Skip to main content
Posts
Showing posts with the label Download
Mac မှ Adware များကိုဖယ်ရှားခြင်း
Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင် တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း target ထားလာကြပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ ကြော်ငြာတွေ၊ popup window အသေးလေးတွေ ပုံမှန်မဟုတ်တာတွေဖြစ်လာဖြစ်ဆိုရင်တော့ Mac ကို Adware ဝင်မဝင်စစ်ဆေးဖို့လိုပါပြီ။ အဲဒီအတွက် အသင့်တော်ဆုံးနဲ့ အလကားပေးထားတဲ့  Software ကတော့ AdwareMedic ပဲဖြစ်ပါတယ်။ Window အတွက်ကတော့ Malwarebytes  ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အခြားပြဿနာတွေ ကွန်ပျူတာမှဖြစ်နေရင်လည်း comment ပေးခဲ့နိုင်ပါတယ်။ လက်လမ်းမှီသလောက် ရှာဖွေဖြေရှင်းပေးပါမယ်။ Download : AdwareMedic
Android Tips, Tricks, Apps and Hacks
Download Android ဖုန်း အသုံးပြုသူတွေအတွက် အမှန်တကယ်အသုံးဝင်ပြီး ဖတ်ရှူ့သင့်တဲ့ စာအုပ်တစ်ခုဖြစ်ပါတယ်။ ဒါမှ သင့်လက်ထဲမှာ ရှိနေတဲ့ smartphone ကို smart ကျကျ အကျိုးရှိရှိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ကျွန်တော် တွေ့ဖူးတဲ့ လူတစ်ချို့လို smartphone ကိုင်ပြီး လမ်းပျောက်လို့မေးရတဲ့ အဖြစ်မျိုး ဖြစ်နေပါလိမ့်မယ် :D
N-Photo June 2012
Download here Nikon ရဲ့ ဇွန်လအတွက် ထုတ်ဝေလိုက်တဲ့ nphoto magazine ပါ။ လစဉ်တိုင်း လေ့လာစရာတွေကတော့ အများကြီးပါ။ ဝါသနာတူ မိတ်ဆွေများ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
N-Photo May 2012 100%Nikon100%Independent
  Download: Depositfiles.com Nikon ရဲ့ မေလအတွက် ထုတ်ဝေလိုက်တဲ့ nphoto magazine ပါ။ လစဉ်တိုင်း လေ့လာစရာတွေကတော့ အများကြီးပါ။ ဝါသနာတူ မိတ်ဆွေများ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
N-Photo The Nikon Magazine April 2012
Download :  N-Photo The Nikon Magazine April 2012
Free Download: TuneUp Utilities™ 2010!
Download Here ကွန်ပျူတာတစ်လုံးအတွက် မရှိမဖြစ် Program တစ်ခုလို့တောင်ပြောလို့ရပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ သူ့မှာပါတဲ့ 1-Click Maintenace Function ဟာဆိုရင် ကွန်ပျူတာသိပ်မကျွမ်းကျင်သူများပင်လျှင် ကောင်းစွာအသုံးပြုနိုင်ပါတယ်။ Registery ကို အကောင်းဆုံး Fix လုပ်ပေးတဲ့ Function ကိုတော့ အရမ်းနှစ်သက်ပါတယ်။ ကွန်ပျူတာ အသုံးပြုရတာ နှေးကွေးလာပြီဆိုရင် ဒီ Program လေးကို အသုံးပြုပြီး Turbo Mode နဲ့ Run ပေးလိုက်ရင် အရင်ကထက် ပိုမိုပေါ့ပါးစွာ အလုပ်ပြန်လုပ်စေမှာဖြစ်ပါတယ်။ Enjoy! :)
FeedRoller
FeedRoller is a lightweight RSS and Twitter feed ticker. It is designed to show scrolling headlines from your favorite news sites, blogs and twitter account, directly on your desktop.
မချစ်နဲ့တော့
သီချင်းလေးတွေ နားထောင်ရတာ တစ်ခါတလေမှာ အပန်းပြေတယ်၊ တစ်ခါတလေမှာ စိတ်ခံစားမှုတွေ ပိုပြီးဖြစ်စေတယ်၊ တစ်ခါတလေကျတော့လည်း ရင်ဘတ်ထဲကို တည့်တည့်ကြီး လာထိတယ်။ သီချင်းနားထောင်ခြင်းဟာ ကျွန်တော့်ရဲ့အပန်းဖြေနည်းတစ်မျိုးပါပဲ။ အခုတလော နားထဲမှာ ဒီသီချင်းလေးပဲ စွဲနေတယ်။ သူငယ်ချင်းတို့ နားထောင်ဖို့ရာ မျှဝေလိုက်ပါတယ်။ မချစ်နဲ့တော့ တေးဆို - ကိုကိုမောင် တေးရေး - ကေအေတီ မချစ်နဲ့တော့ ... ဖြေသိမ့်စရာအဖြေမရှိတော့ မချစ်နဲ့တော့ ... တိမ်တိုက်လိုထွက်သွားတော့ ဒီထက်ပိုရင်ခုန်ရင် ... ဒီထက်ပိုကြေကွဲခြင်းနဲ့ တို့တွေ့ရလိမ့်မယ် မဖြစ်သင့်ပြီမို့ ... မင်းလွတ်လပ်တဲ့ဆီသွားပါ မချစ်နဲ့တော့ ... ဖွင့်ပြောရန်အချိန်မဟုတ်တော့ မချစ်နဲ့တော့ ... ပြတ်သားစွာချန်ရစ်တော့ အနာဂတ်ကို ယုံကြည်ပါ လူတိုင်းဟာ ကိုယ်ကျိုးစွန့်ဖို့ ... တကယ်ပေးဆပ်ဖို့ဆက် နင်တစ်နေ့နေ့မှာတော့ ... ငါ့ဆုံးဖြတ်ချက်ကို နားလည်မယ် မဆိုင်သူတွေလိုနေမယ် ... တို့ ခြားနားခြင်းသိပ်များတယ် တို့နီးစပ်ဖို့သိပ်ခက်နေတယ် ပျော်ရွှင်စွာဘ၀ခရီးဆက်ကြမယ် ... နောင်တစ်ချိန်မှာ ဖြူစင်စွာတွေ့ကြမယ်
Asia သားတွေအတွက် Asian လူလည်
အရိုးရဲ့ အာရှလူလည် သီချင်းခွေထဲက သီချင်းကောင်းလေးတစ်ပုဒ်ပါ။ ကျန်တဲ့သီချင်းလေးတွေလည်း အရမ်းကောင်းတယ်။ ဒီတစ်ပုဒ်ကတော့ ကျွန်တော်အကြိုက်ဆုံး၊ အထူးသဖြင့် ကျွန်တော်တို့ အာရှသားတွေအတွက်ပေါ့ဗျာ :) Credit to : ဘွားတော် :P
Adobe Lightroom 2 ebooks for Designers and Photographers
The Photoshop Lightroom Workbook Workflow not Workslow in Lightroom 2 Size : 20.09 MB (rar) Adobe Photoshop Lightroom 2 - A Digital photographer's Guide Size : 57.37 MB (rar) Adobe Lightroom 2 ကိုလေ့လာနေသူတွေ ဒါမှမဟုတ် Photographer တွေအတွက် အသုံးဝင်မည့် ebook တွေပါ။ အားလုံးအဆင်ပြေအောင် Mediafire မှာ Upload လုပ်ပေးထားပါတယ်။ (မပြေခဲ့ရင် Comment ပေးခဲ့ပါ) စာအုပ်နာမည် (သို့) ပုံကို Click နှိပ်ပြီး Download ရယူပါ။
ရွှေမန်းနှစ်တစ်ရာ ခေတ်အခါ
သက္ကရာဇ် ၁၂၂၁ ခုနှစ်က အုတ်ကျစ်ကျော်အေး မန္တလေးလို့ စာဆိုရှိတဲ့ မန္တလေးရွှေမြို့တော်ကြီးဟာ ၁၃၇၁ ခုနှစ်မှာ နှစ်ပေါင်း ၁၅၀ သက်တမ်းသို့ ရောက်ရှိတော့မှာဖြစ်ပါတယ်။ အတိအကျပြောရမယ်ဆိုရင် ၂၀၀၉ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ပေါ့။ ထို့အတွက် ပြင်ဆင်ခြင်းနှင့် အတူ မန္တလေးအမှတ်တရ ဆောင်းပါးများ၊ ဓာတ်ပုံပြိုင်ပွဲများ၊ ရာပြည့်ပွဲတော်များကိုလည်း မန္တလေး ရွှေမြို့တော်ကြီးမှာ ကြိုတင်ပြင်ဆင်ကျင်းပနေကြပြီ ဖြစ်တယ်လို့လည်း ကြားသိရပါတယ်။ ဒီပုံကတော့ ယခုလက်ရှိ နှစ် ၁၅၀ ပြည့်အကြိုအတွက် ထုတ်ဝေထားတဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ်၏ မျက်နှာဖုံးနှင့် နောက်ကျောဖုံး ပုံစံပါ။ လက်ရှိတော့ ကျွန်တော်မှာ မရှိသေးပါဘူး။ ရခဲ့လျှင်တော့ ပြန်လည်မျှဝေပေးသွားပါမယ်။ အလားတူစွာ မန္တလေး နှစ် ၁၀၀ ပြည့်ပွဲတော်တုန်းက ထုတ်ဝေခဲ့တဲ့ " ရွှေမန်းနှစ်တစ်ရာ ခေတ်အခါ " ဆိုတဲ့ အဖိုးတန် ရှေးဟောင်းဆောင်းပါးလေးကိုလည်း နှစ် ၁၅၀ ပြည့်တော့မည့် မန္တလေးကို ကြိုဆိုရင်း အမှတ်တရအဖြစ် မန္တလေးချစ်သူများသို့ မျှဝေလိုက်ရပါတယ်။ ဒီဆောင်းပါးလေးကို ပေးပို့တဲ့ ကိုဘိုဘိုလမ်းစဉ် ကိုလည်း ဒီနေရာမှတစ်ဆင့် ကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေ။ စကားအညွှန်း ဤစာအုပ်ကို ထုတ်ေ...
Ophcrack - Free Windows password cracker
Ophcrack is a free Windows password cracker based on rainbow tables. It is a very efficient implementation of rainbow tables done by the inventors of the method. It comes with a Graphical User Interface and runs on multiple platforms. Window xp မှာဖြစ်ဖြစ် Window Vista မှာပဲဖြစ်ဖြစ် login password မေ့သွားခဲ့ရင် ဒီ password cracker လေးကို သုံးနိုင်ပါတယ်။ သူများသုံးနေတဲ့ ကွန်ပျူတာကိုတော့ သွားမလုပ်နဲ့နော် ... ကံဆိုးပြီးတော့ အီလက်ထရောနစ် အက်ဥပဒေနဲ့ မိနေဦးမယ်။ ကျွန်တော့်အနေနဲ့ password မမေ့ဘူးသေးတော့ မစမ်းကြည့်ဖူးသေးပါဘူး။ ဒါပေမဲ့ Life Hacker မှာလည်း recommend လုပ်ထားတာဖြစ်တဲ့အတွက် မိတ်ဆွေတွေမှာ အလားတူ ပြဿနာမျိုးကြုံခဲ့ရင် သုံးနိုင်အောင်လို့ sharing လုပ်လိုက်တာပါ။ အသုံးပြုပုံ နည်းလမ်းတွေကိုတော့ Google မှာဖြစ်စေ Youtube မှာဖြစ်စေ How to Ophcrack, Ophcrack Tutorial စတဲ့ Keywords တွေနဲ့ ရှာဖွေပြီး လေ့လာကြည့်နိုင်ပါတယ်။
အီလက်ထရောနစ် အက်ဥပဒေ
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ရက်နေ့က ကိုနေဘုန်းလတ်ကို ပုဒ်မသုံးခုနဲ့ ဆွဲချက်တင်ပြီး ထောင်ဒဏ် အနှစ် ၂၀ ကျော် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ အဲဒီပုဒ်မသုံးခုထဲက တစ်ခုဖြစ်တဲ့ အီလက်ထရောနစ် အက်ဥပဒေ Via : ညီညီသံလွင်
အိမ်
Butterfly Garden - Free Flash Template
မြန်မာ Entertainment Media Site တစ်ခုမှာ သုံးဖူးခဲ့တဲ့ Flash Template တစ်ခုဖြစ်ပါတယ်။ Download Here
Two cool free stuff sites for Graphic and Web Designers
Artshare.ru ဒီဆိုဒ်ထဲမှာတော့ vector girls, icons, cliparts, photos, wallpapers, silhouettes of people, styles and brushes စတာတွေကို Download ရယူနိုင်ပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ အဲဒီဆိုဒ်ထဲက Photoshop Brushes တွေပါ။ Designus.com ဒီဆိုဒ်လေးလဲ Design နဲ့ပက်သက်ပြီး resources တွေ တော်တော်များများကို တင်ပေးထားပါတယ်။ Brushes, icons, inspiration, miscellaneous, photostock, reviews, royalty-free, shapes, tutorials, vector and wallpapers စသည်ဖြင့်ပေါ့။ အကြိုက်ဆုံးကတော့ Tutorial section နှင့် Photo Stock section ပါပဲ။ Design ၀ါသနာပါသူများ လေ့လာအတုယူ အသုံးပြုဖို့ရာ မျှဝေလိုက်ရပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ :)
Photo cube effect photoshop action
Before After Download the photo cube effect photoshop action here . want more actions ... check here and here Action file ထည့်သွင်းနည်းကိုတော့ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ သစ်ခွပုံတွေကတော့ အန်တီကြီးတစ်ယောက် ပို့ပေးထားတာပါ :P
Adobe Photoshop CS 2 ACE Exam : 9A0-044 Exam
Exam Number/Code: 9A0-044 Exam Name: Adobe Photoshop CS 2 ACE Exam Questions Type: Single choice Test Engine : pass4sure "Adobe Photoshop CS 2 ACE Exam", also known as 9A0-044 exam, is a Adobe certification. Preparing for the 9A0-044 exam? Searching 9A0-044 Test Questions, 9A0-044 Practice Exam, 9A0-044 Dumps? Download here and enjoy :)
နှစ်သက်မိသော ကာတွန်းများ
Online ပေါ်မှာ ဖတ်မိသမျှ ကာတွန်းတွေထဲမှာ ဒီကာတွန်းစာအုပ်လေးကို အကြိုက်ဆုံးပဲ။ မိတ်ဆွေလည်း ဖတ်ကြည့် လိုက်ပါဦး။ ဖတ်ပြီးမှ ဟုတ်လား မဟုတ်ဘူးလားဆိုတာ ကိုယ်တိုင် ချင့်ချိန်ပြီး စဉ်းစားကြည့်ပါ :)