Skip to main content

Posts

Showing posts with the label ထမနဲပွဲ

သာသနရံသီ ဝိဟာရ ထမနဲပွဲတော် ကျင်းပမည်

လာမည့် ဖေဖေါ်ဝါရီလ ၁၁ ရက် စနေနေ့ ညနေ(၂) နာရီတွင် နှစ်စဉ်ကျင်းပနေ ကြဖြစ်သော ထမနဲထိုးလှူပွဲကို လာရောက်လုပ်အားပေး လှူဒါန်းကြသူများကို ကံစမ်းမဲ များဖေါက်၍ ပျော်ရွှင်စွာ တမူထူးခြားကျင်းပကြမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်မည့် မည်သူမဆို ၅ ယောက်တဖွဲ့ အဖွဲ့လိုက်ပါဝင်နိုင်ပါသည်။ ဒိုင်လူကြီးအဖွဲ့မှ ထမနဲစည်း ကမ်းများနှင့်ညီညွတ်သော အဖွဲ့ကို အထူးဂုဏ်ပြုပါမည်။ ထမနဲထိုးပွဲကို ကုသိုလ်လည်းရ ဝမ်းလည်းဝသည်မို့ တပျော်တပါး ပါဝင်ဆင်နွှဲကြပါရန် သာသနရံသီဂေါပက အဖွဲ့မှ နိုးဆော်တိုက် တွန်းအပ်ပါသည်။ ထမနဲ ပင်မအလှူရှင်များမှာ ဒေါက်တာဝင်းထွဋ် + မမေလှမောင် တို့ဖြစ်ပြီး ဦးစိန်ထွန်းအောင်+ဒေါ်လှလှ မိသားစုများနှင့် စေတနာရှင် အလှူရှင်များဖြစ်ကြပါသည်။  Via: သာသနရံသီဝိဟာရ ဒီ Video ကတော့ 2010 ထမနဲပွဲတုန်းက အမှတ်တရ ရိုက်ထားတဲ့ပုံတွေကို slide show လုပ်ထားတာပါ။ ဒီနှစ်ထမနဲပွဲကတော့ အလုပ်ခွင့်မရတာနဲ့ မသွားနိုင်တော့ဘူး။ Holiday ယူပြီးမှပဲ အေးအေးဆေးဆေး ဘုန်းကြီးကျောင်းကို သွားရတော့မှာပဲ။ စကားမစပ် မန်းလေးက "ဒေါ်ရှိ ထမနဲ"ကို လွမ်းတယ်ဗျာ။