Skip to main content

Posts

Showing posts with the label Buddhist Center London

ဒုတိယ အကြိမ်မြောက် ရံသီ သာသနာပြုအသင်းများ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲ ဖိတ်ကြားလွှာ

ဆရာတော် ဦးဥတ္တရ ဦးဆောင်၍ လန်ဒန်မြို့ သာသနာရံသီ ဝိဟာရ သာသနာပြုအသင်းကြီးမှ ကြီးမှူးကျင်းပသော ဥရောပနိုင်ငံများရှိ ရံသီကျောင်း ဒါယကာဒါယိကာမများ ဒုတိယ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို အောက် ဖေါ်ပြပါနေရာ၌ ကျင်းပမည်ဖြစ်ပါသည်။ ထိုဆွေးနွေးပွဲတွင် ဥရောပနိုင်ငံများရှိ ရံသီကျောင်းများ၏ သာသနာပြုအသင်းများမှ ဘာသာ သာသနာရေး ဆောင်ရွက်ကြပုံများနှင့် လန်ဒန်မြို့တွင် အသစ်တည်ဆောက်မည့် ရံသီ ဗုဒ္ဓစင်တာကြီးဖြစ်မြောက်ရေး အတွက် ရှေ့လုပ်ငန်းစဉ်များကို နှီးနှောဖလှယ် ဆွေးနွေးကြမည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ သာသနရံသီ ဝိဟာရ၏ ကျောင်းဒါယကာဒါယိကာမများ ၊ ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများ၊ ပုညသဟာယ ( ကုသိုလ် ပြုဖက်မိတ်ဆွေများ) အသင်းသူအသင်းသားများ နှင့် သာသနရံသီ ဝိဟာရ သာသနာပြု အသင်း၏လုပ်ငန်းစဉ်များကို အားပေးထောက်ပံ့ ကူညီလှူဒါန်းခဲ့ကြသော အလှူရှင် ဒါယကာဒါယိကာမများအား ထိုဆွေးနွေးပွဲသို့ ကြွရောက်အားပေးကြပါရန် သာသနရံသီ ဂေါပကအဖွဲ့နှင့် ဖြစ်မြောက်ရေးကော်မတီမှ လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။ ကြွရောက်လာကြသော ဧည့်ပရိတ်သတ် တို့အား ရွာစားကျော် ရန်ကုန် သီရိမောင်မောင် မင်္ဂလာဆိုင်းအဖွဲ့တို့နှင့် ဧည့်ခံဖျော်ဖြေပြီး နေ့လည်စာဖြင့် ဧည့်ခံကေ...