Skip to main content

Posts

Showing posts from December, 2007

လွတ်လပ်ရေးနေ့ ဆန္ဒပြရန် နှိုးဆော်စာများ ပခုက္ကူတွင် ကပ်ပြန်ပြီ

မကွေးတိုင်း ပခုက္ကူမြို့တွင် လာမည့် လွတ်လပ်ရေးနေ့၌ သံဃာအားလုံး စုပေါင်း ဆန္ဒပြကြရန် နှိုးဆော်စာများ ယနေ့နံနက်က ကပ်ထားသည်။ လာမည့် နှစ် ၆ဝ ပြည့် လွတ်လပ်ရေးနေ့ ကျရောက်မည့် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပခုက္ကူမြို့ရှိ သံဃာထုအနေဖြင့် စုပေါင်းဆန္ဒပြပွဲကို ပြန်လည်ဖော်ထုတ်ရန် ရွှေဝါရောင်တော်လှန်ရေး စတင်မြစ်ဖျားခံရာ ပခုက္ကူမြို့ရှိ မဟာဝိဇယာရာမ (အရှေ့တိုက်) မြောက်ဘက်မုခ်တွင် နှိုးဆော်စာများ ကပ်ထားခြင်း ဖြစ်သည်။ “ဒီနေ့မနက် မြောက်ဖက်မုခ်မှာ ဇန်နဝါရီ ၄ ရက်နေ့ ဆန္ဒပြဖို့ စာတွေ ကပ်ထားတယ်။ ကိုရင်တွေ ဦးဇင်းတွေတော့ သွားဖတ်ကြတာပဲ” ဟု စာသင်တိုက်ကြီးမှ စာချဆရာတော် တပါးက မိန့်ကြားသည်။ နှိုးဆော်စာများ ကပ်ပြီး မကြာမီအချိန်အတွင်းမှာပင် ဒေသခံ ရဲများက လာရောက် ခွါယူသွားခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ကံဆောင်သပိတ် ပြန်လည်လုပ်ဆောင်ရန် နှိုးဆော်စာများကို ပခုက္ကူမြို့ ကျောင်းတိုက်များအနီး၌ ကပ်ထားခဲ့သည်။ စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးအား နအဖ က အကြမ်းဖက် ဖြိုခွဲခဲ့ပြီး ရန်ကုန်နှင့် အခြားမြို့နယ်များရှိ ကျောင်းတိုက်များသို့ ဝင်ရောက်စီးနင်းကာ စာသင်သား သံဃာများကို နေရပ်သို့ပြန်ရန် အတင်းအကျပ်