Skip to main content

Posts

Showing posts with the label song/video

CIA Archives: Buddhism in Burma - History, Politics and Culture

တချိန်က မြန်မာတွေနဲ့ ယခုခေတ်မြန်မာတွေ ကွာခြားပုံကို ယခု Video မှာလေ့လာနိုင်ပါတယ်။ ရန်ကုန်တက္ကသိုလ်က ဆရာတစ်ဦးရဲ့ အင်္ဂလိပ်လိုစာသင်ပုံတွေ၊ တချိန်က ကျွန်တော်တို့ရဲ့ခေါင်းဆောင်လူကြီးတွေ ဘာသာတရားကို ယုံကြည်ကိုးကွယ်မှု လေးနက်ပုံတွေကို လေ့လာအတုယူနိုင်ပါတယ်။ ဒီ Video ကိုကြည့်ပြီး ယခုခေတ်မြင်တွေနေတာတွေနှင့် နှိုင်းယှဉ်ကြည့်လိုက်တော့ .......။ ကျွန်တော်တို့တွေ အများကြီးကို ....။

Sharing: Burma Sham 2008 Constitution and 2010 Election by U Aung Htoo

U Aung Htoo, the General Secretary of Burma Lawyers' Council on "2008 Constitution". He said that so long as democratization of Burma is expected, centering on 2010 election to be possibly applied as an important process for gradual change, it will be in the trap of the Senior General Than Shwe. From the aspect of militarization, 2008 constitution is much worse than 1974 constitution. In spite of participation in the 2010 election, the political party, which may win majority seats in the legislature, cannot form any government and rule the country. The international community which argues to take strategic advantage of 2010 election as a gradual transition argues that if politically aware sectors of the electorate stay away, this could further reduce the changes of candidates not aligned with regime. Actually, regardless of whether aligned with regime or not, sitting as elected representatives in legislature, arisen from 2008 Constitution after 2010 election, is nothing b...

Top 10 Smart Phones of 2010 and 10 Best Mobile Phones in The World Today

ဒီနေ့ အင်တာနက်ပေါ်မှာ အချိန်တော်တော်များများ ဖုန်းနဲ့ပက်သက်တာတွေပဲ အတော်လေး ဖတ်ဖြစ်တယ်။ တစ်ခါတလေကျတော့လည်း အဲလို သရေလိုက်ကျရတာ အရသာတစ်ခု :D Video လေးတွေကြည့်လိုက် စာလေးတွေဖတ်လိုက်ပေါ့။ အခုခေတ်ဖုန်းတွေကလည်း တကယ့်ကို သရေကျချင်စရာတွေပါပဲ။ အထူးသဖြင့် smart phone တွေပေါ့။ လူတွေကို မပျင်းရအောင် မငြီးငွေ့ရအောင် တစ်မျိုးပြီး တစ်မျိုး Application တွေနဲ့ စွဲဆောင်ထားတယ်လေ။ အောက်က Video မှာတော့ Top 10 ပြေးနေတဲ့ smart phone တွေကို ပြထားပါတယ်။ ရှူ့စားကြည့်ပါဦး။ ကျွန်တော်သဘောအကျဆုံးကတော့ HTC Hero ပါပဲ။ Techradar.com မှာတော့ 10 Best Mobile Phones in The World Today ဆိုပြီး စာရင်းပြုစုပေးထားတာတွေ့ရပါတယ်။ Smart Phone တွေအပါအဝင် ဖုန်းတွေအားလုံးထဲမှာ လက်ရှိထိပ်ဆုံးရောက်နေတဲ့ ဖုန်းတွေကတော့ HTC Hero Apple iPhone 3GS BlackBerry Bold 9700 HTC HD2 Nokia N900 Palm Pre Samsung i8910 HD LG BL40 Chocolate Motorola DEXT Nokia 5530 XpressMusic ဒီ list ထဲမှာလည်း HTC လေးက ပါနေတယ်။ ပါနေတဲ့အပြင် ထိပ်ဆုံးပါရောက်နေသေးတယ်။ အဲဒီဖုန်းကိုတော့ တော်တော်ကြိုက်တယ်။ ဒုတိယ ကြိုက်တာကတော့ HTC HD2 ပဲ။ မြင်သာမြင် မကြင်နိုင်သေးဘူး။ နေ...

မြန်မာပြည်အလွမ်းပြေ သီချင်းများနှင့် ငပိရည် အရှုပ်တော်ပုံ

မြန်မာပြည်အလွမ်းပြေ သီချင်းဟောင်း သီချင်းကောင်းလေးတွေကို Oxford မှာ ပြုလုပ်မည့် Culture Show အတွက် ရှာဖွေရှင်း ရရှိခဲ့ပါတယ်။ သီချင်းတွေ ကူပြီးရှာဖွေပေးတဲ့ မရှင်မင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ တကယ်တမ်းတော့ အဲဒီသီချင်းတွေက ကျွန်တော်တို့ ငယ်ငယ်တုန်းက နားယဉ်ခဲ့ဖူးပြီးသား သီချင်းလေးတွေပါ။ Come To Myanmar ဆိုတဲ့သီချင်းလေးကတော့ အန်တီနွဲ့ယဉ်ဝင်း ရေးစပ်ထားတာဖြစ်ပြီး နွဲ့ယဉ်ဝင်း၊ စိမ်းမို့မို့၊ ဟေမာနေဝင်း၊ သန္တာဦး၊ မီမီဝင်းဖေ နှင့် ပိုးဒါလီသိန်းတန်တို့ သီဆိုထားပါတယ်။ English Version ရော မြန်မာ Version ရောပါပါတယ်။ နောက်နှစ်ပုဒ်ကတော့ အေးချမ်းမေရဲ့ လှမ်းလာခဲ့ပါ ပြည်မြန်မာ နှင့် ချိုပြုံးရဲ့ အလှကမ္ဘာ တို့ပဲဖြစ်ပါတယ်။ သီချင်းအားလုံး လေးပုဒ်ဖြစ်ပြီး ဒီနေရာမှာ ဒေါင်းလုပ်ရယူပါ။ မြန်မာပြည် ... တောတောင်ရှူ့ခင်းတွေနဲ့ ဝင်းဝါတဲ့စပါးခင်းရယ် ... သဘာဝ အလှအပတွေခြယ် စာသားလေးတွေကြားလိုက်ရုံနဲ့ မြန်မာပြည်ကို ချက်ချင်းသတိရလွမ်းဆွတ် သွားစေပါတယ်။ နိုင်ငံခြားရဲ့ မြို့ပြတွေမှာ မြင်တွေနေကျ မြင်ကွင်းတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ဝင်းဝါနေတဲ့ စပါးခင်းတွေဟာ တကယ့်ကိုပဲ မြန်မာပြည်ရဲ့ Trade Mark တစ်ခုလိုပါပဲဗျာ။ မိတ်ဆွေတစ်ယောက်ရဲ...

Watch The Twilight Saga: New Moon (2009) Movie Online

Watch Full Movie Now New Moon (also known as The Twilight Saga: New Moon) is an upcoming romantic-fantasy film scheduled for release on November 20, 2009. It is based on the novel of the same name by Stephenie Meyer and is the sequel to 2008's Twilight, which is based on Meyer's previous novel. Directed by Chris Weitz, the film will star Kristen Stewart, Robert Pattinson, and Taylor Lautner, reprising their roles as Bella Swan, Edward Cullen, and Jacob Black, respectively. Melissa Rosenberg returns as the screenwriter for the film. She handed in a draft of the film script during the opening weekend of Twilight. Summit Entertainment greenlit the sequel in late November 2008, following the early success of Twilight.

Bypass Megavideo waiting times with MegaStreaming

Megavideo မှ Video များကိုကြည့်တဲ့အခါမှာ ပိုက်ပိုက်ပေးထားတဲ့ user မဟုတ်ရင် 72 မိနစ် အချိန်ထပ်စောင့်ပြီးကြည့်ရပါတယ်။ အဲဒီ အခက်အခဲကို ကျော်လွှားဖို့အတွက် MegaStreaming ကို အသုံးပြုနိုင်ပါတယ်။ မိမိကြည့်လိုတဲ့ Video ရဲ့ address link ကို ထည့်ပေးလိုက်ရုံနဲ့ ( ၁၃၄ မိနစ် ) ဆက်တိုက် ကြည့်နိုင်မှာဖြစ်ပါတယ်။ ဒီဆိုဒ်တွေ့တာနဲ့အတော်ပဲ ... မောင်တို့ချယ်ရီမြေ ဇာတ်ကားကို ပြန်နွှေးပြီး ခံစားလိုက်ဦးမယ် ;)

ဒီဇင်ဘာ သီချင်းများ

ရာသီဥတုက သိသိသာသာအေးလာပြီး ဟေမာန်ဆောင်းရာသီသို့ ဝင်ရောက်လာလေပြီ။ နောက်လဆိုရင် ၂ဝဝ၉ ကို နှုတ်ဆက်မည့် နောက်ဆုံးလ ကျွန်တော်ချစ်တဲ့ ဒီဇင်ဘာလကိုရောက်တော့မယ်။ ဒီဇင်ဘာသီချင်းလေးတွေ နားထောင်ချင်တဲ့ သူငယ်ချင်းတွေအတွက် ဒီဇင်ဘာနှင့် ပက်သက်တဲ့ သီချင်းဟောင်း၊ သီချင်းကောင်းလေးတွေကို လက်လှမ်းမီသလောက် စုစည်းထားပြီး မျှဝေလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခုတလော ဒီဇင်ဘာသီချင်းလေးတွေကိုပဲ နားထောင်နေမိတယ်။ အထူးသဖြင့် မန်းလေးရဲ့ ဒီဇင်ဘာညတွေကို သတိရတဲ့အခါတိုင်းမှာပေါ့ဗျာ။ သြော် ... ဒီလိုနဲ့ပဲ ... နာရီစင်ကြီးရယ် ... မကြာပြီဆိုညည်းတော့မယ် ... သီချင်းများကြားထဲ ... နှစ်တစ်နှစ်ကုန်တော့မယ်။ ဒီဇင်ဘာနှင့် ပက်သက်တဲ့ သီချင်းဟောင်း သီချင်းကောင်းလေးတွေရှိခဲ့ရင်လည်း ကျေးဇူးပြုပြီး မျှဝေပေးစေလိုပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ :)

အိုးလေးလှုပ်တာလွန်သွားတဲ့ အငြိမ့်မင်းသမီး

အောက်တိုဘာလ ၁၇ ရက်နေ့ ၂ဝဝ၉ တွင် သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှာ ကျင်းပခဲ့တဲ့ နာဂစ်ဒုက္ခသည်များ ကူညီရေး ရန်ပုံငွေပွဲမှာ မြန်မာနိုင်ငံမှ အနုပညာရှင်များ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ အဲဒီထဲမှာမှ ရွှေတံဆိပ်များဆုရှင် အငြိမ့်မင်းသမီး ဒါလီလင်း (ရွှေမန်းသဘင်) လည်းပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စင်ပေါ်မှာ တော်ဂေါ်လီသီချင်းနှင့် ဖျော်ဖြေပြီး အိုးလေးအလှုပ်လွန်ခဲ့တာကြောင့် ပရိသတ်ရဲ့ သို့သော သို့သော မှတ်ချက်များအပေးခံနေရပါတယ်။ ကျွန်တော့်အမြင်ကတော့ အငြိမ့်မင်းသမီးနှင့် ဒီလိုအကတွေကတော့ မဆိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ တရားလွန်ဖြစ်အောင် ကပြဖျော်ဖြေခြင်းကတော့ မကောင်းဘူးလို့ထင်ပါတယ်။ မြန်မာပြည်က တစ်ချို့သော အနုပညာသည်တွေဟာလည်း ပြည်တွင်းမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေရယ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှု စည်းမျဉ်းတွေကြောင့် ပြည်ပဖျော်ဖြေပွဲတွေဆိုရင် တရားလွန် ဝတ်စားဆင်ယင်ပြီး ကပြဖျော်ဖြေတာကို တွေ့ရပါတယ်။ သို့ကြောင့် သူတို့နေရာမှာ ကိုယ်သာဆို ဘယ်လိုနေမလဲဆိုတဲ့ စိတ်ကလေးနဲ့ပဲ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ တရားလွန် မဟုတ်ခဲ့ရင်ပေါ့ဗျာ :)

အန်တီမာမာအေးရဲ့ မန်းရာပြည့် သီချင်း

မန္တလေးမြို့ကို တည်ထောင်ခဲ့သော ပဉ္စမသင်္ဂါယနာတင် သီရိပဝရ ဝိဇယာနန္တယ သပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ” ဘွဲ့တံဆိပ် နာမံခံတဲ့ ဆဒ္ဒန်ဆင်မင်းသခင် မင်းတုန်းမင်း မန္တလေးမြို့ကြီးဟာ ဒီနှစ်မေလထဲမှာပဲ (23.May.2009) နှစ် ၁၅၀ ပြည့်ခဲ့ပြီးပါပြီ။ အခု သီချင်းလေးကတော့ မန္တလေးမြို့ နှစ် ၁၀၀ ပြည့်တုန်းက ရေးစပ်ထားခဲ့တာဖြစ်ပြီး အန်တီမာမာအေး သီဆိုထားတာဖြစ်ပါတယ်။ မန္တလေးကိုချစ်မြတ်နိုးသူတွေ အမှတ်တရ သိမ်းထားနိုင်အောင် မျှဝေလိုက်ရပါတယ်။ Quality ကတော့ သိပ်ပြီးအကောင်းကြီး မဟုတ်ပါဘူး။ ဒီထက်ကောင်းတဲ့ Quality ရှိခဲ့ရင်လည်း ကျေးဇူးပြုပြီး မျှဝေပေးခဲ့စေလိုပါတယ်။ သီချင်းလေးကို နားထောင်လိုက်တာနဲ့ မန္တလေးမြို့ရဲ့ အငွေ့အသက်တွေ၊ ရှူ့ခင်းတွေကို မြင်ယောင်လာစေမှာဖြစ်ပါတယ်။ Download : မန်းရာပြည့်

YouTube တွင် Video Playlist တစ်ခု ဖန်တီးခြင်း

ကျွန်တော်တို့ နေ့တိုင်းနီးပါး သွားလာကြည့်ရှူ့ကြတဲ့ YouTube မှာ Video Playlist တစ်ခုပြုလုပ်နည်းကို မျှဝေလိုက်ပါတယ်။ Playlist လုပ်ထားခြင်းအားဖြင့် မိမိရဲ့ဘလော့ ဒါမှမဟုတ် မိမိရဲ့ YouTube account မှာ Video တွေကို တစ်စုတစ်စည်းတည်း ဆက်တိုက်ကြည့်ရှူ့နိုင်ပါတယ်။ ထို့အတွက်ကြောင့် ဘလော့ပေါ်မှာ တင်မယ်ဆိုရင်လည်း loading space သက်သာစေမှာဖြစ်ပါတယ်။ Playlist တစ်ခု ပြုလုပ်နည်းကို အောက်ပါ Video မှ အလွယ်တကူလေ့လာနိုင်ပါတယ်။ Video ထဲမှာ Tutorial အတိုင်း လိုက်မလုပ်မီ YouTube မှာ sign up အရင်ဆုံး လုပ်ထားဖို့တော့ လိုပါလိမ့်မယ်။

Burma VJ ကြည့်လို့ရပြီ

ရွှေဝါရောင်တော်လှန်းရေးကို နောက်ခံထားပြီး သတင်းထောက်တွေအကြောင်းကို ရိုက်ကူးထားတဲ့ Burma VJ ဇာတ်ကားကို ကြည့်ရှူ့နိုင်ပါပြီ။ ဇာတ်ကား တစ်ကားလုံး ၈၅ မိနစ် ရှိပါတယ်။ Youtube မှာ အပိုင်းတွေခွဲတင်ထားပြီး အားလုံးပေါင်း ၉ ပိုင်းရှိပါတယ်။ Youtube မှာ Video တစ်ခုတင်ရင် ၁၀ မိနစ်စာပဲရတဲ့အတွက် အပိုင်း ၉ ပိုင်းဖြစ်သွားတာပါ။ ဒါပေမဲ့ အပေါ်က Video ကတော့ Playlist အနေနဲ့ လုပ်ထားတာဖြစ်တဲ့အတွက် တစ်ပိုင်းပြီးတာနဲ့ နောက်တစ်ပိုင်း Auto play လုပ်သွားမှာပါ။ မြန်မာ့သမိုင်းမှာ ဘယ်လိုမှ မေ့လို့မရတော့တဲ့ အဖြစ်အပျက်တွေပါ။

Burma VJ

ဆရာတော် ဦးဥတ္တရ ဦးဆောင်သော လန်ဒန်ရောက် ဆရာတော်များမှ Burma VJ ရုပ်ရှင်ဖွင့်ပွဲတွင် ပရိတ်ရွတ်ဖတ် ဆုတောင်းပေးခဲ့ကြပါတယ်။ ဆရာတော်တွေရဲ့ မေတ္တာတွေ မြန်မာပြည်ကြီးကိုလွှမ်းခြုံပြီး အေးချမ်းသာယာပါစေ။ Burma VJ DVD ကို ကိုရဲရင့်ငယ်ဘလော့မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ ဒီမှာရယူပါ Burma VJ is a moving and shocking account of the popular protests that broke out across Rangoon in 2007. It relies entirely on documentary footage shot by undercover reporters which has been pieced together to form a picture of the events that took place over a few months. It covers the initial protests, which broke out in response to a rise in fuel prices, to the brutal crackdown by the authorities in response. By piecing together and editing hours of footage that was smuggled out of the country, director Anders Ostergaard creates a compelling narrative and useful reference to the events that took place in the normally secretive and reclusive country. As well as vividly seeing what happened on the streets, we are also br...

VOA Burmese တီဗွီသတင်း (May 30 to June 6)

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုတာဟာ ပြည်တွင်းဥပဒေအရ တရားစွဲဆိုတာဖြစ်ပြီး ပြည်ပဖိအားတွေကို လက်ခံမှာ မဟုတ်ဘူးလို့ မြန်မာအစိုးရက အခိုင်အမာသတ်မှတ်ထားပါတယ်။ တိုင်းပြည်ကောင်းဖို့၊ ကမ္ဘာ့အလယ်မှာ မြန်မာဆိုပြီး ၀င့်ကြွားထည့်ဝါနိုင်ဖို့သာ မလုပ်တတ်တာ ကလိမ်ကကျစ်ဥာဏ်၊ ယုတ်မာတဲ့အတွေးအခေါ်၊ ယုတ္တိမရှိတဲ့ ပုဒ်မတွေကျတော့ တော်တော့်ကိုထွက်တယ်နော်။ ခင်ဗျားတို့ ဦးနှောက်တွေထဲမှာ ချီးတွေပဲ ရှိတာသေချာတယ်။

နောက်ဆုတ်ဖို့ကြိုးစားရင်းနဲ့

နောက်ဆုတ်ဖို့ ကြိုးစားရင်းနဲ့ တေးရေး - မင်းချစ်သူ တေးဆို - ထက်နေခြည် Melody World 1 ထဲက သီချင်းကောင်းလေးတစ်ပုဒ်ပါ။ တစ်ချို့သီချင်းတွေက တစ်ခါနားထောင်ရုံနဲ့ မကြိုက်ဘူး။ နှစ်ခါသုံးခါလောက် နားထောင်မိမှ ကြိုက်သွားတယ်။ အဲဒီ Album ထဲက ကိုကိုမောင်ရဲ့ " မချစ်နဲ့တော့ " သီချင်းကတော့ တစ်ခါနားထောင်ရုံနဲ့ ကြိုက်သွားတယ်။ သီချင်းစာသားကိုတော့ ဒီနေရာမှာ ရယူပါ။

၆ ကြိမ်မြောက် ဗုဒ္ဓနေ့ပူဇော်ပွဲ - ဗုဒ္ဓဖွားတော်မူခန်းပြဇာတ်

ယူကေရောက် မြန်မာမိသားစုများ၏ ဗုဒ္ဓနေ့ ပူဇော်ပွဲအခမ်းအနားကို မေလ ၃ ရက်နေ့က Ealing Town Hall မှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ ပွဲမတိုင်ခင်ကတည်းကလည်း ပွဲအတွက် စည်းစည်းလုံးလုံးနှင့် ဆောင်ရွက်ခဲ့သည်ကတစ်ကြောင်း တနင်္ဂနွေနေ့လည်းဖြစ်သည်ကတကြောင်းကြောင့် မြန်မာမိသားစု စုံစုံလင်လင်တက်ရောက်လာကြတာကို ၀မ်းသာဖွယ်တွေ့မြင်ခဲ့ရပါတယ်။ လူကြီးတွေအပြင် မျိုးဆက်သစ် လူငယ်လေးတွေကပါ သုံးလူ့ရှင်ပင် ကဗျာများကို ရွတ်ဖတ်ပူဇော်ခဲ့ကြတာကို ကြည်နူးလေးစားဖွယ် တွေ့မြင်ခဲ့ရပါတယ်။ ဒါကလည်း ဆရာ ဒါကာ ညီညာစွာ ဆောင်ရွက်ခဲ့ကြတဲ့ အကျိုးကျေးဇူးတွေပဲ မဟုတ်ပါလား။ အထက်ပါ Video Clip ကတော့ ဗုဒ္ဓနေ့မှာ ကပြဖျော်ဖြေခဲ့တဲ့ ဗုဒ္ဓနေ့ဖွားတော်မူခန်း ပြဇာတ်မှ ဓာတ်ပုံများဖြစ်ပါတယ်။ အဲဒီနေ့က ဓာတ်ပုံပေါင်း ၇၀၀ နီးပါးရိုက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြဇာတ်ပုံတွေကိုပဲ ဦးစွာရှူ့စားနိုင်အောင် တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ Updated ပြဇာတ်အပြင် ဗုဒ္ဓနေ့မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံပေါင်း ၆၀၀ ကျော်ကိုလည်း ဒီနေရာမှာ ၀င်ရောက်ကြည့်ရှူ့နိုင်ပြီ ဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ :) Related post : 5th Anniversary of Buddha Day Ceremony

YouTube to MP3 Converter

YouTube video တွေကို MP3 ပြောင်းပေးတဲ့ service တစ်ခုပါ။ High Quality အနေနဲ့လည်း ပြောင်းပေးနိုင်လို့ တော်တော်လေး အသုံးဝင်ပါတယ်။ တွေ့ဖူးသမျှ converter တွေထဲမှာတော့ အကြိုက်ဆုံးပါပဲ။

၂၀၀၉ အတွက် အကြိုက်ဆုံး သင်္ကြန် Remix နှင့် အက

သာသနရံသီကျောင်းမှ ကျင်းပပြုလုပ်တဲ့ သင်္ကြန်ပွဲတွင် မျိုးဆက်သစ် ညီမငယ်လေးများ၏ ကပြဖျော်ဖြေမှု့ဖြစ်ပြီး ပရိသတ်များ၏ လက်ခုပ်သြဘာသံများ Hall တစ်ခုလုံး လွှမ်းခြုံသွားသည်အတိ အားပေးခဲ့ကြပါတယ်။ သင်္ကြန်ပွဲနေ့က ရိုက်ကူးထားခဲ့တဲ့ Video ကိုလည်း editing ပြုလုပ်နေပြီဖြစ်ပြီး ရန်ပုံငွေအဖြစ် ရောင်းချသွားဖို့ စီစဉ်နေပါတယ်။