Skip to main content

Posts

Showing posts from September, 2009

Google Fast Flip နှင့် သတင်းရှာနည်း အခြေခံ

နာမည်ကြီး သတင်းဌာနများမှ လူကြိုက်အများဆုံး သတင်းတွေကို တစ်နေရာတည်းမှာ ဖတ်ရှူ့နိုင်အောင် Google Fast Flip က လုပ်ဆောင်ပေးနေပါပြီ။ သတင်းတွေအားလုံးကတော့ Google News ပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ အရင်က Feed တွေ ဖတ်ရတဲ့ ပုံစံအတိုင်းပါပဲ။ ဒါပေမဲ့ Feed တွေယူပြီး ဖတ်တုန်းကတော့ ကိုယ့်စိတ်ကြိုက် ဘလော့တွေ၊ ၀ဘ်ဆိုဒ်တွေကို စိတ်တိုင်းကျ Customized လုပ်နိုင်ပါတယ်။ GFF မှာ ဖတ်ရှူ့သူတွေအတွက် အကျိုးရှိစေတဲ့ ရလဒ်တစ်ခုကတော့ အချိန်ကုန် သက်သာခြင်းပါပဲ။ ထိုနည်းတူစွာ ဒီပို့စ်နှင့်အတူ ကျွန်တော်ပြုလုပ်နေကျ သတင်းရှာနည်းတစ်ခုကို Sharing လုပ်ချင်ပါတယ်။ မြန်မာပြည်နဲ့ ပက်သက်တဲ့ နောက်ဆုံး Update ဖြစ်တဲ့ သတင်းတွေကို ရှာကြည့်နည်းပါပဲ။ မြန်မာပြည်သတင်းတွေကြည့်မယ်ဆို ပထမဦးစားပေးအနေနဲ့ကတော့ ဧရာဝတီ၊ ခေတ်ပြိုင် စတဲ့ ဆိုဒ်တွေမှာ အရင်ဆုံးကြည့်ပါတယ်။ အဲဒီနောက်မှာတော့ Google News ဆီသို့ ခြေဦးလှည့်ပါတယ်။ Google News Page ရဲ့ search box မှာ Myanmar သို့မဟုတ် Burma (သို့မဟုတ် မိမိရှာဖွေလိုသည့် အကြောင်းအရာနှင့် ပက်သက်သည့် စာသား) အစရှိတဲ့ keyword တွေကို ရိုက်ထည့်ပြီး ရှာဖွေခြင်းဖြစ်ပါတယ်။ ထို့နောက်မှာတော့ နောက်ဆုံးသတင်း သို့မဟုတ်ေ

တို့ရဲ့မန်းမြေမှာ

ရွှေမန်းမြေ သာပေရဲ့လား။ တို့ဌာနေ ကျုံးရေ အလှနဲ့ သာပေစွ တကား။ ရွှေမန်းမြေ စည်ပေရဲ့လား။ တို့ရဲ့မြေ ၀ါရွှေ အလှနဲ့ စည်ပေစွ တကား။ ရွှေမန်းမြေ ဖြိုးဝေရဲ့လား။ တို့မန်းမြေ အိမ်ခြေ အလှနဲ့ ဖြိုးဝေစွ တကား။ ရွှေမန်းမြေ ခါတစ်ခေါက် လာရောက်လို့ လည်လှည့်ပါ။ ဘ၀င်မှာ ကြည်ရွှင်လန်းလို့ မြင်ဆန်းစေမှာ။ တို့ရဲ့ မန်းမြေမှာ သာသနာ ကွန့်မြူး။ တို့ရဲ့ ဌာနေမှာ မြင်မြင်တကာ ကြည်နူး။ ရှေးအမွေ နန်းပြသာဒ်တို့ သပ်ရပ် တင့်ထူး။ ။ သိပ္ပံ စိုးမြင့်နိုင် အတွဲ ၄၁၊ အမှတ် (၁)၊ မြ၀တီ မဂ္ဂဇင်း ၁၉၉၂ နိုဝင်ဘာလ ကဗျာလေးကိုဖတ်ပြီး မန္တလေးကျုံးကြီးအကြောင်း၊ အိမ်ခြံမြေတွေအကြောင်း နှင့် သာသနာအကြောင်း နည်းနည်းရေးချင်လာတယ်။ အုတ်တွေမခင်းမှီ အရင် ကျုံးကြီးကတော့ မျက်စိထဲမှာ ပိုပြီး ကြည့်လို့ကောင်းသလိုပဲ။ အုတ်တွေခင်းလိုက်တာ မျက်စိထဲမှာ ကြည့်ရတာ တစ်မျိုးဖြစ်သွားတယ်။ ဘာပဲပြောပြော ကျုံးကြီးနဲ့ မန္တလေးတောင်ကြီးကို (၂၆ဘီလမ်း ဒေါင့်ကနေ) တွဲဖက်ပြီး မြင်ရတဲ့ မြင်ကွင်းက စိတ်ကြည်နူးသွားတာ အမှန်ပဲ။ အုတ်ခင်းတယ်ဆိုတာ ခေတ်မီပေမဲ့ ရှေးဟောင်းအမွေအနှစ်တွေကိုတော့ အုတ်တွေနဲ့အစားထိုး ပြုပြင်လိုက်တာဟာ လုံးဝ မှားတယ်လို့ ထင်တယ်။ ဥပမာ ... ဥ

မအိုသောမေတ္တာ

သွယ်မျှင်ရှည်လျား ဆံပင်များလည်း၊ ငွေသားဖြူဆွတ် ပြတ်၍ကျွတ်ပြီ။ ကြည်လင်လဲ့ရွှန်း မျက်နက်ဝန်းလည်း၊ တောက်ထွန်းမဖြာ မှုန်မှိုင်းရှာပြီ။ ပုလဲသွယ်စီ သွားတို့သည်လည်း၊ မညီယိုင်နဲ့ ကျိုးကြွေပဲ့ပြီ။ ဖောင်းမို့နုညက် ပါးနှစ်ဘက်လည်း၊ ချိုင့်ကွက်လှိုင်းကွန့် လိပ်ကာတွန့်ပြီ။ သြော် ... ဆင်းရုပ်သွင်နှင့် ပျိုစဉ်ရွယ်နု၊ အလှစုကို ထုတောင်းနှိပ်စက်၊ ဇရာဖျက်၍ ပျက်စီးယိုယွင်း၊ အိုမင်းခဲ့ရပါသော်လည်း။ မေတ္တာမွမ်းထုံ ၀မ်းကြာငုံမှာ၊ ယှက်ရုံထွေးရစ် သားရင်နှစ်ကို၊ ချစ်ကြင်နာသော သံယောဇဉ်ကား၊ တားဆီးနှိပ်စက် ပျက်စီးယိုယွင်း၊ အိုမင်းလေအောင် စွမ်းဆောင်ဖို့ငှာ၊ သည်ချိန်ခါတွင် ဇရာမတတ်နိုင် ချေတကား။ နောင်ဝင်းထွန်း (မုံရွာ) ငွေတာရီ မဂ္ဂဇင်း အမှတ် ၂၄၂ သြဂုတ်လ ၁၉၈၀ ကျွန်တော်ကြိုက်နှစ်သက်မိတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ သားသမီးတွေအပေါ်ထားရှိတဲ့ မိဘမေတ္တာဆိုတာ "ဇရာ" ဆိုတဲ့ အိုမင်းမှုတောင် မတားဆီး မပိတ်ပင်နိုင်ဘူးဆိုတဲ့ သဘောကို သက်ရောက်ပါတယ်။ သည်မျှကြီးမားလှတဲ့ ကျေးဇူးတွေ၊ မေတ္တာတွေကို ကျွန်တော်တို့တတွေ အသက်ရှင်နေတုန်းမှာ အကုန်ပြန်မဆပ်နိုင်ရင်တောင်မှ ကိုယ်တတ်နိုင်တဲ့ဘက်က အချိန်ပေးပြီး ဆပ်သွားဖို့ဆိုတာ ကျွန်တော်တို့ သားသမီးတိုင်းရဲ့ တ

ဗုဒ္ဓဘာသာစင်တာကြီးအတွက် ကုသိုလ်ယူနိုင်ကြပါပြီ

ဗုဒ္ဓစင်တာကြီးတွင် သီတင်းသုံးစမ္ပါယ်တော်မူမည့် မဟာဇေယျသု အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဗုဒ္ဓဘာသာသာသနာ အရှည်တည်တံ့ပြန်ပွားရေး နှင့် ဗြိတိန်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ ဘာသာရေးကို အခြေခံပြီး အသိအလိမ္မာ တိုးတက်စေရန် ရည်ရွယ်ပြီး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်းအတွက် ဂုဏ်ယူအားထားဖွယ် ဗုဒ္ဓဘာသာစင်တာကြီးတစ်ခုကို လန်ဒန်မြို့တွင် မကြာမီဖွင့်လှစ်နိုင်ရန် မလေးရှားနိုင်ငံ ပီနန်မြို့မှ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့သာသနာပြု ဆရာတော်ကြီး ဦးပညာဝံသ၏ ဦးဆောင်မှု အစီအစဉ်ဖြင့် သာသနရံသီဝိဟာရအဖွဲ့မှ ဆောင်ရွက်နေပါသည်။ သာသနရံသီ ဗုဒ္ဓစင်တာကြီး တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များ ********* ၁။ ဥရောပတွင် အကြီးဆုံးဖြစ်သည့် အောင်မြင်ချမ်းသာ ဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးကို သီးခြား ဂန္ဓကုဋီ (ဘုရားကျောင်းတော်ကြီး) ဖြင့် မြင့်မြင့်မြတ်မြတ် ပူဇော်နိုင်ရန် ၂။ ဘာသာရေး အခမ်းအနားများ၊ မြန်မာနှစ်သစ်ကူး အတာသင်္ကြန် ယဉ်ကျေးမှုအခမ်းအနားများ၊ လူမှုရေး အခမ်းအနားများ သီးသီးသန့်သန့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် ကျင်းပနိုင်ရန် ၃။ နေ့စဉ် စားဝတ်နေရေးအတွက် ဆောင်ရွက်လုပ်ကိုင်နေကြရသည့် ဒကာ၊ ဒကာမများ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုများ၊ သောကတောက ဘ၀အမောများကိုြေ

ဆရာဦးတင်မိုးရဲ့ အောင်ပန်းဆွတ်ဖို့ ငါလာတယ်

ကွယ်လွန်သွားပြီဖြစ်တဲ့ စာပေလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ ကဗျာဆရာဦးတင်မိုး ရေးသားတဲ့ အောင်ပန်းဆွတ်ဖို့ ငါလာတယ် ဆိုတဲ့ ကဗျာလေးကို မျှဝေချင်ပါတယ်။ ဆရာဦးတင်မိုးကတော့ (သမီးလေး "ချို" သို့) ဆိုပြီးတော့ သူ့သမီးအတွက် ရေးစပ်ထားတာဖြစ်ပါတယ်။ ဆရာဦးတင်မိုးရဲ့ ကလောင်စွမ်းကြောင့် ကဗျာလေးကို ဖတ်ပြီးနောက်ပိုင်းမှာ စိတ်ဓာတ်သစ်တွေ အားအင်သစ်တွေ တိုးပွားလာတယ်လို့ ခံစားရပါတယ်။ အောင်ပန်းဆွတ်ဖို့ ငါလာတယ် တောင်တလုံးပြီး တလုံး အမှောင် ဖုံးပြီး ရင်း ဖုံး အပြုံးမပျက် ကျော်လို့တက် မနက်လင်းရင် စခန်းရောက်မှ သေချာတယ်။ လူသားရဲ့ အစွမ်း ဘယ်တော့မှ မကုန်ခမ်းနိုင်ဘူး မမှန်းဆနိုင်တဲ့ နေရာက အတွေး အဆတွေ လာတယ်။ လေထဲမှာ ဝှေ့ယမ်းနေတာက အောင်ပန်းတွေ မဟုတ်လား။ ဘ၀ရဲ့ တောင်တန်းအထွတ်မှာ အောင်ပန်းဆွတ်ဖို့ ငါတက်ခဲ့တယ်။ အရှုံးပေးတတ်တဲ့ စိတ်ညံ့ ကြောက်လန့်ပြီး ထွက်ပြေးတတ်တဲ့စိတ်ပျော့ ပေါ့ပေါ့တွေးတတ်တဲ့ စိတ်လေပွေ အခြေမဲ့ အနေမဲ့ အဖြေမဲ့ ပုစ္ဆာ ငါ့အဘိဓာန်မှာ ဘယ်အခါမှ မရှိ။ (သမီးလေး "ချို" သို့)

YouTube တွင် Video Playlist တစ်ခု ဖန်တီးခြင်း

ကျွန်တော်တို့ နေ့တိုင်းနီးပါး သွားလာကြည့်ရှူ့ကြတဲ့ YouTube မှာ Video Playlist တစ်ခုပြုလုပ်နည်းကို မျှဝေလိုက်ပါတယ်။ Playlist လုပ်ထားခြင်းအားဖြင့် မိမိရဲ့ဘလော့ ဒါမှမဟုတ် မိမိရဲ့ YouTube account မှာ Video တွေကို တစ်စုတစ်စည်းတည်း ဆက်တိုက်ကြည့်ရှူ့နိုင်ပါတယ်။ ထို့အတွက်ကြောင့် ဘလော့ပေါ်မှာ တင်မယ်ဆိုရင်လည်း loading space သက်သာစေမှာဖြစ်ပါတယ်။ Playlist တစ်ခု ပြုလုပ်နည်းကို အောက်ပါ Video မှ အလွယ်တကူလေ့လာနိုင်ပါတယ်။ Video ထဲမှာ Tutorial အတိုင်း လိုက်မလုပ်မီ YouTube မှာ sign up အရင်ဆုံး လုပ်ထားဖို့တော့ လိုပါလိမ့်မယ်။