Skip to main content

Posts

Showing posts with the label Birmingham Buddhist Monastery

A Trip To Birmingham Buddhist Vihara

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက် (၂၀၁၁) နေ့က  Birmingham သို့ အလည်သွားရင်း Birmingham Buddhist Monastery သို့ ဝင်ဖြစ်ခဲ့ပါတယ်။ ယူကေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ အကြီးဆုံးလို့ ပြောလို့ရပါတယ်။ စေတီတော်နှင့် တရားဟောခန်းမဆောင်များလည်း ကျောင်းဝင်းအတွင်းမှာ တည်ရှိပါတယ်။ ဆရာတော် ၃ပါး ဝန်းကျင်ခန့် အမြဲသတင်းသုံးနေထိုင်ပါတယ်။ ယူကေမှာနေနိုင်တဲ့ မြန်မာတွေ Birmingham ကိုရောက်ဖြစ်ရင် သွားရောက်သင့်တဲ့ နေရာတွေထဲက တစ်ခုအပါဝင်ဖြစ်ပါတယ်။ Birmingham ဘုန်းကြီးကျောင်းအတွင်းမှ စေတီတော် စေတီတော်အား အခြားတစ်ဘက်မှ မြင်ကွင်း ဘုရားခန်းအတွင်းရှိ ဆင်းတုတော်များ တရားဟောခန်းမဆောင် လန်ဒန်မှာရှိတဲ့ မြန်မာတွေ ဘုန်းကြီးဝတ်ရင် အေးအေးချမ်းချမ်းရှိပြီး စိတ်ငြိမ်တဲ့နေရာမှာ တည်ရှိတဲ့ ဒီကျောင်းမှာသွားပြီး ဝတ်တာများတယ်။ ကျွန်တော်လည်း ကတုံးပြောင် သင်္ကန်းစည်းပြီး တစ်နေ့တော့ ရောက်ဖြစ်မယ်ထင်ပါတယ် :P