Skip to main content

Posts

Showing posts from January, 2010

သာသနရံသီဝိဟာရ၏ ထမနဲပွဲနှင့် စာပေဟောပြောပွဲ

သာသနရံသီဝိဟာရ ၏ နှစ်စဉ်ရိုးရာပျက်ကျင်းပမြဲဖြစ်သည့် ထမနဲပွဲတော်ကို ဇန်နဝါရီလ ၃၁ ရက် တနင်္ဂနွေနေ့ ညနေ ၄ နာရီ တွင် ကျင်းပမည်ဖြစ်ပါသောကြောင့် လန်ဒန်ရှိ မိတ်ဆွေအပေါင်းတို့အား လေးစားစွာဖိတ်ကြားအပ်ပါသည်။ အဆိုပါထမနဲပွဲနှင့် အတူ စာပေဟောပြောပွဲကိုလည်း ညနေ ၃ နာရီတွင် ကျင်းပမည်ဖြစ်ပါသည်။ ဟောပြောမည့်သူမှာ Dr. Gustaaf Houtman (ဦးစန်းမောင်) ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေး နှင့် မနုဿဗေဒဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဟောပြောမှာဖြစ်ပါတယ်။ ထို့ကြောင့် ဗဟုသုတရစရာ စာပေဟောပြောပွဲလည်းတက်ရောက် ရာသီစာ ထမနဲလည်း စားသောက်ရင်း ဘုန်းကြီးကျောင်းမှာ အတူတကွကုသိုလ်ယူနိုင်ကြဖို့ ဖိတ်ကြားလိုက်ရပါတယ်။ ထမနဲထိုးရန်အတွက် အားကောင်းမောင်းသန် အမျိုးသားများလည်း လိုအပ်နေပါတယ်။ ထို့ကြောင့် မိမိ၏ကာယဗလစွမ်းအင်ကို ကုသိုလ်ယူ လှူဒါန်းကြပါစို့ဟု လန်ဒန်ရှိ အစ်ကိုတော်၊ ညီတော်များကိုလည်း ထပ်မံဖိတ်ကြားလိုက်ရပါတယ်။

Happy Birthday ကိုဇာဂနာ (ကိုသူရ)

ကိုဇာဂနာ (ကိုသူရ) ၏ ၄၉ နှစ်မြောက်မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး မတရားချုပ်နှောင်ခံထားရခြင်းမှလည်း အမြန်ဆုံးလွတ်မြောက်ပါစေ။ ၂ဝဝ၈ ခုနှဏ် နာဂစ်မုန်တိုင်းသင့် ဒေသများသို့ သွားရောက်အကူအညီပေးသည်ကို အာဏာပိုင်များမှ ဖမ်းဆီးပြီး ထောင်ဒဏ် ၅၉ နှစ်ချမှတ်ခံထားရပါတယ်။ ၂ဝဝ၉ ခုနှစ် မှာ ထောင်ဒဏ်လျော့ပေါ့ပေးခဲ့ရာ စုစုပေါင်းထောင်ဒဏ် ၃၅ နှစ်ကျခံရန် ကျန်ရှိနေပါသေးတယ်။ တိုင်းပြည်နှင့် လူမျိုးအတွက် အနစ်နာခံတဲ့ ကိုဇာဂနာလိုလူမျိုးဟာ မျိုးဆက်သစ် လူငယ်များအပါအဝင် အခြားသော အနုပညာရှင်တွေအတွက် စံနမူနာယူစရာ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ အမှန်တရားဟာ ရာဇဝင်မှာ တစ်သက်လုံး ရှုံးနိမ့်မှာ မဟုတ်ပါဘူး။

Sharing: ဘုန်းဘုန်းတာ့တာ - လူထုဒေါ်အမာ

ယခုဆောင်းပါးလေးကို လွန်ခဲ့တဲ့ လများစွာက ဘလော့တစ်ခုမှာ ဖတ်ဖူးလိုက်ပါတယ်။ မေ့မေ့ပျောက်ပျောက်ဖြစ်နေတာ ကြာပါပြီ။ အခု နေခြည်သွေးသစ် - ယဉ်ကျေးမှု စာစောင်မှာ ပြန်တွေ့တာနဲ့ ကိုယ့်ဘလော့မှာပါတင်ပြီး မှတ်ထားလိုက်ခြင်းဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်းအနိစ္စရောက်တာနဲ့ စိတ်များ ကတောက်ကတက် ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။ "ဘုန်းဘုန်း တာ့-တာ" ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းစဉ်ကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲဖြစ်ဖြစ် "တာ့-တာ" လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။ မြို့ပေါ်တင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့-တာက တောကြိုအုံကြားအထိ ပျံ့နှံ့ဆင်းသက်လို့ နေပါတယ်။ ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီးနှုတ်ဆက်စကား တခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်းဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။ "တာ့-တာ" ဆိုတာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပါယ်ရှိတယ

လူမိုက်အားပေး မလုပ်မိစေဖို့

အခုရက်ပိုင်းမှာ ဗုဒ္ဓဘာသာအကြောင်း မကောင်းကြောင်း ရေးသားတဲ့ Blog တစ်ချို့ကိုတွေ့နေရပါတယ်။ မြန်မာလို ရေးသားထားတဲ့ ဘလော့တစ်ခုပါပဲ။ ဆရာတော်ကြီးများ၊ ဘုရားစေတီများ၏ ဓာတ်ပုံများကိုပင် ကြက်ခြေခေတ်ပြီး စော်ကားထားတာဖြစ်ပါတယ်။ ဘာသာရေးနှင့် ဆက်နွယ်နေတာဖြစ်တဲ့အတွက် အဲဒီဘလော့မှာ ကျွန်တော်ဘာမှ ဝင်ပြီးမပြောခဲ့ပါဘူး။ နောင်လည်း ပြောမှာမဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ အဲဒီလို ဘာသာရေးကို အစွန်းရောက်ပြီး တစ်ဘက်သတ်စော်ကားတဲ့လူတွေနဲ့ စကားပြိုင်ပြောရမှာ ရှက်လို့ပါပဲ။ ရေးသားတဲ့သူကိုယ်တိုင် သူဟာ ဗုဒ္ဓဘာသာဝင် မဟုတ်သည့်တိုင် မိမိကိုယ်ကိုရော၊ မိမိရဲ့မိဘ၊ မိမိရဲ့ဘာသာကို ကိုယ်ကိုတိုင် ပြန်ပြီးစော်ကားနေတယ်ဆိုတာ မတွေးမိဘူးထင်ပါတယ်။ အဲဒီတော့ မိတ်ဆွေကိုယ်တိုင် မျက်စိလည်လမ်းမှားပြီး အဲဒီဘလော့ (အစိမ်းရောင်နောက်ခံရှိပါတယ်) ကို ရောက်သွားခဲ့သည်ရှိသော် တစ်ခြားမိတ်ဆွေတွေကို လက်ဆင့်မကမ်းကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲလို အနှစ်သာရမရှိ ပေါက်တတ်ကရ ရေးထားတာကိုမှ လူတွေတအားလာကြည့်တယ်ဆိုရင် သူ့ကိုယ်သူ မာန်တက်ပြီး ပိုဆိုးသွားပါလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်ကိုယ်တိုင် အဲဒီဆိုဒ်ကို sharing မလုပ်သလို လာမေးရင်လည်း ဖြေမှာမဟုတ်ပ

Sharing: တောင်သမန်ကျိန်စာ - မောင်စွမ်းရည်

ဆရာမောင်စွမ်းရည်ရဲ့ ကလောင်စွမ်းအားကတော့ တကယ့်ကို ပီပြင်ပါတယ်ဗျာ။ ဆရာပြောတဲ့ ပုခုံးမှာဒေါက်၊ ခါးမှာဗြောက်ရှိတဲ့သူတွေရဲ့ လုပ်ရပ်ကတော့ တကယ့်ကို ကန်းကုန်ပါတယ်။ ရှေးကအမွေ ကျွန်းတိုင်တွေကို အုတ်တိုင်တွေ အစားထိုးလုပ်ပြစ်ရက်ပါပေ့ ... မြန်မာပြည်မှာကလည်း ကျွန်းက ရှားသကိုး။ အဲလို ရွှေဥာဏ်တော် စူးရောက်တဲ့လူတွေကို ဆရာတတ်စွမ်းတဲ့ ကလောင်လက်နက်နဲ့ တိုက်ခိုက်တဲ့ ထိချက်တော့ ပြင်းထန်ပါပေတယ်။ အထူးသဖြင့် "ရှေးကအမွေ၊ သမိုင်းမြေကို၊ သူ့အမေလင်၊ အမွေထင်လို့၊ ထင်တိုင်းတုံးတိ၊ စစ်သားပကတိ၊ ညီပါဘိ" ဆိုပြီး စပ်ထားတဲ့ စာသားလေးကို အခိုက်ဆုံးပဲဗျာ :D “ တံတားသာဟန်၊ တောင်သမန်” တဲ့ ရန်ကုန်ဆရာ၊ မန်းကိုလာတော့ ကဗျာဥာဏ်ပွား၊ ဈာန်ဝင်စားလို့ တံတားကဗျာ၊ ခင်းခဲ့ပါသတဲ့။ မော်လမြိုင် မုဒုံ ဒဂုန် ဒလ၊ ပဲခူးစလို့။ မြင်းခြံ မုံရွာ၊ မိတ္ထီလာနဲ့ ကသာနဗား၊ မြစ်သားစလို့။ အမေရိကန်၊ အင်္ဂလန် ဂျပန် ယိုးဒယား၊ ဘင်္ဂလား စလို့။ ဝေးနေနီးနေ နှစ်ထွေများစွာ ကမ္ဘာ့မြေခြား၊ ပင်လယ်ခြားလဲ တဆင့်စကား၊ တဆင့်ကြားနဲ့ တံတားဟိုဘက်၊ ထန်းလက်တဲနန်း ထန်းပြင်တန်းနဲ့၊ ထန်းတောအဆုံး၊ ထုံးဖြူဖြူနဲ့ ဘုရားနဲ့၊ တံတားသည်ဘက်၊ လက်ပံပင်ကမ်း ဇရပ်တန်းနဲ့၊ ပတ်လမ်းနဲ့။ လက်ပန်ကု

The Conservative Party Human Rights Commission will hold a hearing on Burma on Monday 18 January

ယူကေရောက် ညီအစ်ကို မောင်နှမများအားလုံး တက်ရောက်ကြဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။ နိုင်ငံခြားသားတွေတောင် မြန်မာ့အရေးကို အထူးအလေးပြု ဆောင်ရွက်နေချိန်မှာ တိုက်ရိုက်သက်ဆိုင်သူ ကာယကံရှင် ကျွန်တော်တို့တွေ ပိုပြီး အလေးထားသင့်ပါတယ်။ အနီးဆုံး station မှာ Webminister Station ဖြစ်ပါသည်။ The Conservative Party Human Rights Commission will hold a hearing on Burma on Monday 18 January from 5pm-7pm , in Room O at Portcullis House . The hearing will be chaired by Tony Baldry MP, Chairman of the Conservative Party Human Rights Commission, and the Commission will hear evidence from: Sir Geoffrey Nice QC , former deputy prosecutor of the International Criminal Tribunal for the former Yugoslavia and principal prosecution trial attorney in the case against Slobodan Milosevic. Sir Geoffrey was one of five leading international jurists who commissioned the report Crimes in Burma, by Harvard Law School. Wai Hnin Pwint Thon , campaigner and daughter of Mya Aye, a political prisoner in Burma. Bwa Bwa Phan , a K

Sharing: Burma Sham 2008 Constitution and 2010 Election by U Aung Htoo

U Aung Htoo, the General Secretary of Burma Lawyers' Council on "2008 Constitution". He said that so long as democratization of Burma is expected, centering on 2010 election to be possibly applied as an important process for gradual change, it will be in the trap of the Senior General Than Shwe. From the aspect of militarization, 2008 constitution is much worse than 1974 constitution. In spite of participation in the 2010 election, the political party, which may win majority seats in the legislature, cannot form any government and rule the country. The international community which argues to take strategic advantage of 2010 election as a gradual transition argues that if politically aware sectors of the electorate stay away, this could further reduce the changes of candidates not aligned with regime. Actually, regardless of whether aligned with regime or not, sitting as elected representatives in legislature, arisen from 2008 Constitution after 2010 election, is nothing b

Wallpaper: London Tower Bridge

၉ ရက်နေ့က BICC Meeting အပြီးမှာ Tower Bridge ဘက်ကို ရောက်သွားခဲ့တယ်။ Meeting က Old Street Station နားမှာလုပ်တာဆိုတော့ Tower Bridge နဲ့ နှစ်မှတ်တိုင်ပဲ ကွာတယ်။ အဲဒီတော့ ခဏလေးပဲ သွားရတယ်။ ရာသီဥတုအခြေအနေကတော့ တော်တော်အေးတယ်။ မြစ်ကမ်းဘေးဆိုတော့ ပိုဆိုးတာပေါ့။ ညဘက်မှာ ဓာတ်ပုံရိုက်ချင်နေတာကြာပါပြီ။ ဒါပေမဲ့ ပစ္စည်းအပြည့်အစုံမရှိလေတော့ ရိုက်ရတာ သိပ်တော့အဆင်မပြေလှ။ အဓိကလိုနေတာက Tripod ပဲ။ လက်ကမငြိမ်ဘူး ဒီကြားထဲ ရာသီဥတုကအေးနေတော့ ပိုဆိုး။ ပုံတွေအများကြီးရိုက်ခဲ့ပေမဲ့ ဝါးနေတဲ့ပုံတွေကိုတော့ အကုန်ဖျက်ပစ်လိုက်ရတယ်။ နောက်တစ်ကြိမ်တော့ ရအောင်ကြိုးစားကြည့်ဦးမယ်။ 1024x768 | 1280x800 | 1400x1050 | 2560x1600 ဓာတ်ပုံရိုက်ရတာဟာ ကျွန်တော့်အတွက်တော့ စိတ်အပန်းဖြေမှုတစ်မျိုးပါပဲ။ စိတ်ထဲမှာ ဘာမှမရှိ ပေါ့ပါးနေတာပဲ။ အာရုံထဲမှာ ရှူ့ခင်းတွေပဲရှိတယ်။ စိတ်ကိုလည်း လန်းဆန်းစေတယ်။ အဲဒီနေ့ညက ရိုက်လာခဲ့တဲ့ ပုံတွေထဲက Tower Bridge ပုံကို Wallpaper သုံးလေးခုလုပ်ပြီး စာဖတ်သူ မိတ်ဆွေတွေအတွက် မျှဝေပေးလိုက်ပါတယ်။ မိတ်ဆွေတွေ ကျေနပ်သဘောကျလိမ့်မယ်လို့ ယုံကြည်ပါတယ် :)

Invitation for BICC Meeting

Dear All, We would like to invite you to attend BICC (Burma Initiative Coordination Committee) meeting on 09-01-10. Please, attend this meeting and take action to show solidarity for free Burma activities in UK. Stand and take action for people of Burma who are suffering under Military Regime in Burma. Date: 09-01-09 (Saturday) Time: 13:00 - 17:00 Venue: 28 Charles Square London N1 6HT UK Nearest underground station: Old Street Updated: 10.01.2010 မှတ်တမ်းတင် ဓာတ်ပုံများ