာပေါ့။ မြန်မာ Blogger, မေမြို့သား လေးလည်း အဲဒီမှာရှိတယ်။ ဆိုင်ရဲ့ ဆိုင်းဘုတ်လေးပေါ့ ဆို်င်အတွင်း ချစ်စဖွယ် ပြင်ဆင်ထားတဲ့ ပုံစံလေးပါ။ Chatting ဆွဲရင်း အိပ်မငိုက်ရအောင် ကော်ဖီ နှင့် အအေးကလည်းအဆင်သင့်။

Blogger T Shirt

Boy T Shirt Girl T Shirt

မယ်ဗလများ

သူငယ်ချင်းတစ်ယောက် (Ku Ku Lay)ပေးပို့ထားတဲ့ Funny Joke လေးကို sharing လုပ်ထားတာပါ။ “၀ိတ်”မ သော မိန်းကလေး များရဲ့ အလှကို PowerPoint Slide များဖြင့်ပြသထားပါတယ်။ သူတို့ အသက်ကြီးလာသောအခါ ဖြစ်လာ မည့်ပုံစံကိုလည်း ဆက်လက်ကြည့်ရှု့ပါ။ >> ကြည့်ရှု့ရန် <<

ယနေ့ မြန်မာသို့ပေးစာများ

နိုင်ငံ့ဂုဏ်ဆောင် မျိုးချစ်ခေါင်းဆောင်များ ရုရှနိုင်ငံ၊မော်စကိုမြို့မှာ ချို့တဲ့စွာ ပညာသင်ကြားနေတဲ့ ကျောင်းသားပေါင်း (၁၀၀၀)ကျော် ရှိပါတယ်။ ရတဲ့လစာလေးတွေနဲ့ ခြိုးခြံချွေတာပြီး နိုင်ငံတကာ အဆင့်မီကျောင်းသားတွေလို ၀တ်ဆင် နေထိုင်ကြရပါတယ်။သို့မှသာ မြန်မာဆိုတာ နိုင်ငံတွေ အလယ်မှာ ဂုဏ်မငယ်မှာလေ။ ရတဲ့လစာနဲ့ သင့်အောင်ဝတ်၊ သင့်အောင်တော့ စားရတာပေါ့ ။ကိုယ့်မရှိတော့လည်း ဘယ်သူ့မှ အားကိုးလို့ မရဘူးလေ။ ဒေါ်လာ ၂၅၀ဆိုတာ နိုင်ငံတကာ ကျောင်းသားများနှင့်ဆိုရင် ဘာရှိလို့လည်းဗျ။ လက်ရှိအခြေအနေမှာ ကုန် ဈေး နှုန်းတွေကလည်း တက်လိုက်တာ အခုဆိုရင် ကမ္ဘာမှာ လူနေမှုစရိတ်အကြီးဆုံးက ရုရှဆိုဘဲဗျ ။ အဲ့တော့ ကျနော် တို့တွေ မျက်ဖြူဆိုက်ပြီပေါ့ဗျာ ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုတဲ့အတိုင်း အဲ မဟုတ်သေးပါဘူး မျက်ဖြူဆိုက်လေ သံအမတ်ကြီးသမက် ကြိုက်လေပေါ့ဗျာ ။ >> အပြည့်စုံသို့ << Source: Burmatoday

မြန်မာ ဗွီဒီယို ဟာသများ

မြန်မာကားများကြည့်ပြီးရရှိလာသော ဗဟုသုတများ (၁၀၀) ၁။ မြန်မာလူမျိုးများသည် အတိတ်ကို ခဏခဏ ပြန်လည်သတိရလေ့ရှိသူများဖြစ်ကြပြီး များသောအားဖြင့် အတိတ်ကို အဖြူအမဲဖြင့်သာသတိရလေ့ရှိကြသည်။ ၂။ သမီးရည်းစားများသည် သီချင်းဖွင့်ထားသော ပန်းခြံထဲတွင် ပြေးလွှားနေလေ့ရှိကြသည်။ ၃။ ရုပ်ဆိုသူများသည် လူဆိုးလူမိုက်များဖြစ်ကြသည်။ ၄။ မင်းသား (သို့) မင်းသမီးဖြစ်သူ၏ အမေများတွင် နှလုံးရောဂါ (သို့) သွေးတိုးရောဂါများ ရှိတတ်သည်။ >> အပြည့်အစုံသို့ << Source: kalvinwebdiary

တစ်ချက်မှား ခရီးသည်

တစ်သက်လုံးကိစ္စ ချိန်ဆ ဆုံးဖြတ်မည်ဆို တစ်ရက်ထဲနှင့် ဘယ်တော့မှ မဆုံးဖြတ်မိရာ ၊ တစ်ချက်မှား ခရီးသည် တစ်သက်သွားလို့ ပြီးဆုံးမည် မဟုတ်တော့ချေပြီ။ မဟာဗောတိမြိုင်ဆရာတော်

ပန်တျာကျောင်း (မန္တလေး)

မန္တလေးမြို့ ၆၆ လမ်းနှင့် ၂၂ လမ်းထောင့်ရှိ အနုပညာဦးစီးဌာနတွင် ပန်တျာ ကျောင်းကို ၁၉၅၃ ခုနှစ်မှ စတင် ဖွင့်လှစ်၍ မျိုးဆက်သစ် အနု ပညာရှင်များ မွေးထုတ်ပေးလျက်ရှိရာ ယခုနှစ်တွင် ယခင်နှစ် ကထက်သင်တန်း သား ၃၀ ရာခိုင်နှုန်းပိုများလာသည် ဟု ပန်တျာ ကျောင်းအုပ် ဦးညီညီအောင် က ပြောသည်။ သင်တန်းသားလက်ခံရာတွင် ယခင်က အနည်းဆုံး အခြေခံပညာ အလယ် တန်းအဆင့် ရှစ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ထားသော်လည်း ၎င်းင်းတို့၏ ၀ါသနာနှင့် အနုပ ညာ အခြေခံ အရည်အသွေးပေါ် မူတည်၍ ပညာ အရည်အချင်းကို လျှော့ပေါ့ စဉ်းစားပေးလျက်ရှိခြင်းကြောင့် ယခု ကဲ့သို့ သင်တန်းသားဦးရေ တိုးပွားလာ ခြင်းဖြစ်သည်။ တိုင်းရင်းသားများပါ လာရောက် သင်ယူကြရာ ယခုနှစ် ပထမနှစ်သင်တန်း သားများတွင် ပလောင်တိုင်းရင်းသား ခြောက်ဦးရှိသည်။ နာဂတိုင်းရင်းသားများ၊ ချင်းပြည်နယ်နှင့် ကချင် ပြည်နယ်တို့မှ ချင်းနှင့်ကချင် တိုင်းရင်း သားများလည်း ဒုတိယနှစ်နှင့် တတိယ နှစ်များတွင် တက်ရောက်လျက်ရှိသည်။ Ref: MM Times

Hackers smoke out Firefox

Hackers have found to exploit a hole in the open-source Firefox browser that enables them to monitor people's activity on the Internet. The Infostealer.Snifula uses works as an extension to Firefox but installs malicious Trojans that are loaded at start-up. The Trojan captures contents of form submission events including passwords and forwards them to its main process where it is sent to the remote attacker. Ref: TechWorld