Skip to main content

Posts

Showing posts with the label remembrance

Merry Xmas and Happy New Year 2013

I wish Santa brings you the gift of never ending happiness this Christmas! May you and your family be blessed abundantly. Merry Christmas and a Prosperous New Year! နှစ်သစ်မှာ သူငယ်ချင်း မိတ်ဆွေများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ကိုယ်တွင်းမီး

နောက်တန်းမှုးကြီးသို့ ...

ဒီနေ့တို့တွေရဲ့ နောက်တန်းမှုးကြီးကျဆုံးတာ သုံးနှစ်ပြည့်တဲ့နေ့ အချိန်တွေသာ ကုန်လွန်ခဲ့ပေမဲ့ ဆေးရုံပေါ်မှာ နောက်ဆုံးတိုက်ပွဲဝင်နေတဲ့ သဏ္ဍာန်တွေက မေ့ပျောက်လို့မရနိုင်ခဲ့ ဘဝတစ်လျောက်လုံး သူတစ်ပါးကိုသာ ဖြည့်ဆည်းပေးဖို့ လူဖြစ်လာရသလို အစစအရာရာ ဖြည့်ဆည်းပေးခဲ့တဲ့ ကျေးဇူးတွေဟာ ကြီးမားလှတယ် တစ်ပါးသူအတွက် အနစ်နာခံရင်း ... ကိုယ့်အသက်မွေးဝမ်းကျောင်းမှုကိုလည်း သိက္ခာရှိရှိ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့တာက လေးစားအတုယူစရာ ဘဝရဲ့နောက်ဆုံးနှစ်တွေမှာ ချစ်ခင်ရသူတွေက အနီးမှာအမြဲရှိမနေနိုင်ခဲ့ ရှေ့တန်းအဝေးတစ်နေရာဆီမှာ တိုင်ပွဲဝင်နေခဲ့ကြရတာကို နောက်တန်းက အမြဲတန်းပံ့ပိုး အမြဲတမ်းစောင့်လျောက်ပေးခဲ့သူ တပ်ထွက်တို့ဖေဖေက တို့တွေရှေ့တန်းမှာ တိုက်ပွဲဝင်နေရပေမဲ့ ... ကျန်းမာရေးကျတော့ နောက်တန်းကလူအတွက် အမြဲစိတ်ပူနေရတယ်လို့ ပြောနေကျ အချိန်တန်ရင် လူတိုင်းသွားရမည့်လမ်းပါပဲ ဒါပေမဲ့ စောသေးတယ်လို့ထင်မိတယ် သူတစ်ပါးအတွက် ပံ့ပိုးရတာတွေများလို့ပဲ စောစောအနားယူသွားရတာလား တွေးမိတယ် ဘာပဲဖြစ်ဖြစ် ချစ်တဲ့ခင်တဲ့သူတွေကတော့ တစ်ရက်မှ မေ့မရတာအမှန်ပါ ပြုသောကောင်းမှုများကိုလည်း ဝမ်းသာစွာ သာဓုခေါ်ပါ အသက်ရှင်နေသရွေ့တော့ နေ့စဉ်နဲ့အမျှ လွမ်းဆွတ်နေရဦးမ...

65th Anniversary of Daw Aung San Suu Kyi's Birthday Celebration Events in UK

လာမည့် ဇွန်လ ၁၉ ရက်နေ့ ၂၀၁၀ တွင် ကျရောက်မည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အောက်ပါ အစီအစဉ်များကို လန်ဒန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများမှ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေအတွက် နှစ်ရှည်လများ ပေးဆပ်စတေးနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေဖြင့် မပျက်မကွက် တက်ရောက်ပါဝင်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။ Demonstration for 65th Anniversary of Daw Aung San Suu Kyi Date: 18 - 06 - 2010 (Friday) Time: 12:00 - 13:00 Venue: 19A Charles Street London W1J 5DX Nearest Station: Green Park Offering donation to the Buddhist Monks at Sasana Rmsi Vihara - for Daw Suu's Birthday Date: 19 - 06 - 2010 Time: 10 Am - onwards Venue: SASANA RAMSI VIHARA 83 Booth Road Colindale NW9 5JU London (Colindale Monastery) Nearest Station: Colindale (Northern Line) Your contribution of food & donations are cordially invited. 65th Anniversary of Daw Suu' Birthday ...

Oxford International Women's Festival အမှတ်တရ

ပြီးခဲ့တဲ့ တနင်္ဂလာနေ့ (၈.၃.၂ဝ၁ဝ) က Oxford မြို့ Oxford Town Hall တွင် ကျင်းပခဲ့သော Oxford Internation Women's Festival သို့ ဓာတ်ပုံရိုက်ကူးရန် ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်နှင့် အတူ လန်ဒန်မှမိတ်ဆွေများလည်း ပါဝင်ပါတယ်။ လန်ဒန်မှ နေ့လည် ၁ နာရီခန့် ထွက်လာကြပြီး နေ့လည် ၃ နာရီခန့်မှာ Oxford သို့ ရောက်ရှိခဲ့ပါတယ်။ အခမ်းအနားသည် ညနေ ၆ နာရီမှ စမည်ဖြစ်သော်လည်း ပြင်ကြဆင်ကြရင်း ညနေ ၆ နာရီသို့ အချိန်ကုန်မှန်းမသိကုန်ပြီး ရောက်ရှိသွားပါတယ်။ ဒီနှစ်ပွဲရဲ့ ထူးခြားချက်ကတော့ Oxford Internation Women's Festival မှာ မြန်မာနိုင်ငံကို လက်ခံကျင်းပခွင့်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒါဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းမှာ Oxford မြို့လေးဟာ သမိုင်းမှတ်တိုင်တစ်ခုအနေနှင့် ပါဝင်ခဲ့တယ်လို့ ပြောမယ်ဆိုရင်လည်း မှားမည်မထင်ပါ။ ထိုပွဲကို နှစ်စဉ် ၂၈ ဖေဖော်ဝါရီ မှ ၁၄ မတ်လအထိ ကျင်းပပြီး မတ်လ ၈ ရက်နေ့ကို International Women's Day အဖြစ် သတ်မှတ်ထားပါတယ်။ ပွဲတော်မှာ အမျိုးသမီးများနှင့် ပက်သက်သော စာပေ၊ ဂီတ၊ ပြပွဲ နှင့် workshop များ စသည်ဖြင့် ထည့်သွင်းကျင်းပကြပါတယ်။ နိုင်ငံပေါင်းစုံမှ စွမ်းဆောင်ရည်မြင့်မားပြီး ထင်ရှားကျော်ကြား...

International Woman Festival in Oxford, UK

Venue: Oxford Town Hall , St Aldate’s, Oxford , OX1 1BX 6.30 pm – 7.30 pm sale of Burmese Cuisine 7.30 pm – 9.30 pm the main event. Academic Speaker - Daw Nita Yin Yin May (OBE) (BBC Burmese Service) will deliver the speech about the Life of Iconic Lady Aung San Suu Kyi. Ms. Vicky Bowman (the first woman British Ambassador to Burma,2002-2006), currently Director Global & Economic Issues (job share) at the Foreign & Commonweath Office will speak about the situation of Women in Burma. Miss Wai Hnin (BCUK) will speak about the Burma History & Culture. Film documentary, Traditional Dance & Performance. Entrance: £6, Concessions £4.50 (Booking recommended) Wheelchair access: Limited to 4 wheelchairs (Entrance 20 metres to left of main entrance) All Welcome (Everyone could wear your lovely traditional costune freely)! You can contact in advance to Ma Kyu if you want to follow with the Coach please. Coach will leave from Victoris Coach station. A celebration in recognition and...

62nd Anniversary of Chin National Day - London

ပြီးခဲ့သည့် စနေနေ့ (၂၀.၂.၂၀၁၀) က ယူကေရောက် ချင်းတိုင်းရင်းသားညီအစ်ကိုများ၏ ၆၂ နှစ်မြောက် ချင်း အမျိုးသားနေ့ကျင်းပရာ အခမ်းအနားသို့ ရောက်ရှိခဲ့ပါတယ်။ ချင်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု နှင့် ချင်းတိုင်းရင်းသားတေးသံသာများကိုပါ ခံစားခွင့်ရခဲ့ပါတယ်။ ခေတ်ပေါ်အစီအစဉ်တစ်ခုဖြစ်တဲ့ Model Show အစီအစဉ်ကိုပါထည့်သွင်းတင်ဆက်ခဲ့သည့်အတွက် စည်ကားခဲ့တဲ့ ပွဲတော်တစ်ခုဖြစ်ခဲ့ပါတယ်။

သာသနရံသီဝိဟာရ ထမနဲထိုးပွဲနှင့် စာပေဟောပြောပွဲ အမှတ်တရ

သာသနရံသီကျောင်း (Colindale) ၏ ထမနဲထိုးပွဲကို ဇန်နဝါရီလ ၃၁ရက်နေ့ တနင်္ဂနွေနေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ ယခင်နှစ်တွေထက် လူတွေ ပိုမိုစည်ကားလာတာတွေ့ရပါတယ်။ ထမနဲကလည်း ကောင်းမှကောင်းပဲဗျာ။ ချွေးတပြိုင်းပြိုင်းနဲ့ သံစုံဟစ်ကြွေးပြီး ထမနဲထိုးကြတာ မြန်မာပြည်က တကယ့်ထမနဲပွဲအတိုင်းပါပဲ။ တကယ့်ကို မြန်မာပြည်ကို လွမ်းစေသလို အလွမ်းလည်းပြေစေပါတယ်။ ထမနဲပွဲမတိုင်ခင်မှာ စာပေဟောပြောပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ ဆရာတော် ဦးဥတ္တရမှ စာပေနှင့် ပက်သက်သည့် မှတ်သားဖွယ်ရာ ဆုံးမစကားများကို ဟောကြားဆုံးမတော်မူပါတယ်။ လူငယ်တိုင်း စာအုပ်စာပေလေ့လာသင့်ကြောင်း၊ စာပေမြင့်မှ လူမျိုးတင့်မည်ဖြစ်ကြောင်း၊ စာဖတ်အားကောင်းပြီး အသိဥာဏ်မြင့်မားမှသာလျှင် ကောင်းကျိုး ဆိုးကျိုးကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း ဟောကြားဆုံးမတော်မူပါတယ်။ ထို့နောက် ဖိတ်ကြားထားသည့် Dr. Gustaaf Houtman (ဦးစန်းမောင်) မှ ပညာရေးနှင့် မနုဿဗေဒဆိုင်ရာများကို ဟောပြောဆွေးနွေးကြပါတယ်။ ဦးစန်းမောင်မှ နိုင်ငံခြားသားဖြစ်ပြီး မြန်မာစာပေနှင့် စကားကို မြန်မာတစ်ယောက်လို ဟောနိုင်၊ ရေးနိုင်၊ ပြောနိုင်သူဖြစ်ပြီး မန္တလေးမြို့တွင်လည်း သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ဖူးတဲ့ ဗ...

Happy Birthday ကိုဇာဂနာ (ကိုသူရ)

ကိုဇာဂနာ (ကိုသူရ) ၏ ၄၉ နှစ်မြောက်မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး မတရားချုပ်နှောင်ခံထားရခြင်းမှလည်း အမြန်ဆုံးလွတ်မြောက်ပါစေ။ ၂ဝဝ၈ ခုနှဏ် နာဂစ်မုန်တိုင်းသင့် ဒေသများသို့ သွားရောက်အကူအညီပေးသည်ကို အာဏာပိုင်များမှ ဖမ်းဆီးပြီး ထောင်ဒဏ် ၅၉ နှစ်ချမှတ်ခံထားရပါတယ်။ ၂ဝဝ၉ ခုနှစ် မှာ ထောင်ဒဏ်လျော့ပေါ့ပေးခဲ့ရာ စုစုပေါင်းထောင်ဒဏ် ၃၅ နှစ်ကျခံရန် ကျန်ရှိနေပါသေးတယ်။ တိုင်းပြည်နှင့် လူမျိုးအတွက် အနစ်နာခံတဲ့ ကိုဇာဂနာလိုလူမျိုးဟာ မျိုးဆက်သစ် လူငယ်များအပါအဝင် အခြားသော အနုပညာရှင်တွေအတွက် စံနမူနာယူစရာ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ အမှန်တရားဟာ ရာဇဝင်မှာ တစ်သက်လုံး ရှုံးနိမ့်မှာ မဟုတ်ပါဘူး။

2104th Shan/Tai New Year Celebrations at SOAS University

ယူကေရောက် ရှမ်းတိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ ၂၁ဝ၄ နှစ်သစ်ကူးအခမ်းအနား နှင့် ယဉ်ကျေးမှုပွဲတော်ကို ယနေ့နေ့လည် ၂ နာရီခန့်မှ ၅ နာရီထိ SOAS University မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို Shan Cultural Association in the United Kingdom (SCA-UK) မှ ကြီးမှူးကျင်းပပြီး အဆိုပါအခမ်းအနားသို့ Oxford မှ ဆရာတော် ဒေါက်တာဓမ္မသာမိ နှင့် ဆရာတော်များ၊ လန်ဒန်မှ ရှမ်းရိုးရာယဉ်ကျေးမှု စိတ်ဝင်စားသူများ နှင့် နိုင်ငံခြားဧည့်သည်တော်များ စုံလင်စွာတက်ရောက်ကြတာကို တွေ့မြင်ခဲ့ရပါတယ်။ ကျွန်တော်သည်လည်း ရှမ်းရိုးရာယဉ်ကျေးမှုတွေ၊ ရှမ်းအက၊ ရှမ်းသီချင်းလေးတွေကို စိတ်ဝင်စားသူတစ်ယောက်ဖြစ်သည်မို့ အဆိုပါအခမ်းအနားပြီးသည်အထိ အားပေးခဲ့ပါတယ်။ ဆရာတော် ဒေါက်တာ ဓမ္မသာမိ ရှမ်းနှစ်သစ်ကူးသီချင်းဖြင့် ဖျော်ဖြေတင်ဆက် ရှမ်းနှစ်သစ်ကူးသီချင်းဖြင့် ဖျော်ဖြေတင်ဆက် ကိန္နရာရှမ်းအက သိုးအက ရှမ်းယဉ်ကျေးမှုအကြောင်းဟောပြောခဲ့သည့် ပညာရှင်များ ဒါတော့ ဘာ"အက"လည်း မသိ ... တရုတ်"အက"နဲ့တော့ဆင်သည် :P ရိုက်မယ် ... တီးမယ် အလှူငွေထည့်ဝင် လှူဒါန်းနေသည့် ဆရာတော် ... more photos ... ရှမ်းနှစ်သစ်ကူးပွဲတွေကို လန်ဒန်မှာ ၂ဝဝ၆ ကတည်းက စတင်က...

Happy Birthday MYSELF!

ဒီနေ့ ကျွန်တော့်ရဲ့ အသက် ၂၅ နှစ်မြောက် မွေးနေ့ပါ။ အသက်တစ်နှစ် ထပ်ပြီးကြီးသွားသလို လူ့လောကကို စွန့်ခွာဖို့လည်း တစ်နှစ်ပိုပြီး နီးသွားပြန်ပြီပေါ့။ ကျွန်တော့်ကို လူ့လောကထဲရောက်အောင် မွေးဖွားပေးခဲ့တဲ့ မေမေကို ဒီနေ့ အရမ်းသတိရတယ်ဗျာ။ အဲဒီလိုပဲ ကျွေးကျေးဇူးတွေနဲ့ ပြည့်နေတဲ့ အဝေးရောက် ဖေဖေကိုလည်း သိပ်သတိရတယ်။ မိဘတွေရဲ့ ကျေးဇူးကို အောက်မေ့တဲ့အနေနဲ့ရော မွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် ဒီနေ့ သာသနရံသီကျောင်း ဆရာတော် ဦးဥတ္တနှင့် ဆရာတော် နှစ်ပါးကို မွေးနေ့ဆွမ်းကပ်ဖြစ်ပါမယ်။ သေသွားရင် နောက်ဘဝအထိ ပါသွားမှာ ကုသိုလ်တရားတွေပဲ ရှိပါတယ်။ နောက်ပြီး ကုသိုလ်နည်းရင် အကုသိုလ်ဆိုတာ အလိုလို ဝင်လာတတ်တယ် မဟုတ်ပါလား။ ဒီနေ့ပြုလုပ်ရရှိမည့် ကုသိုလ်တွေကို ကွယ်လွန်သွားပြီဖြစ်တဲ့ မေမေနှင့်တကွ အားလုံးသော လူ၊နတ်၊ ဗြမ္မာ သတ္တဝါအားလုံးကို အမျှပေးဝေပါတယ်။ မွေးနေ့ဆုတောင်းပေးကြတဲ့ သူငယ်ချင်းများ နှင့် မိတ်ဆွေအပေါင်းအသင်းများကို အထူးကျေးဇူးတင်ရှိပါတယ်။

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

Burma VJ ကြည့်လို့ရပြီ

ရွှေဝါရောင်တော်လှန်းရေးကို နောက်ခံထားပြီး သတင်းထောက်တွေအကြောင်းကို ရိုက်ကူးထားတဲ့ Burma VJ ဇာတ်ကားကို ကြည့်ရှူ့နိုင်ပါပြီ။ ဇာတ်ကား တစ်ကားလုံး ၈၅ မိနစ် ရှိပါတယ်။ Youtube မှာ အပိုင်းတွေခွဲတင်ထားပြီး အားလုံးပေါင်း ၉ ပိုင်းရှိပါတယ်။ Youtube မှာ Video တစ်ခုတင်ရင် ၁၀ မိနစ်စာပဲရတဲ့အတွက် အပိုင်း ၉ ပိုင်းဖြစ်သွားတာပါ။ ဒါပေမဲ့ အပေါ်က Video ကတော့ Playlist အနေနဲ့ လုပ်ထားတာဖြစ်တဲ့အတွက် တစ်ပိုင်းပြီးတာနဲ့ နောက်တစ်ပိုင်း Auto play လုပ်သွားမှာပါ။ မြန်မာ့သမိုင်းမှာ ဘယ်လိုမှ မေ့လို့မရတော့တဲ့ အဖြစ်အပျက်တွေပါ။

FBE Conference Remembrance

FBE (Forum of Burmese in Europe) Conference အမှတ်တရ FBE Conference ကို လန်ဒန်မြို့ South Bank University မှာ ဇွန်လ ၂၀ နှင့် ၂၁ ရက် နှစ်ရက်တိုင်တိုင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရေးနှင့် ပက်သက်သော ဆွေးနွေးချက်များကို အဓိကထားပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒုတိယနေ့မှ တက်ရောက်ခွင့်ရခဲ့သော်လည်း ဆွေးနွေးချက်များကို နားထောင်ရတာ အင်မတန်အကျိုးရှိခဲ့ပါတယ်။

၆၂ နှစ်မြောက် အာဇာနည်နေ့

အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေ ကို လေးစားဂုဏ်ပြုအပ်ပါသည်။ မနေ့က အာဇာနည်နေ့နှင့် ပက်သက်တဲ့ ဆောင်းပါးအချို့ကို ဖတ်ဖြစ်တယ်။ တစ်ချို့ရေးထားတဲ့အချက်အလက်တွေကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ဥပမာ ... ဒီခေတ်ကလေးတွေအတွက် အာဇာနည်နေ့ဆိုတာ ရုံးပိတ်ရက် ကျောင်းပိတ်ရက်ဆိုတဲ့ သဘောလောက်ပဲ သိကြတော့တယ်။ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ လေးနက်တဲ့အဓိပ္ပာယ်ကို သေချာမသိကြတော့ဘူး။ နောင်လာမည့် မျိုးဆက်သစ်တွေအတွက် အဲလို အသက်သွေးချွေးတွေ ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို မေ့မေ့လျော့လျော့ဖြစ်ကုန်ကြပြီ။ နောင်ဆို လုံးဝ မေ့သွားမလားပဲဗျာ။ အဲဒီတော့ လက်လှမ်းမှီသလောက် မျိုးဆက်သစ်တွေကို ပြောပြ၊ ရှင်းပြသင့်တယ်။ ယခုလို အိုင်တီခေတ်ကြီးမှာဆိုရင်လည်း အင်တာနက် ဘလော့စာမျက်နှာများမှ အာဇာနည်နေ့ရဲ့ လေးနက်တဲ့ အဓိပ္ပယ်ကို တစ်ဆင့်ပြန်လည် ရှင်းပြ၊ ပြောပြ၊ မျှဝေသင့်ပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ ဧရာဝတီမဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ခုမှ အာဇာနည်နေ့နှင့်ပက်သက်တဲ့ စာအချို့ကို မျှဝေလိုက်ရပါတယ်။ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့၌ ရန်ကုန်မြို့အတွင်းဝန်ရုံးတွင် အစည်းအဝေးပြုလုပ်နေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင...

7 July မမေ့နိုင်

ယနေ့သည် (၇) ဇူလိုင် ကျောင်းသားအရေးတော်ပုံကြီးသည် ၄၇ နှစ်မြောက်သောနေ့ဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့သော ဗိုလ်နေ၀င်း စစ်အုပ်စု၏ စစ်အာဏာရှင်စနစ်အား ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော ကျောင်းသားအရေးအတော်ပုံကြီးဖြစ်သည်။ စစ်အုပ်စုမှ တက္ကသိုလ်ကျောင်းသားများသမ္မဂ အဆောက်အဦးအား ရက်ရက်စက်စက် မိုင်းခွဲဖျက်ဆီးခဲ့ပြီး ကျောင်းသား ရာနှင့်ချီကာ သတ်ဖြစ်ခဲ့သည် အရေးအခင်းကြီးလည်းဖြစ်သည်။ ထို့ကြောင့် ယခုလို သမိုင်းဝင်နေ့မျိုးကို ယနေ့လူငယ်တွေရော၊ အနာဂါတ်လူငယ်များပါ သိရှိထားသင့်တယ်လို့ ထင်ပါတယ်။ ထို့ကြောင့် ၇ ဇူလိုင် ကျောင်းသားအရေးတော်ပုံအကြောင်း ရေးသားထားသော ပို့စ်တစ်ခုကို မျှဝေလိုက်ရပါတယ်။ ....................... ................................... .......................................... အဲဒီနေ့ ည (၇) နာရီ အချိန် မြန်မာ ရေဒီယို ကနေ အသံလွှင်တဲ့ အခါ အာဏာရူး နေဝင်းဟာ “ကျနော် တိုင်းပြည် တာဝန် ယူသည့် အချိန်မှာ တက္ကသိုလ် ကျောင်းသား များရဲ့ စည်းမဲ့ ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက် နေလို့ တပ်မတော်ရဲ့ အင်အား တစိတ် တဒေသကို သုံး၍ ဖြေရှင်း လိုက်ပါသည်” တဲ့ … “အခု ဖြစ်တဲ့ ကိစ္စဟာ ကျောင်းသား ကိစ္စ တခုတည်း ...

Burmese Culture Show - Oxford

Click here for more photos ဒီနေ့ နေ့လည်ပိုင်း Oxford မှာကျင်းပတဲ့ Burmese Culture Show ကို ဘုန်းဘုန်း ဦးဥတ္တနှင့်အတူ ရောက်ဖြစ်ခဲ့ပါတယ်။ လန်ဒန်ကနေ ကားနှင့်သွားပြီး ၁ နာရီခွဲခန့်အကြာမှာ ပွဲကျင်းပရာ Oxford Town Hall ကိုရောက်ရှိခဲ့ပါတယ်။ ဒီပွဲကို အောက်ပါရည်ရွယ်ချက်တွေနဲ့ ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။ 1. Free Aung San Suu Kyi and all political prisoners. 2. Unfair treatment towards the Buddhist Monks on Saffron Revolution. 3. Cyclone Nargis anniversary in Burma. 4. Proving the Unity of all '8' Burmese Ethnics and their traditional culture and dance. အခမ်းအနားဖွင့်လှစ်ပြီးနောက် ဘုန်းဘုန်းဦးဥတ္တရမှ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအတွက် မေတ္တာပို့ဆုတောင်းပေးပါတယ်။ ထို့နောက် အဖွဲ့အစည်းများမှ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တိုင်းရင်းသားကိုယ်စားပြုပုဂ္ဂိုလ်များမှ မိန့်ခွန်းပြောကြားပါတယ်။ အဲဒီနောက်မှာတော့ တိုင်းရင်းသားမျိုးနွယ်စုများမှ မိမိတို့၏ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ မြန်မာ့ရိုးရာ အစားအသောက်များ၊ တိုင်းရင်းသားဝတ်စုံများ၊ အမှတ်တရပစ္စည်းများကိုလည်း ရန်ပုံငေ...

Happy Birthday Ko Nay Phone Latt

လေးစားရပါသော ကိုနေဘုန်းလတ် ... မွေးနေ့မှသည် အသက်ရာကျော်ရှည်ပါစေ၊ ချုပ်နှောင်မှုမှ အမြန်ဆုံးလွတ်မြောက်ပါစေ

ဝမ်းနည်းကြေကွဲခြင်း

သူငယ်ချင်းမျိုးဝင်းအောင်၏ အစ်မသည် ယနေ့မနက် မြန်မာစံတော်ချိန် မနက် ၉ နာရီ ၅၀ တွင် ကွယ်လွန်သွားကြောင်း သိရပါသဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။ ကင်ဆာဆိုတဲ့ ရောဂါဆိုးကြောင့် လူတစ်ဦးအသက်ဆုံးရှုံးသွားရပြန်ပြီပေါ့ :(

ဘိုးဘိုးအောင်သီချင်း (ကာတွန်း ဦးဖေသိန်း)

ကောင်းကင် မဂ္ဂဇင်းမှ