ခင်ဗျားတို့ စဉ်းစားကြည့်ပါဗျာ ဒီဟာက ဒီလိုရှိတယ် ... ဟိုဟာက ဟိုလိုရှိတယ် မဖြစ်နိုင်ဘူး ... အဲဒါမဟုတ်ဘူး [ more photos ] Speakers' Corner ဆိုတာ အစိုးရမှ တရားဝင် ဟောပြောခွင့်၊ ငြင်းခုံဆွေးနွေးခွင့်ပေးထားတဲ့ နေရာတစ်ခုဖြစ်ပြီး Hyde Park အနီးမှာ တည်ရှိပါတယ်။ ဟောပြောသူတွေဟာ မိမိကြိုက်နှစ်သက်သည့် အကြောင်းအရာကို ဟောပြောဆွေးနွေး ငြင်းခုံနိုင်ပါတယ်။ ကျွန်တော်ရောက်သွားတဲ့ တစ်ရက်ကတော့ ဟောပြောတဲ့သူက အကြောင်းအရာတစ်ခုကို ပြောပြီးတာနဲ့ နားထောင်သူ ပရိသတ်များမှ မေးခွန်းပေါင်း လေးငါးခုမက ငြင်းခုံဆွေးနွေးဖို့ အဆင်သင့်စောင့်နေတာ တွေ့ရပါတယ်။ Speakers' Corner တွေကို Finsbury Park, Clapham Common, Kennington Park နှင့် Victoria Park တို့မှာလည်း တွေ့ရှိနိုင်ပြီး Hyde Park မှ Speakers' Corner ကတော့ လူသိအများဆုံးဖြစ်ပါတယ်။
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ