Skip to main content

Posts

Showing posts with the label ဘီရုမာ

Cartoon: ဗျောက်တန်းလန်းနဲ့ ၂၀၁၀ ပြည်သူ့လွှတ်တော်

ကာတွန်းဆရာ ဘီရုမာရဲ့ ၂၀၁၀ ရွေးကောက်ပွဲနှင့် အရပ်ဝတ်ပြောင်းလဲသွားကြတဲ့ မောင်သိန်းစိန်ဦးဆောင်တဲ့ ဝန်ကြီးများအဖွဲ့ကို ပြောင်လှောင်သရော်ထားတဲ့ ကာတွန်းဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာလည်း ဒီပုံစံအတိုင်းဆို သူတို့ပဲ နိုင်မည့်အလားအလာ ပိုပိုပြီးများသွားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ လူမှုရေးလုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ကိုင်သွားဖို့ ကြေငြာချက်ထုတ်ပြီးသွားပြီ ဖြစ်ပါတယ်။ ပြည်သူတွေရင်ထဲ စိတ်ထဲမှာ ဘယ်သူ့ကို တက်စေချင်တယ်ဆိုတာက တစ်သတ်မတ်တည်းရှိပြီးသားပါ။ ဒါပေမဲ့ တခြားတစ်ဘက်က ပြန်တွေးကြည့်မယ်ဆိုရင် ဘယ်သူတက်တက်ပါ ပြည်သူတွေစားဝတ်နေရေးပြေလည်ဖို့နှင့် လူ့အခွင့်ရေးရရှိဖို့က အဓိကပါပဲ။ Voa News မှ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ စစ်အစိုးရကို သရော်တဲ့ ကာတွန်းတွေ၊ သရုပ်ဖော်ပုံတွေ ရေးဆွဲနေတဲ့ ရှမ်းတိုင်းရင်းသား ကာတွန်းဆရာ ကိုဟန်လေးကို နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ Human Rights Watch က ဂုဏ်ပြုဆု ချီးမြှင့်လိုက်ပါတယ်။ ၂၀၀၉ ခုနှစ်အတွက် Hellman/Hammett ဆုကို အခုထိ အကျဉ်းကျခံနေရတဲ့ ကဗျာဆရာ စောဝေ အပြင် ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုးကိုလည်း ၂၀၀၂ ခုနှစ်မှာ ဂုဏ်ပြု ပေးအပ်ခဲ့ပါတယ...