Skip to main content

Posts

Showing posts from April, 2011

Be aware of Facebook Survey Scam : "How to see who viewed your profile!!"

Facebook သုံးနေရင်း ကိုယ့်ဆီကို ဖြစ်ဖြစ် ကိုယ့်သူငယ်ချင်းတွေရဲ့ Wall ပေါ်မှာဖြစ်ဖြစ် "How to see who viewed your profile" ဆိုတဲ့ Event invitation တွေ့ရင် သွားမနှိပ်မိပါစေနဲ့ ။ ကျွန်တော့်ဆီကို ဒီတစ်ရက်နှစ်ရက်အတွင်း ခဏခဏရောက်တယ်။ ဒါပေမဲ့ Firefox မှာ install လုပ်ထားတဲ့ WOT security extension ကနေ အနီပြနေတဲ့အတွက် သွားမနှိပ်တော့ဘူး။ အဲဒါ spamware တစ်ခုဖြစ်ပါတယ်။ ယောင်ပြီး နှိပ်မိရင်တော့ မိမိကို စိတ်အနှောက်အယှက်ဖြစ်စေမှာဖြစ်ပါတယ်။ example Spamware ရဲ့ ပုံစံက Facebook Wall မှာ အခုလိုပေါ်နေမှာဖြစ်ပါတယ်။ Mark As Spam Facebook Wall မှာ အထက်ပါပုံစံလိုမျိုးတွေ့ခဲ့ရင် အဲဒီ post ပေါ်မှာ Mouse Rollover လုပ်ပြီး x ကိုနှိပ်ပါ။ ပြီးရင် Mark as spam ကို ရွေးပေးလိုက်ပါ။ ဒါမှ နောက်လူတွေလည်း မထိတော့မှာလေ။ How to Clean တကယ်လို့ နှိပ်မိပြီး မိမိစက်ထဲကို spamware ရောက်နေပြီလို့ ခံစားနေရရင်တော့။ Malwarebytes Anti-Malware ကိုသုံးပြီး စက်ကို scan လုပ်ပေးလိုက်ပါ။ ဒါမှမဟုတ် အောက်ပါ Video မှာ ပြထားတဲ့အတိုင်း Privacy setting တွေကို ဝင်ပြင်လိုက်ပါ။ spamware ဒုက္ခပေးမှုမှ ကင်းဝေးကြပါစေ။

နှစ်သစ်မင်္ဂလာ တောင်းပန်လွှာ

ဘလော့လာဖတ်သူအားလုံးကို နှစ်သစ်မင်္ဂလာပါလို့ ပထမဦးစွာကြိုပြီး နှုတ်ခွန်းဆက်ပါရစေ။ ကျွန်တော့်ဘလော့မှာ ဒီနှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ပို့စ်တွေ သိပ်မရေးဖြစ်တဲ့အတွက်လည်း တလက်စတည်း တောင်းပန်ပါရစေခင်ဗျာ။ မင်္ဂလာမြန်မာနှစ်သစ်နောက်ပိုင်းမှာတော့ ပို့စ်တွေ ပုံမှန်တင်နိုင်အောင် ကျွန်တော် ကြိုးစားသွားပါမယ်။ နောက်ပြီး လန်ဒန်မှာနေတဲ့ မိတ်ဆွေများအတွက် အသုံးဝင်မည့် ဝက်ဘ်ဆိုဒ်တစ်ခုကိုလည်း လွှင့်တင်သွားဖို့ စီစဉ်နေပါတယ်။ ဆက်လက်စောင့်မျှော်ရင်း အားပေးကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ယခုနှစ် မြန်မာနှစ်သစ်ကူးကာလမှာတော့ ထွေထွေထူးထူး ဘာမှလုပ်ဖြစ်မယ်မထင်ပါဘူး။ လန်ဒန်သင်္ကြန်ပွဲနေ့ (၁၆.၀၄.၂၀၁၁) မှာတောင် အလုပ်ကနေ နေ့တစ်ဝက်ပဲ ခွင့်ရတဲ့အတွက် အရင်နှစ်တွေကလို ဓာတ်ပုံတွေ စုံလင်အောင်ရိုက်ပြီးတင်နိုင်မယ်မထင်တော့ပါဘူး။ နောက်တစ်ခါ ကင်မရာကောင်းကောင်းဝယ်ပြီးတော့မှပဲ လန်ဒန်က ပုံတွေကို တဝကြီး ရှူ့စားပါလို့ ပြောပါရစေ။ နလန်ထူခါစ လူနာတစ်ယောက်လိုဖြစ်နေပြီး အခြေအနေအားလုံး ပြန်လည်ကောင်းမွန်အောင် တည်ဆောက်နေရတဲ့အတွက် ဘလော့မှာ ပို့စ်တွေ သိပ်မရေးဖြစ်တာပါ။ ဒါပေမဲ့ အလွယ်တကူ sharing လုပ်လို့ရတဲ့ ကျွန်တော့်ရဲ့ Facebook မှာတော့ အသံ