၂၀၁၀ သင်္ကြန် အကြတ်နေ့က ရန်ကုန်မြို့ရှိ X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုအား ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်း ရိုက်ယူခြင်းကြောင့် ဖမ်းဆီးခံရသည့် ကိုစည်သူဇေယျကို ထောင်ဒဏ် ၈ နှစ် ချမှတ် လိုက်ကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက နယ်စပ် ဖြတ်ကျော်ပုဒ်မ ၁၃/၁ ဖြင့် ထောင်ဒဏ် ၃ နှစ်၊ မတရား အသင်း ဆက်သွယ် မှု ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။ စီရင်ချက်များ ချမှတ်ရာတွင် သက်သေ အထောက် အထားများ ပြည့်စုံခြင်း မရှိဘဲ တရားစွဲဆို စီရင်ချက် ချမှတ်ခြင်း ဖြစ်ကြောင်း၊ အယူခံရုံး အဆင့်ဆင့်တက်၍ အယူခံ ၀င်သွားမည် ဖြစ်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။ “ပထမတော့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ ဗီဒီယိုရိုက်တာကို မသင်္ကာလို့ စစ်ဆေးတာပဲ။ နောက်တော့မှ ဒီ ၁၃/၁ တို့ ၁၇ / ၁ တို့ဆိုတာက တရားခံပေါ်မှာ စစ်ကြောရေး ပြုလုပ်ပြီးတော့ ရရှိတဲ့ အချက်အလက်တွေနဲ့ သူတို့ တရားစွဲတင်ပြီး ပြစ်ဒဏ်ပေးတာ။ သက်သေ အထောက်အထား ခိုင်ခိုင်မာမာနဲ့ စီရင်ချက်ချတယ်လို့ မယုံကြည်ဘူး။ ဒီလိုအမှုတွေက များသော အားဖြင့် အဲ့ဒီလိုပဲ အမှုတည်ဆောက်ပြီးတော့ တရားစွဲဆို ပြစ်ဒဏ် ပေးလေ့ရှိတာကို တွေ့နေရတယ်”ဟု...
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ