Skip to main content

Posts

Showing posts from April, 2010

ကိုနေဘုန်းလတ် PEN American Center က ချီးမြှင့်သော ၂၀၁၀ ရွှေကလောင်ဆုရရှိ

ကရင်ပြည်နယ်၊ ဘားအံ ထောင်တွင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသည့် ဘလော့ဂါ ကိုနေဘုန်းလတ်အား လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် အတွက် ကြိုးပမ်းခဲ့ သောကြောင့်၂၀၁၀ ရွှေကလောင်ဆု (2 010 PEN/Barbara Goldsmith Freedom to Write Award ) ကို ၂၀၁၀ ဧပြီ ၁၄ ရက်နေ့က ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ရွှေကလောင်ဆု ချီးမြှင့်သည့် အခမ်းအနားကို ဧပြီ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပကြောင်း သိရသည်။ ကိုနေဘုန်းလတ်ဟာ ကျွန်တော်တို့ မြန်မာဘလော်ဂါတွေအတွက်သာ မဟုတ်ဘဲ NLD လူငယ်တွေအတွက်လည်း လေးစားဂုဏ်ယူရတဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ပါတယ်။ ဒီလိုဆု ချီးမြှင့်ခံရတဲ့အတွက် ကိုနေဘုန်းလတ်အစား ဂုဏ်ယူဝမ်းမြောက်မိသလို စစ်ခွေးတွေရဲ့ မတရားချုပ်နှောင်ခံထားရခြင်းမှလည်း အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်။

Cartoon: ဗျောက်တန်းလန်းနဲ့ ၂၀၁၀ ပြည်သူ့လွှတ်တော်

ကာတွန်းဆရာ ဘီရုမာရဲ့ ၂၀၁၀ ရွေးကောက်ပွဲနှင့် အရပ်ဝတ်ပြောင်းလဲသွားကြတဲ့ မောင်သိန်းစိန်ဦးဆောင်တဲ့ ဝန်ကြီးများအဖွဲ့ကို ပြောင်လှောင်သရော်ထားတဲ့ ကာတွန်းဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာလည်း ဒီပုံစံအတိုင်းဆို သူတို့ပဲ နိုင်မည့်အလားအလာ ပိုပိုပြီးများသွားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ လူမှုရေးလုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ကိုင်သွားဖို့ ကြေငြာချက်ထုတ်ပြီးသွားပြီ ဖြစ်ပါတယ်။ ပြည်သူတွေရင်ထဲ စိတ်ထဲမှာ ဘယ်သူ့ကို တက်စေချင်တယ်ဆိုတာက တစ်သတ်မတ်တည်းရှိပြီးသားပါ။ ဒါပေမဲ့ တခြားတစ်ဘက်က ပြန်တွေးကြည့်မယ်ဆိုရင် ဘယ်သူတက်တက်ပါ ပြည်သူတွေစားဝတ်နေရေးပြေလည်ဖို့နှင့် လူ့အခွင့်ရေးရရှိဖို့က အဓိကပါပဲ။ Voa News မှ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ စစ်အစိုးရကို သရော်တဲ့ ကာတွန်းတွေ၊ သရုပ်ဖော်ပုံတွေ ရေးဆွဲနေတဲ့ ရှမ်းတိုင်းရင်းသား ကာတွန်းဆရာ ကိုဟန်လေးကို နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ Human Rights Watch က ဂုဏ်ပြုဆု ချီးမြှင့်လိုက်ပါတယ်။ ၂၀၀၉ ခုနှစ်အတွက် Hellman/Hammett ဆုကို အခုထိ အကျဉ်းကျခံနေရတဲ့ ကဗျာဆရာ စောဝေ အပြင် ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုးကိုလည်း ၂၀၀၂ ခုနှစ်မှာ ဂုဏ်ပြု ပေးအပ်ခဲ့ပါတယ

CNN မှ သတင်းထောက် Dan Rivers မြန်မာနိုင်ငံမှ ပြန်ပို့ခံရ

လွန်ခဲ့တဲ့ ၂၀၁၀ မတ်လက CNN မှ သတင်းထောက်တစ်ယောက် မြန်မာနိုင်ငံမှ ပြန်လွှတ်ခြင်းခံခဲ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ရတယ်များမှတ်နေလား မသိဘူး :P သတင်းထောက်တွေလည်း ဝင်ပေါက်တွေအများကြီးပါ။ အထူးသဖြင့် နယ်စပ်ပေါ့။ ရှိနေတာပဲ ဒါကို ရန်ကုန်ကနေ တည့်ကြီးဝင်ဝင်နေတယ်။ နိုင်ငံခြားသား သတင်းထောက်မို့တော်သေးတာပေါ့။ ဒါတောင် ဂျပန်သတင်းထောက်ကြီး ဂန့်သွားရှာသေးတယ်။ နော်ဝေက DVB အဖွဲ့သာတွေဆိုရင်တော့ ပိုဆိုးတယ်။ မြန်မာလည်းဖြစ်နေတော့ လုပ်ချင်တိုင်းကို လုပ်နေတော့တာပဲ။ ခဏဆိုပြီး ဆွဲထားတာ တစ်နှစ်လောက်ကြာတယ်။ ဒါတောင် အမိန့်မချရသေးဘူး။ မြန်မာပြည်မှာ သတင်းထောက်လုပ်တာ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ တော်ရုံတန်ရုံစိတ်ဓာတ်၊ တော်ရုံတန်ရုံ အရည်အချင်းနဲ့တော့ မရဘူး။ ပင့်ကော်၊ လုပ်ဇာတ်ခင်း၊ ပိုက်ပိုက်ရရုံရေးသားသော သတင်းထောက်များ မပါဝင်ပါ။ ပြည်တွင်းကနေ အမှန်အကန် လုပ်နေတဲ့သူတွေကိုလည်း လေးစားပါတယ်။ အဲလိုသတင်းထောက်တွေ ဘေးအန္တရာယ်လည်း ကင်းရှင်းပါစေ။ ပြည်သူကို တိကျတဲ့ သတင်းမှန်တွေလည်း ဖော်ထုတ်ပေးနိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်။ Myanmar removes CNN reporter Uploaded by CNN_International . - News v

Free Zarganar Event

Zarganar, a Burmese comedian and film director, and political prisoner. Sentenced to 35 years in prison for sending information about cyclone Nargis to foreign media. Date : 03- 05 - 2010 (World Day of Freedom of Expression) Time : 14:00 - 16:00 Venue : Trafalgar square, London, UK (Nearest station is Charing Cross) Map: click here for map . Let’s dance, laugh, speak and make jokes together, in support of Zarganar. Who ? The Free Zarganar Campaign mobilizes several organisations and private citizens from Europe and the Burmese community in exile, in order to demonstrate support and solidarity to Zarganar and to freedom of expression in Burma. Colourful umbrellas will open the event: please bring yours along! What ? a Burmese show combining theatre dance, music and comedy, given by the Burmese community in exile, and testimonies from people who have known Zarganar. For more information: http://zarganar.blog.free.fr zarganarblog@gmail.com

The Best Thingyan Remix and Dance of The Year 2010 ;)

လန်ဒန်သင်္ကြန် ၂၀၁၀ မှာ လူတွေအားပေးမှုအများဆုံးနှင့် အမြူးကြွဆုံး ဖျော်ဖြေမှု နှစ်ခုကို မျှဝေချင်ပါတယ်။ ပထမတစ်ပုဒ်ကတော့ ရွယ်တူညီမလေးများ ဖျော်ဖြေထားတဲ့ Thingyan Remix and Dance ဖြစ်ပါတယ်။ သီချင်း လေးပုဒ်ကို ရောပြီး Remix လုပ်ထားတာဖြစ်ပါတယ်။ ရွယ်တူညီမလေးများ ကပြဖျော်ဖြေတာဖြစ်တဲ့အတွက် ကကွက်တွေရော အကပါ ပိုပြီးကြည့်လို့ကောင်းတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒုတိယတစ်ပုဒ်အနေနဲ့ကတော့ လူ ၈ ယောက် Group Dance အနေနှင့် ဖျော်ဖြေတာဖြစ်ပါတယ်။ သူတို့လည်း ကကွက်တွေအများကြီးကို ကြိုးစားပမ်းစားလေ့ကျင့်ထားတဲ့အတွက် ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ ဒီအကထဲမှာတော့ ကျွန်တော်တို့ မန်းလေးက မန်းလေးသားလေးတစ်ယောက်ကတော့ Underground တွေ ဝင်ကသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအကတွေအပြင် သင်္ကြန်အကနှင့် သီချင်းတွေ သီဆိုဖျော်ဖြေမှုတွေလည်း ပါဝင်ပါသေးတယ်။ ကျန်ရှိနေသေးတဲ့ သီချင်းတွေကိုတော့ သင်္ကြန်အမှတ်တရ အနေဖြင့် အခွေထုတ်ပြီး ဘုန်းကြီးကျောင်း ရန်ပုံငွေအဖြစ်ရောင်းချသွားမှာဖြစ်ပါတယ်ခင်ဗျာ။

လန်ဒန်သင်္ကြန် ၂၀၁၀ အောင်မြင်စွာ ကျင်းပပြီးစီး

လန်ဒန်မြို့ သာသနရံသီဝိဟာရ ဆရာတော် ဦးဥတ္တရနှင့် ဆရာတော်များ ဦးဆောင်ပြီး ကျင်းပသည့် နှစ်သစ်ကူး သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၈ ရက်၊ ၂၀၁၀ နေ့က လန်ဒန်မြို့ Greenford Town Hall တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ မနက်ပိုင်းတွင် သံဃာတော်များကို ဆွမ်းဆပ်ကပ်ခဲ့ပြီး သံဃာတော်များထံမှ ပရိတ်တရားနာယူခဲ့ကြပါသည်။ ဆက်လက်ပြီး လန်ဒန်ရောက် မြန်မာမိသားစုများမှ သံဃာတော်များကို သံဃာ့ဒါနအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။ ထို့နောက် ဧည့်ပရိသတ်များအား နေ့လည်စာထမင်းဟင်းဖြင့် ဧည့်ခင်းကျွေးမွေးခဲ့ပါသည်။ ညနေပိုင်း အစီအစဉ်များအဖြစ် သင်္ကြန်သံချပ်များ၊ သင်္ကြန်သီချင်းများ နှင့် တိုင်းရင်းသားရိုးရာအက (မွန်၊ရခိုင်) တို့ဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ည ၁၁ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ ဖျော်ဖြေရေးအစီအစဉ်များတွင် လန်ဒန်မှ နန်းအမရ မြန်မာတီးဝိုင်းတို့ဖြင့်တွဲဖက်ဖျော်ဖြေကြပြီး ခေတ်ပေါ်တီးဝိုင်းအနေဖြင့် လန်ဒန်အခြေစိုက် The NOX တီးဝိုင်းက ကုသိုလ်ယူဖျော်ဖြေပေးခဲ့ပါသည်။ ဧည်သည်အဆိုတော် အန်တီမာမာအေးကလည်း ၂၀၁၀ မြန်မာနှစ်သစ်ကူးအတွက် ရေးစပ်သီဆိုထားတဲ့ မင်္ဂလာအမိမြန်မာပြည်ဆိ

အန်တီမာမာအေးရဲ့ ၂၀၁၀ မြန်မာနှစ်သစ်အတွက် အထူးသီချင်း

မင်္ဂလာ အမိမြန်မာပြည် အမည်ရတဲ့ သီချင်းကို အန်တီမာမာအေးကိုယ်တိုင် ရေးစပ်ဆီဆိုထားတာ ဖြစ်ပါတယ်။ စာသားတွေကို ကြိုက်လွန်းလို့ အခေါက်ခေါက်အခါခါ နားထောင်နေမိတယ်။ ထို့အတူ လန်ဒန်မှာရောက်ရှိနေတဲ့ အန်တီမာမာအေးနှင့် စကားစမြည်ပြောဆိုပြီးတဲ့နောက်မှာ အန်တီရဲ့ အနုပညာစွမ်းရည်နှင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ထားရှိတဲ့ စိတ်ဓာတ်ကို ဂုဏ်ယူလေးစားမိပါတယ်။ မြန်မာနှစ်သစ်ကူးမှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သလေ့ရှိကြပေမဲ့ ဒီနှစ်ကူးကတော့ မသမာသူတွေရဲ့ ဗုံးဖေါက်ခွဲမှုလက်ချက်ကြောင့် နှစ်စမှာ ဝမ်းနည်းဖွယ်ရာတွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။ နောင်မှာ မဖြစ်ပါစေနဲ့တော့လို့ ထပ်ခါထပ်ခါ ဆုတောင်းနေမိပါတယ်။ မြန်မာနှစ်သစ်ကူးပွဲတော်တွေကို ယခုအချိန် ကမ္ဘာ့နေရာအနှံ့အပြားမှာ ဝိုင်းဝန်းသိုက်မြိုက်စွာ ကျင်းပနေကြပါတယ်။ ကျွန်တော်တို့ လန်ဒန်ရောက် မြန်မာမိသားစုများ၏ အတာသင်္ကြန်ပွဲတော်ကို မနက်ဖြန်မှာ ကျင်းပမှာဖြစ်ပါတယ်။ ၄င်းပွဲတော်ဟာ လန်ဒန်ရှိ မြန်မာတွေအတွက် အစည်ကားအသိုက်မြိုက်ဆုံးနှင့် ပျော်ရွှင်စရာအကောင်းဆုံးပွဲတော်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ယခုနှစ်မှာလည်း နိုင်ငံကျော်အဆိုတော် အန်တီမာမာအေး နှင့် ရွှေတံဆိပ် ၁၉ ဆုရ ရွာစားသီရိမောင်

အန်တီမာမာအေးရဲ့ ကဗျာတစ်ပုဒ်

အန်တီမာမာအေးရဲ့ မုန်းတယ် လို့ အမည်ရတဲ့ ကဗျာလေးတစ်ပုဒ်ကို မျှဝေချင်ပါတယ်။ ရန်ကုန်မှာဖြစ်ပျက်သွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကို ခံစားရေးစပ်ထားတာဖြစ်ပါတယ်။ မုန်းတယ် သင်္ကြန်မှာ လာတိုက်တဲ့ ငမိုက်သား လူယုတ်မာ ဘယ်က ဟာတွေလဲ။ အမဲဖြစ်ဖြစ် အဖြူဖြစ်ဖြစ် မင်း … လူမှ စစ်ရဲ့လား။ ။ အများ … ဒို့ပြည်သူ ငတ်သူငတ်၊ ပြတ်သူပြတ် လူဖြစ်ကျိုးမနပ်၊ သံချပ်သံ ရပ်။ ။ ကုတ်ကပ်လို့ အပျော်ရှာ သင်္ကြန်မှာ အဖော်အသင်းတွေနဲ့ တေးသီရင်း ကလို့ခုန် ကကြိုးတောင် မစုံသေး ဗုံးပေါက်လို့ ပြေးရသတဲ့ အောင်မယ်လေး ! ကြုံဘူးပေါင် ယုန်ကိုထောင် ကြောင်ကိုမိတယ်လေး ပြည်သူ့ရင်သွေး၊ ဒို့ရင်သွေးတွေမို့ ငါမုန်းတေး သီလိုက်ရဲ့ မဟီသေလာ၊ ၀ဠာတခို အကြိုအကြား သိစေသား။ ။ လူသတ်သမား သနားမရှိ ဒုဂ္ဂတိသွား - အခြားမရှိ မုန်းပါဘိ၊ မုန်းပါဘိ၊ မုန်းပါဘိ။ ။ မာမာအေး ဧပြီ ၁၆၊ ၂၀၁၀

Free Zarganar! - An afternoon of comedy, poetry, performance and dance

Burma's most famous comedian, Zarganar, is currently serving a 35-year prison sentence for his criticism of the Burmese government's handling of Cyclone Nargis which hit Burma on 2 May 2008. The cyclone devastated the country - more than 140,000 people died and millions were made homeless. To mark World Press Freedom Day 2010 and to pay tribute to our brave colleague Zarganar, the Free Zarganar Campaign coalition will be holding a lively and colourful afternoon of comedy, poetry, performance and dance at Speaker’s Corner – the home of Free Speech in the UK – and will be calling for his immediate release. Everyone is welcome to come and join in, so do spread the word! Please wear red to help show your support and bring along an umbrella - the more colourful the better - to take part in our umbrella stunt. Who is Zarganar? Burmese poet, comedian, filmmaker and actor, Zarganar, has long been an outspoken critic of Myanmar’s military government. He was most recently arrested on 4 J

2010 Myanmar Thingyan ( Bay Area, N. California )

ဧပြီလ ၄ ရက်နေ့ Bay Area, N. California တွင် မြန်မာမိသားစုများ ကျင်းပပြုလုပ်ခဲ့သော သင်္ကြန်ပွဲအမှတ်တရ ဓာတ်ပုံများဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ဗုံးသတင်းကြောင့် စိတ်မကောင်းဖြစ်ရတယ်ဗျာ။ နှစ်သစ်ကူးကို ညစ်နွမ်းအောင်လုပ်တဲ့အတွက် ကန့်ကွက် ရှုံ့ချပါတယ်။

သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးတွင် ဗုံးပေါက်ကွဲဟု သတင်းရရှိ

ရန်ကုန် ကန်တော်ကြီး x2o မဏ္ဍပ်တဝိုက်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ကြားသိရပါတယ်။ တစ်ယောက်သေပြီး လူအချို့ ဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။ အသေးစိတ်ကို ဆက်လက်ဖော်ပြပေးသွားပါမယ်။ Facebook သတင်းများအရ ၃နာရီ ၁၅ မိနစ်။ ကန်တော်ကြီးပတ်လမ်း X2O မဏ္ဍပ်တွင် ဗုံးသုံးလုံး ပေါက်ကွဲ။ လူငါးဦးခန့် သေဆုံး။ မဏ္ဍပ်များအားလုံး ပိတ်ခိုင်းထား။ သေချာပေါက် Confirm ဖြစ်သွားပါပြီ။ Reuters မှာလည်း သတင်းပါလာပြီ။ ( Reuters ) - At least nine people were killed and 50 wounded in three explosions at a new year water festival in the former Myanmar capital of Yangon on Thursday, witnesses and hospital sources said. Deadly blasts hit Myanmar festival At least nine people were killed and more than 60 injured in three explosions at a park in Yangon, Myanmar's commercial hub. The blasts occurred as revellers gathered for a New Year water festival in the former capital, an official said on Thursday. A representative from the British embassy in Myanmar told Al Jazeera that it was not yet known what exactly caused the expl

ဆမ်ဘာဝမ်းသင်္ကြန် ၂၀၁၀

ဆမ်ဘာဝမ်းသင်္ကြန်ကတော့ ရိုးရာယဉ်ကျေးမှုကို အတော်ကို ကြိုးစားထိန်းသိမ်းထားတာ တွေ့ရပါတယ်။ ဒီသင်္ကြန်ကို ရည်ရွယ်ချက် နှစ်ခုနှင့် ကျင်းပတယ်လို့ သိရပါတယ်။ ပထမတစ်ခုက အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရန် ဖြစ်ပြီး ဒုတိယ ရည်ရွယ်ချက်က ပြည်ပရောက် မျိုးဆက်သစ် လူငယ်များ မြန်မာရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို သိရှိ၊ မြတ်နိုး၊ တန်ဖိုးထားတတ်စေရန် ဖြစ်ပါတယ်။ အင်မတန်မှ လေးစားအားကျအတုယူဖို့ ကောင်းပါတယ်။ ( ဘုန်းဥာဏ် ) ဆမ်ဘာဝမ်သင်္ကြန်အကြောင်း ပြည့်ပြည့်စုံစုံဖတ်ချင်ရင်တော့ စင်ကာပူမှ ခေတ္တရောက်ရှိနေတဲ့ ဘုန်းဥာဏ်ရဲ့ဘလော့ မှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်။ Video တွေအပြည့်အစုံ ကြည့်ချင်တယ်ဆိုရင်တော့ YouTube က နှင်းဟေမာရဲ့ page မှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။

Oslo သင်္ကြန် ၂၀၁၀

အော်စလိုရောက် မြန်မာမိသားစုများ၏ အတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၅ ရက်နေ့ ၂၀၁၀ တွင်ကျင်းပပြီးစီးခဲ့ပါတယ်။ ဒိန်းမတ်သင်္ကြန် (၁၀.၀၄.၂၀၁၀) ထက် စောပြီးကျင်းပခဲ့တဲ့ သင်္ကြန်ပွဲဖြစ်ပါတယ်။ အောက်ပါ Video များမှာ ကြည့်ရှု့ခံစားနိုင်ပါပြီ။

၁၉ ကြိမ်မြောက် မိသားစုအတာသင်္ကြန်ပွဲတော် - တိုကျို - ၂၀၁၀

ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများ ကျင်းပပြုလုပ်သော အတာသင်္ကြန်ပွဲတော် ပုံရိပ်များကို ခံစားကြည့်ရှူ့ရမှာဖြစ်ပါတယ်။ အငြိမ့်ဖျော်ဖြေမှုကိုလည်း ထည့်သွင်းထားတာတွေ့ရပါတယ်။အတာသင်္ကြန်ပွဲနှင့်အတူ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ကြဖို့ တပ်လှန့်ထားပါတယ်။

ဒိန်းမတ်နိုင်ငံရောက် မြန်မာမိသားစုများ၏ နှစ်သစ်ဆုတောင်းပွဲနှင့် အတာသင်္ကြန်ပွဲ ကျင်းပပြီးစီး

ဒိန်းမတ်နိုင်ငံရောက် မြန်မာမိသားစုများ၏ နှစ်သစ်ဆုတောင်းပွဲနှင့် အတာသင်္ကြန်ပွဲတော်ကို ၁၀.၀၄.၂၀၁၀ စနေနေ့က ကျင်းပပြီးစီးခဲ့ပါတယ်။ အဆိုပါပွဲတော်သို့ လန်ဒန်မြို့ သာသနရံသီမှ ဆရာတော် ဦးဥတ္တရနှင့် ဆရာတော်နှစ်ပါး ကြွရောက်ချီးမြှင့်ပြီး နှစ်သစ်ဆုတောင်းအတွက် ပရိတ်တရားတော်များ ရွတ်ဖတ်ပေးခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံမှ ဧည်သည်တော် အန်တီမာမာအေးလည်း တက်ရောက်ဖျော်ဖြေပေးခဲ့ပါသေးတယ်။ အဆိုပါပွဲသို့ မြန်မာများအပြင် နိုင်ငံခြားသားများပါ ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြတာကို တွေ့ရပါတယ်။ Europe နိုင်ငံတွေထဲမှာ အစောဆုံး ကျင်းပပြုလုပ်တဲ့ သင်္ကြန်ပွဲလို့လည်း ပြောလို့ရပါတယ်။ ကျွန်တော်တို့ လန်ဒန်သင်္ကြန် ကတော့ ဧပြီလ ၁၈ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အောက်ပါ Video မှာ ဒိန်းမတ်သင်္ကြန်ပွဲလေးကို ရှူ့စားနိုင်ပါတယ်။ Playlist အနေနဲ့ တင်ပြပေးထားပါတယ်။

မတရားသည့် ရွေးကောက်ပွဲ ဥပဒေများအပေါ် NLD ၏ ဆန့်ကျင်မှုအား ထောက်ခံ ကြိုဆိုသည့် အခမ်းအနားကျင်းပမည်

၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် နအဖ စစ်အုပ်စုမှ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု မရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်တော့မည်မဟုတ်ဟု မတ် (၂၉) ရက်တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ချခဲ့ပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီမှတ်ပုံ မတင်ရေး ဆုံးဖြတ်ချက်သည် လူထုကို မျက်နှာမှု၍ ပါတီရပ်တည်မှုထက်၊ တနိုင်ငံလုံး၏ အမျိုးသား အကျိုးစီးပွားကို ဦးတည်သောကြောင့် ကျွန်ုပ်တို့ ယူကေနိုင်ငံရောက် အင်အားစုများ အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည့် အခန်းအနားတစ်ခုကို ကျင်းပမည် ဖြစ်ပါသဖြင့် ယူကေနိုင်ငံရောက် အင်အားစုများ အနေဖြင့် အဆိုပါ ထောက်ခံပွဲ အခန်းအနားသို့ မပျက်မကွက် တတ်ရောက်နိုင်ကြပါရန် မြန်မာနိုင်ငံအရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ(ယူကေ)မှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ နေ့ရက် - ၁၁ရက်၊ ဧပြီလ ၂၀၁၀ အချိန် - ညနေ ၆နာရီ မှ ၈နာရီအထိ ကျင်းပမည့် လိပ်စာ 117-125, West Hendon Broadway, London, NW9 7BP (Map Here) BUS 142, 32. မြန်မာနိုင်ငံအရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ (ယူကေ) Dear friends, We would

မြို့မတူရိယာအသင်းကြီး နယ်ပွဲများ ဆက်တိုက်ဖျော်ဖြေပေးနေ

မြို့မအပျော်တမ်းတူရိယာ အသင်းကြီးဟာ မန္တလေးမြို့ပေါ်တွင် မင်္ဂလာဧည့်ခံပွဲများ အလှူတော်မင်္ဂလာပွဲများ၊ အဖွဲ့အစည်းအသီးသီးရဲ့ဖွင့်ပွဲ အခမ်းအနားများ၊ ဈေးပွဲတော်များ နိုင်ငံတော်အခမ်းအနားများ၊ အလှူအောင်ပွဲ မင်္ဂလာအောင်ပွဲများ စသည့်ပွဲအတော်များများကို လက်ခံဖျော်ဖြေပေးနေတာကို အများပြည်သူများအသိဖြစ်ပါတယ်။ ပွဲငှါးသူများရဲ့ စေတနာကိုတုံ့ပြန်လေးစားသောအားဖြင့် မခိုမကပ် မရပ်မနား အကောင်းတကာ့ အကောင်းဆုံးဖြစ်အောင်လည်း စီစဉ်ပေးတဲ့အတွက် ယခုနှစ်တွင် ယခင်နှစ်များထက် ပွဲချီများတိုးတက် များပြားလာတာကို တွေ့ရပါတယ်။ အဆိုတော်များ တီးမှုတ်သူများကိုလည်းတိုးချဲ့ ဖွဲ့စည်းထားရုံမက အသံပိုင်းဆိုင်ရာ စက်ပစ္စည်းအသစ်များကိုလည်း ထပ်မံဝယ်ယူဖြည့်တင်းထားသဖြင့် ပရိသတ်များ နားသောတဆင်ရာတွင်လည်း ကျေနပ်မှုများ ထူးကဲစွာရရှိပါတယ်။ ဒါကြောင့်မို့ ပရိသတ်များရဲ့အားပေးမှုကို အထူးရရှိကာ မန္တလေးမြို့ပေါ်ပွဲများအပြင် ရန်ကုန်မြို့၊ မြင်းခြံ၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မကွေး၊ ပေါင်းတည်၊ ချောက်၊ ဆိပ်ဖြူ၊ စလေ၊ ရေနံချောင်း၊ မုဒုံ၊ လားရှိုး၊ ရေဦး၊ ခင်ဦး၊ မြောင် ၊ ကျောက်ပန်းတောင်း၊ မြစ်ငယ်၊ ကျောက်ဆည်၊ မိတ္ထီလာ စတဲ့မြို့များကိုပါ သွားရောက်ဖျော်ဖြေပေးနေရကြောင်း

ပြည်သူ့ဂုဏ်ရည် (သို့) Citizen of Burma Award

ဒီနေ့ မိုးမခဝဘ်ဆိုဒ်မှာ ပြည်သူ့ဂုဏ်ရည် (သို့) Citizen of Burma Award နှင့် ပက်သက်တဲ့ အကြောင်းအရာတစ်ချို့ကို ဖတ်လိုက်ရပါတယ်။ စိတ်ပါဝင်စားဖို့ကောင်းတဲ့အပြင် အားကျဖို့ကောင်းတဲ့အတွက် စာဖတ်သူများကို ပြန်လည်မျှဝေလိုက်ရပါသည်။ ပြည်သူ့ဂုဏ်ရည် - ဆိုသည်မှာ မြန်မာပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူများကို ဂုဏ်ပြုချီးမြှင့်ရန် ပြည်ပရောက် မြန်မာမိသားစုများ စုစည်း၍ ၀ိုင်းဝန်းဆောင်ရွက်ကြမည့် အစီအစဉ် ဖြစ်ပါတယ်။ ၁) ရည်ရွယ်ချက် ၁။ ပြည်တွင်းတွင် လူမှုရေးလုပ်ငန်းများကို အားကျိုးမာန်တက် လုပ်ကိုင်ဆောင်ရွက်နေကြသူများအား ပြည်ပရှိ မြန်မာမိသားစုအသိုင်းအဝိုင်းများမှကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း လူသိရှင်ကြား တရားဝင်အခမ်းအနား ကျင်းပပြီးဂုဏ်ပြုဆုချီးမြှင့်မည်။ ၂။ နှစ်စဉ်နှစ်တိုင်း မပျက်မကွက်လုပ်ဆောင်သွားကြမည့် အထိမ်းအမှတ်ဆုအဖြစ်နောင်အရှည်သဖြင့် တည်တံ့ ခိုင်မြဲသွားစေရန် စည်းမျဉ်း၊ စည်းကမ်းများ ဖွဲ့စည်းပုံများချမှတ်လုပ်ဆောင်သွားမည်။ ၂) ဘယ်လိုလုပ်ကြမလဲ၊ ဘယ်သူတွေပါမလဲ ၁။ ပထမအကြိမ်ဆုအတွက် “အမေရိကန်ပြည်ထောင်စုရောက် ပြည်ထောင်စုမြန်မာနိုင်ငံမှ မိသားစုများ” အနေနှင့် ဖြစ်မြောက်အောင် ကြိုးစားကြမည်။ နေ

NLD မှ ပြည်သူသို့ ပန်ကြားချက် ထုတ်ပြန်

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် မှ ယမန်နေ့ (၅.၀၄.၂၀၁၀) က ကျင်းပသော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် "ပြည်သူသို့ ပန်ကြားချက်" ဟူ၍ ထုတ်ပြန်စာတစ်စောင် ထုတ်ဝေခဲ့သည်။ ထိုပန်ကြားချက်မှာ အောက်ပါအတိုင်းဖြစ်သည်။